fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

ဆောင်းရာသီမှာ နှာစေးနှာပိတ်သက်သာအောင် ကာကွယ်ဖို့ဆိုရင်

828
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/11/2021
in အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

ဆောင်းရာသီမှာ အပူချိန်လျော့ကျပြီး ပတ်ဝန်းကျင်စိုထိုင်းဆ Humidity ပြောင်းလဲခြင်းစသည့် ရာသီဥတုအခြေအနေ အပြောင်းအလဲများ ဖြစ်တတ်သည်။ ဆောင်းရာသီတွင် ကိုယ်ခံအားနည်းတတ်ပြီး ရာသီတုပ်ကွေးဗိုင်းရပ်စပိုးနှင့် ဗက်တီးရီးယားပိုးကူးစက်ခံရခြင်းတို့ကြောင့် ဖျားနာပြီး နှာစေးနှာပိတ်ဖြစ်တတ်သည်။ ထို့ပြင် ဆောင်းရာသီတွင်ပွင့်သော ရာသီပေါ်ပန်းများ၏ ဝတ်မှုန်၊ ဝတ်ဆံများကဲ့သို့ ဓာတ်မတည့်မှုထုတ်ပေးသည့် အရာဝတ္ထု Allergens များကြောင့် ခန္ဓာကိုယ်မှ ဟစ်စတာမင်း Histamine ကဲ့သို့ ဓာတုပစ္စည်းများကို ထုတ်လွှတ်ပြီး နှာစေးနှာပိတ်ဓာတ်မတည့်မှုဖြစ်စေတတ်ပါသည်။

ရာသီဥတု အအေးဓာတ်ကြောင့်ဖြစ်သော သာမန်အအေးမိ နှာစေးနှာပိတ်ခြင်း Common Cold ကို ကာကွယ်ရန် အအေးဓာတ်လွန်ကဲချိန်များတွင် အိမ်ထဲ၌ နွေးနွေးထွေးထွေးနေပါ။ ဗိုင်းရပ်စ်နှင့် ဗက်တီးရီးယားပိုးကူးစက်ခံရခြင်း မရှိအောင် လူထူထပ်သောနေရာများကိုရှောင်ပါ။ ရောဂါပိုးများသည် အသက်ရှူလမ်းကြောင်းမှ ထွက်လာသော အစက်အမှုန် Droplets များမှတစ်ဆင့် အရာဝတ္ထုများပေါ်သို့ ရောက်ရှိပြီးမှ ကူးစက်သဖြင့် မိမိထိတွေ့သည့်မျက်နှာပြင်၊ ပစ္စည်းများကို အရက်ပြန်ဖြင့် ပိုးသတ်ပါ။ လက်ကိုမကြာမကြာဆေးပါ။ နှာခေါင်းစည်းကို မကြာခဏလဲလှယ်တပ်ဆင်ပေးပါ။ တုပ်ကွေးဖျားနာ နှာစေးနှာပိတ်ဖြစ်သူများထံမှ ကူးစက်မှုမရှိအောင် ထိတွေ့မှုမရှိအောင် ခပ်ခခွာခွာနေပါ။

နှာခေါင်းနှင့် အသက်ရှူလမ်းကြောင်းတစ်လျှောက် အရည်အကျိအချွဲများ မပိတ်စေဘဲ ကောင်းစွာစီးဆင်းနိုင်စေရန် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးရပါမည်။ ဆောင်းရာသီတွင် ရာသီဥတုအေးသဖြင့် ရေသောက်နည်းတတ်၍ တစ်နေ့လျှင်အနည်းဆုံး ရေတစ်လီတာခန့် သောက်ပေးသင့်ပါသည်။ ကော်ဖီ၊ လက်ဖက်ရည်၊ အရက်ဘီယာကဲ့သို့ ရေဓာတ်ဆုံးရှုံးသော အရည်များအစား စွပ်ပြုတ်ပူပူ၊ ရေနွေး၊ ချင်းကဲ့သို့ ဆေးဖက်ဝင်လက်ဖက်ရည် Herbal Tea များသောက်ပြီး ရေဓာတ်ဖြည့်တင်းပေးပါ။ ဆောင်းတွင်းတွင် ရေကြက်သီးနွေးဖြင့် ရေချိုးခြင်း၊ ရေနွေးဝတ်ကပ်ခြင်း၊ ရေနွေးစိမ်ခြင်းဖြင့် ပြင်ပမှပူနွေးသောလေကို နှာခေါင်းမှရှုရှိုက်ပြီး နှာရည်စီးဆင်းမှုကိုကောင်းမွန်စေနိုင်ပါသည်။

ကိုယ်ခံအားကောင်းမွန်အောင် အာဟာရပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်သောအစားအစာများ၊ ဗီတာမင်စီကြွယ်ဝသော အသီးများ၊ ဖြည့်စွက်ဆေးများ လုံလောက်အောင်မှီဝဲပါ။ ပူစပ်သောအစားအစာများတွင် ပါဝင်သောဓာတ် (Capsaicin) ကြောင့်  အစပ်စားပေးခြင်းဖြင့်လည်း နှာရည်ပိတ်ခြင်း မဖြစ်အောင် ကာကွယ်နိုင်ပါသည်။ စိတ်ဖိစီးမှုများလျှင် ကိုယ်ခံအားကျပြီး ရောဂါပိုးကူးစက်နိုင်၍ စိတ်ဖိစီးမှုနည်းအောင်နေထိုင်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ ဦးခေါင်း၏ အနေအထားပြောင်းအောင် ညအိပ်လျှင် ခေါင်းအုံးကိုမြင့်မြင့်ထားအိပ်ပါက နှာပိတ်ခြင်းသက်သာစေနိုင်ပါသည်။

