fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

ကိုဗစ်ကာကွယ်ဆေး မထိုးသင့်တဲ့သူတွေ

1.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/08/2021
in ကိုဗစ်ရောဂါ, အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

“အရင်က ကိုဗစ်ကာကွယ်ဆေးထိုးဖူးပြီး အပြင်းအထန်ဓာတ်မတည့်တာဖြစ်ဖူးသူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေး မထိုးသင့်ပါဘူး။”

ကိုဗစ်ကပ်ရောဂါမဖြစ်ပွားအောင်ကာကွယ်ဖို့နည်းလမ်းတွေထဲမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးအမျိုးအစားပေါ်မူတည်ပြီး ပထမလှိုင်းနဲ့ဒုတိယလှိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ဗိုင်းရပ်စ်ပိုးအပြင် လက်ရှိမှာဖြစ်ပွားနေတဲ့ မျိုးဗီဇကွဲ Delta Variant အတွက်ပါ မြင့်မားတဲ့ကာကွယ်မှုကို ရရှိနိုင်ပါတယ်။ လက်ရှိအချိန်မှာဆိုရင်လည်း ကိုဗစ်ကာကွယ်ဆေးကို ရပ်ကွက်အလိုက်ထိုးနှံနေတဲ့အချိန် ဖြစ်ပါတယ်။

ဒီလို ကိုဗစ်ကာကွယ်ဆေးထိုးနှံနေတဲ့အချိန်မှာ သိထားသင့်တဲ့ ကိုဗစ်ကာကွယ်ဆေးကို သွားမထိုးသင့်တဲ့သူတွေ သိထားအောင် ရေးသားမျှဝေပေးလိုက်ပါတယ်။

၁။ အသက် (၁၈) နှစ်မပြည့်သေးသူတွေ

ကိုဗစ်ကာကွယ်ဆေးတွေက အသက် ၁၈ နှစ်ကျော်သူတွေမှာပဲ ဘေးအန္တရာယ်ကင်းရှင်းကြောင်း စမ်းသပ်ထားပြီးသားဖြစ်တဲ့အတွက် အသက် ၁၈ နှစ်အောက်ရှိသူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးကို မထိုးသင့်ပါဘူး။

အမေရိကန်နိုင်ငံရဲ့ CDC ကတော့ အသက် ၁၂ နှစ်အထက်ရှိပြီးသူတိုင်း ထိုးနိုင်တယ်လို့ ဆိုထားပေမဲ့ မြန်မာနိုင်ငံမှာတော့ အသက် ၁၈ နှစ်အထက်ရှိသူမှသာ ထိုးသင့်တယ်လို့ ညွှန်ကြားထားပါတယ်။

လက်ရှိကာလမှာလည်း ကိုဗစ်ကာကွယ်ဆေးကို အသက် ၁၈ နှစ်အောက်နဲ့ ကလေးသူငယ်တွေအတွက် ဘေးအန္တရာယ်ကင်းကင်း ထိုးနှံနိုင်အောင် စမ်းသပ်ထုတ်ဖော်နေဆဲ ဖြစ်ပါတယ်။

၂။ ကိုဗစ်ကာကွယ်ဆေးနဲ့ ဓာတ်မတည့်ဖူးသူတွေ

အရင်က ကိုဗစ်ကာကွယ်ဆေးထိုးဖူးပြီး အပြင်းအထန်ဓာတ်မတည့်တာဖြစ်ဖူးသူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးကို မထိုးသင့်ပါဘူး။ ပထမ ကာကွယ်ဆေးထိုးခဲ့တဲ့အချိန်တုန်းက အပြင်းအထန်ဓာတ်မတည့်လက္ခဏာတွေဖြစ်တဲ့ အသက်ရှူကျပ်တာ၊ အသားယားတာ၊ အဖုအပိန့်အနီကွက်တွေ ထွက်လာတာ၊ ရင်ကျပ်တာ၊ သွေးပေါင်ကျတာ စတာမျိုးတွေဖြစ်ခဲ့လို့ ဆရာဝန်က အရေးပေါ်ဖြေဆေးထိုးခဲ့ရဖူးရင် ကိုဗစ်ကာကွယ်ဆေးကို မထိုးသင့်ပါဘူး။

၃။ ကိုယ်ခံအားစနစ်ကျဆင်းနေတဲ့သူတွေ

ကိုယ်အင်္ဂါအစားထိုးခွဲစိတ်ဖူးရင်၊ ခုခံအားကျဆင်းကူးစက်ရောဂါ (AIDS) ရှိရင် ဒါမှမဟုတ် ခုခံအားထိန်းညှိတဲ့ ဆေးဝါးတစ်ခုခုသောက်နေရရင် ကိုဗစ်ကာကွယ်ဆေးကို မထိုးသင့်ပါဘူး။

ဒီလိုအခြေအနေတွေမှာ ကိုဗစ်ကာကွယ်ဆေးလုံးဝမထိုးရဘူးလို့တော့ မဟုတ်ပေမဲ့ ကိုဗစ်ရောဂါကူးစက်နိုင်မယ့်အန္တရာယ်များလို့ ထိုးနှံချင်ပါတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်စမ်းသပ်ပြီးမှ ထိုးသင့်ပါတယ်။

၄။ နို့တိုက်မိခင်နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ

ကိုဗစ်ကာကွယ်ဆေးဟာ နို့တိုက်မိခင်နဲ့ ကိုယ်ဝန်ဆောင်သည်တွေအတွက် စိတ်ချရသလားဆိုတဲ့ သုတေသနတွေ မလုံလောက်သေးပါ။

