(Zawgyi)
ဇင္ဇင္တစ္ေယာက္ ကိုကိုႏွင့္ ယူၿပီးကတည္းက ေယာကၡမ်ားႏွင့္ အတူေနထိုင္ရသည္မွာ ငါးႏွစ္ေက်ာ္ေနၿပီ။ ကိုကို က မိဘမ်ားႏွင့္ စီးပြားမခြဲခ်င္ဘူးဆိုၿပီး ကိုကို႔မိဘမ်ားအိမ္သို႔ ဇင္ဇင္တစ္ေယာက္လိုက္ေနရသည္။ ကိုကို႔မိဘေတြက ဇင္ဇင္ အေပၚတြင္ေကာင္းၾကပါသည္။ ကိုကို႔ကိုလည္း ေတာ္ေတာ္ခ်စ္ၾကသည္။ ဇင္ဇင္ကိုလည္း သမီးအရင္းလို သေဘာထားၾကပါသည္။
အိမ္ေထာင္သက္ ငါးႏွစ္ေက်ာ္ေနေတာ့ လူႀကီးေတြက ဇင္ဇင္ကို ကေလး ယူခိုင္းေနၾကသည္။ တားေဆးကို ျဖတ္လိုက္သည္မွာ သုံးႏွစ္ေက်ာ္ေနၿပီ။ အခုအခ်ိန္ထိ ဇင္ဇင္တြင္ ကိုယ္ဝန္မရေသး။ ေယာကၡမ လည္း ဇင္ဇင္ကို ေဆးမ်ားတိုက္သည္။ အားရွိေအာင္လည္း ထားပါသည္။ သို႔ေသာ္ ဇင္ဇင္တစ္ေယာက္ ကေလးမရသည့္အတြက္ အားလုံးက ေမွ်ာ္လင့္ေတာင့္တေနၾကသည္။ ေျမးခ်ီခ်င္ၿပီဟုေျပာေနေသာ ကိုကိုမိဘမ်ားကိုလည္း ဇင္ဇင္တစ္ေယာက္ အားနာရသည္။ ကေလးမရသည့္အတြက္ ဇင္ဇင္ကို ကိုကို႔ညီမမ်ားက အငုံမဟု ကြယ္ရာတြင္ ေခၚၾကသည္။ ဇင္ဇင္တစ္ေယာက္ ႀကိတ္ၿပီးမ်က္ရည္က်ရသည္ကို ကိုကိုတစ္ေယာက္ မသိ။ ဇင္ဇင္ကလည္း ကိုယ့္အျပစ္ႏွင့္ကိုယ္မို႔ ဘယ္သူကိုမွ အျပစ္မတင္ပါ။ ဇင္ဇင္မွ ကေလးမေမြးေပးႏိုင္တာ။ ဇင္ဇင္ အျပစ္ေတြလို႔ပဲ ယူဆပါသည္။
“သားဒီတစ္ေခါက္ရန္ကုန္သြားရင္ ဇင္ဇင္ကို ေခၚသြားပါလား ။ သားဖြားမီးယပ္ဆရာဝန္နဲ႔ သြားျပၾကည့္ပါလား”
ေယာကၡမႀကီးမွ သူ႔သားကိုတိုက္တြန္းသည္။ ကိုကိုကေတာ့ အလုပ္မ်ားရႈပ္ေနတတ္သူဆိုေတာ့ဇင္ဇင္ ကေလးမရသည့္ကိစၥကိုလည္း သိပ္ၿပီး ေခါင္းထဲထည့္ပုံမရ။
“ရန္ကုန္ထိေခၚစရာလိုလို႔လားေမေမ။ သားတို႔ၿမိဳ႕မွာပဲ ေဆးခန္းျပလို႔မရဘူးလား။ ဇင္ဇင္က ကားစီးရင္ မူးတတ္တယ္။ရန္ကုန္ထိဆိုရင္ သူကားမူးေနမွာ”
ကိုကိုက ဒီကိစၥကို ေရးႀကီးခြင္က်ယ္လုပ္စရာမလိုဟု ထင္ပုံရသည္။
“ငါတို႔ၿမိဳ႕မွာ သားဖြားမီးယပ္ဆရာဝန္မရွိလို႔ေပါ့။ ရွိမ်ားရွိရင္ ငါဒီလိုမ်ိဳးေတာင္ ေစာင့္မေနဘူး။ သြားျပတာၾကာေနၿပီ။”
“ဒီကဆရာဝန္ေတြကမကုတတ္ဘူးလား”
