fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

ချောင်းဆိုးနေရင် ဒါတွေရှောင်ကြဉ်ပါ

675
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/12/2020
in အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

ချောင်းဆိုးရောဂါဝေဒနာကို အစောပိုင်းကာလတွင် လူအများစုက လျစ်လျူရှုထားလေ့ရှိကာ ဆိုးရွားပြင်းထန်လာသောအခါတွင်မှ ကုသမှုခံယူရန် စဉ်းစားတတ်ကြပါသည်။ ထိုအခါတွင် မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများ ပိုမို ဖြစ်ပေါ်လာနိုင်ပါသည်။ ထို့ကြောင့် ချောင်းဆိုးခြင်း စတင်ဖြစ်ပေါ်သည့်အချိန်မှ စတင်ကာ ပိုမိုမဆိုးရွားလာဘဲ အမြန်ပျောက်ကင်းအောင် ဂရုစိုက်ခြင်းအားဖြင့် နောက်ဆက်တွဲ ပြဿနာများကို များစွာ လျှော့ချနိုင်မည် ဖြစ်ပါသည်။

အောက်ပါအချက်များသည် ချောင်းဆိုးဝေဒနာခံစားနေရစဥ် ရှောင်ကြဉ်သင့်သော အချက်များဖြစ်ပါသည်။

 

( ၁ )     အေးသော အစားအစာများစားသောက်ခြင်းမှ ရှောင်ကြဉ်ပါ

ရေခဲမုန့်၊ ရေခဲချောင်း၊ အအေးနှင့် အေးသောအဖျော်ယမကာများ စသောအစားအစာများသည် ချောင်းဆိုးခြင်းကို ပိုမိုဆိုးရွားစေနိုင်ကြောင်းတွေ့ရှိရပါသည်။

ထိုအေးသောအစားအစာများသည် အသက်ရှူလမ်းကြောင်း၏အနားသတ်ကို ခြောက်သွေ့စေခြင်းကြောင့် မအီမသာခံစားရကာ ချောင်းဆိုးခြင်းဝေဒနာကို ပို၍ဆိုးရွားလာစေခြင်း ဖြစ်ပါသည်။

 

( ၂ )      ညအိပ်ခါနီးတွင် အစာပမာဏများစွာ စားခြင်းမှ ရှောင်ကြဉ်ပါ

အထူးသဖြင့် အစာရေမျိုပြွန်အတွင်းသို့ အစာအိမ်အတွင်းမှ အစာခြေအက်စစ် ချဉ်ရည်ဆန်တက်သော ရောဂါရှိသူများသည် ညဘက်တွင် အစားအစာ များများမစားသင့်ပါ။

အဘယ်ကြောင့်ဆိုသော် ထိုသို့သောရောဂါရှိသူများတွင် အစာများများစားလိုက်သောအခါ အစာအိမ်မှ အက်စစ်များသည် အထက်သို့ပို၍ ဆန်တက်လာကာ လည်ချောင်းတွင်မအီမသာခံစားရခြင်းကြောင့် ချောင်းဆိုးခြင်းကို ပိုမိုအားပေးကြောင်းတွေ့ရှိရပါသည်။

 

( ၃ )     ချောင်းဆိုးနေသည့်အခါ ပက်လက်အိပ်ခြင်းမှ ရှောင်ကြဉ်ပါ

အိပ်စက်သည့် အနေအထားပုံစံသည်လည်း ချောင်းဆိုးခြင်းကို အကျိုးသက်ရောက်မှု ရှိနိုင်ပါသည်။

ပက်လက်အနေအထားဖြင့် အိပ်စက်သည့်အခါ တစ်နေ့တာလုံး ထွက်ရှိစုဝေးနေသော ချွဲသလိပ်များသည် လည်ချောင်းဆီသို့ ဆန်တက်ကာ ချောင်းဆိုးခြင်းကို ပိုမိုဆိုးရွားလာစေပါသည်။

ထို့ကြောင့် ချောင်းဆိုးရောဂါခံစားနေရချိန်တွင် ပက်လက်မအိပ်ဘဲ ဘေးစောင်းအနေအထားဖြင့် အိပ်စက်ခြင်းဖြင့် ရောဂါလက္ခဏာများကို သက်သာစေမည်ဖြစ်ပါသည်။

( ၄ )     ဆီကြော်အစားအစာများကို စားသုံးခြင်းမှ ရှောင်ကြဉ်ပါ

ဆီကြော်အစားအစာများတွင် လည်ချောင်းယားယံခြင်းနှင့်ချောင်းဆိုးခြင်းကို ဖြစ်စေသော Acrolein ဟူသော ဒြပ်ပေါင်းတစ်မျိုးပါဝင်ကြောင်းတွေ့ရှိရပါသည်။

