fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

နေ့စဉ်ပုံမှန်သောက်ရသော တားဆေးကဒ်များအကြောင်း (အပိုင်း၁)

11k
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/02/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

နေ့စဉ်ပုံမှန်သောက်ရသော တားဆေးကဒ်များအကြောင်း (အပိုင်း၁)

ဟော်မုန်းနှစ်မျိုးပါ နေ့စဉ်သုံး တားဆေးကဒ်အကြောင်း

သန္ဓေတားရာတွင် သောက်ဆေးသောက်တာ၊ ထိုးဆေးထိုးတာ၊ မိန်းမကိုယ်ထဲပစ္စည်းထည့်တာ၊လက်မောင်းထဲပစ္စည်းမြုပ်တာ စသဖြင့်နည်းတွေရှိတဲ့ထဲကမှ အခုတခါ နေ့စဉ်ပုံမှန်သောက်ရသော တားဆေးကဒ်များအကြောင်းကိုတင်ပြလိုပါတယ်။

နေ့စဉ်ပုံမှန်သောက်ရတဲ့တားဆေးကဒ်တွေရဲ့ နောက်ကျောဘက်မှာ လက်ညိုးပုံ သို့မဟုတ် မျှားပုံလေးတွေ ပါတာကြောင့် အရပ်အခေါ်အနေနဲ့ လက်ညိုးထိုးဆေးကဒ် (သို့မဟုတ်) မျှားဆေးကဒ်လို့လည်းခေါ်ကြပါတယ်။

ဆေးကဒ်အများစုမှာ အတန်း ၄ တန်းပါပြီး အတန်း ၁ တန်းမှာ ဆေးလုံး ၇ လုံး ပါသောကြောင့် ဆေးတကဒ်မှာ ဆေးလုံးအရေအတွက်စုစုပေါင်း ၂၈ လုံးပါပါတယ်။

ပထမ ကနေ တတိယ ထိ အတန်း၃တန်းမှာပါတဲ့ဆေး၂၁လုံးက ဟော်မုန်းဆေးလုံးတွေဖြစ်ပြီး နောက်ဆုံး ၁ တန်းက ဆေး ၇ လုံးကတော့ သံဓါတ်အားဆေး သို့မဟုတ် ဘာအာနိသင်မှမရှိတဲ့ဆေး (Placebos) တွေဖြစ်ပါတယ်။ ရာသီက အဲ့နောက်ဆုံးအတန်းကို သောက်နေတဲ့အချိန်မှာ ပေါ်လေ့ရှိပါတယ်။

နေ့စဉ်သောက်တားဆေးကဒ်တွေက နာမည်အမျိုးမျိုးရှိပေမယ့် အမျိုးအစားအနေနဲ့ကတော့ အီစတိုဂျင် (Estrogen) နဲ့ ပရိုဂျက်စတိုဂျင် (Progestogen) ဟော်မုန်းနှစ်မျိုးပေါင်းထားတာနဲ့ ပရိုဂျက်စတိုဂျင်ဟော်မုန်းတမျိုးပဲ ပါတာဆိုပြီး နှစ်မျိုးပဲရှိပါတယ်။

အရင်ဆုံး အီစတိုဂျင်နဲ့ ပရိုဂျက်စတိုဂျင်ဟော်မုန်းနှစ်မျိုးပေါင်းထားတဲ့ (Combined Oral Contraceptive Pills) နေ့စဉ်သောက်တားဆေးကဒ်အကြောင်း ပြောပါမယ်။

ဒီဟော်မုန်းနှစ်မျိုးပေါင်းထားတဲ့ တားဆေးကဒ်ရဲ့ လုပ်ဆောင်ချက်ကတော့ မမျိုးဥကြွေတဲ့ဖြစ်စဉ်ကို မဖြစ်အောင် အဓိကတားခြင်းဖြင့် ကလေးမရအောင်ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင်သားအိမ်ခေါင်းချွဲမြေး(Cervical Mucus) အလွှာကိုထူပျစ်စေခြင်းကိုလည်း ဖြစ်စေတာကြောင့် သုက်ကောင်တို့ အခြားပိုးတွေတို့ဟာ လွယ်လွယ်နဲ့သားအိမ်ထဲကိုမဝင်နိုင်ပါဘူး။