“အမယ္ေလးေတာ္ ငါ့သားက ဒီေနရာေတာ့ ေဝးေနျပန္ၿပီ။ ဒီမွာက သားဖြားမီးယပ္ဆရာဝန္မရွိဘူးေလ။ လိုအပ္တာေတြ စစ္ေဆးၾကည့္ရဦးမယ္ေလ။ ဓာတ္မွန္ေတြ ႐ိုက္သင့္ရင္ ႐ိုက္ရမယ္။ အာထရာေစာင္းေတြ ႐ိုက္သင့္ရင္လည္း ႐ိုက္ရမယ္။ ဒါမ်ိဳးေတြက အေမတို႔ၿမိဳ႕မွာ ရွိမွ မရွိတာ။ ရန္ကုန္မွာ လုပ္မွ ရမွာေလ။ ငါ လမ္းထိပ္က ဆရာဝန္နဲ႔တိုင္ပင္ၿပီးၿပီ။ ဆရာဝန္က ငါ့ကိုေသခ်ာရွင္းျပလိုက္တယ္။ ရန္ကုန္မွာ ဆိုရင္ စက္ပစၥည္းေတြေရာ အကုန္စုံတယ္။ ေသေသခ်ာခ်ာ ဇင္ဇင္ကို စမ္းသပ္ စစ္ေဆးၾကည့္လို႔ရမယ္။ ေရာဂါတစ္ခုခုရွိေနတယ္ဆိုေတာ့လည္းကုသမႈခံယူရတာေပါ့။”
“ဟုတ္ကဲ့ပါ ေမေမ။ ဇင္ဇင္ကို ေျပာၿပီးသြားၿပီလား။”
“ဇင္ဇင္က ေတာ့ ကားမူးတတ္လို႔ ရန္ကုန္မလိုက္ခ်င္ဘူူးလို႔ပဲေျပာမွာေပါ့။ ရေအာင္ေခၚသြား။ ဘာျဖစ္လို႔ ကေလးမရတာလဲဆိုတာကို ေသေသခ်ာခ်ာရွင္းရွင္းလင္းလင္းသိရေအာင္လုပ္ခဲ့။ ဒါပဲ”
ေယာကၡမႀကီးက ကိုကို႔ ကို တစ္ခ်က္လြတ္အမိန႔္ထုတ္လိုက္သည္။ ဇင္ဇင္တစ္ေယာက္ မလိုက္ခ်င္ဘူးလို႔ ေျပာပိုင္ခြင့္မရွိပါ။ ရန္ကုန္ကို လိုက္၍ ဆရာဝန္ျပၾကည့္ရမည္။ ဇင္ဇင္ကိုယ္တိုင္ကလည္း ဆရာဝန္တစ္ေယာက္ႏွင့္ ေသေသခ်ာခ်ာ ျပၾကည့္ခ်င္သည္။ ၿမိဳ႕မွာ ရွိေသာ ဆရာဝန္မ်ားကလည္း ဇင္ဇင္ကို ကေလးရႏိုင္ပါသည္။ ႀကိဳးစားၾကည့္ပါ။ ေစာင့္ၾကည့္ပါဦးလို႔သာေျပာေနၾကသည္။ ေယာင္းမမ်ား၏ ကြယ္ရာတြင္ေျပာေနေသာ စကားမ်ားကိုလည္း ဇင္ဇင္တစ္ေယာက္ မၾကားခ်င္ေတာ့ပါ။ ေဆးေသာက္ဖို႔လိုလွ်င္ ေဆး ေသာက္လိုက္ခ်င္သည္။ ခြဲစိတ္ဖို႔လိုလွ်င္လည္း ခြဲစိတ္လိုက္ခ်င္သည္။ ကေလးရရန္အတြက္ ဇင္ဇင္တစ္ေယာက္ ဘာပဲလုပ္ရ လုပ္ရ လုပ္လိုက္ခ်င္သည္။ ဇင္ဇင္တစ္ေယာက္ ႐ူးေနၿပီလားလို႔ေတာင္ ထင္ၾကသည္။ ေယာကၡမႏွင့္ ႏွစ္ေယာက္ ဟိုေညာင္ပင္တြင္ သြားဆုေတာင္းလိုက္ရ။ ဒီေညာင္ပင္တြင္ သြားဆုေတာင္းလိုက္ရ။ ယၾတာမ်ားကလည္း ေခ်လိုက္ရသည္မွာ အပတ္တိုင္းလိုလိုကို ျဖစ္ေနၿပီ။ အခုေတာ့ ေနာက္ ဆုံးထြက္ေပါက္အေနႏွင့္ ရန္ကုန္တြင္ ဆရာဝန္သြားျပခ်င္သည္။
ဒီတစ္ပတ္ေတာ့ ကိုကို ရန္ကုန္သြားတုန္း ဇင္ဇင္တစ္ေယာက္လိုက္လာသည္။ လမ္းတစ္ေလွ်ာက္ အမူးေပ်ာက္ေဆးေလးေသာက္ၿပီးလိုက္လာရသည္။လာရသည့္လမ္းခရီးကဇင္ဇင္အတြက္ပင္ပန္းလြန္းလွသည္။
ကိုကိုႏွင့္ အတူ သားဖြားမီးယပ္ဆရာဝန္မႀကီးဆီကို ေရာက္ခဲ့သည္။
