ရာသီမလာ ကိုယ္ဝန္လည္းမဟုတ္
ကေလးလိုခ်င္ေသာ အိမ္ေထာင္ရွင္မမ်ားအတြက္ အေရးတႀကီးေမးခြန္းက `ရာသီလည္းမလာဘူး ကိုယ္ဝန္လည္းမဟုတ္ဘူးဆိုေတာ့´ဘာျဖစ္လို႔လဲ ဆိုတာ စိတ္ပူစြာ ေမးလာၾကတတ္ပါတယ္။ ထို႔အျပင္ အတူေနခ်စ္သူမ်ားသည္လည္း ရာသီမလာလို႔ စိတ္ပူေနၿပီး ကိုယ္ဝန္မ်ားရွိေနၿပီလား ဟူေသာ စိုးရိမ္တထိတ္ထိတ္နဲ႔ ေမးလာတတ္ၾကပါတယ္။ ဒါေၾကာင့္ ရာသီမလာပဲ ကိုယ္ဝန္လည္းမဟုတ္ဘဲ တျခားဘာအေၾကာင္းရင္းေတြေၾကာင့္ ျဖစ္ႏိုင္ေခ်မ်ားသည္ကို ရွင္းျပေပးလိုက္ပါတယ္။
(၁)ကိုယ္ဝန္ရွိေနျခင္း
ကိုယ္ဝန္ရွိေနေသာေၾကာင့္ ရာသီမလာျခင္းျဖစ္သည္မွာ ပထမဦးဆုံး အေၾကာင္းရင္းတစ္ရပ္ပင္ ျဖစ္ပါတယ္။ ကိုယ္ဝန္စစ္နည္း မမွန္ျခင္းေၾကာင့္ မေပၚေသာေၾကာင့္ ျဖစ္ႏိုင္ပါသည္။
(၂)ကိုယ္ဝန္တားေဆးမ်ား ေသာက္ျခင္း၊ ထိုးျခင္း
မိမိသုံးစြဲေနေသာ ၊သုံးစြဲခဲ့ေသာ တားေဆးမ်ား ေၾကာင့္ ရာသီမလာျခင္း ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ လိုအပ္ပါက ဆရာဝန္နဲ႔ေသခ်ာေဆြးေႏြး၍ ရာသီျပန္လာေအာင္ျပဳလုပ္၍ ရႏိုင္ပါတယ္။
(၃)သိုင္း႐ြိဳက္ဂလင္း ျပႆနာမ်ား
သိုင္း႐ြိဳက္ဂလင္းသည္ ကိုယ္ခႏၶာရဲ႕ ဇီဝကမၼျဖစ္စဥ္မ်ားကို ထိန္းညႇိေပးေသာေၾကာင့္ ေဟာ္မုန္းမ်ားထြက္ေစၿပီး ကိုယ္အပူခ်ိန္ ထိန္းခ်ဳပ္ထားပါတယ္။ သိုင္း႐ြိဳက္ဂလင္းလုပ္ေဆာင္ခ်က္ ခ်ိဳ႕ယြင္းမႈ ျဖစ္လွ်င္ မမ်ိဳးဥေႂကြျခင္းကို တားဆီးၿပီး ရာသီကေမာက္ကမ ျဖစ္ေစပါတယ္။ ေသခ်ာဆရာဝန္ႏွင့္ ကုသလွ်င္ ပုံမွန္အေျခအေန ျပန္ေရာက္ႏိုင္ပါတယ္။ ဒါေၾကာင့္ ရာသီမလာျခင္းသည္ သိုင္း႐ြိဳက္ဂလင္းေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။
(၄)ေလ့က်င့္ခန္း အလြန္အကြၽံ ျပဳလုပ္ျခင္း
အစာနည္းနည္းစားၿပီး ေန႔စဥ္ကိုယ္အေလးခ်ိန္ ေလ်ာ့က်ရန္ ေလ့က်င့္ခန္း အလြန္အကြၽံျပဳလုပ္ျခင္းေၾကာင့္ ရာသီမလာျခင္း ျဖစ္ေစႏိုင္ပါတယ္။
(၅)တားေဆးျဖတ္သည္မွာ လအနည္းငယ္သာရွိျခင္း
အခ်ိဳ႕တားေဆးမ်ားသည္ ရာသီမွန္ေစၿပီး ဆက္မေသာက္ေသာအခါ ရာသီကေမာက္ကမ ျဖစ္ေစႏိုင္ပါတယ္။ ထိုအခါ လအနည္းငယ္ၾကာလွ်င္ ရာသီျပန္ေပၚေစတတ္ပါတယ္။ ထို႔ေၾကာင့္ရာသီမလာေသာ္လည္း မမ်ိဳးဥေႂကြႏိူင္ေသာေၾကာင့္ ကိုယ္ဝန္မလိုခ်င္ေသးလွ်င္ အကာကြယ္ ကြန္ဒုံး သုံးႏိုင္ပါတယ္။
(၆)စိတ္ဖိစီးမႈမ်ားျခင္း
