fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

ကိုဗစ်ကာကွယ်ဆေးထိုးလျှင် သတိပြုရမည့်အချက်များ

5.6k
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/07/2021
in ကိုဗစ်ရောဂါ, အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

ကိုဗစ်ကပ်ရောဂါတတိယလှိုင်းကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်မယ့်နည်းလမ်းတွေထဲမှာ ကိုဗစ်ကာကွယ်ဆေးထိုးခြင်းဟာ အလွန်အရေးပါတဲ့နည်းလမ်းတစ်ခုအနေနဲ့ ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိထိုးပေးနေတဲ့ ကိုဗစ်ကာကွယ်ဆေးအမျိုးအစားဟာ အိန္ဒိယနိုင်ငံအခြေဆိုက် Serum Institute ကနေထုတ်ထားတဲ့ Covishield ကာကွယ်ဆေးဖြစ်ပြီး ဥရောပဆိုင်ရာဆေးပညာအေဂျင်စီ (EMA) က အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးလည်း ဖြစ်ပါတယ်။ Covishield ကာကွယ်ဆေးဟာ Oxford က ထုတ်တဲ့ AstraZeneca ကိုဗစ်ကာကွယ်ဆေးကိုမှ အိန္ဒိယနိုင်ငံထုတ်အမျိုးအစားလို့လည်း ဆိုနိုင်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးဖို့ စီစဉ်ထားတယ်ဆိုရင် ဆေးမထိုးခင်မှာ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး သိထားသင့်တာတွေကို ပြောပြပေးပါမယ်။

ကိုဗစ်ကာကွယ်ဆေးကို ဘယ်သူတွေထိုးလို့ရသလဲ

Covishield ကာကွယ်ဆေးကို အသက် (၁၈) နှစ်နဲ့အထက်ရှိသူတွေကို ထိုးနိုင်ပါတယ်။ Covishield ကာကွယ်ဆေးဟာ ဘေးထွက်ဆိုးကျိုး အလွန်တရာနည်းပါးပြီး အကျိုးကျေးဇူးပိုများလို့ မရှိမဖြစ် ထိုးသင့်တဲ့ဆေးလို့ ကာကွယ်ဆေးကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

ကိုဗစ်ကာကွယ်ဆေးကို ဘယ်သူတွေ မထိုးသင့်ဘူးလဲ

  • ကိုဗစ်ရောဂါ အတည်ပြုလူနာတွေ၊ သံသယလူနာတွေနဲ့ ကိုဗစ်ရောဂါလက္ခဏာပျောက်ကင်းပြီးချိန် (၁၄) ရက်မကျော်သေးသူတွေ
  • ကာကွယ်ဆေးထိုးမယ့်ရက်မှာ ဖျားနာနေသူတွေ (အဖျားပျောက်မှ ထိုးသင့်တယ်လို့ အကြံပြုထားပါတယ်)
  • နို့တိုက်မိခင်နဲ့ ကိုယ်ဝန်ဆောင်သည်တွေ
  • အသက် (၁၈) နှစ်အောက်ရှိသူတွေပဲ ဖြစ်ပါတယ်။

ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ စတဲ့ ရောဂါအခံရှိသူတွေ ကိုဗစ်ကာကွယ်ဆေး ထိုးလို့ရသလား

 ထိုးလို့ရပါတယ်။ ဒီလိုရောဂါအခံရှိသူတွေမှာ ကိုဗစ်ရောဂါကူးစက်ခံရမယ်ဆိုရင် တခြားသူတွေထက်ပိုပြီး အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ဦးစားပေးအနေနဲ့တောင် သတ်မှတ်ထားပါတယ်။

အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုတွေအနေနဲ့ ကာကွယ်ဆေးမထိုးခင် အိပ်ရေးဝဝလင်လင် အိပ်ပြီး အာဟာရစုံစုံလင်လင် စားထားသင့်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးမထိုးခင် ဆရာဝန်ကို ဘာတွေကြိုပြောထားသင့်သလဲ

