fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

သိပ်ရခက်တဲ့ ကလေးများ

167
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/03/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

သိပ်ရခက်တဲ့ ကလေးများ

အသက်ငါးနှစ်အောက်ကလေးတွေမှာ အထူးသဖြင့် သုံးနှစ်ပတ်ချာလည်လေးတွေမှာ ကလေးတွေကို သိပ်ရပြီးဆို တော်တော်ခက်တတ်ကြပါတယ် နေ့ခင်းပိုင်းတွေက ဆော့ကစားလို့အိပ်လိုက်သေးတယ် ညဘက်တွေဆို သိပ်ရအလွန်ခက်တဲ့ ကလေးတွေရှိပါတယ်။

ကိုယ့်ကလေးရဲ့အိပ်ချိန်ကို ကိုယ်က ကြိုးစားပြီးပြုပြင်ယူပါ ကလေးငယ်သေးလို့ သူတို့အိပ်ချင်လာမှ အိပ်ပါစေဆိုပြီး ထားထားလို့မရပါဘူး ကလေးလေးတွေမှာလည်း လိုချင်တဲ့ အကျင့်ပုံစံကို ပြောင်းလဲလုပ်ပေးလို့ရပါတယ်။

ကလေးတွေ မအိပ်ခင်မှာတော့ အစားကို သေချာဝဝလင်လင် စားထားဖို့ လိုအပ်ပါတယ် အစားသေချာမစားထားဘူးဆိုရင် ဗိုက်ဆာနေတာကြောင့် လွယ်လွယ်မအိပ်တဲ့အပြင် အိပ်ပြီးလည်းပြန်ပြီးနိုးလွယ်တတ်ပါတယ်ကလေးတွေကိုအိပ်ဖို့ စပြင်တဲ့အခါမှာလည်း ပါးစပ်ကနေ ဘာတွေလုပ်ဖို့လိုတယ်ဆိုတာမျိုးတွေ ပြောနေပေးပါ လုပ်ရင်းပြောရင်းပါ ဥပမာ သားသားရေ မအိပ်ခင်သွားလေးတိုက်ရအောင် အိပ်ခါနီး ညဝတ်အကျႌ လဲပေးမယ်နော် အိပ်ခါနီး ရှူးရှူးတစ်ခါလောက်ပေါက်ရအောင်စသဖြင့်ပါ ကလေးကငယ်သေးလို့ ပြောဖို့မလိုဘူးမထင်ပါနဲ့ တစ်ချို့ကလေးတွေ စကားကောင်းကောင်းမပြောတတ်သေးရင်တောင်မှ မိဘတွေပြောနေတာကို နားထောင်ပါများလေလေ သူတို့လေးတွေ အကျင့် ဖြစ်လာလေလေပါ။

ကလေးတွေကို အိပ်ဖို့သိပ်ဖို့အကောင်းဆုံးအချိန်က ည ၉ နာရီလောက်ပါ အရမ်းနောက်ကျပြီးသိပ်တယ်ဆို အမြဲနောက်ကျမှအိပ်ပါလိမ့်မယ် ၉ နာရီစသိပ်တယ်ဆိုရင်တောင် တန်းပြီး အိပ်သွားမှာမဟုတ်ပါဘူး အိပ်ဖို့အချိန်ယူရပါဦးမယ် ကလေးတွေအိပ်ခါနီး အချိန်ဟာ အေးဆေးသာယာနေဖို့လိုပါတယ် ကလေးတွေနဲ့ တူတူ စာဖတ်ပြတာ ပုံပြင်ဖတ်ပြတာလေးတွေလုပ်ပေးပါ ပုံပြင်ကိုလည်းတစ်နေ့တစ်မျိုးမရိုးအောင်ဖတ်ပြတာမျိုးမဟုတ်ဘဲ အိပ်ခါနီးမှာ သူတို့အကြိုက်ဆုံးဖြစ်တတ်တဲ့ စာအုပ်တစ်မျိုးတည်းကိုပဲ ခဏခဏ ဖတ်ပေးပါ အိပ်ခါနီးအကျင့်တစ်ခုခုလုပ်ပေးထားသလိုပါပဲ။

