(Zawgyi)
အမ်ိဳးသမီးမ်ားသည္ လိင္ဆက္ဆံမႈျပဳေသာအခါ စိတ္ဆႏၵျပည့္ဝမႈ ရရွိခဲ့ၾကသည္။ ေလ့လာမႈအရတခ်ိဳ႕ အမ်ိဳးသမီး မ်ားသည္ စိတ္ဆႏၵျပည့္ဝမႈ တစ္ႀကိမ္တစ္ခါမွ် မရရွိဖူးၾကဟုသိထားရသည္။ အမ်ိဳးသမီးမ်ားအတြက္လည္း စိတ္ဆႏၵ ျပည့္ဝၿပီးေျမာက္မႈရွိရန္ လိုအပ္သည္ကိုအထူးသျဖင့္ ဆက္ဆံေဖာ္မ်ားသတိျပဳမိဖို႔ လိုအပ္ပါသည္။
လိင္ပိုင္းဆိုင္ရာ ေဆြးေႏြးျခင္းမွာလြယ္ကူလွသည္ေတာ့ မဟုတ္ေပ။ လိင္ပိုင္းဆိုင္ရာအေတြ႕အႀကဳံမ်ား ႏွင့္ စိတ္ဆႏၵမ်ား အေၾကာင္းေျပာဆိုရာမွာပင္ အခက္အခဲမ်ားစြာရွိႏိုင္သည္။ အမ်ိဳးသမီးမ်ားအတြက္ လိင္ပိုင္းဆိုင္ရာက်န္းမာေရးသည္ ႐ုပ္ခႏၶာကိုယ္က်န္းမာေရးႏွင့္ စိတ္ခ်မ္းသာေပ်ာ္႐ႊင္မႈတို႔၏ လႊမ္းမိုးမႈေအာက္တြင္ရွိသည္။ အမ်ိဳးသမီးမ်ားႏွင့္ အမ်ိဳးသားတို႔၏ အေပးအယူမွ်တေသာအျပဳသေဘာေဆာင္သည့္ ဆက္ဆံေရးသည္ လည္းအမ်ိဳးသမီးမ်ားလိင္ပိုင္းဆိုင္ရာက်န္းမာေရးအတြက္ အဓိကက႑မွ ပါဝင္သည္။
အမ်ိဳးသမီးမ်ား၏ လိင္ပိုင္းဆိုင္ရာအခက္အခဲျပႆနာမ်ားကိုေျဖရွင္းဖယ္ရွားၿပီးေက်နပ္ေပ်ာ္႐ႊင္မႈ အျပည့္အဝရရွိေစရန္ လမ္းၫႊန္ခ်က္မ်ားကို ကြၽမ္းက်င္ပညာရွင္မ်ားကထုတ္ေဖာ္ေျပာၾကားခဲ့ၾကသည္။ အမ်ိဳးသမီးမ်ားအေနျဖင့္ ေအာက္ေဖာ္ျပပါ အခ်က္မ်ားကိုလိုက္နာေဆာင္႐ြက္ၾကရန္ လိုအပ္မည္ျဖစ္ပါသည္။
(က) မိမိအတြက္ အဆင္မေျပမႈမ်ားကို ဝန္ခံပါ။
မိမိစိုးရိမ္ေၾကာက္လန႔္မႈရွိေနလွ်င္ ထိုအေၾကာင္းကိုဆက္ဆံေဖာ္အားေျပာရန္ ဝန္မေလးသင့္ပါ။ နာက်င္မႈခံစားရ လွ်င္လည္း ဝန္ခံေျပာၾကားပါ။ အဆင္မေျပမႈမွန္သမွ်ကို အုံ႔ပုန္းမထားသင့္ပါ။ ပြင့္ပြင့္လင္းလင္းေျပာၾကားပါ။
(ခ) စကားေျပာေပးပါ။
မိမိဆက္ဆံေဖာ္ႏွင့္ စကားေျပာရန္ လိုအပ္သည္။ မိမိကိုယ္မိမိယုံၾကည္မႈ အျပည့္ထားပါ။ မိမိအတြက္ အဆင္မေျပမႈမ်ား ေခ်ာေမြ႕သြားႏိုင္ပါသည္။
(ဂ) အခ်ိန္သတ္မွတ္ထားပါ။
အေၾကာင္းအရာတစ္ခုကို ၁၅ မိနစ္မွ် ေျပာဆိုေဆြးေႏြးပါ။ အခ်ိန္ၾကာျမင့္စြာေျပာဆိုျခင္းသည္ၿငီးေငြ႕ ဖြယ္ျဖစ္ေစသျဖင့္ ေရွာင္ၾကဥ္ရပါသည္။
(ဃ) ပုံမွန္အခ်ိန္ေပးပါ။
ဆက္ဆံေဖာ္ႏွင့္ လိင္ကိစၥေဆြးေႏြးေျပာဆိုရာတြင္ ပုံမွန္အခ်ိန္ေပးထားပါ။ မွန္မွန္ေျပာဆိုေဆြးေႏြးဖို႔ လိုသည္။
