fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

နို့တိုက်မိခင်တွေ ကိုဗစ်ဖြစ်လျှင် ကလေးအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ

242
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/08/2021
in ကိုဗစ်ရောဂါ, မိခင်နှင့်ကလေးကျန်းမာရေး, အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

“နို့တိုက်မိခင်တွေ ကိုဗစ်ကူးစက်ခံရတဲ့အချိန်မှာ မိမိကလေးငယ်ကို ဒီလိုရင်ခွင်ထဲထည့်ပြီး ပြုစုယုယတဲ့အခါ ကလေးငယ်ကို နို့တိုက်ရာမှတစ်ဆင့် ကိုဗစ်ပိုး ကူးစက်နိုင်မလားဆိုပြီး စိုးရိမ်ကြပါတယ်။”

မိခင်နို့ရည် တိုက်ကျွေးခြင်းဟာ မွေးကင်းစကလေးတစ်ဦးအတွက် အလွန်အရေးကြီးတဲ့အရာ ဖြစ်ပါတယ်။ မိခင်တွေဟာ မိမိရဲ့ ကလေးငယ် အာဟာရပြည့်ဝစွာ ဆက်လက်ကြီးထွားဖို့အတွက် ကလေးငယ်အသက် ၆ လအထိ အနည်းဆုံး နို့ချိုတိုက်ကျွေးရမှာပါ။ ၆ လ မှ နှစ်နှစ်အတွင်းကိုတော့ မိခင်နို့ရည်အပြင် ဖြည့်စွက်စာတွေကိုပါ ထည့်ကျွေးရမှာဖြစ်ပါတယ်။

မွေးကင်းစကလေးရဲ့ ရှင်သန် ဖွံ့ဖြိုးမှု နဲ့ ရောဂါတွေကို လျှော့ချနိုင်ဖို့ ကလေးကို မိခင်ရဲ့  ရင်ခွင်မှာထားပြီး  ဂရုတစိုက်နဲ့ ပြုစု ယုယတာဟာ‌လည်း အရေးပါတယ်လို့ WHO က ညွှန်ကြားထားပါတယ်။

ဒါပေမဲ့ နို့တိုက်မိခင်တွေ ကိုဗစ်ကူးစက်ခံရတဲ့အချိန်မှာ မိမိကလေးငယ်ကို ဒီလိုရင်ခွင်ထဲထည့်ပြီး ပြုစုယုယတဲ့အခါ ကလေးငယ်ကို နို့တိုက်ရာမှတစ်ဆင့် ကိုဗစ်ပိုး ကူးစက်နိုင်မလားဆိုပြီး စိုးရိမ်ကြပါတယ်။

ကိုဗစ်ပိုးဟာ ကလေးငယ်ဆီ နို့တိုက်ရာမှ ကူးစက်နိုင်တယ်ဆိုပေမဲ့ High risk ကလေးငယ်တွေ၊ ဥပမာ- မွေးရာပါ အင်္ဂါချို့တဲ့ခြင်း၊ လမစေ့ဘဲ စောမွေးခြင်း၊ ကိုယ်အလေးချိန်မပြည့်ခြင်း စတာတွေကို ထည့်‌တွေးပြီး ကလေးငယ်ကို နို့တိုက်ရမှာ ဖြစ်ပါတယ်။

အသက်ခြောက်လအထက် ကလေးတွေအနေနဲ့  နို့ရည်တစ်မျိုးတည်းမဟုတ်ဘဲ ဖြည့်စွက်စာတွေကျွေးလို့ရတယ်ဆိုပေမဲ့ ခြောက်လအောက် ကလေးငယ်တွေအတွက်ကတော့ မိခင်နို့ရည်တိုက်ကျွေးမှ အာဟာရ ပြည့်ပြည့်ဝဝရမှာ ဖြစ်ပါတယ်။ မိခင်နို့ရည်ဟာ ကလေးရဲ့ ကိုယ်ခံအား စနစ်အတွက်လိုအပ်တဲ့ Protein ဓာတ်တွေပါဝင်တာမို့ မိခင်နို့ရည်ကို တိုက်ကိုတိုက်သင့်ပါတယ်။

Covid Positive ကလေးဟာ High risk ဖြစ်ခဲ့ရင် ကလေးမွေးကင်းစ ကြပ်မတ်ဆောင် မှာ စောင့်ကြည့်ကုသပြီး ကျန် Positive ကလေးများကိုတော့ မိခင်နဲ့အတူတူတစ်ခန်းတည်း Rooming In ထားပြီး မိခင်နို့တိုက်ကျွေးရမှာဖြစ်ပါတယ်။