စာမဖတ်ပဲ သီချင်းလေးတွေပြတယ် ကလေးရုပ်ရှင်လေးတွေပြတယ်ဆိုလည်းရပါတယ် ကလေးမျက်စိအတွက်တော့ ဂရုစိုက်ပါ အလင်းကောင်းကောင်းမှာ တီဗွီပြပါ screen မျက်နှာပြင် ကြီးပါစေ အရောင် colour အရမ်းမတောက်ပါစေနဲ့ ဖုန်းတွေကနေတစ်ဆင့်ပြတာမဟုတ်ဘဲ တီဗွီကနေပဲပြပေးစေချင်ပါတယ် အဝေးကပဲကြည့်ပါစေ ကလေးသီချင်းဖြစ်ဖို့တော့ လိုပါတယ် အိပ်ခါနီး ဆူညံလွန်းတဲ့ ရုပ်ရှင်တွေ သီချင်းတွေမဟုတ်ပါဘူး သာယာငြိမ့်ညောင်းတဲ့ ကလေးသီချင်းလေးတွေဖွင့်ပေးလို့ရပါတယ် အသစ်အဆန်းလေးတွေတစ်နေ့တစ်မျိုးမရိုးအောင်ပြနေတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းတစ်မျိုးတည်းကိုပဲ ပြပေးတာက ကလေးတွေအတွက်ပိုသင့်တော်ပါတယ် သီချင်းပြပေးရင်းနဲ့လည်း ကိုယ်ပါတူတူကြည့်ပါ ကလေးနဲ့တူတူသီချင်းဆိုလိုက်လုပ်ပါ ဖွင့်ပေးထားရင်းနဲ့လည်း ဒါလေးပြီးရင်အိပ်ရမယ်နော် စသဖြင့်ပြောပါ အခွေပြတာဖြစ်ဖြစ် သီချင်းဖြစ်ဖြစ် တော့ နာရီဝက်စာလောက်ပဲပြပါ ပြီးရင်အိပ်ရမယ်ဆိုတာကို ကလေးတွေ တစ်ဖြည်ဖြည်းနားလည်လာပါလိမ့်မယ်။

ကလေးတွေကို ပုခက်ထဲမှာပဲ အကျင့်လုပ်ပြီးမသိပ်စေချင်ပါဘူး မအိပ်ခင်လွှဲပေးနေရတာကို အကျင့်စွဲသွားပါလိမ့်မယ် ကလေးကြီးလာတာနဲ့ နေ့လည်ဘက်တွေကိုပါ အိပ်ယာထဲ ချသိပ်ပါ ညဘက်လည်းအိပ်ယာထဲမှာပဲ သိပ်ပါ အိပ်ခန်းကအလင်းကို အရမ်းမလင်းပါစေနဲ့ အမှောင်လည်းမချထားပါနဲ့ လေမွန်းနေတာမျိုးမဖြစ်ပါစေနဲ့ အိပ်ယာကလည်းသက်တောင့်သက်သာဖြစ်ပါစေ ကလေးကိုလှဲပြီးလူကြီးကဘေးကထိုင်ပြီး သိပ်တာဖြစ်စေ ကလေးရောလူကြီးရောတူတူလှဲပြီးသိပ်တာဖြစ်စေ လုပ်ပါ ကလေးကို ပုံပြင်လေးပြောပြတာ သီချင်းအေးအေးတွေ ဆိုပြတာ ကျောလေးပွတ်ပေးတာ စသဖြင့်ပါ။