အခ်ိဳ႕စိတ္ပင္ပန္းစြာ အလုပ္လုပ္ေနေသာ အမ်ိဳးသမီးမ်ားႏွင့္ အတူေနထားၿပီး ကိုယ္ဝန္ရွိမွာကို စိုးရိမ္မႈ လြန္ကဲေနေသာ အမ်ိဳးသမီးမ်ားတြင္ စိတ္ဖိစီးမႈဒဏ္ေၾကာင့္ ရာသီမေပၚျခင္း ျဖစ္တတ္ပါတယ္။
(၇)မမ်ိဳးဥအိမ္တြင္ ေရအိတ္မ်ားစြာရွိျခင္း
မမ်ိဳးဥအိမ္တြင္ ေရအိတ္မ်ားစြာ ရွိေနေသာေၾကာင့္ ရာသီမေပၚျခင္း ျဖစ္ေစႏိုင္ပါတယ္။ ေသခ်ာ ကုသမႈ ခံယူသင့္ပါတယ္။
(၈)ပစ္က်ဳထရီဂလင္းျပႆနာမ်ားေၾကာင့္
ရာသီလည္းမေပၚ၊ ႏို႔ရည္လည္းထြက္၊ ေခါင္းလည္းကိုက္သည့္ လကၡဏာမ်ားရွိလွ်င္ ပစ္က်ထရီဂလင္းေၾကာင့္ဟု ေသြးစစ္ျခင္းျဖင့္ သိရွိႏိုင္ပါတယ္။ ေသခ်ာေဟာ္မုန္းေဗဒ အထူးကုနဲ႔ျပသၿပီး ကုသမႈ ခံယူပါ။
(၉)အဝလြန္ျခင္း
အဝလြန္ အမ်ိဳးသမီးမ်ားသည္ ပုံမွန္အမ်ိဳးသမီးမ်ားထက္ ရာသီကေမာက္ကမျဖစ္ရန္ ႏွစ္ဆပိုအခြင့္အလမ္းရွိပါတယ္။ ကိုယ္အေလးခ်ိန္မွန္ေအာင္ ျပဳလုပ္ျခင္းျဖင့္ ရာသီမွန္ေအာင္ျပဳလုပ္သင့္ပါတယ္။
(၁၀)စိတ္လႈပ္ရွားျခင္း
ဥပမာ မိမိေနထိုင္ရာ ပတ္ဝန္းက်င္အသစ္ ေျပာင္းလဲျခင္း၊ အလုပ္အကိုင္ႏွင့္ မိတ္ေဆြအသစ္မ်ား ေျပာင္းလဲျခင္းသည္လည္း ရာသီမေပၚျခင္း ျဖစ္ေစေသာ အေၾကာင္းရင္း ျဖစ္ႏိုင္ပါတယ္။
Author : Dr. ျပည့္ရွင္း
ရာသီမလာ ကိုယ်ဝန်လည်းမဟုတ်
ကလေးလိုချင်သော အိမ်ထောင်ရှင်မများအတွက် အရေးတကြီးမေးခွန်းက `ရာသီလည်းမလာဘူး ကိုယ်ဝန်လည်းမဟုတ်ဘူးဆိုတော့´ဘာဖြစ်လို့လဲ ဆိုတာ စိတ်ပူစွာ မေးလာကြတတ်ပါတယ်။ ထို့အပြင် အတူနေချစ်သူများသည်လည်း ရာသီမလာလို့ စိတ်ပူနေပြီး ကိုယ်ဝန်များရှိနေပြီလား ဟူသော စိုးရိမ်တထိတ်ထိတ်နဲ့ မေးလာတတ်ကြပါတယ်။ ဒါကြောင့် ရာသီမလာပဲ ကိုယ်ဝန်လည်းမဟုတ်ဘဲ တခြားဘာအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ချေများသည်ကို ရှင်းပြပေးလိုက်ပါတယ်။
(၁)ကိုယ်ဝန်ရှိနေခြင်း
ကိုယ်ဝန်ရှိနေသောကြောင့် ရာသီမလာခြင်းဖြစ်သည်မှာ ပထမဦးဆုံး အကြောင်းရင်းတစ်ရပ်ပင် ဖြစ်ပါတယ်။ ကိုယ်ဝန်စစ်နည်း မမှန်ခြင်းကြောင့် မပေါ်သောကြောင့် ဖြစ်နိုင်ပါသည်။
(၂)ကိုယ်ဝန်တားဆေးများ သောက်ခြင်း၊ ထိုးခြင်း
မိမိသုံးစွဲနေသော ၊သုံးစွဲခဲ့သော တားဆေးများ ကြောင့် ရာသီမလာခြင်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လိုအပ်ပါက ဆရာဝန်နဲ့သေချာဆွေးနွေး၍ ရာသီပြန်လာအောင်ပြုလုပ်၍ ရနိုင်ပါတယ်။
