fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

အသက်ရှူလေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၏ အကျိုးကျေးဇူးများ

834
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/04/2022
in အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

ငွေကြေးကုန်ကျမှုမရှိဘဲ လုပ်နိုင်တဲ့လေ့ကျင့်ခန်းလို့ ဆိုလိုက်ရင် လမ်းလျှောက်တာနဲ့ အသက်ရှုလေ့ကျင့်ခန်းတို့ဟာ အလွယ်ကူဆုံး လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ အသက်ရှူလေ့ကျင့်ခန်းနဲ့ ဆက်စပ်ပြီး အောက်စီဂျင်ဟာခန္ဓာကိုယ်မှာ ဘယ်လိုပုံစံနဲ့ အလုပ်လုပ်လဲဆိုတာ သိစေချင်ပါတယ်။ အဆုတ်ကနေရှူသွင်းလိုက်တဲ့ အောက်စီဂျင်တွေဟာ သွေးဆဲလ်လေးတွေနဲ့အတူ သူတို့ကိုအသုံးပြုမဲ့ ခန္ဓာကိုယ်ဆဲလ်တွေဆီ အောက်စီဂျင်ကို သယ်ပို့ပေးသော သွေးကြောများမှတဆင့် သယ်ဆောင်သွားခြင်းခံရပါတယ်။ ဒါကြောင့် အသက်ရှူလေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းကြောင့် ရရှိလာမဲ့အကျိုးကျေးဇူးတွေကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးလိုက်ပါတယ်။

💠 အဆုတ်ကျန်းမာရေးကောင်းစေခြင်း
အဆုတ်က ခန္ဓာကိုယ် တစ်ကိုယ်လုံး လှည့်ပတ်နေတဲ့ သွေးတွေကို သွေးညစ်နဲ့ သွေးသန့် လဲလှယ်ပေးတဲ့နေရာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်က နားနားနေနေ နေတဲ့အခါမှာဆို အဆုတ်ရဲ့ 30-50% လောက်ကို သွေးမရောက်တဲ့အတွက် အဲ့နေရာတွေက အလုပ်မလုပ်ပါဘူး။ အသက်ပြင်းပြင်းရှူပြီး လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် အဆုတ်ရဲ့နေရာ တော်တော်များများကို သွေးရောက်ရှိပြီး အဆုတ်ကျန်းမားရေးလည်း ကောင်းသလို ခန္ဓာကိုယ်ရဲ့ဆဲလ်တွေ အသုံးပြုဖို့ သွေးတွင်းအောက်စီဂျင်ကိုလဲ လုံလောက်စွာရစေပါတယ်။

💠 သွေးလှည့်ပတ်မှုကောင်းစေခြင်း
အသက်ရှုလေ့ကျင့်ခန်း လုပ်တဲ့အခါ နှလုံးကြွက်သားတွေဆီကို အောက်စီဂျင်လုံလောက်စွာရတဲ့အတွက် နှလုံးကြွက်သားများကို သန်မာစေပါတယ်။ ဒါ့အပြင် ပုံမှန် အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးခြင်းဖြင့် လေဖြတ်နိုင်စွမ်းကို လျော့နည်းစေပါတယ်။

💠 မှတ်ဥာဏ်ကောင်းစေခြင်း
ဦးနှောက်အတွက် မရှိမဖြစ်လိုအပ်တာကို ​ပြောပါဆိုရင် glucose နဲ့ oxygen ပါဘဲ၊ ခန္ဓာကိုယ်မှာ ဦးနှောက်နဲ့ နှလုံးဟာ သွေးမရတာနဲ့ ပုပ်သွားနိုင်တဲ့ အစိတ်အပိုင်းတွေပါ။ ဦးနှောက်ကိုသွားတဲ့ သွေးတွေမှာ oxygen များများပါပြီး ဦးနှောက်ကို ဒုက္ခပေးမဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ များများထွက်သွားလေ ဦးနှောက်စွမ်းဆောင်ရည်ကို ပိုကောင်းလေပါဘဲ။

💠 ကိုယ်ခံစွမ်းအားမြှင့်တင်ပေးခြင်း
ဘာရောဂါအခံမှ မရှိသော်လည်း ကိုယ်ခံအားကျနေခြင်းဟာ စိတ်ဖိစီးမှုတွေ များပြားခြင်းကြောင့်ဖြစ်ပါတယ်။ အသက်ရှူလေ့ကျင့်ခန်း လုပ်ခြင်းဟာ စိတ်ဖိစီးမှုကြောင့်ထွက်တဲ့ stress hormone တွေကို လျှော့ချပေးပြီး ကိုယ်ခံစွမ်းအားမကျအောင် ထိန်းညှိပေးပါတယ်။