“ကြၽန္ေတာ္တို႔လင္မယား အိမ္ေထာင္က်တာ ငါးႏွစ္ေက်ာ္ၿပီ။ ကေလးမရလို႔ပါ”
ကိုကိုမွ အရင္ဆုံး ဆရာဝန္မႀကီးကို လာျပရသည့္အေၾကာင္းရွင္းျပသည္။
“သေႏၶတားေဆးေတြေရာသုံးခဲ့ေသးလား”
“လက္ထပ္ၿပီးခါစကေတာ့ ေသာက္ေဆးေသာက္ပါတယ္။ ႏွစ္ႏွစ္ေက်ာ္ေလာက္ေသာက္လိုက္တယ္။ ကေလးယူေတာ့မယ္ဆိုေတာ့ ေဆးျဖတ္လိုက္တယ္။ ေဆးျဖတ္ထားတာ သုံးႏွစ္ေက်ာ္ေနၿပီ။ ကေလးမရလို႔ပါ”
ကိုကိုမွ ဇင္ဇင္ အစား သြက္လက္စြာ ဝင္ေျဖၾကားေပးျပန္သည္။
“ၾကားထဲမွာတျခားဘာျဖစ္ေသးလဲ။ ”
“တျခားေတာ့ဘာမွမျဖစ္ဖူးပါဘူး”
“အရင္ကကိုယ္ဝန္တစ္ခါမွမေဆာင္ဖူးဘူးေပါ့။ ”
“ဟုတ္ပါတယ္။ကိုယ္ဝန္တစ္ခါမွမေဆာင္ဖူးပါဘူး။”
“အိုေက စမ္းသပ္မႈေတြလုပ္ၾကတာေပါ့”
ဆရာဝန္မႀကီးကို ေတြ႕ရသည္မွာ အားရွိသည္ဟု ဇင္ဇင္တစ္ေယာက္ထင္သည္။
“နယ္ကေနလာရတယ္ဆိုေတာ့ ဘာေၾကာင့္ ကေလးမရတာလဲဆိုတာကို တိတိက်က်သိရမွပဲ ျပန္ေတာ့မယ္လို႔ စဥ္းစားထားတယ္။ ကြၽန္ေတာ့္ မိန္းမကို ေသေသခ်ာခ်ာေလး စမ္းသပ္ေပးပါေနာ္”
ကိုကိုတစ္ေယာက္ဆရာဝန္မႀကီးကို ရွင္းျပေနသည္။ ဇင္ဇင္ကိုလည္း ရန္ကုန္တစ္ေခါက္တစ္ေခါက္ ေခၚရသည္ကလည္းလြယ္သည္မဟုတ္။ ရန္ကုန္မွာ ေနၿပီး ဇင္ဇင္တစ္ေယာက္ ေကာင္းမွ ပဲ ျပန္ေတာ့မည္ဟု ဆုံးျဖတ္ထားသည္။
“သမီးကို လည္း စစ္ေဆးတာေတြ အကုန္လုပ္မယ္။ သားကိုလည္း စစ္ေဆးတာေတြ လုပ္ေပးမယ္။ ကေလး မရတာ ဘယ္သူ႔ေၾကာင့္လည္းဆိုတာ ဒါမွသိမယ္။”
“ကြၽန္ေတာ္က ဘာလို႔ စစ္ရမွာလဲ”
ကိုကိုတစ္ေယာက္ အလန႔္တၾကားႏွင့္ ဆရာဝန္မႀကီးအားလွမ္းေမးလိုက္သည္။ ဇင္ဇင္ကို စစ္ေဆးဖို႔လာတာ။ သူ႔ကိုပါ စစ္ေဆးမည္ဆိုေတာ့ ေၾကာက္လန႔္သြားပုံရသည္။
“ကေလးမရတာဟာ အမ်ိဳးသမီးတစ္ေယာက္ထဲေၾကာင့္လို႔ထင္ေနရင္ မွားသြားမွာေပ့ါ။ အမ်ိဳးသားဖက္က ခ်ိဳ႕ယြင္းရင္လည္း ကေလးမရတတ္ၾကဘူး”
“ဒါဆို ကြၽန္ေတာ္လည္း စစ္ရမွာေပါ့ေနာ္”
“ဟုတ္တယ္။ သားတို႔ႏွစ္ေယာက္စလုံး အတူတူ စစ္ၾကည့္ေပးတာေပါ့။”
ကိုကိုတစ္ေယာက္ ဇေဝဇဝါျဖစ္ေနပုံရသည္။ ကေလးမရျခင္းသည္ ဇင္ဇင္ေၾကာင့္မရတာလို႔ပဲ ကိုကိုထင္ေနသည္။ အခုေတာ့ ကိုကို႔ကိုပါ ဆရာဝန္ႀကီးမွ စစ္ေဆးမႈလုပ္မည္ဆိုေသာေၾကာင့္ ေၾကာင္သြားပုံရသည္။