(င) စာအုပ္၊ ဗီဒီယို၊ ႐ုပ္ရွင္တို႔အသုံးျပဳပါ။
မိမိတို႔အတြက္ လိုအပ္ေသာအေတြ႕အႀကဳံ ဗဟုသုတတို႔ကိုစာအုပ္၊ ဗီဒီယို၊ ႐ုပ္ရွင္မ်ားမွ ရယူႏိုင္သည္။ အကယ္၍သင္ ကိုယ္တိုင္ သင္၏ ဆက္ဆံေဖာ္ႏွင့္ ေဆြးေႏြးေျပဆိုရန္ အခက္အခဲရွိလွ်င္ ကြၽမ္းက်င္သူ (သို႔) ဆရာဝန္ႏွင့္ တိုင္ပင္ေဆြးေႏြး သင့္ပါသည္။
မိမိ၏ ဆက္ဆံေဖာ္ႏွင့္ ေျပာဆိုေဆြးေႏြးတိုင္ပင္ရာတြင္ အေၾကာင္းအရာမ်ားခိုင္မာစြာရွိဖို႔ လိုသည္။ လိုအပ္ေသာအ ေၾကာင္းအရာမ်ားမွာ …
အခ်ိန္ကိစၥ
မည္သည့္အခ်ိန္သည္အဆင္ေျပမည္။ အခ်ိန္ၾကာျမင့္မႈ မည္မွ်လိုအပ္မည္။ ေျပာင္းလဲဖို႔ လိုအပ္ျခင္းရွိ၊ မရွိစသည္တို႔ ေဆြးေႏြးမည္။
ခ်စ္ေမတၱာသံေယာဇဥ္
လိင္ဆက္ဆံမႈတြင္ ခ်စ္ျခင္းေမတၱာသံေယာဇဥ္တို႔ သည္လည္း အေရးႀကီးေသာ အခန္းက႑မွ ပါဝင္သျဖင့္ ေဆြးေႏြးရန္ လိုအပ္သည္။
ေပ်ာ္႐ႊင္မႈ
တစ္ဦးခ်င္းစီ၏ ေပ်ာ္႐ႊင္မႈ၊ ေက်နပ္မႈ၊ ႏွစ္ဦးႏွစ္ဖက္ ေပ်ာ္႐ႊင္ေက်နပ္မႈ စသည္တို႔အေၾကာင္း ေဆြးေႏြးရမည္။ မတူညီမႈ၊ ကြဲျပားမႈမ်ားရွိပါက ညႇိႏႈိင္းေျဖရွင္းရမည္။
လိင္ဆက္ဆံမႈ
လိင္ဆက္ဆံျခင္းႏွင့္ ပတ္သက္၍ အခ်ိန္၊ ေနရာ၊ အေနအထားပုံစံႏွင့္ အျခားလိုအပ္ခ်က္မ်ားကိုလည္း ေဆြးေႏြးရန္ လိုအပ္သည္။ မိမိစိတ္ဝင္စားေသာ အေၾကာင္းအရာမ်ားကိုလည္း ထည့္သြင္းေဆြးေႏြးႏိုင္သည္။ (ဥပမာ- Masturbalion, Oral Sex, Use of Vibrator)
ဗဟုသုတအသစ္မ်ား
မိမိရရွိေသာ ဗဟုသုတအသစ္မ်ားကို မွ်ေဝရန္ လိုအပ္သည္။ ဗဟုသုတမ်ားေအာင္လည္း ႀကိဳးပမ္းစြမ္းေဆာင္သြားရ မည္။
႐ုပ္ပိုင္းဆိုင္ရာ ေျပာင္းလဲမႈမ်ား
႐ုပ္ပိုင္းဆိုင္ရာ ေျပာင္းလဲမႈမ်ားအေၾကာင္းလည္း ေဆြးေႏြးေျပာဆိုရန္ လိုအပ္သည္။ ဥပမာ-ေနထိုင္မေကာင္းမႈ၊ အဝလြန္ လာမႈ၊ ခြဲစိတ္ကုသရမႈတို႔ႏွင့္ ပတ္သက္၍ ေျပာဆိုမႈမ်ား လိုအပ္ႏိုင္ပါသည္။
စိတ္ပိုင္းဆိုင္ရာ ေျပာင္းလဲမႈမ်ား
စိတ္ပိုင္းဆိုင္ရာ ေျပာင္းလဲမႈမ်ားကိုလည္း ေျပာဆိုေဆြးေႏြးရပါမည္။ စိတ္အေႏွာင့္အယွက္ျဖစ္စရာမ်ားကို ဖယ္ရွားပစ္ဖို႔ အေရးႀကီးပါသည္။ စိတ္ပူပင္ေသာက၊ စိတ္ဓာတ္က်ျခင္း၊ ေဒါသႏွင့္ ဖိစီးမႈတို႔ခံစားရလွ်င္ ေဆြးေႏြးအေျဖရွာကာ ဖယ္ရွားႏိုင္ရ မည္။