💠 အိပ်ပျော်စေခြင်း
ညအိပ်ယာမဝင်ခင် အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ် လုပ်ပေးခြင်းဖြင့် insomnia လို အိပ်မပျော်တဲ့ရောဂါ ခံစားနေရတဲ့လူနာများအတွက် အိပ်ပျော်စေဖို့ အကူအညီဖြစ်ပါတယ်။

💠 အဆီကျစေခြင်း
လှဲအိပ်ပြီး ဗိုက်ဖောင်းတဲ့အထိ အသက်ရှူသွင်း၊ ရှူထုတ် ပုံမှန်ပြုလုပ်ပေးရင် ဗိုက်မှာရှိတဲ့ အဆီပိုတွေကို ဖယ်ရှားပေးပြီး ဗိုက်ကြွက်သားကို ကျစ်လစ်စေပါတယ်။

💠 ကျန်းမာလှပသော အသားအရည်ရှိခြင်း
ဒီတစ်ချက်ကတော့ တော်တော်များများ သဘောကျလိမ့်မယ်လို့ ထင်ပါတယ်။ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ခန္ဓာကိုယ်ဟာ အောက်စီဂျင်အလုံအလောက် ရနေမယ်ဆို အသားအရည်ဟာလဲ ကျန်းမာလှပနေမှာဖြစ်ပါတယ်။

💠 စိတ်ဖိစီးမှုနှင့် စိတ်ကျဝေဒနာ သက်သာစေခြင်း၊ အာရုံစူးစိုက်မှုကောင်းစေခြင်း
အသက်ရှုသွင်းရှူထုတ်ကို အာရုံစိုက် ပြုလုပ်ပေးခြင်းဖြင့် စိတိပိုင်းဆိုင်ရာ တည်ငြိမ်စေပြီး စိတ်အပန်းဖြေ အနားရစေနိုင်ပါတယ်။

အဆုတ်ကို ဒုက္ခပေးနိုင်တဲ့ ကူးစက်ရောဂါတွေ ဖြစ်ပွားနေတဲ့ ယခုလိုကာလမှာ ခက်ခဲမှုမရှိ အလွယ်တကူ အချိန်မရွေး ပြုလုပ်လို့ရတဲ့ အကျိုးကျေးဇူး အများကြီးရှိသော အသက်ရှူလေ့ကျင့်ခန်းကို အားလုံးပုံမှန်လုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Dr. Yee Mon

Previous Post

နာတာရှည်ဒူးနာခြင်းကို သက်သာပျောက်ကင်းစေမည့် နည်းလမ်းများ

Next Post

ကိုယ်ဝန်ဆောင် မိခင်လောင်းတို့ ကြုံရတတ်သည့် ခေါင်းကိုက်ဝေဒနာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vape Consumption and Lung Health

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

1 year ago
375
summer rain, The reason for having a runny nose during the winter (3) seasons

နွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး နှာစေးရခြင်းအကြောင်း

2 years ago
671

ဆောင်းရာသီနှင့် ပန်းနာရင်ကျပ်ရောဂါ

3 years ago
683
About the unknown symptoms of lung cancer

အဆုတ်ကင်ဆာရဲ့ မသိမသာ လက္ခဏာများအကြောင်း

3 years ago
2.1k
things that can damage the lungs

အဆုတ်ကို ထိခိုက်စေသော အရာများ

3 years ago
845
how can ginger be used to prevent colds and coughs

ချင်း (ဂျင်း) ကို အသုံးပြုပြီး အအေးမိ၊ ချောင်းဆိုး ဝေဒနာတွေကို ဘယ်လိုကာကွယ်မလဲ?

3 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Headaches that are common to expectant mothers

ကိုယ်ဝန်ဆောင် မိခင်လောင်းတို့ ကြုံရတတ်သည့် ခေါင်းကိုက်ဝေဒနာ

when-is-the-best-time-to-take-zinc

ဇင့်ကိုဘယ်လိုအချိန်မှာ ​သောက်ရင်အ​ကောင်းဆုံးလဲ?

Frequent coughing and weakened immune system

မကြာခဏ ချောင်းဆိုးခြင်းနှင့် အားနည်းသော ကိုယ်ခံအားစနစ် immune system အကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.