ဘယ်အချိန်မှာစသောက်သင့်လဲ

ရာသီစလာတဲ့ပထမရက်မှာ သို့မဟုတ် ရာသီလာနေစဉ် သို့မဟုတ် ရာသီစပေါ်တဲ့ရက်ကနေ ၅ ရက်အတွင်းမှာ စသောက်ရင်အကောင်းဆုံးပါ။ ဒီရက်တွေမှာဆိုရင် ဆေးသောက်ပြီးပြီးချင်းအတူနေလို့ရပါတယ်။ ဒီရက်တွေမဟုတ်တဲ့ တခြားကြားရက်တွေမှာသောက်မယ်ဆိုရင်တော့ မသောက်ခင်ကိုယ်ဝန်ရှိမရှိစစ်ပြီး မရှိတာသေချာရင် စသောက်လို့ရပါပြီ။

ဒီလိုတခြားကြားရက်မှာ စသောက်မယ်ဆိုရင်တော့ ဆေးသောက်ပြီး ၇ ရက်လောက်အထိ အတူမနေတာ၊ ကွန်ဒုံးသုံးတာတွေပါ လုပ်ဖို့လိုပါတယ်။

ဘယ်လိုသောက်ရမလဲ။

တနေ့တလုံး သောက်ရပါမယ်၊ အချိန်ကလည်း အမြဲကွက်တိ မဟုတ်တောင် မှန်ဖို့ လိုပါတယ်။ ဥပမာ မနက်ပိုင်းဆို မနက်ပိုင်းသောက်တာ ညနေပိုင်းဆိုညနေပိုင်းသောက်တာမျိုးပါ။ ဒီနေ့မနက်သောက် နောက်နေ့ညနေသောက်တာမျိုးမလုပ်သင့်ပါ။

အမျိုးသားနဲ့ အတူမနေတဲ့ရက်တွေမှာလည်း ဆေးသောက်ဖို့ လိုပါတယ်။ အာနိသင်ထိရောက်ဖို့ တနေ့တလုံး ပုံမှန်သောက်သွားရပါမယ်။ အမျိုးသားက သို့မဟုတ် မိမိက လနဲ့ချီ ခရီးသွားမှာမို့ အတူမနေဖြစ်တာကြောင့် ဆေးသောက်ရပ်လိုက်တာမျိုးက ရပါတယ်။ အဲဒီလို အဝေးသွားတာမဟုတ်ဘဲ တရက်နှစ်ရက်လောက် အတူမနေတာမျိုးကိုတော့ မသောက်ဘဲ နေလို့ မရပါဘူး။

ဟော်မုန်းနှစ်ခုပေါင်းထားတဲ့ တားဆေးကဒ်ရဲ့ အားသာချက်အားနည်းချက် ကောင်းကျိုးဆိုးကျိုးတွေကဘာတွေလဲ။

အားသာချက်တွေ ကောင်းကျိုးတွေက တလတခါ ဆေးကဒ်နောက်ဆုံးတန်းရောက်တဲ့အခါ သွေးမှန်မှန်ပေါ်မယ်။ ရာသီသွေးဆင်းတဲ့ ပမာဏကို နည်းစေတယ်၊ ရက်တိုစေတယ်၊ ဒီတော့ ရက်အကြာကြီးဆင်းတာ ဆင်းတဲ့ပမာဏများတာတွေကြောင့် သွေးအားနည်းခြင်းကိုလည်း အထိုက်အလျောက် ကာကွယ်ပေးတယ်။ သံဓါတ်အားဆေး ထည့်ထားပေးတဲ့ ဆေးကဒ်တွေဆို ပိုပြီးတောင်ကောင်းသေးတယ်။