သမား႐ိုးက်ကိစၥရပ္မ်ား
သမား႐ိုးက် ယုံၾကည္မႈမ်ား၊ ေမွ်ာ္လင့္ခ်က္မ်ားႏွင့္ အေတြးအေခၚအယူအဆမ်ားကိုလည္း ေဆြးေႏြးၾကရန္ ျဖစ္သည္။ မွားယြင္းေသာ ယုံၾကည္ထားမႈမ်ားကို ဖယ္ရွားရမည္။ အမွန္ကို ေဖာ္ထုတ္ႏိုင္ရမည္။ ကိုယ္ဝန္ေဆာင္စဥ္ လိင္ဆက္ဆံျခင္း၊ မီးယပ္ေပၚစဥ္ လိင္ဆက္ဆံျခင္းတို႔ႏွင့္ ပတ္သက္၍ ယုံၾကည္မႈႏွင့္ အယူအဆမ်ားကို ပြင့္ပြင့္လင္းလင္း တိုင္ပင္ေဆြးေႏြးသြားရပါ မည္။
လိင္ဆက္ဆံမႈႏွင့္ ပတ္သက္၍ တစ္ဦး၏ လိုအပ္ခ်က္ႏွင့္ အျခားသူတစ္ဦး၏ လိုအပ္ခ်က္မ်ား မတူညီႏိုင္ေပ။ မိမိ၏ လို အပ္ခ်က္၊ ဆက္ဆံေဖာ္၏ လိုအပ္ခ်က္မ်ားကို သိရွိနားလည္ၿပီး၊ မတူညီမႈမ်ားကို ဖယ္ရွားကာ ေပ်ာ္႐ႊင္ေက်နပ္မႈ အျပည့္အ၀ ရရွိ ႏိုင္ေသာ လိင္ဆက္ဆံမႈဘဝကို ရယူႏိုင္မည္ ျဖစ္ေပသည္။
ေဒါက္တာေအးေက်ာ္ (ဇီဝကမၼေဗဒ)
(Unicode)
အမျိုးသမီးများသည် လိင်ဆက်ဆံမှုပြုသောအခါ စိတ်ဆန္ဒပြည့်ဝမှု ရရှိခဲ့ကြသည်။ လေ့လာမှုအရတချို့ အမျိုးသမီး များသည် စိတ်ဆန္ဒပြည့်ဝမှု တစ်ကြိမ်တစ်ခါမျှ မရရှိဖူးကြဟုသိထားရသည်။ အမျိုးသမီးများအတွက်လည်း စိတ်ဆန္ဒ ပြည့်ဝပြီးမြောက်မှုရှိရန် လိုအပ်သည်ကိုအထူးသဖြင့် ဆက်ဆံဖော်များသတိပြုမိဖို့ လိုအပ်ပါသည်။
လိင်ပိုင်းဆိုင်ရာ ဆွေးနွေးခြင်းမှာလွယ်ကူလှသည်တော့ မဟုတ်ပေ။ လိင်ပိုင်းဆိုင်ရာအတွေ့အကြုံများ နှင့် စိတ်ဆန္ဒများ အကြောင်းပြောဆိုရာမှာပင် အခက်အခဲများစွာရှိနိုင်သည်။ အမျိုးသမီးများအတွက် လိင်ပိုင်းဆိုင်ရာကျန်းမာရေးသည် ရုပ်ခန္ဓာကိုယ်ကျန်းမာရေးနှင့် စိတ်ချမ်းသာပျော်ရွှင်မှုတို့၏ လွှမ်းမိုးမှုအောက်တွင်ရှိသည်။ အမျိုးသမီးများနှင့် အမျိုးသားတို့၏ အပေးအယူမျှတသောအပြုသဘောဆောင်သည့် ဆက်ဆံရေးသည် လည်းအမျိုးသမီးများလိင်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အဓိကကဏ္ဍမှ ပါဝင်သည်။
အမျိုးသမီးများ၏ လိင်ပိုင်းဆိုင်ရာအခက်အခဲပြဿနာများကိုဖြေရှင်းဖယ်ရှားပြီးကျေနပ်ပျော်ရွှင်မှု အပြည့်အဝရရှိစေရန် လမ်းညွှန်ချက်များကို ကျွမ်းကျင်ပညာရှင်များကထုတ်ဖော်ပြောကြားခဲ့ကြသည်။ အမျိုးသမီးများအနေဖြင့် အောက်ဖော်ပြပါ အချက်များကိုလိုက်နာဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါသည်။