တစ္ျခားစစ္ေဆးမႈေတြ အျပင္ တစ္ေန႔တစ္ေန႔ သားဥ ႂကႊေမေႂကြကို မနက္တိုင္း ဆီး ခံၿပီးစစ္ရသည္။ သုံးရက္ေျမာက္ေနတြင္ သားဥေႂကြတယ္ဆိုၿပီး ႏွစ္ေခ်ာင္းေပၚသည္။ သားဥ ေႂကြ မေႂကြ စမ္းသပ္သည့္ ကိရိယာက ကေလးရွိမရွိတိုင္းသည့္ ကိရိယာႏွင့္ အတူတူပင္။
စစ္ေဆးထားတာေတြ အေျဖရေတာ့ ကိုကိုႏွင့္ႏွစ္ေယာက္ ေဆးခန္းသြားျပသည္။ ဆရာမႀကီးမွ ကိုကို႔ဖက္ကိုလွည့္ၿပီး
“အေျဖေတြေတာ့ အားလုံးရၿပီ။ သမီးမွာ ဘာခ်ိဳ႕ယြင္းခ်က္မွ မရွိဘူး။ သမီးေၾကာင့္ ကေလးမရတာမဟုတ္ပါဘူး။ သားေၾကာင့္ ကေလးမရတာပါ။ ”
“ဗ်ာ”
ကိုကိုတစ္ေယာက္ မ်က္လုံးျပဴးသြားသည္။
“ကြၽန္ေတာ့္ေၾကာင့္မရတာ။ ဟုတ္လား။ ကြၽန္ေတာ္ ဘာျဖစ္ေနလို႔လဲ”
“သားရဲ႕သုတ္ပိုးကို စစ္ေဆးၾကည့္တဲ့အခါမွာ သားရဲ႕သုတ္ရည္ထဲမွာ ပါတဲ့ သုတ္ပိုးေတြဟာ နည္းပါးေနတယ္။ သုတ္ပိုးနည္းေနတဲ့ အတြက္ သားတို႔ႏွစ္ေယာက္မွာ ကေလးမရႏိုင္တာပါ”
“ဒါမ်ိဳးကို ကုသလို႔ရလားဟင္”
“အခု ဆိုရင္ သုတ္ပိုးနည္းတတ္တဲ့ စုံတြဲေတြမွာ ကေလးလိုခ်င္ရင္ ဖန္ႁပြန္သေႏၶသား ကို ဖန္တီးယူလို႔ရေနပါၿပီ”
“ကြၽန္ေတာ္ၾကားဖူးပါတယ္”
ကိုကို ကၾကားဖူးတယ္လို႔ေျပာေနသည္။ မိဇင္ကေတာ့ မၾကားဖူးပါ။ ဖန္ႁပြန္သေႏၶသားဆိုတာ ဘာကိုေျပာမွန္းမသိ။ ကိုကို႔ ကိုပဲ ျပန္မွ ေမးရဦးမည္။
“ကြၽန္ေတာ္ေၾကာင့္ျဖစ္တယ္ဆိုတာ ေသခ်ာတယ္ေပါ့ေနာ္”
“ေသခ်ာပါတယ္။ သားေၾကာင့္ပါ။ သမီးမွာ ဘာအျပစ္မွ မရွိပါဘူး”
“ကြၽန္ေတာ္ မိသားစုနဲ႔တိုင္ပင္လိုက္ပါဦးမယ္”
ကိုကိုက မိဘမ်ားႏွင့္တိုင္ပင္ခ်င္ပုံရသည္။ ဇင္ဇင္ကေတာ့ ဘာအႀကံဉာဏ္မွ မေပးတတ္ပါ။ ကိုကို႔အတြက္ စိတ္မေကာင္းျဖစ္ရသည္။ ကိုကိုတစ္ေယာက္ အျပန္လမ္းတစ္ေလွ်ာက္ ဘာစကားမွ မေျပာပဲ ေတြးေတာေနပုံရသည္။ ဘာပဲေျပာေျပာ မိဇင္တစ္ေယာက္ ၿမိဳ႕ျပန္ေရာက္လွ်င္ေတာ့ မ်က္ႏွာ ငယ္ရေတာ့မည္မဟုတ္ေပ။ ေယာင္းမမ်ား အျပစ္ေျပာသည္ကိုလည္း ခံရေတာ့မည္ မဟုတ္။ ကိုကိုတစ္ေယာက္ ဝမ္းနည္းေနေသာ အခ်ိန္တြင္ မိဇင္တစ္ေယာက္ ႀကိတ္ေပ်ာ္ေနသည္ကိုေတာ့ ကိုကို မသိ။ အိမ္ျပန္ခရီးက ဇင္ဇင္အတြက္ စိတ္လက္ေပါ့ပါးေနေတာ့သည္။ ကိုကိုကေတာ့ သက္ျပင္းခဏခဏ ခ်လွ်က္။
OnDoctor
(Unicode)