  • ဓာတ်မတည့်ရောဂါတစ်ခုခုရှိရင်

အစားအသောက်၊ ဆေးဝါး ဒါမှမဟုတ် တခြားကာကွယ်ဆေးတွေနဲ့ဓာတ်မတည့်တာမျိုးရှိရင် ဆရာဝန်ကို ကြိုပြောထားပါ။ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ဆရာဝန်က အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်လို့ပါ။ ဓာတ်မတည့်တဲ့လက္ခဏာတစ်ခုခုပေါ်လာရင် ဆရာဝန်က ဖြေဆေးအချိန်မီထိုးပေးနိုင်ပါတယ်။

  • ကိုဗစ်ကာကွယ်ဆေး ပထမတစ်ကြိမ်ထိုးတဲ့အခါမှာ ဓာတ်မတည့်တာမျိုးဖြစ်ခဲ့ရင်

ပထမတစ်ကြိမ် ကာကွယ်ဆေးထိုးခဲ့တဲ့အခါတုန်းက ဓာတ်မတည့်တာမျိုး (အသက်ရှူကျပ်တာ၊ အသားယားတာ၊ အဖုအပိန့်အနီကွက်တွေ ထွက်လာတာ၊ ရင်ကျပ်တာ) ဖြစ်လို့ ဖြေဆေးထိုးခဲ့ရဖူးရင် ဆရာဝန်ကို ကြိုပြောထားဖို့ လိုပါမယ်။ ဒုတိယအကြိမ်မှာလည်း ဓာတ်မတည့်တာမျိုး ပြန်ဖြစ်နိုင်လို့ အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

  • သွေးမတိတ်တဲ့ရောဂါရှိရင် ဒါမှမဟုတ် သွေးကျဲဆေးသောက်နေရရင်

သွေးမတိတ်တဲ့ရောဂါရှိရင် ဒါမှမဟုတ် သွေးကျဲဆေးသောက်နေရရင် ကာကွယ်ဆေးထိုးတဲ့နေရာမှာ သွေးမတိတ်တာမျိုး ဒါမှမဟုတ် အညိုကွက်ကြီး ပေါ်လာတာမျိုး ဖြစ်တတ်လို့ ဆရာဝန်ကို ကြိုပြောထားသင့်ပါတယ်။

  • ကိုယ်အင်္ဂါအစားထိုးခွဲစိတ်ဖူးရင်၊ ခုခံအားကျရောဂါရှိရင်၊ ခုခံအားကျစေတဲ့ ဆေးဝါးတစ်ခုခုသောက်နေရင်

ခုခံအားပေါ်လာဖို့ နှေးနိုင်တဲ့အတွက် ဒီလိုအခြေအနေတွေမှာ ကာကွယ်ဆေး ထိုးသင့်၊ မသင့်ကို ဆရာဝန်ကြီးတွေနဲ့ အရင်တိုင်ပင်သင့်ပါတယ်။ ကာကွယ်ဆေးထဲမှာ ခုခံအားကိုလှုံံ့ဆော်ပေးမယ့် ဗိုင်းရပ်စ်ပိုးအသေပဲပါတဲ့အတွက် ကိုဗစ်ရောဂါဖြစ်မှာကိုတော့ စိုးရိမ်စရာမလိုပါဘူး။

ကိုဗစ်ကာကွယ်ဆေးကို ဘယ်နှခါထိုးရမှာလဲ

အခုလက်ရှိထိုးပေးနေတဲ့ Covishield ကာကွယ်ဆေးက (၂) ခါ ထိုးရမှာပါ။ ပထမတစ်ခါ ထိုးပြီး ၄ ပတ်ကြာတဲ့အခါ ဒုတိယတစ်ခါ ထပ်ထိုးရပါမယ်။

