fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

အစာလည်းဆေး ဆေးလည်းအစာ

61
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/02/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

(Zawgyi)

မခ်ိဳ တစ္ေယာက္ ေစ်းဝယ္ဖို႔ ျခင္းေတာင္းကို ဆြဲျပီး ထြက္လာရင္း စိတ္ထဲမွာ အိမ္သားေတြအတြက္ ဘာဝယ္ရင္ေကာင္းမလဲ စဥ္းစားရတာ ေတာ္ေတာ္ခက္ေနတယ္ ေစ်းသာေရာက္သြားတယ္ ေစ်းျခင္းႀကီးကိုင္ျပီး ဟိုေလ်ွာက္ဒီေလ်ွာက္လုပ္ေနမိတယ္

‘မခ်ဳိ မခ်ဳိ ‘
ေခၚသံျကားလို႔ ၾကည့္လိုက္မိေတာ့ လမ္းထိပ္အိမ္က အစ္မၾကီး
‘မမဝင္း ပါလား ခ်ိဳ မျမင္လိုက္မိဘူး ကိုယ့္အေတြးနဲ႕ ကိုယ္ျဖစ္ေနလို႔’

‘ ေအး မမဝင္းလည္းေတြ႕တယ္ အေဝးတည္းက မမဝင္း လက္ေတြျပေနတာ မခ်ိဳ မျမင္ဘူး’
‘ ဟုတ္လား ခ်ဳိ တကယ္မျမင္လိုက္ဘူး ခ်ိဳ ေတာင္းပန္ပါတယ္’

‘ရပါတယ္ မခ်ိဳရယ္ မမဝင္းက ဒီအတိုင္းေခၚလိုက္တာ ဒါနဲ႔ ဘာေတြဒီေလာက္ေတာင္ေတြးေနတာလဲ’

‘ေစ်းဝယ္ထြက္ျပီဆို ဘာဝယ္ရမလဲစဥ္းစားရခက္လြန္းလို႔ မမဝင္းေရ အိမ္မွာက လူကသိပ္မမ်ားေပမယ့္ အစားအေသာက္ ေခ်းမ်ားတတ္တဲ႔ ကေလးေလးေတြေလ ဟိုဟာမစားခ်င္ ဒီဟာမစားခ်င္ စားလည္းတို႔ကနန္းစိတ္ကနန္း ဒီၾကားထဲ ဘာေဆးမွမေသာက္ ေဆးတိုက္ရ သိပ္ခက္တာ ကေလးေတြက ကိုယ္ခံအားမေကာင္းလို႕လားမသိဘူး ခဏခဏေနမေကာင္းျဖစ္တတ္ၾကတယ္ ဒါေၾကာင့္ ကိုယ္ခံအားေကာင္းေစတာေလးေတြ လုပ္ေပးမလို႔ ဘာဝယ္ရမလဲ မသိလို႔ေလ ေခါင္းေျခာက္ေအာင္စဥ္းစားရတယ္’

‘ အစားမစားၾကတာလား? ကေလးေတြက အသက္ ဘယ္ေလာက္ရွိျပီလဲ? ‘
‘ အၾကီးေလးက ငါးနွစ္ျပည့္ေတာ့မယ္ အငယ္သားသားက သံုးနွစ္ အစားလံုးဝမစားတာေတာ့မဟုတ္ဘူး နည္းနည္းပဲစားၾကတာ အေဆာ့အရမ္းမက္လြန္းလို့ မမဝင္းေရ ေဆာ့ပဲေဆာ့ျပီး မစားဘူး ေဆးလည္းတိုက္ဖို႔သိပ္ခက္ေတာ့ ေနမေကာင္း ခဏခဏျဖစ္တာေလ’

‘ သူတို႔ ၾကိဳက္တတ္တာေလးေတြေရာ’
‘ ပံုေသမရွိဘူး ဒီေန႕ စားတယ္ ေနာက္ေန႕မစားျပန္ဘူး အဲဒါေၾကာင့္ ဘာေတြဝယ္ရမလဲ မနည္းစဥ္းစားေနရတာ မမဝင္းေရ’

‘ မမဝင္း သားေတြလည္း ဒီလိုပဲ အစားအေသာက္ေကၽြးရသိပ္ခက္တာ အေဆာ့သမားေတြေလ သူတို႔ေတြ ဘာမ်ားစားခ်င္မလဲ ကိုယ္ကေတာ့လုပ္ေပးလိုက္ရတာ အားေဆးလည္း တိုက္ရခက္တယ္ ဒါကေတာ့ ကေလးေတာ္ေတာ္မ်ားမ်ားပါပဲ အစားမဝင္ ေဆးမဝင္ဆို ကိုယ္ခံအားမေကာင္းဘဲ လြယ္လြယ္ဖ်ားလာတတ္တယ္ေလ’