ထိုအချက်ကြောင့် ဆီကြော်အစားအစာများသည် ချောင်းဆိုးနေစဉ်တွင် မစားသင့်သော အစားအစာများတွင် ပါဝင်နေခြင်းဖြစ်ပါသည်။

 

(၅)       ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ

ဆေးလိပ်သောက်ခြင်းသည် အဆုတ်လေပြွန်ရောင်ရမ်းခြင်းကြောင့် နာတာရှည်ချောင်းဆိုးခြင်း အကြောင်းရင်းများတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။

ဆေးလိပ်သောက်ခြင်းသည် လည်ချောင်း၏အနားသတ်ကို မအိီမသာဖြစ်စေ၍ ချောင်းဆိုးခြင်းကိုအားပေးရုံသာမက အဆုတ်ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကိုလည်း မြင့်မားစေကြောင်းတွေ့ရှိရပါသည်။

 

( ၆ )    ကဖင်းဓာတ်ပါသော အဖျော်ယမကာများ

အစာအိမ်အက်စစ်အထွက်များခြင်းနှင့်  အစာအိမ်အက်စစ်ချဉ်ရည်ဆန်တက်သောရောဂါကြောင့် ချောင်းဆိုးသောသူများတွင် ကဖင်းဓာတ်ပါသော အစားအစာများကို ရှောင်ကြဉ်ရပါမည်။

ကဖင်းဓာတ်သည် အစာရေမျိုပြွန်နှင့် အစာအိမ်ကို ဆက်သွယ်ပေးထားသော ရှုံ့ကြွ ကြွက်သားကို ပြေလျော့စေသဖြင့် အစာရေမျိုပြွန်ဆီသို့ အက်စစ်များကိုပို၍ ဆန်တက်စေကာ ချောင်းဆိုးခြင်းကို ပိုမိုပြင်းထန်စေကြောင်းတွေ့ရှိရပါသည်။

( ၇ )     အလုပ်အလွန်အကျွံ လုပ်ခြင်းမှရှောင်ကြဉ်ပါ

ချောင်းဆိုးခြင်းကြောင့် အလုပ်မှခွင့်ယူရန်မလိုအပ်ပါ။

သို့သော် ချောင်းဆိုးရောဂါသည်လည်း ခန္ဓာကိုယ်၏ ကျန်းမာရေးစနစ်တွင် တစ်စုံတစ်ခု ချွတ်ယွင်းနေသည့် လက္ခဏာတစ်ရပ်ဖြစ်သောကြောင့် အလုပ်အလွန်အကျွံမလုပ်ဘဲ အနားယူခြင်းဖြင့် ခုခံအားစနစ်တိုးတက်လာကာ ရောဂါဝေဒနာများ အမြန်သက်သာပျောက်ကင်းလာနိုင်မည် ဖြစ်ပါသည်။

 

အထက်ပါ အချက်အလက်များကို ချောင်းဆိုးသည့်အခါ သတိပြုရှောင်ကြဉ်ခြင်းအားဖြင့် ချောင်းဆိုးခြင်းကို အမြန်ဆုံးသက်သာပျောက်ကင်းစေကာ နောက်ဆက်တွဲပြဿနာများကိုလည်း မဖြစ်ပွားစေရန် ကာကွယ်နိုင်မည်ဖြစ်ပါသည်။

Author : Dr. မိုး (ဆေး ၁)

Previous Post

ပြင်းထန်သောအရေပြားပိုးဝင်ခြင်းအကြောင်း သိကောင်းစရာ

Next Post

လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vape Consumption and Lung Health

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

1 year ago
392
summer rain, The reason for having a runny nose during the winter (3) seasons

နွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး နှာစေးရခြင်းအကြောင်း

2 years ago
686

ဆောင်းရာသီနှင့် ပန်းနာရင်ကျပ်ရောဂါ

3 years ago
688
About the unknown symptoms of lung cancer

အဆုတ်ကင်ဆာရဲ့ မသိမသာ လက္ခဏာများအကြောင်း

3 years ago
2.1k
things that can damage the lungs

အဆုတ်ကို ထိခိုက်စေသော အရာများ

3 years ago
854
how can ginger be used to prevent colds and coughs

ချင်း (ဂျင်း) ကို အသုံးပြုပြီး အအေးမိ၊ ချောင်းဆိုး ဝေဒနာတွေကို ဘယ်လိုကာကွယ်မလဲ?

3 years ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု

အစာမကြေဖြစ်ရသည့်အကြောင်းရင်းများနှင့်သက်သာစေနိုင်သည့်နည်းလမ်းများ

အနာကျက်မြန်စေမည့် ဗီတာမင်အာဟာရဓာတ်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.