fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ဆီးချိုလက္ခဏာရပ်များနှင့် ကုသရေးနည်းလမ်းများ

268
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/09/2021
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး
1 min read
A A

ဆီးချိုရောဂါအကြောင်းနဲ့ ဆောင်ရန်ရှောင်ရန်တွေကို လူအများစုကြားဖူးနားဝရှိကြမှာပါ။ ဒါပေမဲ့ အရင်က ဆီးချိုရောဂါမရှိဘဲ ကိုယ်ဝန်ဆောင်ကာမှ ဆီးချိုတက်တာကိုတော့ အကျွမ်းတဝင် မဖြစ်တတ်ကြပါဘူး။

Gestational Diabetes လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုတက်တာဟာ ကိုယ်ဝန်ဆောင်တွေမှာ အတွေ့ရများပါတယ်။ ဒါဟာလည်း ပုံမှန် ကိုယ်ဝန်ဆောင်စဉ် ဆေးစစ်ချက်ယူနေချိန် (Antenatal Check Up လုပ်တဲ့) အခါမှ သွေးတွင်းသကြားဓာတ် ပုံမှန်ထက်များနေတာကို သတိထားမိကြတာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ ဆီးချိုဖြစ်နေရင် ဆီးချိုလက္ခဏာ ပြလေ့မရှိပါဘူး။ အများအားဖြင့် ကိုယ်ဝန်၂၄ပတ်နဲ့ ၂၈ ပတ်ကြားမှာ ဆီးချိုတက်တာကို စပြီး စစ်ဆေး တွေ့ရှိတတ်ကြပါတယ်။

ဘာကြောင့် ကိုယ်ဝန်ဆောင်ချိန် ဆီးချိုတက်ရသလဲ

ကိုယ်ဝန်ဆောင်စဉ်မှာ အချင်းတိုင်ကထွက်တဲ့ ဟော်မုန်း (Placental Hormones) အပြောင်းအလဲတွေကြောင့် ဆီးချိုတက်ရခြင်းဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ နဂိုရှိရင်းစွဲ ကိုယ်အလေးချိန်ထက်ရုတ်တရက် ပိုများလာတာကြောင့်လဲ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ အင်ဆူလင်ဟော်မုန်း လုပ်ဆောင်ချက်တွေ ကမောက်ကမဖြစ်ပြီး ဆီးချိုရောဂါ ဖြစ်လာတတ်ပါတယ်။

ဘယ်သူတွေမှာ အဖြစ်များနိုင်သလဲ

  • အဝလွန်သူများ
  • သွေးတိုးသမားများ
  • အသက်၂၅ နှစ်အထက် ကိုယ်ဝန်ဆောင်များ
  • ဆီးချို မျိုးရိုးရှိသူများ
  • ယခင် ကိုယ်ဝန်ဆောင်စဉ်မှာ ဆီးချိုဖြစ်ဖူးသူများ
  • ယခင်ကိုယ်ဝန်ဟာ ၉ပေါင်နှင့်အထက် ကလေးဖြစ်ခဲ့ဖူးရင်
    ဒီလိုကိုယ်ဝန်ဆောင်မိခင်တွေဟာ ပုံမှန်ကိုယ်ဝန်ဆောင် တွေထက် ပိုပြီး ဆီးချိုဖြစ်နိုင်ပါတယ်။

Gestational Diabetes ရဲ့ လက္ခဏာများ

ကိုယ်ဝန်ဆောင် ဆီးချိုတက်နေတဲ့အခါ လက္ခဏာထွေထွေထူးထူးပြလေ့မရှိပါဘူး။ အများစုက

  • ရေခဏခဏဆာခြင်း
  • ဆီး ခဏခဏ ထသွားရခြင်း
  • အစားစားချင်စိတ် အလွန်အကျူး ဖြစ်လာခြင်း
  • ဆီးတစ်ခါသွားရင် အများကြီးသွားခြင်း
  • ပျို့အန်ခြင်း
  • ပင်ပန်းနွမ်းနယ်နေတတ်ခြင်း