‘ ဟုတ္တယ္ မမဝင္းေရ အဲ႔အတိုင္းပါပဲ’
‘ ေနာက္ဆံုး မမဝင္းလည္း သူတို႕ စားခ်င္တဲ႔ အခ်ိန္မ်ိဳးမွာ ဖိေကၽြးလိုက္တယ္ ထမင္းဟင္းရယ္ေတာ့မသတ္မွတ္လိုက္ဘူး ၾကက္ဥ ေပါင္မုန္႔ အသီးစသျဖင့္ တစ္ခါတစ္ေလေတာ့ ဟင္းပဲ ေကၽြးလိုက္တယ္’

‘အားေဆးကေရာ မမဝင္း’
‘အားေဆးကေတာ့ ဝင္တာရွိသလို မဝင္တာလည္းရွိတယ္ မမဝင္းက ကေလးေတြကို ကိုယ္ခံအားေကာင္းေစတဲ႔ ဓာတ္ေတြနဲ႔ တစ္ျခား အာဟာရဓာတ္ေတြပါ ပါတဲ႔ ႏုိ႔မွဳန္႔ကိုလည္း တိုက္တိုက္ေပးတယ္ စကၠဴဘူးေတြနဲ႔ ရိွသလုိ တစ္ခါေသာက္အထုပ္ေလးေတြနဲ႔လဲ လာတယ္ေလ… ႏုိ႔ဆိုလို႕ Calcium နဲ႔ Vitamin D တစ္မ်ိုးတည္းပါတာမဟုတ္ဘဲ ကိုယ္ခံအားေကာင္းဖို႔ အတြက္ မရွိမျဖစ္လိုအပ္တဲ႔ Zinc, Vitamin A နဲ႔ Vitamin B6 တို႔လည္းပါတယ္ေလ အစာလည္းျဖစ္တယ္ ေဆးလည္းျဖစ္တယ္… တမင္ၾကီး အားေဆးတိုက္ဖို႕ေတာ့ မလိုေတာ့ဘူး ကိုယ္ခံအားေကာင္းမွ ကေလးေတြလည္းက်န္းမာမွာေလ’

‘ ဟုတ္လားမမဝင္း ခ်ိဳက ထမင္းဟင္းပဲ ေကၽြးတာ တစ္ျခားေတြ မေကၽြးျဖစ္ဘူး ႏုိ႔ဆိုလည္း ဘယ္လိုမ်ဳိးတိုက္လို႔ရတယ္ဆိုတာ ခ်ိဳမသိလို့’

‘ တခ်ဳိ႔ႏုိ႔မႈန္႔ေတြေတာ့ ရွိတယ္ ေသခ်ာေတာ့ေမးဝယ္ရတယ္ ကေလးေတြအတြက္လိုအပ္တဲ႔ အာဟာရေတြအျပင္ ေရာဂါေတြ ကာကြယ္ေပးနိုင္တဲ႔ ကေလးေတြရဲ႕ ကိုယ္ခံအားကို ျမွင့္တင္ေပးတဲ႔ ဓာတ္ေတြအစံုပါတယ္ မမဝင္းတိုက္တဲ႔ ႏုိ႔နာမည္ ကို ေျပာျပလိုက္မယ္ေလ အရသာလည္းေကာင္း အားေဆးလိုလည္းျဖစ္ေတာ့ ကေလးေတြ အတြက္ေကာင္းတာေပါ့’

‘ ဟုတ္ကဲ့ မမဝင္းေရ ေက်းဇူးတင္ပါတယ္ ခ်ိဳလည္း လုပ္ၾကည့္ဦးမယ္ မဟုတ္ရင္ ခ်ိဳေစ်းဝယ္ရတာ စဥ္းစားရလြန္းလို႕ ‘

‘ ဒီလိုပါပဲ ကေလးအေမေတြက ကိုယ့္ကေလးေတြ ေနမေကာင္းျဖစ္တာ အစားမစားတာဆိုရင္ ဘာလုပ္ေပးရမလဲပဲ စဥ္းစားေနျကရတာ ‘
‘ ဟုတ္တယ္မမဝင္းေရ တကယ္စဥ္းစားရတာ ဘာပဲျဖစ္ျဖစ္ေတာ့ နည္းနည္းဝင္လည္း ဝင္ဆိုျပီးေတာ့ပါ
ခ်ိဳလည္းေစ်းသြားဝယ္လိုက္ဦးမယ္ မမဝင္းေျပာတဲ႕ ႏုိ႔လည္း ေမးဝယ္ရမယ္ ေက်းဇူးအမ်ားျကီးတင္ပါတယ္ သြားျပီေနာ္’

