fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

Vape Consumption and Lung Health
373
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/03/2024
in အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

အရင်ခေတ်က စီးကရက်ကို ဟန်ပါပါခဲပြီး ခပ်မိုက်မိုက် စတိုင်ထုတ်ခဲ့ကြသလို အခုခေတ်မှာလည်း Vape သုံးပြီး အငွေ့တွေကို ခပ်မိုက်မိုက် မှုတ်ထုတ်ရင်း လွင့်နေကြတဲ့အလေ့အထကို လူငယ်တွေကြားမှာ အတော်များများ တွေ့လာရပါတယ်။

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပါသည် လို့ သတိပေးခဲ့ကြတော့ Vape သောက်သုံးတာကရော ကျန်းမာရေးကို မထိခိုက်ဘူးလားလို့ မေးစရာ ရှိလာပါတယ်။

ဆေးလိပ်သောက်တာရော Vape သောက်တာရောက အရာဝတ္ထုတွေကို အပူပေးပြီး ထွက်လာတဲ့ အငွေ့ကို ရှူရတာခြင်း တူပါတယ်။ ဆေးလိပ်ကို မီးညှိ (မီးရှို့) လိုက်တဲ့အခါ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းပေါင်း ၇၀၀၀ ကျော်ခန့် ထွက်လာပါတယ်။

Vape သောက်တယ်ဆိုတာ vape juice သို့မဟုတ် e-liquid လို့ခေါ်တဲ့ အရည်ကို အပူပေးပြီး အငွေ့ဖြစ်သွားတဲ့အခါ ရှူတာပါ။ Vape သောက်တာက ပန်းနာရင်ကြပ်သမားတွေ တရွှီးရွှီးနဲ့ ရင်ကြပ်တဲ့အခါ ဆေးရည်ကို စက်ထဲထည့်လိုက်ပြီး ဆေးငွေ့အဖြစ်ပြောင်းသွားတာကို ရှူတာနဲ့ သဘောချင်း ဆင်တူပါတယ်။

ဒါပေမယ့် Vape juice သို့မဟုတ် e-liquid ကို အပူပေးလိုက်တဲ့အခါ ထွက်လာတာက ရောဂါကုသပေးမယ့် ဆေးငွေ့မဟုတ်ပါဘူး။ Vape သောက်နေစဥ် ထွက်လာတဲ့ အငွေ့တွေထဲမှာ အနံ့နဲ့ အရသာအတွက် ထည့်ထားတဲ့ အရာတွေနဲ့ အတူ ဆေးလိပ်မှာပါတဲ့ နီကိုတင်းဓာတ်၊ ဆေးခြောက်တွေမှာ တွေ့ရတတ်ပြီး စိတ်ကို ပြောင်းလဲစေတဲ့ THC ဆိုတဲ့ ဓာတ်တွေ အဓိက ပါဝင်ပြီး ဒီဓာတ်တွေက အဆုတ်ကို ရောင်ရမ်းစေပါတယ်။

Vape အရည်ထဲမှာ ဗိုက်တာမင် E လည်း ပါဝင်တတ်ပါတယ်။ ဗိုက်တာမင် E ဟာ ပါးစပ်ကနေ သောက်ရင်၊ အရေပြားမှာ လိမ်းရင် ပြဿနာမရှိနိုင်ပေမယ့် ရှူတဲ့အခါ အသက်ရှူလမ်းကြောင်းကို ယားယံစေပြီး ဓာတ်မတည့်တာမျိုး ဖြစ်စေနိုင်ပါတယ်။

Vape သောက်တဲ့အခါ အရသာကောင်းစေဖို့ ထည့်သွင်းထားတဲ့ diacetyl ဓာတ်က အဆုတ်နဲ့ လေပြွန်တွေကို ရောင်ရမ်းစေပြီး အမာရွတ်တွေ ဖြစ်စေကာ popcorn lungs လို့ခေါ်တဲ့ ပေါက်ပေါက်ဆုပ်ပုံစံ အဆုတ်တစ်ရှူးတွေ ဖြစ်သွားပြီး အသက်ရှူရခက်ခဲစေပါတယ်။ Popcorn lungs ဖြစ်သွားတဲ့ တစ်ရှူးတွေက ပြန်ကောင်းတော့မှာ မဟုတ်ဘဲ