နေရောင်နည်းသည့် ဆောင်းရာသီတွင် မိမိနေအိမ်အခန်းတွင်း မှိုများပေါက်ဖွားမှုမရှိအောင်၊ ဖုန်မှုန့်၊ ပန်းဝတ်မှုန်ကဲ့သို့ အမှုန်များမရှိအောင် နေ့စဉ်သန့်ရှင်းပေးရမည်။ ပြတင်းတံခါးအနီးတွင် ပန်းဝတ်မှုန်များရှိပါက လေတိုက်လျှင် လွင့်၍မပါလာအောင် တံခါးများပိတ်ထားသင့်သည်။လေထု၏အစိုဓာတ်ပမာဏကို ထိန်းညှိပေးပြီး လေသန်စင်ပေးနိုင်သည့် အစိုဓါတ်ထိန်းစက် Humidifier ကို မိမိအနီးအနားတွင် ဖွင့်၍အသုံးပြုပေးပါ။ နှာခေါင်းမပိတ်အောင် Neti Pot ခေါ် နှာခေါင်းဆေးသည့် အသုံးအဆောင်အိုးသုံးပြီး နှာခေါင်းနှစ်ဖက်ကိုဆေးပေးပါ။

အဆုတ်နှင့် အသက်ရှူလမ်းကြောင်း ကျန်းမာရေးအတွက် နံနက်ခင်းနေရောင်ခြည်ခံပြီး ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ အသက်ရှုလေ့ကျင့်ခန်းတို့ကိုပြုလုပ်ပေးခြင်းဖြင့် လေကောင်းလေသန့်ရပြီး ကိုယ်ခံအားကောင်းစေနိုင်သည်။ ဆေးလိပ်သောက်ခြင်း သည် အသက်ရှုလမ်းကြောင်းတစ်လျှောက် ကာကွယ်ပေးထားသော အမွှေးအတို Cilia များကို ထိခိုက်စေသဖြင့် ရှောင်ကြဉ်ရပါမည်။

ဖော်ပြပါဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများဖြင့် နှာစေးနှာပိတ်သက်သာအောင် မကာကွယ်နိုင်ဘဲ ရက်ပေါင်း ၁၀ ရက်ခန့်ကြာ လက္ခဏာများခံစားရလျှင်၊ အသက်ရှူရခက်ခဲခြင်း၊ မောခြင်း၊ အဖျားကြီးခြင်းကဲ့သို့ ပြင်းထန်သော လက္ခဏာများပြလာလျှင်၊ ကလေးများတွင် နှာစေးနှာပိတ်ရာမှ စိမ်းသော၊ ဝါသောနှပ်ရည်များထွက်လာလျှင် ဆေးခန်း သို့ ဆရာဝန်ထံသို့ သွားရောက်တိုင်ပင်၍ လိုအပ်သော နှာပိတ်ဆေး၊ နှာခေါင်းအတွင်းဖြန်းဆေး၊ ဓာတ်မတည့်ယောင်ရမ်းမှု သက်သာဆေး၊ ပိုးသတ်ဆေးစသည့် လိုအပ်သောဆေးဝါးကုသမှုခံယူသင့်ကြောင်း ရေးသားမျှဝေအပ်ပါသည်။

Author: Dr. Ye Mon

Previous Post

ဆောင်းရာသီမှာ ကိုယ်ဝန်ဆောင်မေမေတို့ ကျန်းမာအောင် ဘယ်လိုနေထိုင်လဲ

Next Post

ဝက်ခြံခဏခဏထွက်တတ်သူလား ? ဝက်ခြံထွက်တာသက်သာစေမယ့် နေ့စဉ်အမူအကျင့်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vape Consumption and Lung Health

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

1 year ago
382
summer rain, The reason for having a runny nose during the winter (3) seasons

နွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး နှာစေးရခြင်းအကြောင်း

2 years ago
683

ဆောင်းရာသီနှင့် ပန်းနာရင်ကျပ်ရောဂါ

3 years ago
686
About the unknown symptoms of lung cancer

အဆုတ်ကင်ဆာရဲ့ မသိမသာ လက္ခဏာများအကြောင်း

3 years ago
2.1k
things that can damage the lungs

အဆုတ်ကို ထိခိုက်စေသော အရာများ

3 years ago
853
how can ginger be used to prevent colds and coughs

ချင်း (ဂျင်း) ကို အသုံးပြုပြီး အအေးမိ၊ ချောင်းဆိုး ဝေဒနာတွေကို ဘယ်လိုကာကွယ်မလဲ?

3 years ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဝက်ခြံခဏခဏထွက်တတ်သူလား ? ဝက်ခြံထွက်တာသက်သာစေမယ့် နေ့စဉ်အမူအကျင့်များ

ကိုယ်လက်လှုပ်ရှားကစားပြီးချိန် ကြွက်သားနာကျင်ခြင်းမဖြစ်အောင်

ကိုယ်ဝန်ဆောင်နှင့် ဆေးလိပ်ငွေ့အန္တရာယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.