‘ ေအးေအး…မခ်ိဳ ေရ.. မမဝင္းလည္း သြားျပီ’
အခုေတာ့လည္း မခ်ိဳတစ္ေယာက္ ေစ်းျခင္းနဲ႕ ေျခလွမ္းေတြသြက္လို႔

Dr. CST

 

(Unicode)

မချို တစ်ယောက် ဈေးဝယ်ဖို့ ခြင်းတောင်းကို ဆွဲပြီး ထွက်လာရင်း စိတ်ထဲမှာ အိမ်သားတွေအတွက် ဘာဝယ်ရင်ကောင်းမလဲ စဉ်းစားရတာ တော်တော်ခက်နေတယ် ဈေးသာရောက်သွားတယ် ဈေးခြင်းကြီးကိုင်ပြီး ဟိုလျှောက်ဒီလျှောက်လုပ်နေမိတယ်

‘မချို မချို ‘
ခေါ်သံကြားလို့ ကြည့်လိုက်မိတော့ လမ်းထိပ်အိမ်က အစ်မကြီး
‘မမဝင်း ပါလား ချို မမြင်လိုက်မိဘူး ကိုယ့်အတွေးနဲ့ ကိုယ်ဖြစ်နေလို့’

‘ အေး မမဝင်းလည်းတွေ့တယ် အဝေးတည်းက မမဝင်း လက်တွေပြနေတာ မချို မမြင်ဘူး’
‘ ဟုတ်လား ချို တကယ်မမြင်လိုက်ဘူး ချို တောင်းပန်ပါတယ်’

‘ရပါတယ် မချိုရယ် မမဝင်းက ဒီအတိုင်းခေါ်လိုက်တာ ဒါနဲ့ ဘာတွေဒီလောက်တောင်တွေးနေတာလဲ’

‘ဈေးဝယ်ထွက်ပြီဆို ဘာဝယ်ရမလဲစဉ်းစားရခက်လွန်းလို့ မမဝင်းရေ အိမ်မှာက လူကသိပ်မများပေမယ့် အစားအသောက် ချေးများတတ်တဲ့ ကလေးလေးတွေလေ ဟိုဟာမစားချင် ဒီဟာမစားချင် စားလည်းတို့ကနန်းစိတ်ကနန်း ဒီကြားထဲ ဘာဆေးမှမသောက် ဆေးတိုက်ရ သိပ်ခက်တာ ကလေးတွေက ကိုယ်ခံအားမကောင်းလို့လားမသိဘူး ခဏခဏနေမကောင်းဖြစ်တတ်ကြတယ် ဒါကြောင့် ကိုယ်ခံအားကောင်းစေတာလေးတွေ လုပ်ပေးမလို့ ဘာဝယ်ရမလဲ မသိလို့လေ ခေါင်းခြောက်အောင်စဉ်းစားရတယ်’

‘ အစားမစားကြတာလား? ကလေးတွေက အသက် ဘယ်လောက်ရှိပြီလဲ? ‘
‘ အကြီးလေးက ငါးနှစ်ပြည့်တော့မယ် အငယ်သားသားက သုံးနှစ် အစားလုံးဝမစားတာတော့မဟုတ်ဘူး နည်းနည်းပဲစားကြတာ အဆော့အရမ်းမက်လွန်းလို့ မမဝင်းရေ ဆော့ပဲဆော့ပြီး မစားဘူး ဆေးလည်းတိုက်ဖို့သိပ်ခက်တော့ နေမကောင်း ခဏခဏဖြစ်တာလေ’

‘ သူတို့ ကြိုက်တတ်တာလေးတွေရော’
‘ ပုံသေမရှိဘူး ဒီနေ့ စားတယ် နောက်နေ့မစားပြန်ဘူး အဲဒါကြောင့် ဘာတွေဝယ်ရမလဲ မနည်းစဉ်းစားနေရတာ မမဝင်းရေ’

‘ မမဝင်း သားတွေလည်း ဒီလိုပဲ အစားအသောက်ကျွေးရသိပ်ခက်တာ အဆော့သမားတွေလေ သူတို့တွေ ဘာများစားချင်မလဲ ကိုယ်ကတော့လုပ်ပေးလိုက်ရတာ အားဆေးလည်း တိုက်ရခက်တယ် ဒါကတော့ ကလေးတော်တော်များများပါပဲ အစားမဝင် ဆေးမဝင်ဆို ကိုယ်ခံအားမကောင်းဘဲ လွယ်လွယ်ဖျားလာတတ်တယ်လေ’