ဇင်ဇင်တစ်ယောက် ကိုကိုနှင့် ယူပြီးကတည်းက ယောက္ခများနှင့် အတူနေထိုင်ရသည်မှာ ငါးနှစ်ကျော်နေပြီ။ ကိုကို က မိဘများနှင့် စီးပွားမခွဲချင်ဘူးဆိုပြီး ကိုကို့မိဘများအိမ်သို့ ဇင်ဇင်တစ်ယောက်လိုက်နေရသည်။
ကိုကို့မိဘတွေက ဇင်ဇင် အပေါ်တွင်ကောင်းကြပါသည်။ ကိုကို့ကိုလည်း တော်တော်ချစ်ကြသည်။ ဇင်ဇင်ကိုလည်း သမီးအရင်းလို သဘောထားကြပါသည်။
အိမ်ထောင်သက် ငါးနှစ်ကျော်နေတော့ လူကြီးတွေက ဇင်ဇင်ကို ကလေး ယူခိုင်းနေကြသည်။ တားဆေးကို ဖြတ်လိုက်သည်မှာ သုံးနှစ်ကျော်နေပြီ။ အခုအချိန်ထိ ဇင်ဇင်တွင် ကိုယ်ဝန်မရသေး။ ယောက္ခမ လည်း ဇင်ဇင်ကို ဆေးများတိုက်သည်။ အားရှိအောင်လည်း ထားပါသည်။ သို့သော် ဇင်ဇင်တစ်ယောက် ကလေးမရသည့်အတွက် အားလုံးက မျှော်လင့်တောင့်တနေကြသည်။ မြေးချီချင်ပြီဟုပြောနေသော ကိုကိုမိဘများကိုလည်း ဇင်ဇင်တစ်ယောက် အားနာရသည်။ ကလေးမရသည့်အတွက် ဇင်ဇင်ကို ကိုကို့ညီမများက အငုံမဟု ကွယ်ရာတွင် ခေါ်ကြသည်။ ဇင်ဇင်တစ်ယောက် ကြိတ်ပြီးမျက်ရည်ကျရသည်ကို ကိုကိုတစ်ယောက် မသိ။ ဇင်ဇင်ကလည်း ကိုယ့်အပြစ်နှင့်ကိုယ်မို့ ဘယ်သူကိုမှ အပြစ်မတင်ပါ။ ဇင်ဇင်မှ ကလေးမမွေးပေးနိုင်တာ။ ဇင်ဇင် အပြစ်တွေလို့ပဲ ယူဆပါသည်။
“သားဒီတစ်ခေါက်ရန်ကုန်သွားရင် ဇင်ဇင်ကို ခေါ်သွားပါလား ။ သားဖွားမီးယပ်ဆရာဝန်နဲ့ သွားပြကြည့်ပါလား”
ယောက္ခမကြီးမှ သူ့သားကိုတိုက်တွန်းသည်။ ကိုကိုကတော့ အလုပ်များရှုပ်နေတတ်သူဆိုတော့ဇင်ဇင် ကလေးမရသည့်ကိစ္စကိုလည်း သိပ်ပြီး ခေါင်းထဲထည့်ပုံမရ။
“ရန်ကုန်ထိခေါ်စရာလိုလို့လားမေမေ။ သားတို့မြို့မှာပဲ ဆေးခန်းပြလို့မရဘူးလား။ ဇင်ဇင်က ကားစီးရင် မူးတတ်တယ်။ရန်ကုန်ထိဆိုရင် သူကားမူးနေမှာ”
ကိုကိုက ဒီကိစ္စကို ရေးကြီးခွင်ကျယ်လုပ်စရာမလိုဟု ထင်ပုံရသည်။
“ငါတို့မြို့မှာ သားဖွားမီးယပ်ဆရာဝန်မရှိလို့ပေါ့။ ရှိများရှိရင် ငါဒီလိုမျိုးတောင် စောင့်မနေဘူး။ သွားပြတာကြာနေပြီ။”
“ဒီကဆရာဝန်တွေကမကုတတ်ဘူးလား”
