fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ကာလ အသားရေထိန်းသိမ်းမှု

542
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/04/2022
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး
1 min read
A A

ကိုယ်ဝန်ဆောင်ကာလမှာဟော်မုန်းပြောင်းလဲမှုတွေ များတာနဲ့အမျှ အသားအရေ စိုပြေလှပလာသူတွေရှိသလို အရေပြား ပြဿနာတွေ ကြုံတွေ့ရသူများလည်းရှိပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ကျန်းမာတဲ့အရေပြားရရှိနိုင်ဖို့ရာ သင့်လျော်မှန်ကန်တဲ့ အသားရည်ထိန်းသိမ်းမှုများပြုလုပ်ရန် လိုအပ်ပါတယ်။ ရင်သွေးလေးလွယ်ထားရတဲ့ ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ဘာပစ္စည်းတွေ သုံးလို့ရမလဲ ဘာတွေရှောင်ရမလဲဆိုတာ လေ့လာစမ်းသပ်ချက်တွေ ပြုလုပ်ဖို့ ခက်ခဲပါတယ်။ ထို့ကြောင့် အသားအရေထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေ မှန်ကန်စွာရေးချယ်ဖို့ အရေးကြီးပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ ဟော်မုန်းပြောင်းလဲမှုများကြောင့် တင်းတိပ်နှင့် ဟော်မုန်းဝက်ခြံများ၊ အသားညိုမဲခြင်းများ ဖြစ်တတ်သော်လည်း မီးဖွားပြီးလျှင် သက်သာလေ့ရှိပါသည်။ အရေပြားဆရာဝန်များ၏ အကြံပြုချက်အရ တင်းတိပ်၊မှဲ့ခြောက်များကို ဓာတုဆေးအသုံးပြု၍ အရေပြားအပေါ်ယံလွှာ ဖယ်ရှားခြင်း chemical peeling နှင့် ဗီတာမင်စီ၊ သဘာဝအတိုင်း အသားရောင်ဖျော့စေသည့် kojic acid နှင့် နွယ်ချိုမြစ် licorice root ပါဝင်အလှကုန်များကို အသုံးပြုပေးနိုင်သည်။

ကိုယ်ဝန်ဆောင်ကာလ ပထမ၊ဒုတိယပါတ်တို့တွင် အင်ဒရိုဂျင်ဟော်မုန်းကြောင့် ဟော်မုန်းဝက်ခြံပေါက်ခြင်းကို ခံစားရနိုင်သည်။ အရေပြားခြောက်သွေ့ခြင်းလည်း ဖြစ်တတ်ပြီး အချို့အမျိုးသမီးများတွင် မီးဖွားပြီးသည့်တိုင် အသားအရေ ခြောက်သွေ့ခြင်းကို ကြုံတွေ့ရတတ်သည်။ ထို့ကြောင့် မျက်နှာသစ်ဆပ်ပြာ အပျော့စားသုံး၍ မျက်နှာသန့်စင်ခြင်း၊ အစိုဓါတ်ဖြည့်အဆီများ လိမ်းပေးခြင်း၊ အရေပြားခြောက်သွေ့ခြင်းအတွက် hyaluronic acid ပါသော အဆီများလိမ်းပေးခြင်း၊ နေရောင်ကာလိမ်းဆေးများ လိမ်းခြင်းတို့ကို ပုံမှန်ပြုလုပ်ပေးရန်လိုအပ်ပါသည်။

လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ၏ ပါဝင်ပစ္စည်းများတွင် salicylic acid, ဗီတာမင်အေ ဒြပ်ပေါင်းများဖြစ်သည့် (Retin-A, retinol, retinyl palmitate)၊ ဘန်ဇိုင်းပါအောက်ဆိုဒ် benzoyl peroxide၊ hydroquinone စသည်တို့ ပါဝင်လျှင် သန္ဓေသားကို ထိခိုက်စေနိုင်၍ ရှောင်ကျဉ်သင့်ပါသည်။ salicylic acid ပါသည့် ဓါတုနည်း ဖြင့်အရေပြား peeling လုပ်ခြင်း၊ botox နှင့် လေဆာကုထုံးများကိုလည်း မပြုလုပ်ပဲ ရှောင်ကျဉ်သင့်သည်။

အရေပြားဆဲလ်အဟောင်းများ ဖယ်ရှားသည့် exfoliator ကို လက်တစ်အက်ဆစ် နှင့် glycolic အက်ဆစ်ပါသည့် အပျော့စား ချေးချွတ်ဆေးများကို နှစ်ပါတ်တစ်ကြိမ်ခန့် အသုံးပြုနိုင်ပါသည်။ ဟော်မုန်းဝက်ခြံအတွက် epidermal growth factors ပါဝင်သော ပစ္စည်းများနှင့် တစေးမှထုတ်လုပ်သည့် ထုတ်ကုန်များ yeast extract အသုံးပြုနိုင်သည်။ အုန်းဆီ၊ အယ်လ်မွန်စေ့အဆီ၊ shea butter/cocoa butter ကဲ့သို့ အစေ့အဆန်များမှရသော အဆီ၊ လာဗင်ဒါပန်းဆီ၊ ကလန်ကျူလာပန်းဆီcalendula extract စသော သဘာဝအခြေခံ အဆီများကို အသုံးပြုနိုင်ပါသည်။

အချို့မိခင်လောင်းများတွင် ကိုယ်ဝန်ဆောင် နှောင်းပိုင်းကာလ ၆ပါတ်- ၇ပါတ်မှစ အရေပြားအကြောပြတ်ရာများ ထွက်ပေါ်တတ်သဖြင့် ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းကစ၍ အရေပြားကို အစိုဓါတ်ဖြည့်အဆီခရမ် moisturizing cream ၊ အဆီ oils ၊ အကြောပြတ်သက်သာသည့်လိမ်းဆေး စသည်တို့လိမ်းပေးနိုင်သည်။ အဓိကအားဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် ပြင်းထန်သော ဓါတုပစ္စည်းမပါဝင်သည့် အပျော့စား ဓါတုလျော့သဘာဝပစ္စည်း အခြေခံထုတ်ကုန် ပစ္စည်းများကိုသာ ရွေးချယ်သုံးသင့်ပါသည်။

Author: Dr. Yee Mon

Previous Post

အမြင်အာရုံဓာတ်မတည့်မှုအတွက် နည်းလမ်းများ

Next Post

သဘာဝက ပေးစွမ်းနိုင်တဲ့ အလှအပ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Can you eat papaya during pregnancy?

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

3 years ago
570
Headaches that are common to expectant mothers

ကိုယ်ဝန်ဆောင် မိခင်လောင်းတို့ ကြုံရတတ်သည့် ခေါင်းကိုက်ဝေဒနာ

3 years ago
350

လမစေ့ဘဲ မွေးဖွားစေတဲ့အကြောင်းရင်းများနဲ့ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ 

3 years ago
448

အမျိုးသမီးတိုင်းသိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ဆိုင်ရာယုံကြည်မှုအလွဲများ

3 years ago
488

ကိုယ်ဝန်ဆောင်စဉ်ကာလ Workout လုပ်မယ်ဆိုလျှင် 

3 years ago
261

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ ကိုဗစ်ကာကွယ်ဆေးထိုးလို့ရသလား

3 years ago
159

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သဘာဝက ပေးစွမ်းနိုင်တဲ့ အလှအပ

ဆီးချိုရောဂါအတွက် ဆေးဖက်ဝင် သိကြားမကိုဋ်

OnDoctor to normalize bedtime

အိပ်စက်အနားယူချိန် ပုံမှန်ဖြစ်စေဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.