fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ကိုကိုနိင်ကို စိတ်နာတယ်……

196
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/08/2016
in အမျိုးသားကျန်းမာရေး
1 min read
A A

မြမြတစ်ယောက် ကိုကိုနိုင်နဲ့ကွဲတာ (၂) နှစ်ကျော်လောက်ရှိပြီ။ ကိုကိုနိုင်နဲ့ သူနဲ့က ငယ်သူငယ်ချင်းတွေ။ ကိုကိုနိုင်က ရည်းစားများတယ်။ သူနဲ့မယူခင်ကဆိုရင် သူတွဲခဲ့တဲ့ ရည်းစားတွေက အများကြီး။ ကိုယ်ကတော့ ရည်းစားတစ်ခါမှ မထားဖူးခဲ့ပါ။

ကိုကိုနိုင်ကသာ မြမြအတွက် ပထမဆုံး ရည်းစားဖြစ်ပါတယ်။ ကိုကိုနိုင်ရည်းစားများလို့ အမေတို့က သိပ်သဘော မတူချင်ကြ။ အမတွေ အဒေါ်တွေကလည်း သိပ်ဘဝင်မကျ။ နောက်ဆုံးတော့လည်း ကျွန်မ စိတ်ချမ်းသာတာကိုပဲ သူတို့ လိုက်လျောလိုက်ကြတယ်။ သမီးရည်းစားဖြစ်ပြီး တစ်နှစ်လောက် နေတော့လက်ထပ်လိုက်ကြတယ်။ မိန်းမတစ်ယောက်အတွက် ယောက်ျားတစ်ယောက်ရဲ့ အချစ်ဦး မဖြစ်တာကို မြမြက ဝမ်းနည်းမနေပါ။ ယောကျ်ားတစ်ယောက်ရဲ့ နောက်ဆုံးအချစ်ဖြစ်ရင်ကိုပဲ ကျေနပ် နေပါတယ်လို့ လူတိုင်းကို ကြွားဝါ ခဲ့သေးသည်။ လက်ထပ်ပြီးတစ်နှစ်လောက်နေတော့ ကိုကိုနိုင် ဇာတိပြလာပြီ။ Night club တွေလည်း ခဏခဏသွားသည်။ ပြန်လာတာလည်း သန်းခေါင်ကျော်လာပြီ။ တစ်နေ့တစ်နေ့အိမ်မှာ ရန်ပွဲတွေ ထပ်နေပြီ။ မျက်နှာချင်းဆိုင်လိုက်တာနဲ့ရန်ပွဲ။ ရန်ဖြစ်တိုင်းလည်း ကိုကိုနိုင်က အိမ်ပေါ်ကနေ ဆင်းဆင်းသွားတယ်။ ဘယ်သွားလည်းဆိုတော့ သူငယ်ချင်းအိမ်လို့ ဖြေတယ်။ အပြင်မှာကိုကိုနိုင် ခြေရှုပ်တဲ့သတင်းတွေကနားနဲ့မဆန့်အောင်ကြားရတယ်။ နောက်ဆုံးသည်း ငြီးမခံနိုင်တဲ့အဆုံးတော့ နှစ်ဖက်မိဘတွေရှေ့မှာပဲ ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးလိုက်ကြတယ်။ (၂)နှစ်လောက်ကြာတော့ စိတ်ဒဏ်ရာတွေလည်းအနာကျက်လာပါပြီ။ သူနဲ့ပတ်သတ်ခဲ့ တာတွေ အကုန်လုံးလည်းမေ့ကုန်ပြီ။ ဒါပေမယ့် အခုတစ်လောမိန်းမကိုယ်မှာ အစိအစိကလေးတွေ ထွက်လာတယ်။ နာလည်းနာတယ်။ ပထမတော့ဝက်ခြံလို့ထင်လိုက်သေးတယ်။ နောက်မှ ၄ လုံး ၅ လုံးလောက်ပေါ်လာတယ်။ ဆရာဝန်သွားပြကြည့််တာ ကောင်းပါတယ်ဆိုပြီးသွားတယ်။ ဆရာမကြီးက စမ်းသပ်ပြီးရောဂါအကြောင်းရှင်းပြပါတယ်။ ကြွက်နို့တွေ ပေါက်နေတာပါ။ ကြွက်နို့ဆိုတာ Human Papilloma Virus ဆိုတဲ့virus ပိုးကြောင့်ဖြစ်ပွားတာပါ။ အမျိုးအစားပေါင်း ၁၀၀ ကျော်ရှိပါတယ်။ ခန္ဓာကိုယ်အနံ့အပြားမှာ ဖြစ်ပေါ်တတ်ပါတယ်။ အထူးသဖြင့် လိင်အင်္ဂါ၊ မျက်နှာ ၊ လည်ပင်း ၊ ပါးစပ် ၊ နှုတ်ခမ်း ၊ ခြေလက်တွေမှာ အဖြစ်များပါတယ်။ အခု ဖြစ်ပွားတဲ့လိင်အင်္ဂါ ကြွက်နို့ ကတော့ လိင်ကြောင့်ကူးစက်တဲ့ရောဂါပါတဲ့။ အမျိုးသားက အပျော်အပါးလိုက်စားရင် ဖြစ်တတ် ပါတယ်တဲ့။ ကိုကိုနိုင်ကိုစိတ်ဆိုးမိတယ်။ သူပေးသွားတဲ့ရောဂါလေ။ အမျိုးသားကိုလည်း တစ်ခါတည်း ခေါ်ခဲ့ပါဆိုလို့ အိမ်ထောင်ကွဲနေတဲ့ အကြောင်းပြောခဲ့ရသေးတယ်။ ဆရာဝန်မကြီးက လိမ်းဆေးပေးပါတယ်။ တစ်လလောက် နေတော့ ပျောက်သွားတယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေးကိုလည်းအထူးဂရုစိုက်ပါတယ်။ ဒီလိုနဲ့နောက်တစ်လလောက်ကြာတဲ့ အချိန်မှာ ၃ လုံး ၄ လုံးလောက် ပြန်ထွက်လာပါတယ်။ မိန်းမကိုယ်ပတ်လည်မှာပါ။ တစ်ချို့ ကြွက်နို့တွေက သေးငယ်ပြီး တစ်ချို့ကတော့ ကြီးပါတယ်။ နာလည်းနာနေသေးတော့ စိတ်အနှောင့် အယှက် အရမ်းဖြစ်ရတယ်။ နောက်အပတ်ထဲ Bangkok ကိုအလည်သွားမယ်ဆို ပြီးစီစဉ်ထားလို့ ရောဂါကိုဟိုမှာပဲ ပြတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟိုမှာ ဆရာဝန်သွားပြတော့ အဖုလေးတွေကိုဓားနဲ့ ခွဲထုတ်ပေးမယ်လို့ပြောတယ်။ ခွဲခန်းကထွက်လာတော့ နာနေသေးတယ်။ ဘယ်မှတောင် လျှောက်မလည်ဖြစ်ပါ။ ဒီလိုနဲ့ပဲ ရန်ကုန်ကို ပြန်ခဲ့ရတယ်။ နောက် (၃) လလောက် ကြာတဲ့အချိန်မှာ ကြွက်နို့လေးတွေ ထပ်ပေါက်လာပြန်တယ်။ မြမြတစ်ယောက် စိတ်လည်းအရမ်းညစ်ပါတယ်။ ဒါနဲ့ပဲ Bangkok ကိုနောက်တစ်ခေါက် ထပ်သွားဖ့ို စီစဉ်ရပြန်တယ်။ ဆရာဝန်တွေက ဒီတစ်ခါ မီးရှို့တဲ့နည်းကိုသုံးပေးမယ်ဆိုလို့ ကုသမှုကို ခံယူလိုက်ပါတယ်။ ပိုက်ဆံတွေဆိုုအများကြီးကုန်တာပါ။ ရောဂါပျောက်ဖို့ကသာ အဓိကလို့ တွေးရ တာပဲ။ တစ်ပတ်လောက်နေတော့ရန်ကုန် ပြန်လာခဲ့တယ်။ ရန်ကုန်ရောက်ပြီးနောက်တစ်ရက်နေတော့ ကြွက်နို့ကလေးတွေ ထပ်ထွက်လာပြန်ရော။ မြမြစိတ်ဓာတ် အကြီးအကျယ် ကျခဲ့တယ်။ သတ်သေချင်စိတ်တောင်ပေါက်မိတယ်။ ဘာကြောင့်များ ဒီလိုအဖြစ်မျိူးကြီးလာဖြစ်ရတာလဲလို့ ခဏခဏတွေးနေမိခဲ့တယ်။ ဒါနဲ့ပဲ ကြွက်နို့နဲ့ဆိုင်တဲ့ ဆောင်းပါးတွေ ဂျာနယ်တွေကို internet မှာ မြမြလေ့ လာကြည့်မိတယ်။ ဘယ်လိုဆက်လုပ်ရင် ကောင်းမလဲပေါ့။ လိင်အင်္ဂါ ကြွက်နို့ ကို Genital wart ( Condylomataacuminata) လို့ခေါ်တယ်တဲ့။ အမျိူးသမီးအမျိူးသားလိင်အင်္ဂါနဲ့စအိုဝတွေမှာ ဖြစ်ပွား တတ်ပါတယ်။ လိင်အင်္ဂါနဲ့စအိုမှာဖြစ်တဲ့အမျိုးအစားက Human Papilloma Virus type 6 & 11 တို့ ကြောင့်အများဆုံးဖြစ်ပွားတာပါ။ လိင်အင်္ဂါ ကြွက်နို့ ကတော့ ကင်ဆာဖြစ်ပွားနှုန်းနည်းပါးပါတယ်။ လိင်အင်္ဂါဖြစ်ပွားစေတဲ့အမျိုးအစားနဲ့ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားစေတဲ့ အမျိူးအစားတွေက မတူညီကြပါဘူး။ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားစေတာက Human Papilloma Virus type 16 & 18 တို့ကြောင့် အများဆုံးဖြစ်ပွားတာပါ။ တခြားအမျိူးအစားတွေကပါးစပ်၊ နှုတ်ခမ်း၊ လက်၊ ခြေအရေပြားတွေမှာ အများဆုံးဖြစ်ပွားပါတယ်။ကြွက်နို့ဟာ သူ့ဘာသာသူ ပျောက်သွားတတ် ပါတယ်တဲ့။ ကုသမှုမခံပဲ ထားရင်တောင် ၆ လ နဲ့ ၂ နှစ် အတွင်း သူ့အလိုလို ပျောက်သွားတတ် ပါတယ်တဲ့။ လက်ရှိအချိန်မှာတော့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးပေါ်ပေါက်နေပါပြီ။ သားအိမ် ခေါင်းကင်ဆာ ကာကွယ်ဆေးကအမျိူးအစားနှစ်မျိူးရှိပါတယ်။ Divalent နဲ့ Tetravalent ဆိုတဲ့ အမျိုးအစားတွေပါ။ Divalent ကာကွယ်ဆေးမှာ Human papilloma virus 16 & 18 အမျိူးအစား တွေပါလို့ သားအိမ်ခေါင်းကင်ဆာကိုကာကွယ်ပါတယ်။ Tetravalent ကာကွယ်ဆေးမှာတော့ Human papilloma virus 6, 11, 16 & 18 အမျိူးအစားတွေပါဝင်လို့ သားအိမ်ခေါင်းကင်ဆာအပြင် လိင်အင်္ဂါ ကြွက်နို့ကိုပါ ကာကွယ်နိုင်ပါတယ်။ တီဗီအစီအစဉ်တွေမှာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေးအကြောင်းပညာပေးအစီအစဉ်တွေ ကိုခဏခဏလွင့်နေတာပါ။ ကာကွယ်ဆေး အကြောင်းလည်း ခဏခဏလွင့်ပါတယ်။ လူတွေဆိုတာကလဲ ကိုယ်ကိုယ်တိုင်နဲ့ ဆိုင်တဲ့ အကြောင်း တရားရှိမှ သတိထားမိတတ်ကြတာလား။ နောက်ဆုံးတော့လည်း ဘယ်သူကိုမှ အပြစ်မတင်တော့ပါဘူး။ ကိုကိုနိုင်ကိုရော ဆရာဝန်တွေကိုရော အပြစ်မမြင်တော့ပါဘူး။ ကာကွယ်ဆေးထိုးဖို့ မြမြတစ်ယောက် ဘာလို့မေ့လျော့ နေခဲ့ပါလိမ့်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုပြီးထိရောက်တယ်ဆိုတာကို နားလည် သဘောပေါက်မိလာရင်းနဲ့ပဲ မနက်ဖြန်ကိုတော့ ဆရာဝန်မကြီးဆီ တစ်ခေါက်ထပ်သွားဦးမယ်လို့ပဲ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

 

AUTHOR –  ဒေါက်တာအေးချမ်းမိုး

Previous Post

အာသီးရောင်ခြင်း (အပိုင်း ၂)

Next Post

ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များနှင့်အကိုက်အခဲပျောက်ဆေး (အပိုင်း ၁)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များနှင့်အကိုက်အခဲပျောက်ဆေး (အပိုင်း ၁)

ကိုယ်ဝန်ဆောင်နို့တိုက်မိခင်များနှင့်အကိုက်အခဲပျောက်ဆေး (အပိုင်း ၂)

တိုက်ဖွိုက်ရောဂါကို ပေါ့ပေါ့မတွေးပါနှင့်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.