ကာကွယ်ဆေးထိုးပြီး ဘယ်လောက်ကြာတဲ့အခါ COVID-19 ကို ကာကွယ်ပေးနိုင်မလဲ

Covishield ဒုတိယတစ်ခါ ထိုးပြီး ၄ ကနေ ၆ ပတ်ကြာတဲ့အခါမှာ ကိုဗစ်ကိုကာကွယ်ပေးမယ့် ခုခံအားတွေ ထွက်လာပါပြီ။ ခုခံအားမလုံလောက်သေးတဲ့ ကြားကာလမှာ ကိုဗစ်ရောဂါမကူးစက်အောင် လုပ်ဆောင်ရမယ့် ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာပေးရမှာပါ။ အာဟာရပြည့်ဝအောင် စားသောက်ပေးဖို့လည်း လိုပါတယ်။

ပထမတစ်ကြိမ်မှာ Covishield ထိုးထားပြီး ဒုတိယတစ်ကြိမ်မှာ တခြားဆေးထိုးလို့ရလား

အခုချိန်ထိ လေ့လာချက်တွေအရ ပထမဆေးကို Covishield ထိုးထားပြီး ဒုတိယတစ်ကြိမ်မှာ တခြားအမျိုးအစားမတူတဲ့ဆေးထိုးမယ်ဆိုရင် ကိုဗစ်ကိုကာကွယ်ဖို့ လုံလောက်တဲ့ခုခံအား ရလာမှာမဟုတ်ပါဘူး။ ၂ ကြိမ်လုံး အမျိုးအစားတူတဲ့ကာကွယ်ဆေးထိုးမှ လုံလောက်တဲ့ကိုယ်ခံစွမ်းအား ရပါမယ်။

Covishield ကာကွယ်ဆေးထိုးပြီးရင် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်သလဲ

အခုထိုးပေးနေတဲ့ Covishield ကာကွယ်ဆေးကြောင့် ဘေးထွက်ဆိုးကျိုးကြီးကြီးမားမား ခံစားရတာမျိုး မရှိသေးပါဘူး။

ကာကွယ်ဆေးထိုးပြီး လူ ၁၀ ယောက်မှာ ၁ ယောက်ထက်ပို ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ဆေးထိုးတဲ့နေရာမှာ နာတာ၊ နီတာ၊ ရောင်ရမ်းတာ
  • ခေါင်းကိုက်၊ ကိုယ်လက်ကိုက်ခဲတာ
  • နုံးချိပြီး မအီမသာဖြစ်တာ စတာတွေ ခံစားရနိုင်ပါတယ်။

ဆေးထိုးပြီး ၁၀ ယောက်မှာ ၁ ယောက်လောက်ပဲ ခံစားရနိုင်တာတွေက

  • ဆေးထိုးတဲ့နေရာမှာ အဖုဖြစ်တာ
  • ဖျားတာ၊ ရာသီတုပ်ကွေးလို ဖျားပြီး အာသီးရောင်တာ၊ ချမ်းတုန်တာ၊ နှာစေးချောင်းဆိုးတာ
  • အန်တာ စတာတွေ ဖြစ်ပါတယ်။

ဆေးထိုးပြီး လူ ၁၀၀ မှာ ၁ ယောက်လောက်ပဲ ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေက

  • ခေါင်းမူးတာ
  • ခန္ဓာကိုယ် ယားလာတာ
  • ချွေးထွက်လွန်လာတာ
  • အစာစားချင်စိတ် နည်းလာတာ၊ ဗိုက်အောင့်တာ
  • လည်ပင်းကျိတ်၊ ချိုင်းကျိတ် စတာတွေ ကြီးလာတာ စတာတွေ ဖြစ်လာနိုင်ပါတယ်။

Covishield ကာကွယ်ဆေးထိုးပြီးရင် ဓာတ်မတည့်မှုရှိ၊ မရှိ နဲ့ ပြင်းထန်ဘေးထွက်ဆိုးကျိုးရှိ၊ မရှိကို စောင့်ကြည့်ဖို့အတွက် စောင့်ဆိုင်းနေရာမှာ မိနစ် ၃၀ လောက် နေဖို့လည်း အရေးကြီးပါတယ်။