(က) မိမိအတွက် အဆင်မပြေမှုများကို ဝန်ခံပါ။
မိမိစိုးရိမ်ကြောက်လန့်မှုရှိနေလျှင် ထိုအကြောင်းကိုဆက်ဆံဖော်အားပြောရန် ဝန်မလေးသင့်ပါ။ နာကျင်မှုခံစားရ လျှင်လည်း ဝန်ခံပြောကြားပါ။ အဆင်မပြေမှုမှန်သမျှကို အုံ့ပုန်းမထားသင့်ပါ။ ပွင့်ပွင့်လင်းလင်းပြောကြားပါ။
(ခ) စကားပြောပေးပါ။
မိမိဆက်ဆံဖော်နှင့် စကားပြောရန် လိုအပ်သည်။ မိမိကိုယ်မိမိယုံကြည်မှု အပြည့်ထားပါ။ မိမိအတွက် အဆင်မပြေမှုများ ချောမွေ့သွားနိုင်ပါသည်။
(ဂ) အချိန်သတ်မှတ်ထားပါ။
အကြောင်းအရာတစ်ခုကို ၁၅ မိနစ်မျှ ပြောဆိုဆွေးနွေးပါ။ အချိန်ကြာမြင့်စွာပြောဆိုခြင်းသည်ငြီးငွေ့ ဖွယ်ဖြစ်စေသဖြင့် ရှောင်ကြဉ်ရပါသည်။
(ဃ) ပုံမှန်အချိန်ပေးပါ။
ဆက်ဆံဖော်နှင့် လိင်ကိစ္စဆွေးနွေးပြောဆိုရာတွင် ပုံမှန်အချိန်ပေးထားပါ။ မှန်မှန်ပြောဆိုဆွေးနွေးဖို့ လိုသည်။
(င) စာအုပ်၊ ဗီဒီယို၊ ရုပ်ရှင်တို့အသုံးပြုပါ။
မိမိတို့အတွက် လိုအပ်သောအတွေ့အကြုံ ဗဟုသုတတို့ကိုစာအုပ်၊ ဗီဒီယို၊ ရုပ်ရှင်များမှ ရယူနိုင်သည်။ အကယ်၍သင် ကိုယ်တိုင် သင်၏ ဆက်ဆံဖော်နှင့် ဆွေးနွေးပြေဆိုရန် အခက်အခဲရှိလျှင် ကျွမ်းကျင်သူ (သို့) ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး သင့်ပါသည်။
မိမိ၏ ဆက်ဆံဖော်နှင့် ပြောဆိုဆွေးနွေးတိုင်ပင်ရာတွင် အကြောင်းအရာများခိုင်မာစွာရှိဖို့ လိုသည်။ လိုအပ်သောအ ကြောင်းအရာများမှာ …
အချိန်ကိစ္စ
မည်သည့်အချိန်သည်အဆင်ပြေမည်။ အချိန်ကြာမြင့်မှု မည်မျှလိုအပ်မည်။ ပြောင်းလဲဖို့ လိုအပ်ခြင်းရှိ၊ မရှိစသည်တို့ ဆွေးနွေးမည်။
ချစ်မေတ္တာသံယောဇဉ်
လိင်ဆက်ဆံမှုတွင် ချစ်ခြင်းမေတ္တာသံယောဇဉ်တို့ သည်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သဖြင့် ဆွေးနွေးရန် လိုအပ်သည်။
ပျော်ရွှင်မှု
တစ်ဦးချင်းစီ၏ ပျော်ရွှင်မှု၊ ကျေနပ်မှု၊ နှစ်ဦးနှစ်ဖက် ပျော်ရွှင်ကျေနပ်မှု စသည်တို့အကြောင်း ဆွေးနွေးရမည်။ မတူညီမှု၊ ကွဲပြားမှုများရှိပါက ညှိနှိုင်းဖြေရှင်းရမည်။