• ချောင်းဆိုးခြင်း
• ရင်ကြပ်ခြင်း
• ရင်ဘတ်အောင့်ခြင်း
• အသက်ရှူကြပ်ပြီး မောခြင်းတွေနဲ့ လုံးလည်ချာလည် လိုက်နေတော့မှာပါ။

Vape မှာ နောက်ထပ်ပါတဲ့ formaldehyde နဲ့ acrolein တွေကလည်း အဆုတ်ကို ထိခိုက်ပြီး အဆုတ်ရောဂါတွေကို ဖြစ်စေပါတယ်။

Vape မှာပါတဲ့ အဆီတွေကို ရှူမိတဲ့အခါ lipoid pneumonia လို့ခေါ်တဲ့ အဆုတ်ရောင်ရောဂါလည်း ဖြစ်နိုင်ပါသေးတယ်။ Lipoid pneumonia ဖြစ်တဲ့အခါ

• နာတာရှည် ချောင်းဆိုးခြင်း
• အသက်ရှူကြပ်ခြင်း
• သလိပ်ထဲမှာ သွေးပါခြင်းတွေ ခံစားရတတ်ပါတယ်။

Vape သောက်သုံးခြင်းက အဆုတ်ကင်ဆာကို ဖြစ်စေနိုင်သလား ဆိုတာကို လုံလောက်တဲ့ သုတေသနတွေ ပြုလုပ်ထားတာ မရှိသေးပေမယ့် ဆေးလိပ်သောက်သူတွေမှာလိုပဲ ဓာတုပစ္စည်းတွေက လေပြွန်ထဲမှာ ကပ်တွယ်အနည်ထိုင်ပြီး အဆုတ်ကင်ဆာကို ဖြစ်စေနိုင်လိမ့်မယ်လို့ ယူဆကြပါတယ်။

Vape သောက်သုံးခြင်း ယဥ်ကျေးမှုက ခေတ်စားတာ မကြာသေးတဲ့အတွက် သုတေသနတွေ များပြားစွာ မရှိသေးပေမယ့် Vape သောက်တာက အဆုတ်အတွက် ကောင်းကျိုးပေးမယ့်အရာ မဟုတ်တာကတော့ အသေအချာပါပဲ။ ကိုယ်တိုင်သောက်သုံးတာ မဟုတ်လည်း အနီးအနားမှာ မိသားစု၊ မိတ်ဆွေတွေ သောက်တဲ့ အငွေ့ကို ရှူမိရင် အထက်မှာ ဖော်ပြခဲ့တဲ့ ဆိုးကျိုးတွေကို ရနိုင်ပါတယ်။

ဒါကြောင့် ဆေးလိပ်သောက်တာကို ရှောင်ကြဥ်သလိုပဲ Vape သောက်တာကို အစမလုပ်တာ၊ သောက်နေမိရင်လည်း ရပ်လိုက်တာက မိမိရဲ့အဆုတ်ကို ကယ်တင်ရာ ရောက်ပါလိမ့်မယ်။

Author: Dr.Yee Mon

Previous Post

မပေါ့ဆသင့်တဲ့ အဆစ်ရောင်ရောဂါ

Next Post

သတိထားသင့်တဲ့ လေးဘက်နာရောဂါအမျိုးမျိုး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

summer rain, The reason for having a runny nose during the winter (3) seasons

နွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး နှာစေးရခြင်းအကြောင်း

2 years ago
671

ဆောင်းရာသီနှင့် ပန်းနာရင်ကျပ်ရောဂါ

3 years ago
683
About the unknown symptoms of lung cancer

အဆုတ်ကင်ဆာရဲ့ မသိမသာ လက္ခဏာများအကြောင်း

3 years ago
2.1k
things that can damage the lungs

အဆုတ်ကို ထိခိုက်စေသော အရာများ

3 years ago
845
how can ginger be used to prevent colds and coughs

ချင်း (ဂျင်း) ကို အသုံးပြုပြီး အအေးမိ၊ ချောင်းဆိုး ဝေဒနာတွေကို ဘယ်လိုကာကွယ်မလဲ?

3 years ago
1.2k

ဒီလက္ခဏာတွေ ခံစားရရင် အဆုတ်ကျန်းမာရေးကို စစ်ဆေးပါ

3 years ago
1.8k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သတိထားသင့်တဲ့ လေးဘက်နာရောဂါအမျိုးမျိုး

နွေရာသီနှင့်မိတ်ပြဿနာ

The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.