“အမယ်လေးတော် ငါ့သားက ဒီနေရာတော့ ဝေးနေပြန်ပြီ။ ဒီမှာက သားဖွားမီးယပ်ဆရာဝန်မရှိဘူးလေ။ လိုအပ်တာတွေ စစ်ဆေးကြည့်ရဦးမယ်လေ။ ဓာတ်မှန်တွေ ရိုက်သင့်ရင် ရိုက်ရမယ်။ အာထရာစောင်းတွေ ရိုက်သင့်ရင်လည်း ရိုက်ရမယ်။ ဒါမျိုးတွေက အမေတို့မြို့မှာ ရှိမှ မရှိတာ။ ရန်ကုန်မှာ လုပ်မှ ရမှာလေ။ ငါ လမ်းထိပ်က ဆရာဝန်နဲ့တိုင်ပင်ပြီးပြီ။ ဆရာဝန်က ငါ့ကိုသေချာရှင်းပြလိုက်တယ်။ ရန်ကုန်မှာ ဆိုရင် စက်ပစ္စည်းတွေရော အကုန်စုံတယ်။ သေသေချာချာ ဇင်ဇင်ကို စမ်းသပ် စစ်ဆေးကြည့်လို့ရမယ်။ ရောဂါတစ်ခုခုရှိနေတယ်ဆိုတော့လည်းကုသမှုခံယူရတာပေါ့။”
“ဟုတ်ကဲ့ပါ မေမေ။ ဇင်ဇင်ကို ပြောပြီးသွားပြီလား။”
“ဇင်ဇင်က တော့ ကားမူးတတ်လို့ ရန်ကုန်မလိုက်ချင်ဘူူးလို့ပဲပြောမှာပေါ့။ ရအောင်ခေါ်သွား။ ဘာဖြစ်လို့ ကလေးမရတာလဲဆိုတာကို သေသေချာချာရှင်းရှင်းလင်းလင်းသိရအောင်လုပ်ခဲ့။ ဒါပဲ”
ယောက္ခမကြီးက ကိုကို့ ကို တစ်ချက်လွတ်အမိန့်ထုတ်လိုက်သည်။ ဇင်ဇင်တစ်ယောက် မလိုက်ချင်ဘူးလို့ ပြောပိုင်ခွင့်မရှိပါ။ ရန်ကုန်ကို လိုက်၍ ဆရာဝန်ပြကြည့်ရမည်။ ဇင်ဇင်ကိုယ်တိုင်ကလည်း ဆရာဝန်တစ်ယောက်နှင့် သေသေချာချာ ပြကြည့်ချင်သည်။ မြို့မှာ ရှိသော ဆရာဝန်များကလည်း ဇင်ဇင်ကို ကလေးရနိုင်ပါသည်။ ကြိုးစားကြည့်ပါ။ စောင့်ကြည့်ပါဦးလို့သာပြောနေကြသည်။ ယောင်းမများ၏ ကွယ်ရာတွင်ပြောနေသော စကားများကိုလည်း ဇင်ဇင်တစ်ယောက် မကြားချင်တော့ပါ။ ဆေးသောက်ဖို့လိုလျှင် ဆေး သောက်လိုက်ချင်သည်။ ခွဲစိတ်ဖို့လိုလျှင်လည်း ခွဲစိတ်လိုက်ချင်သည်။ ကလေးရရန်အတွက် ဇင်ဇင်တစ်ယောက် ဘာပဲလုပ်ရ လုပ်ရ လုပ်လိုက်ချင်သည်။ ဇင်ဇင်တစ်ယောက် ရူးနေပြီလားလို့တောင် ထင်ကြသည်။ ယောက္ခမနှင့် နှစ်ယောက် ဟိုညောင်ပင်တွင် သွားဆုတောင်းလိုက်ရ။ ဒီညောင်ပင်တွင် သွားဆုတောင်းလိုက်ရ။ ယတြာများကလည်း ချေလိုက်ရသည်မှာ အပတ်တိုင်းလိုလိုကို ဖြစ်နေပြီ။ အခုတော့ နောက် ဆုံးထွက်ပေါက်အနေနှင့် ရန်ကုန်တွင် ဆရာဝန်သွားပြချင်သည်။
ဒီတစ်ပတ်တော့ ကိုကို ရန်ကုန်သွားတုန်း ဇင်ဇင်တစ်ယောက်လိုက်လာသည်။ လမ်းတစ်လျှောက် အမူးပျောက်ဆေးလေးသောက်ပြီးလိုက်လာရသည်။လာရသည့်လမ်းခရီးကဇင်ဇင်အတွက်ပင်ပန်းလွန်းလှသည်။
ကိုကိုနှင့် အတူ သားဖွားမီးယပ်ဆရာဝန်မကြီးဆီကို ရောက်ခဲ့သည်။