မွေးကင်းစကလေးငယ်‌တွေဟာ ကိုဗစ်ပိုး ကူးစက်ခံရတယ်ဆိုရင်လည်း High risk ကလေးငယ်တွေကလွဲလို့  ပြင်းပြင်းထန်ထန် ဖြစ်တာမျိုးက တွေ့ရခဲပါတယ်။ ကလေးအများစုမှာ ကိုဗစ်ကူးစက်ခံရလည်း လက္ခဏာမပြတတ်ကြပါဘူး။ လက္ခဏာပြရင်လည်း သာမန်ဖျားရုံ၊ နှာစေးရုံလောက်နဲ့ သက်သာသွားကြပါတယ်။

Covid Positive ကလေးဟာ High risk ဖြစ်ခဲ့ရင် ကလေးမွေးကင်းစ ကြပ်မတ်ဆောင် မှာ စောင့်ကြည့်ကုသပြီး ကျန် Positive ကလေးများကိုတော့ မိခင်နဲ့အတူတူတစ်ခန်းတည်း Rooming In ထားပြီး မိခင်နို့တိုက်ကျွေးရမှာဖြစ်ပါတယ်။

မိခင်နို့ရည်ကနေပြီး ကလေးငယ်ကို ကူးစက်တယ်ဆိုတာ မရှိသလောက်ရှားပါတယ်။

Covid positive မိခင်အနေနဲ့ မိမိရဲ့ Negative ကလေးငယ်ကို ဘယ်လို နို့တိုက်ရမလဲ??

မွေးကင်းစ ကြပ်မတ်ဆောင်မှာထားပြီး ကုသမှုခံယူရမယ့် ကလေးတွေကလွဲရင် မိမိကလေးကို အသားချင်းထိတွေ့ပြီး Skin to Skin Contact နဲ့ နို့တိုက်သင့်ပါတယ်။ အသားချင်းထိတွေ့ပြီး နို့တိုက်တာဟာ နို့ရည်ကို ညှစ်ပြီး တိုက်တာနဲ့စာရင် ကလေးအတွက် အကျိုးများစွာရှိစေပါတယ်။

နို့တိုက်ပြီးတာနဲ့ ကလေးနဲ့ အနည်းဆုံး ခြောက်ပေအကွာကနေ Social Distancing လုပ်ပြီး နေသင့်ပါတယ်။

နို့တိုက်မိခင်ဟာ နို့တိုက်ချိန်မှာ Mask တပ်ဆင်ခြင်းနှင့် လက်ကို သေချာဆေးကြောသန့်စင်ပြီးမှ နို့တိုက်သင့်ပါတယ်။ ကလေးအနားသွားရမယ့်အခါမှာလည်း Mask တပ်ပြီးမှသာ သွားသင့်ပါတယ်။ မိမိဆီကူးမှာစိုးပြီး ကလေး‌ကို Mask တပ်ထားတာမျိုးတော့မလုပ်ရပါဘူး။  ဒီလိုအချိန်မှာ ကလေး ဆီသို့ သတင်းမေးခြင်း၊ ဧည့်သည်လက်ခံခြင်း၊ သက်ကြီးရွယ်အိုတွေနဲ့ နီးကပ်စွာထားခြင်းတွေကို  ရှောင်ရှားရပါမယ်။

Author: Dr. Aye Myat

Previous Post

သွားနဲ့ ခံတွင်းကျန်းမာသန့်ရှင်းစေတဲ့ အံ့အားသင့်ဖွယ်ရာအစားအစာများ

Next Post

ရေကြီးမှုဖြစ်ပြီးရင် သတိထားသင့်တဲ့ နောက်ဆက်တွဲရောဂါတွေ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vape Consumption and Lung Health

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

1 year ago
375
Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
254

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
308

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
815

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
summer rain, The reason for having a runny nose during the winter (3) seasons

နွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး နှာစေးရခြင်းအကြောင်း

2 years ago
671

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရေကြီးမှုဖြစ်ပြီးရင် သတိထားသင့်တဲ့ နောက်ဆက်တွဲရောဂါတွေ

ကိုဗစ်တစ်ကြိမ်ဖြစ်ပြီးရင် နောက်ထပ်ပြန်ဖြစ်နိုင်လား

‌အရက်ကြောင့်ဖြစ်ရတဲ့ အသည်းရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.