ရာသီမလာခင်နဲ့ ရာသီလာစဉ်မှာ ဖြစ်တတ်တဲ့ကိုက်ခဲနာကျင်မှုတွေကိုလည်း လျော့ပါးသက်သာစေနိုင်တယ်။ သားအိမ်ခေါင်းချွဲမြှေးအလွှာကို ပျစ်စေတဲ့အတွက် ပိုးဝင်ပြီး တင်ပဆုံကွင်းထဲက အင်္ဂါတွေရောင်ရမ်းတာ (Pelvic Inflammatory Disease) ဖြစ်နိုင်ချေကိုလည်း လျှော့ချပေးတယ်။ သားဥအိမ်ကင်ဆာဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးတယ်။ ဝက်ခြံထွက်တာကိုလည်း သက်သာစေနိုင်တယ်။ ဝယ်ရလွယ်တယ်။ အသုံးပြုရလည်း လွယ်တယ်။ ဈေးလည်းမကြီးဘူး။ ဆေးသောက်ရပ်လိုက်ရင်လည်း ထိုးဆေးလို ကိုယ်ဝန်ရဖို့ စောင့်စရာ မလိုဘူး။

အားနည်းချက်တွေဆိုးကျိုးတွေကတော့ အားနည်းချက်အနေနဲ့ကတော့ တနေ့တလုံးအချိန်မှန်သောက်ရတာပါပဲ။ မေ့တတ်တဲ့သူတွေဆိုရင်တော့ နေ့စဉ်သောက် တားဆေး သုံးဖို့ကို သေချာစဉ်းစားပြီးမှ ရွေးချယ်သင့်တယ်။

ဆိုးကျိုးတွေအနေနဲ့က ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာ၊ ပျို့အန်တာ၊ ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်တာ (ဝလာတာ)၊ ရင်သားတွေတင်းပြီး နာတာ၊ သွေးတိုးတာ၊ တင်းတိပ်ပေါက်တာ၊ ကြွက်တက်တာ စသဖြင့်ဖြစ်နိုင်ခြေရှိပါတယ်။ သေချာပေါက်ဖြစ်မယ်လို့ ပြောတာမဟုတ်ဘူးနော်။

ဆေးသောက်စမှာ ရာသီသွေး ပုံမမှန်ဆင်းတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

နေ့စဉ်သုံးတားဆေ း(ဟော်မုန်းနှစ်မျိူးပါဆေးကဒ်) မသုံးစွဲသင့်သော အခြေအနေများကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။ ကလေးနို့တိုက်နေရင်၊ နှလုံးသွေးကြောကျဉ်းရောဂါရှိရင်၊ သွေးတိုး (Hypertension) ရှိရင်၊ ဆီးချို (Diabetes) ရောဂါကို နှစ် (၂၀) နဲ့အထက် ခံစားနေရရင်၊ ရင်သားကင်ဆာ (Breast cancer)အခံရှိရင် ၊ ခြေထောက်တို့ အဆုတ်တို့မှာ သွေးကြောပိတ်တာဖြစ်ဖူးရင် (Deep vein thrombosis) ၊ အသည်းရောဂါ (Liver diseases)ရှိရင်၊ ခေါင်းတခြမ်းကိုက်တဲ့ ရောဂါအခံရှိရင် ဒီဟော်မုန်းနှစ်မျိူးပါ (Combined Oral Contraceptive pills) နေ့စဉ်သုံးတားဆေးကဒ်ကို မသောက်သင့်ပါဘူး။

နေ့စဉ်သုံး ဟော်မုန်းနှစ်မျိုးပါ ဆေးကဒ်သောက်နေရင်း အကြောင်းအမျိုးမျိုးကြောင့် တီဘီဆေး၊ အတက်ကျဆေးတွေ၊ ပိုးသတ်ဆေးတွေသောက်ရတဲ့အခါမှာ အဲ့ဆေးတွေက နေ့စဉ်သောက်တားဆေးကဒ်မှာပါတဲ့ ဟော်မုန်းတွေရဲ့ အာနိသင်ကို လျော့ကျစေနိုင်ပါတယ်။ ဒီအခါမှာကျ ဆေးသောက်ရဲ့နဲ့ ကိုယ်ဝန်ရသွားတတ်ပါတယ်။