စတာတွေ ဖြစ်နိုင်ပါတယ်။

နောက်ဆက်တွဲ ဘယ်လိုဆိုးကျိုး‌တွေဖြစ်နိုင်သလဲ

  • ကလေး စောမွေးခြင်း
  • ပုံမှန်ထက်ကိုယ်အလေးချိန် များသော ကလေး မွေးနိုင်ခြင်း(Microsomia)
  • ကလေး အသေမွေးခြင်း
  • မွေးရာပါ ကိုယ်လက်အင်္ဂါ မပြည့်စုံခြင်း (Congenital Defects)
  • ကိုယ်ဝန်ဆိပ်တက်ခြင်း၊ သွေးတိုးခြင်း
  • ကလေးမွေးနေစဉ် ခက်ခဲခြင်း၊ ခွဲမွေးရခြင်း
  • ကလေးမှာ ပုံမှန်ထက် ထွားနေတာကြောင့် မီးဖွားနေစဉ် ထိခိုက်ဒဏ်ရာများ ရတတ်ခြင်း (Birth Injuries)
  • မွေးမွေးပြီးချင်း ကလေးမှာ အသက်ရှုလမ်းကြောင်း ပြဿနာများ ဖြစ်နိုင်ခြင်း၊ အသားဝါခြင်း၊ သွေးတွင်းသကြားဓာတ် ကျဆင်းနေတတ်ခြင်း
    စတာတွေ ဖြစ်တတ်တာမို့ ဆီးချိုတက်ပြီဆို သတိထားပြီး ဆေးကုသမှု ခံယူရပါမယ်။

ကိုယ်ဝန်ဆောင် ဆီးချိုရောဂါဟာ ကိုယ်ဝန်လ ရင့်လာလေလေ ဆီးချို တက်တာကို ပိုမို ထိန်းရခက်လေလေ၊ ကလေးအတွက် အသက်အန္တရာယ်များလေလေ ဖြစ်တတ်တာကြောင့် ကလေးကို ၃၈ ပတ်မြောက်ကတည်းကမှာ ခွဲမွေးသင့်ပါတယ်။

ကိုယ်ဝန်ဆောင်ဆီးချိုတက်တာကို ဘယ်လို ကုသကြလဲ

ကုသရေးနည်းလမ်းတွေထဲမှာ နှစ်ပိုင်းပါဝင်ပါတယ်။ ပထမအချက်အနေနဲ့ မိမိဘာသာ အနေထိုင် အစားအသောက် ဆင်ခြင်ရမှာ ဖြစ်ပြီး နောက်တစ်ချက်က မိမိရဲ့ OG နဲ့ သမားတော်တို့ ရှင်းပြပေးထားတဲ့အတိုင်း ဆီးချိုကျဆေးတွေကို မှီဝဲရမှာ ဖြစ်ပါတယ်။
‌အနေအထိုင် အစားသောက် ဆင်ခြင်တယ်ဆိုရာမှာ-

အာဟာရ ပြည့်ဝအောင် စားသုံးခြင်း
-ဆီးချို တက်နေတဲ့ အတွက် ဆီးချို ရှိနေသူ တစ်ဦးစားရသလို စားရမှာ ဖြစ်ပါတယ်။ သည်လိုစားတဲ့အခါမှာ ပန်းကန်ထဲမှာ ထမင်း လေးပုံတစ်ပုံ၊ အသားငါး လေးပုံတစ်ပုံနဲ့ ကျန်တဲ့အပိုင်းကို ဟင်းသီးဟင်းရွက်တွေ ပါဝင်အောင် စားပေးရပါမယ်။ ကိုယ်ဝန်ဆောင်ဖြစ်နေတာကြောင့် ရင်သွေးဆီကို အာဟာရ ပြည့်ဝစွာရအောင် ထမင်းကို ဗိုက်ဝရုံသာစားပြီး အသားငါးဟင်းသီးဟင်းရွက်တွေကို ပိုပြီးတိုးစားပေးသင့်ပါတယ်။
-အစားအသောက်တွေမှာ အလွန်ချိုလွန်းတာတွေဖြစ်တဲ့ ကော်ဖီမစ်၊ တီးမစ်၊ အုန်းနို့၊ အုန်းသီးပါတဲ့မြန်မာမုန့်များ၊ ဘီစကစ်၊ ကိတ်မုန့် စတာတွေကို ရှောင်သင့်ပါတယ်။