“ကျွန်တော်တို့လင်မယား အိမ်ထောင်ကျတာ ငါးနှစ်ကျော်ပြီ။ ကလေးမရလို့ပါ”
ကိုကိုမှ အရင်ဆုံး ဆရာဝန်မကြီးကို လာပြရသည့်အကြောင်းရှင်းပြသည်။
“သန္ဓေတားဆေးတွေရောသုံးခဲ့သေးလား”
“လက်ထပ်ပြီးခါစကတော့ သောက်ဆေးသောက်ပါတယ်။ နှစ်နှစ်ကျော်လောက်သောက်လိုက်တယ်။ ကလေးယူတော့မယ်ဆိုတော့ ဆေးဖြတ်လိုက်တယ်။ ဆေးဖြတ်ထားတာ သုံးနှစ်ကျော်နေပြီ။ ကလေးမရလို့ပါ”
ကိုကိုမှ ဇင်ဇင် အစား သွက်လက်စွာ ဝင်ဖြေကြားပေးပြန်သည်။
“ကြားထဲမှာတခြားဘာဖြစ်သေးလဲ။ ”
“တခြားတော့ဘာမှမဖြစ်ဖူးပါဘူး”
“အရင်ကကိုယ်ဝန်တစ်ခါမှမဆောင်ဖူးဘူးပေါ့။ ”
“ဟုတ်ပါတယ်။ကိုယ်ဝန်တစ်ခါမှမဆောင်ဖူးပါဘူး။”
“အိုကေ စမ်းသပ်မှုတွေလုပ်ကြတာပေါ့”
ဆရာဝန်မကြီးကို တွေ့ရသည်မှာ အားရှိသည်ဟု ဇင်ဇင်တစ်ယောက်ထင်သည်။
“နယ်ကနေလာရတယ်ဆိုတော့ ဘာကြောင့် ကလေးမရတာလဲဆိုတာကို တိတိကျကျသိရမှပဲ ပြန်တော့မယ်လို့ စဉ်းစားထားတယ်။ ကျွန်တော့် မိန်းမကို သေသေချာချာလေး စမ်းသပ်ပေးပါနော်”
ကိုကိုတစ်ယောက်ဆရာဝန်မကြီးကို ရှင်းပြနေသည်။ ဇင်ဇင်ကိုလည်း ရန်ကုန်တစ်ခေါက်တစ်ခေါက် ခေါ်ရသည်ကလည်းလွယ်သည်မဟုတ်။ ရန်ကုန်မှာ နေပြီး ဇင်ဇင်တစ်ယောက် ကောင်းမှ ပဲ ပြန်တော့မည်ဟု ဆုံးဖြတ်ထားသည်။
“သမီးကို လည်း စစ်ဆေးတာတွေ အကုန်လုပ်မယ်။ သားကိုလည်း စစ်ဆေးတာတွေ လုပ်ပေးမယ်။ ကလေး မရတာ ဘယ်သူ့ကြောင့်လည်းဆိုတာ ဒါမှသိမယ်။”
“ကျွန်တော်က ဘာလို့ စစ်ရမှာလဲ”
ကိုကိုတစ်ယောက် အလန့်တကြားနှင့် ဆရာဝန်မကြီးအားလှမ်းမေးလိုက်သည်။ ဇင်ဇင်ကို စစ်ဆေးဖို့လာတာ။ သူ့ကိုပါ စစ်ဆေးမည်ဆိုတော့ ကြောက်လန့်သွားပုံရသည်။
“ကလေးမရတာဟာ အမျိုးသမီးတစ်ယောက်ထဲကြောင့်လို့ထင်နေရင် မှားသွားမှာပေ့ါ။ အမျိုးသားဖက်က ချို့ယွင်းရင်လည်း ကလေးမရတတ်ကြဘူး”
“ဒါဆို ကျွန်တော်လည်း စစ်ရမှာပေါ့နော်”
“ဟုတ်တယ်။ သားတို့နှစ်ယောက်စလုံး အတူတူ စစ်ကြည့်ပေးတာပေါ့။”
ကိုကိုတစ်ယောက် ဇဝေဇဝါဖြစ်နေပုံရသည်။ ကလေးမရခြင်းသည် ဇင်ဇင်ကြောင့်မရတာလို့ပဲ ကိုကိုထင်နေသည်။ အခုတော့ ကိုကို့ကိုပါ ဆရာဝန်ကြီးမှ စစ်ဆေးမှုလုပ်မည်ဆိုသောကြောင့် ကြောင်သွားပုံရသည်။