အဲ့လိုမဖြစ်ချင်ရင် တီဘီဆေးတွေ၊ ပိုးသေဆေးတွေ၊ အတက်ကျဆေးတွေသောက်နေတဲ့အတောအတွင်းရယ် အဲ့ဆေးတွေရပ်ပြီးတပတ်အတွင်းရယ်မှာ နေ့စဉ်သောက် ဟော်မုန်းနှစ်မျိုးပါတားဆေးသုံးတာအပြင် နောက်ထပ်သားဆက်ခြားနည်းတစ်ခုကို ထပ်အသုံးပြုဖို့ လိုပါမယ်။ (ဥပမာ ကွန်ဒုံး)

ဆေးသောက်ဖို့ မေ့တဲ့အခါကျ ဘယ်လိုလုပ်မလဲ။

မေ့တာဘယ်လောက်ကြာလဲ

၁၂ နာရီနဲ့အောက်ဆိုရင် (ဆိုလိုတာက တရက်ပဲဆိုရင်) သတိရရချင်းမနေ့က မေ့ခဲ့တဲ့အလုံးကိုသောက်လိုက်ပါ။ ဒီနေ့သောက်ရမယ့်အလုံးကိုလည်း ပုံမှန်ဆက်သောက်ပါ။ ဒါဆိုရပါပြီ။

တကယ်လို့ မေ့တာ ၁၂နာရီနဲ့ အထက်ဆိုရင် (ဆိုလိုတာက နှစ်ရက် သုံးရက်မေ့ခဲ့တယ်ဆိုရင်) နှစ်ရက် သုံးရက်စာ ပါပေါင်းပြီး သုံးလေး လုံးသောက်စရာမလိုပါဘူး။ အခုလောလောဆယ်ရက်ရဲ့ကပ်လျက်ရှေ့ရက်ကဆေးလုံး ၁ လုံးရယ် အခုလောလောဆယ်ရက်မှာ သောက်ရမယ့် ဆေးလုံး ၁ လုံးရယ်ပဲ သောက်ပါ။

(ဥပမာ ဒီနေ့က အင်္ဂလိပ်လို 10 ရက်နေ့ပဲ ဆိုပါတော့ အကြောင်းကြောင်းကြောင့် 7, 8, 9 ရက်နေ့တွေမှာမသောက်မိဘူး ဆိုရင် 9 ရက်နေ့ အတွက်သောက်ရမဲ့ အလုံးရယ် အခုလောလောဆယ် 10 ရက်နေ့မှာသောက်ရမယ့် အလုံးရယ်ပဲ သောက်ပါ။ 7 ရက်နဲ့ 8 ရက်နေ့မှာသောက်ရမယ့် ဆေးနှစ်လုံးကိုလွှင့်ပစ်လိုက်ပါ။)

ပြီးရင်အဲ့ 10 ရက်နေ့ညကစပြီး နောက် ၇ ရက်တိတိ ကွန်ဒုံးပါတွဲသုံးပါ။ ကွန်ဒုံးမသုံးချင်ပါက အရေးပေါ်တားဆေးသောက်တာ သို့မဟုတ် အတူနေတာကိုရှောင်တာတွေလည်း လုပ်နိုင်ပါတယ်။

ဒီလိုနှစ်ရက်စာ သုံးရက်စာမေ့တာက ဆေးကဒ်ရဲ့ ဒုတိယအတန်းမှာဆိုရင် ကဒ်အသစ်စဖို့မလိုပါဘူး။ ကဒ်ဟောင်းပဲ ဆက်သောက်လို့ရပါတယ်။ ဆေးကဒ်ရဲ့တတိယအတန်းမှာ နှစ်ရက်စာ သုံးရက်စာမေ့ခဲ့မယ်ဆိုရင်တော့ ဒီနေ့သောက်ရမယ့်အလုံးရယ် အဲ့ရှေ့တရက်ကသောက်ရမယ့်အလုံးရယ်ကိုသောက်ပြီး ကဒ်အဟောင်းကိုလွှင့်ပစ်ကာ ကဒ်အသစ်စဖို့လိုပါတယ်။

Author: Dr 528

Previous Post

ကိုယ်ဝန်လနုချိန်ပျက်ကျခြင်း

Next Post

သားလေး မျက်မှန်တပ်ရပြီ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
748
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
634

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
995

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားလေး မျက်မှန်တပ်ရပြီ

"နောက်" မလုပ်သင့်တဲ့အကြောင်းများ

သွားတိုက်ခြင်းအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.