ကာကွယ်ဆေးထိုးပြီးရင်ရော COVID-19 ရောဂါ ဖြစ်နိုင်သေးလား

Covishield ကာကွယ်ဆေးရဲ့ ရောဂါကာကွယ်နိုင်စွမ်းရာခိုင်နှုန်းက ၇၀% ကနေ ၉၀% ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးသူ ၁၀% လောက်မှာတော့ ဆေးမအောင်တာ ဖြစ်တတ်ပါတယ်။ ကာကွယ်ဆေးထိုးပြီးပေမယ့်လည်း ကိုဗစ်ရောဂါမကူးစက်အောင် အပြင်ကပြန်လာပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာ လက်ဆေးတာ၊ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) တပ်ဆင်တာ စတဲ့ကာကွယ်ရေးနည်းလမ်းတွေကို ဆက်ပြီး လိုက်နာရမှာပါ။

ကိုဗစ်ကာကွယ်ဆေးက ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲသစ် (Delta variant of SARS-CoV-2 Virus) ကိုကော ကာကွယ်ပေးနိုင်လား

 အိန္ဒိယနိုင်ငံ၊ ဆေးသုတေသနကောင်စီက ပညာရှင်တွေရဲ့ လေ့လာချက်တစ်ခုအရ Covishield ကာကွယ်ဆေးကို ၂ ကြိမ် ပြည့်ပြည့်ဝဝထိုးထားမယ်ဆိုရင် ကိုဗစ်ဗိုင်းရပ်စ် ဗီဇမျိုးကွဲသစ်ကို အမြင့်မားဆုံးကာကွယ်မှုပေးနိုင်တယ်လို့ ဆိုပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင် Covishield ကာကွယ်ဆေးဟာ လက်ရှိ ကိုဗစ်ကပ်ရောဂါကာလမှာ အရေးပေါ်ကာကွယ်ဆေးအနေနဲ့ အာနိသင်စိတ်ချရတဲ့ ကာကွယ်ဆေးတစ်မျိုးလို့ ဆိုနိုင်ပါတယ်။ ဆေးဟာ ဘေးထွက်ဆိုးကျိုးနည်းပါးပြီး ရောဂါကာကွယ်မှုနှုန်းလည်း မြင့်တဲ့အတွက် ကိုဗစ်ကပ်‌ရောဂါကာကို ဖြတ်ကျော်ဖို့ အရေးကြီးတဲ့ကာကွယ်ရေးနည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဆေးမထိုးခင်မှာ ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်လို့ သိထားသင့်စရာအချက်တွေကို ရေးသားမျှဝေပေးလိုက်ပါတယ်။

Author: ဒေါက်တာကောင်း (ဆေး-၂)

Previous Post

နှာစေး နှာမွှန်ဖြစ်လျှင်

Next Post

ကိုဗစ်လူနာကို အောက်ဆီဂျင်စနစ်တကျပေးနည်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vape Consumption and Lung Health

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

1 year ago
382
summer rain, The reason for having a runny nose during the winter (3) seasons

နွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး နှာစေးရခြင်းအကြောင်း

2 years ago
683

ဆောင်းရာသီနှင့် ပန်းနာရင်ကျပ်ရောဂါ

3 years ago
686
About the unknown symptoms of lung cancer

အဆုတ်ကင်ဆာရဲ့ မသိမသာ လက္ခဏာများအကြောင်း

3 years ago
2.1k
things that can damage the lungs

အဆုတ်ကို ထိခိုက်စေသော အရာများ

3 years ago
853
how can ginger be used to prevent colds and coughs

ချင်း (ဂျင်း) ကို အသုံးပြုပြီး အအေးမိ၊ ချောင်းဆိုး ဝေဒနာတွေကို ဘယ်လိုကာကွယ်မလဲ?

3 years ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုဗစ်လူနာကို အောက်ဆီဂျင်စနစ်တကျပေးနည်း

အဆစ်အမြစ်ကိုက်ခဲခြင်း သက်သာစေမယ့်နည်းလမ်းများ

လည်ချောင်းနာနေပြီဆိုလျှင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.