တစ်ခြားစစ်ဆေးမှုတွေ အပြင် တစ်နေ့တစ်နေ့ သားဥ ကြွှေမကြွေကို မနက်တိုင်း ဆီး ခံပြီးစစ်ရသည်။ သုံးရက်မြောက်နေတွင် သားဥကြွေတယ်ဆိုပြီး နှစ်ချောင်းပေါ်သည်။ သားဥ ကြွေ မကြွေ စမ်းသပ်သည့် ကိရိယာက ကလေးရှိမရှိတိုင်းသည့် ကိရိယာနှင့် အတူတူပင်။
စစ်ဆေးထားတာတွေ အဖြေရတော့ ကိုကိုနှင့်နှစ်ယောက် ဆေးခန်းသွားပြသည်။ ဆရာမကြီးမှ ကိုကို့ဖက်ကိုလှည့်ပြီး
“အဖြေတွေတော့ အားလုံးရပြီ။ သမီးမှာ ဘာချို့ယွင်းချက်မှ မရှိဘူး။ သမီးကြောင့် ကလေးမရတာမဟုတ်ပါဘူး။ သားကြောင့် ကလေးမရတာပါ။ ”
“ဗျာ”
ကိုကိုတစ်ယောက် မျက်လုံးပြူးသွားသည်။
“ကျွန်တော့်ကြောင့်မရတာ။ ဟုတ်လား။ ကျွန်တော် ဘာဖြစ်နေလို့လဲ”
“သားရဲ့သုတ်ပိုးကို စစ်ဆေးကြည့်တဲ့အခါမှာ သားရဲ့သုတ်ရည်ထဲမှာ ပါတဲ့ သုတ်ပိုးတွေဟာ နည်းပါးနေတယ်။ သုတ်ပိုးနည်းနေတဲ့ အတွက် သားတို့နှစ်ယောက်မှာ ကလေးမရနိုင်တာပါ”
“ဒါမျိုးကို ကုသလို့ရလားဟင်”
“အခု ဆိုရင် သုတ်ပိုးနည်းတတ်တဲ့ စုံတွဲတွေမှာ ကလေးလိုချင်ရင် ဖန်ပြွန်သန္ဓေသား ကို ဖန်တီးယူလို့ရနေပါပြီ”
“ကျွန်တော်ကြားဖူးပါတယ်”
ကိုကို ကကြားဖူးတယ်လို့ပြောနေသည်။ မိဇင်ကတော့ မကြားဖူးပါ။ ဖန်ပြွန်သန္ဓေသားဆိုတာ ဘာကိုပြောမှန်းမသိ။ ကိုကို့ ကိုပဲ ပြန်မှ မေးရဦးမည်။
“ကျွန်တော်ကြောင့်ဖြစ်တယ်ဆိုတာ သေချာတယ်ပေါ့နော်”
“သေချာပါတယ်။ သားကြောင့်ပါ။ သမီးမှာ ဘာအပြစ်မှ မရှိပါဘူး”
“ကျွန်တော် မိသားစုနဲ့တိုင်ပင်လိုက်ပါဦးမယ်”
ကိုကိုက မိဘများနှင့်တိုင်ပင်ချင်ပုံရသည်။ ဇင်ဇင်ကတော့ ဘာအကြံဉာဏ်မှ မပေးတတ်ပါ။ ကိုကို့အတွက် စိတ်မကောင်းဖြစ်ရသည်။ ကိုကိုတစ်ယောက် အပြန်လမ်းတစ်လျှောက် ဘာစကားမှ မပြောပဲ တွေးတောနေပုံရသည်။ ဘာပဲပြောပြော မိဇင်တစ်ယောက် မြို့ပြန်ရောက်လျှင်တော့ မျက်နှာ ငယ်ရတော့မည်မဟုတ်ပေ။ ယောင်းမများ အပြစ်ပြောသည်ကိုလည်း ခံရတော့မည် မဟုတ်။ ကိုကိုတစ်ယောက် ဝမ်းနည်းနေသော အချိန်တွင် မိဇင်တစ်ယောက် ကြိတ်ပျော်နေသည်ကိုတော့ ကိုကို မသိ။ အိမ်ပြန်ခရီးက ဇင်ဇင်အတွက် စိတ်လက်ပေါ့ပါးနေတော့သည်။ ကိုကိုကတော့ သက်ပြင်းခဏခဏ ချလျှက်။
OnDoctor