ကိုယ်လက်လှူပ်ရှား ပြုလုပ်ပေးခြင်း
အပြင်းအထန် လုပ်တာမျိုးကို ဆိုလိုတာမဟုတ်ပဲ သက်တောင့်သက်‌သာရှိစေမယ့် လေ့ကျင့်ခန်း (ဥပမာ-လမ်းလျှောက်ခြင်း) လိုမျိုးကို တစ်နေ့ကို နာရီဝက်၊ တစ်ပတ် ငါးရက်လောက် လုပ်ပေးသင့်ပါတယ်။

ဆီးချို အမြဲစစ်ပါ
ဆီးချို ဘယ်လောက်ရှိသလဲ ဆိုတာ တနေ့ကို သုံးကြိမ် စစ်ကြည့်သင့်ပါတယ်။ ဒါမှ မိမိ စားသောက်ပုံ မှန်မမှန် ပြန်လည် ဆန်းစစ်နိုင်မှာပါ။

ဆီးချိုကျဆေး အမျိုးအစားများ
ဆီးချိုတက်နေတာ ဖြစ်တဲ့အတွက် ဆီးချိုကျဆေး တစ်မျိုးမျိုးကို မိမိဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်သုံးရပါမယ်။ အများအားဖြင့် Metformin လို့ခေါ်တဲ့ဆီးချိုကျဆေးကို သောက်ကြရပါတယ်။ သောက်ဆေးအပါအဝင် ဆီးချိုသမားတွေ နေထိုင်စားသောက်ပုံအတိုင်း ပြောင်းလဲလိုက်ပေမယ့် ဘယ်လိုမှ ဆီးချိုထိန်းမရရင် Insulin ထိုးဆေးကို သုံးရပါတယ်။ အဲ့သည်အခါမှာ ဆရာဝန် ညွှန်ကြားသလို ထိုးရမှာဖြစ်ပါတယ်။

Author: Dr. Aye Myat

 

Previous Post

ကျောက်ကပ်ရောဂါအကြောင်း သိကောင်းစရာ

Next Post

အပျိုဖော်ဝင်တဲ့ အပြောင်းအလဲများတဲ့ဒီအရွယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Can you eat papaya during pregnancy?

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

3 years ago
564
Headaches that are common to expectant mothers

ကိုယ်ဝန်ဆောင် မိခင်လောင်းတို့ ကြုံရတတ်သည့် ခေါင်းကိုက်ဝေဒနာ

3 years ago
346

ကိုယ်ဝန်ဆောင်ကာလ အသားရေထိန်းသိမ်းမှု

3 years ago
536

လမစေ့ဘဲ မွေးဖွားစေတဲ့အကြောင်းရင်းများနဲ့ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ 

3 years ago
445

အမျိုးသမီးတိုင်းသိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ဆိုင်ရာယုံကြည်မှုအလွဲများ

3 years ago
485

ကိုယ်ဝန်ဆောင်စဉ်ကာလ Workout လုပ်မယ်ဆိုလျှင် 

3 years ago
260

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အပျိုဖော်ဝင်တဲ့ အပြောင်းအလဲများတဲ့ဒီအရွယ်

ဆီးချိုသွေးချိုနှင့် လေ့ကျင့်ခန်းလုပ်ခြင်း

သတိပြုရမယ့် နှလုံးသွေးကြောကျဉ်းရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.