‘ ဟုတ်တယ် မမဝင်းရေ အဲ့အတိုင်းပါပဲ’
‘ နောက်ဆုံး မမဝင်းလည်း သူတို့ စားချင်တဲ့ အချိန်မျိုးမှာ ဖိကျွေးလိုက်တယ် ထမင်းဟင်းရယ်တော့မသတ်မှတ်လိုက်ဘူး ကြက်ဥ ပေါင်မုန့် အသီးစသဖြင့် တစ်ခါတစ်လေတော့ ဟင်းပဲ ကျွေးလိုက်တယ်’

‘အားဆေးကရော မမဝင်း’
‘အားဆေးကတော့ ဝင်တာရှိသလို မဝင်တာလည်းရှိတယ် မမဝင်းက ကလေးတွေကို ကိုယ်ခံအားကောင်းစေတဲ့ ဓာတ်တွေနဲ့ တစ်ခြား အာဟာရဓာတ်တွေပါ ပါတဲ့ နို့မှုန့်ကိုလည်း တိုက်တိုက်ပေးတယ် စက္ကူဘူးတွေနဲ့ ရှိသလို တစ်ခါသောက်အထုပ်လေးတွေနဲ့လဲ လာတယ်လေ… နို့ဆိုလို့ Calcium နဲ့ Vitamin D တစ်မျိုးတည်းပါတာမဟုတ်ဘဲ ကိုယ်ခံအားကောင်းဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ Zinc, Vitamin A နဲ့ Vitamin B6 တို့လည်းပါတယ်လေ အစာလည်းဖြစ်တယ် ဆေးလည်းဖြစ်တယ်… တမင်ကြီး အားဆေးတိုက်ဖို့တော့ မလိုတော့ဘူး ကိုယ်ခံအားကောင်းမှ ကလေးတွေလည်းကျန်းမာမှာလေ’

‘ ဟုတ်လားမမဝင်း ချိုက ထမင်းဟင်းပဲ ကျွေးတာ တစ်ခြားတွေ မကျွေးဖြစ်ဘူး နို့ဆိုလည်း ဘယ်လိုမျိုးတိုက်လို့ရတယ်ဆိုတာ ချိုမသိလို့’

‘ တချို့နို့မှုန့်တွေတော့ ရှိတယ် သေချာတော့မေးဝယ်ရတယ် ကလေးတွေအတွက်လိုအပ်တဲ့ အာဟာရတွေအပြင် ရောဂါတွေ ကာကွယ်ပေးနိုင်တဲ့ ကလေးတွေရဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးတဲ့ ဓာတ်တွေအစုံပါတယ် မမဝင်းတိုက်တဲ့ နို့နာမည် ကို ပြောပြလိုက်မယ်လေ အရသာလည်းကောင်း အားဆေးလိုလည်းဖြစ်တော့ ကလေးတွေ အတွက်ကောင်းတာပေါ့’

‘ ဟုတ်ကဲ့ မမဝင်းရေ ကျေးဇူးတင်ပါတယ် ချိုလည်း လုပ်ကြည့်ဦးမယ် မဟုတ်ရင် ချိုဈေးဝယ်ရတာ စဉ်းစားရလွန်းလို့ ‘

‘ ဒီလိုပါပဲ ကလေးအမေတွေက ကိုယ့်ကလေးတွေ နေမကောင်းဖြစ်တာ အစားမစားတာဆိုရင် ဘာလုပ်ပေးရမလဲပဲ စဉ်းစားနေကြရတာ ‘
‘ ဟုတ်တယ်မမဝင်းရေ တကယ်စဉ်းစားရတာ ဘာပဲဖြစ်ဖြစ်တော့ နည်းနည်းဝင်လည်း ဝင်ဆိုပြီးတော့ပါ
ချိုလည်းဈေးသွားဝယ်လိုက်ဦးမယ် မမဝင်းပြောတဲ့ နို့လည်း မေးဝယ်ရမယ် ကျေးဇူးအများကြီးတင်ပါတယ် သွားပြီနော်’

‘ အေးအေး…မချို ရေ.. မမဝင်းလည်း သွားပြီ’
အခုတော့လည်း မချိုတစ်ယောက် ဈေးခြင်းနဲ့ ခြေလှမ်းတွေသွက်လို့

Dr. CST

 

Previous Post

အာရုံကြောအားနည်းခြင်း

Next Post

အိပ်ရာဝင် လိင်ဆက်ဆံခြင်း အခက်အခဲရှိသူများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
824

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
993
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
670

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အိပ်ရာဝင် လိင်ဆက်ဆံခြင်း အခက်အခဲရှိသူများ

ဦးနှောက်သွေးယိုခြင်း

လေထိုးလေအောင့်နဲ့ရင်ပူခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.