လိင်ဆက်ဆံမှု
လိင်ဆက်ဆံခြင်းနှင့် ပတ်သက်၍ အချိန်၊ နေရာ၊ အနေအထားပုံစံနှင့် အခြားလိုအပ်ချက်များကိုလည်း ဆွေးနွေးရန် လိုအပ်သည်။ မိမိစိတ်ဝင်စားသော အကြောင်းအရာများကိုလည်း ထည့်သွင်းဆွေးနွေးနိုင်သည်။ (ဥပမာ- Masturbalion, Oral Sex, Use of Vibrator)
ဗဟုသုတအသစ်များ
မိမိရရှိသော ဗဟုသုတအသစ်များကို မျှဝေရန် လိုအပ်သည်။ ဗဟုသုတများအောင်လည်း ကြိုးပမ်းစွမ်းဆောင်သွားရ မည်။
ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ
ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများအကြောင်းလည်း ဆွေးနွေးပြောဆိုရန် လိုအပ်သည်။ ဥပမာ-နေထိုင်မကောင်းမှု၊ အဝလွန် လာမှု၊ ခွဲစိတ်ကုသရမှုတို့နှင့် ပတ်သက်၍ ပြောဆိုမှုများ လိုအပ်နိုင်ပါသည်။
စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ
စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကိုလည်း ပြောဆိုဆွေးနွေးရပါမည်။ စိတ်အနှောင့်အယှက်ဖြစ်စရာများကို ဖယ်ရှားပစ်ဖို့ အရေးကြီးပါသည်။ စိတ်ပူပင်သောက၊ စိတ်ဓာတ်ကျခြင်း၊ ဒေါသနှင့် ဖိစီးမှုတို့ခံစားရလျှင် ဆွေးနွေးအဖြေရှာကာ ဖယ်ရှားနိုင်ရ မည်။
သမားရိုးကျကိစ္စရပ်များ
သမားရိုးကျ ယုံကြည်မှုများ၊ မျှော်လင့်ချက်များနှင့် အတွေးအခေါ်အယူအဆများကိုလည်း ဆွေးနွေးကြရန် ဖြစ်သည်။ မှားယွင်းသော ယုံကြည်ထားမှုများကို ဖယ်ရှားရမည်။ အမှန်ကို ဖော်ထုတ်နိုင်ရမည်။ ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်း၊ မီးယပ်ပေါ်စဉ် လိင်ဆက်ဆံခြင်းတို့နှင့် ပတ်သက်၍ ယုံကြည်မှုနှင့် အယူအဆများကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးသွားရပါ မည်။
လိင်ဆက်ဆံမှုနှင့် ပတ်သက်၍ တစ်ဦး၏ လိုအပ်ချက်နှင့် အခြားသူတစ်ဦး၏ လိုအပ်ချက်များ မတူညီနိုင်ပေ။ မိမိ၏ လို အပ်ချက်၊ ဆက်ဆံဖော်၏ လိုအပ်ချက်များကို သိရှိနားလည်ပြီး၊ မတူညီမှုများကို ဖယ်ရှားကာ ပျော်ရွှင်ကျေနပ်မှု အပြည့်အ၀ ရရှိ နိုင်သော လိင်ဆက်ဆံမှုဘဝကို ရယူနိုင်မည် ဖြစ်ပေသည်။
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)