အမေရိကန်နိုင်ငံ CDC ရဲ့အဆိုအရ နို့တိုက်မိခင်တွေ၊ ကိုယ်ဝန်ဆောင်သည်တွေအပြင် ကလေးယူဖို့ကြိုးစားနေသူတွေပါ ထိုးလို့ရတယ်ဆိုပေမယ့် လက်ရှိညွှန်ကြားချက်ထဲမှာတော့ မပါရှိသေးတဲ့အတွက် ထိုးပေးမှာမဟုတ်ပါဘူး။

ဒါပေမဲ့ ကလေးမွေးပြီးတဲ့အခါ၊ ကလေးနို့စို့ပြတ်သွားတဲ့အခါမှာ ကိုဗစ်ကာကွယ်ဆေးကို ထိုးနိုင်ပါတယ်။

၅။ တခြားကာကွယ်ဆေးတစ်မျိုးကို ထိုးထားပြီး ၂ ပတ်မပြည့်သေးသူတွေ

ကိုဗစ်ကာကွယ်ဆေးမဟုတ်တဲ့ တခြားကာကွယ်ဆေးတစ်မျိုးမျိုး ဥပမာ – တုပ်ကွေးကာကွယ်ဆေး၊ အသည်းရောင်အသားဝါ – ဘီပိုး ကာကွယ်ဆေး စတာတွေထိုးထားပြီး ၂ ပတ်မပြည့်သေးရင် ကိုဗစ်ကာကွယ်ဆေးကို မထိုးသင့်ပါဘူး။

လက်ရှိအချိန်ကာလအတွက် အကြံပြုချက်ကတော့ ကာကွယ်ဆေးထိုးမယ်ဆိုရင် ကိုဗစ်ကာကွယ်ဆေးကို ဦးစားပေးဖို့ပဲ ဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးမယ်ဆို ဆရာဝန်ကို ဘာတွေကြိုပြောထားရမလဲ

အထက်ကပြောပြခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေး မထိုးသင့်သူတွေထဲမပါလို့ ကာကွယ်ဆေးသွားထိုးမယ်ဆိုရင်တောင် အောက်ကအချက်တွေကို ဆရာဝန်ကို ကြိုပြောထားဖို့ လိုအပ်ပါမယ်။

– လက်ရှိ ကိုဗစ်ဖြစ်နေသူလား၊ ကိုဗစ်ဖြစ်ပြီး ၁၄ ရက်မကျော်သေးသူလား၊ ကိုဗစ်သံသယလူနာလား

– လက်ရှိမှာ ဖျားနာနေသူလား (ဖျားတာ၊ ချောင်းဆိုးတာ၊ နှာစေးတာ၊ အနံ့နဲ့အရသာပျောက်တာအပါအဝင်)

– တစ်ခြားရောဂါအခံတစ်ခုခုရှိနေလား

– အစားအသောက် ဒါမှမဟုတ် ဆေးဝါးတစ်ခုခုနဲ့ ဓာတ်မတည့်သူလား

– သွေးမတိတ်ရောဂါ ဒါမှမဟုတ် သွေးကျဲဆေးတွေ သောက်နေရသူလား ဆိုတာတွေကို ကြိုပြောထားသင့်ပါတယ်။

ဒီလိုအခြေအနေတွေမှာ ဆရာဝန်က ရောဂါအခြေအနေကို ကြည့်ပြီး ကာကွယ်ဆေးထိုးသင့်၊ မထိုးသင့်ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးကို မဖြစ်မနေ ထိုးဖို့လိုအပ်လား

ကိုဗစ်ကာကွယ်ဆေး ထိုးခြင်း၊ မထိုးခြင်းဟာ မိမိရဲ့ဆုံးဖြတ်ချက်ပါ။

ကာကွယ်ဆေး ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ ကိုဗစ်ကပ်ရောဂါမကူးစက်အောင် လိုက်နာရမယ့်နည်းလမ်းတွေဖြစ်တဲ့ အပြင်ထွက်တဲ့အခါ Mask တပ်ခြင်း၊ လက်ကို စနစ်တကျဆေးကြောခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ တစ်ဦးနဲ့တစ်ဦး ၆ ပေအကွာမှာနေခြင်း စတဲ့အချက်တွေကိုတော့ မဖြစ်မနေလိုက်နာရမှာဖြစ်ပါတယ်။

Author: ဒေါက်တာကောင်း (ဆေး – ၂)

Previous Post

လေထိုးလေအောင့်ဖြစ်ခြင်းကို သက်သာစေနိုင်မယ့်နည်းလမ်းများ

Next Post

ဗိုက်အောင့်ဗိုက်နာဖြစ်လျှင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vape Consumption and Lung Health

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

1 year ago
375
summer rain, The reason for having a runny nose during the winter (3) seasons

နွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး နှာစေးရခြင်းအကြောင်း

2 years ago
671

ဆောင်းရာသီနှင့် ပန်းနာရင်ကျပ်ရောဂါ

3 years ago
683
About the unknown symptoms of lung cancer

အဆုတ်ကင်ဆာရဲ့ မသိမသာ လက္ခဏာများအကြောင်း

3 years ago
2.1k
things that can damage the lungs

အဆုတ်ကို ထိခိုက်စေသော အရာများ

3 years ago
845
how can ginger be used to prevent colds and coughs

ချင်း (ဂျင်း) ကို အသုံးပြုပြီး အအေးမိ၊ ချောင်းဆိုး ဝေဒနာတွေကို ဘယ်လိုကာကွယ်မလဲ?

3 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဗိုက်အောင့်ဗိုက်နာဖြစ်လျှင်

အစာအိမ်အချဉ်ပေါက်တယ်ဆိုတာ

ရင်ပူခြင်းသက်သာစေဖို့ဆိုရင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.