ကလေးတွေကတန်းမအိပ်တတ်ပါဘူး အရမ်းအိပ်ချင်နေတဲ့ အခါကလွဲလို့ပါ ဒါတောင် တစ်ခါတစ်လေ အိပ်ချင်ပြီး မအိပ်ဖို့ကို တောင့်ခံနေတတ်ကြတယ် ခြေလက်လေးတွေက တစ်ခုခုကိုပြန်ပြန်စနေတတ်ကြတယ် မျက်စိမှိန်းလာပြီး ပြန်ပြန်ဖွင့်ကြည့်လာတတ်ကြတယ် ဒါမျိုးဖြစ်လာတယ်ဆိုလည်း ကလေးကို ဆက်ပြီးသိပ်ပေးပါ ကလေးကို မအိပ်လို့ဆူပူတာမျိုးမလုပ်ပါနဲ့ ဖြေးဖြေးချင်းပြောပေးပါ

တစ်ခါတစ်လေတော့ ကလေးကလုံးဝမအိပ်ချင်တတ်တာလည်းရှိပါတယ် နေ့လည်အိပ်ယာထနောက်ကျထားတဲ့ရက်ဆို ပိုသိသာပါတယ် ဒါမျိုးဆို အိပ်ယာထဲကပြန်ထုတ်ပါ ရှူးတည်တာ နို့တိုက်တာအစားကျွေးတာ တစ်ခုခုပြန်လုပ်ပါ အိပ်ယာအပြင်မှာ နာရီဝက်လောက်ထားပြီးမှပြန်သိပ်ပေးပါ။ ကလေးတွေ နေ့လည်အိပ်ချိန်ကိုလည်း နောက်မကျပါစေနဲ့ အသက်တစ်နှစ်ခွဲကနေ နှစ်နှစ်အရွယ်ကလေးတွေဟာ ညဘက်ကို တစ်ညလုံးတောက်လျှောက်အိပ်လာတတ်ကြပါတယ် တစ်ခါတစ်ရံ တစ်ခါလောက်ပဲ ပြန်နိုးတယ် ပြန်နိုးပေမယ့် နို့တိုက်ပြီးပြန်သိပ်လိုက်တာနဲ့ ပြန်အိပ်သွားတတ်ကြပါတယ်။

အနောက်နိုင်ငံအများစုကတော့ ကလေးတွေကို မိဘတွေနဲ့တူတူမအိပ်စေဘဲကုတင်သီးသန့်ခွဲအိပ်စေတတ်တယ် မွေးစမှာတော့ တစ်ခန်းတည်းထားသိပ်ပေမယ့် နောက်ပိုင်းတွေမှာ ကလေးအတွက်အခန်းသီးသန့်ထားပေးတတ်ကြတယ် ဒီလိုအကျင့်လုပ်ပေးတာက ကလေးအတွက် ကောင်းတာရှိသလို ဆိုးတာလည်းရှိပါတယ် မကောင်းတာကတော့ တစ်ခါတစ်လေ ကလေးတွေ မှောက်အိပ်နေမိရာကနေ အသက်ရှူလမ်းကြေင်းပိတ်နိုင်ပါတယ် အိပ်တဲ့အခါတွေမှာ ကလေးတွေရဲ့ဘေးတစ်ဖက်တစ်ချက်စီကနေ အကာတွေမြှင့်ပေးထားပြီး ညှပ်ပေးထားတယ်ဆိုရင်တော့ အဆင်ပြေပါတယ် ကလေးကို သက်သက်ခွဲသိပ်တာက ကလေးအတွက် ကျင့်သားရလာစေတယ် ညဘက်တွေ တစ်ရေးနိုး လာတဲ့အခါ မိဘတွေကို ချက်ချင်းမတွေ့ရတော့ အလိုလိုပြန်အိပ်သွားတာလည်းရှိတတ်တယ်။

ဘယ်လိုပဲပြောပြောပါ တစ်ချို့ ကလေးတွေကတော့ ဘယ်လိုပဲသိပ်သိပ် အိပ်ဖို့ခက်နေကြတုန်းပါပဲ။

Dr. CST

 

Previous Post

မိခင်လောင်းများနှင့် အာဟာရ

Next Post

ဆက်ဆံပြီးသည့်နောက်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
258

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
826

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
998
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
671

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆက်ဆံပြီးသည့်နောက်

လက်သည်းပြဿနာများ

ယောက္ခမအကြိုက်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.