(၃)သိုင်းရွိုက်ဂလင်း ပြဿနာများ
သိုင်းရွိုက်ဂလင်းသည် ကိုယ်ခန္ဓာရဲ့ ဇီဝကမ္မဖြစ်စဉ်များကို ထိန်းညှိပေးသောကြောင့် ဟော်မုန်းများထွက်စေပြီး ကိုယ်အပူချိန် ထိန်းချုပ်ထားပါတယ်။ သိုင်းရွိုက်ဂလင်းလုပ်ဆောင်ချက် ချို့ယွင်းမှု ဖြစ်လျှင် မမျိုးဥကြွေခြင်းကို တားဆီးပြီး ရာသီကမောက်ကမ ဖြစ်စေပါတယ်။ သေချာဆရာဝန်နှင့် ကုသလျှင် ပုံမှန်အခြေအနေ ပြန်ရောက်နိုင်ပါတယ်။ ဒါကြောင့် ရာသီမလာခြင်းသည် သိုင်းရွိုက်ဂလင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
(၄)လေ့ကျင့်ခန်း အလွန်အကျွံ ပြုလုပ်ခြင်း
အစာနည်းနည်းစားပြီး နေ့စဉ်ကိုယ်အလေးချိန် လျော့ကျရန် လေ့ကျင့်ခန်း အလွန်အကျွံပြုလုပ်ခြင်းကြောင့် ရာသီမလာခြင်း ဖြစ်စေနိုင်ပါတယ်။
(၅)တားဆေးဖြတ်သည်မှာ လအနည်းငယ်သာရှိခြင်း
အချို့တားဆေးများသည် ရာသီမှန်စေပြီး ဆက်မသောက်သောအခါ ရာသီကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ ထိုအခါ လအနည်းငယ်ကြာလျှင် ရာသီပြန်ပေါ်စေတတ်ပါတယ်။ ထို့ကြောင့်ရာသီမလာသော်လည်း မမျိုးဥကြွေနိူင်သောကြောင့် ကိုယ်ဝန်မလိုချင်သေးလျှင် အကာကွယ် ကွန်ဒုံး သုံးနိုင်ပါတယ်။
(၆)စိတ်ဖိစီးမှုများခြင်း
အချို့စိတ်ပင်ပန်းစွာ အလုပ်လုပ်နေသော အမျိုးသမီးများနှင့် အတူနေထားပြီး ကိုယ်ဝန်ရှိမှာကို စိုးရိမ်မှု လွန်ကဲနေသော အမျိုးသမီးများတွင် စိတ်ဖိစီးမှုဒဏ်ကြောင့် ရာသီမပေါ်ခြင်း ဖြစ်တတ်ပါတယ်။
(၇)မမျိုးဥအိမ်တွင် ရေအိတ်များစွာရှိခြင်း
မမျိုးဥအိမ်တွင် ရေအိတ်များစွာ ရှိနေသောကြောင့် ရာသီမပေါ်ခြင်း ဖြစ်စေနိုင်ပါတယ်။ သေချာ ကုသမှု ခံယူသင့်ပါတယ်။
(၈)ပစ်ကျုထရီဂလင်းပြဿနာများကြောင့်
ရာသီလည်းမပေါ်၊ နို့ရည်လည်းထွက်၊ ခေါင်းလည်းကိုက်သည့် လက္ခဏာများရှိလျှင် ပစ်ကျထရီဂလင်းကြောင့်ဟု သွေးစစ်ခြင်းဖြင့် သိရှိနိုင်ပါတယ်။ သေချာဟော်မုန်းဗေဒ အထူးကုနဲ့ပြသပြီး ကုသမှု ခံယူပါ။
(၉)အဝလွန်ခြင်း
အဝလွန် အမျိုးသမီးများသည် ပုံမှန်အမျိုးသမီးများထက် ရာသီကမောက်ကမဖြစ်ရန် နှစ်ဆပိုအခွင့်အလမ်းရှိပါတယ်။ ကိုယ်အလေးချိန်မှန်အောင် ပြုလုပ်ခြင်းဖြင့် ရာသီမှန်အောင်ပြုလုပ်သင့်ပါတယ်။
(၁၀)စိတ်လှုပ်ရှားခြင်း
ဥပမာ မိမိနေထိုင်ရာ ပတ်ဝန်းကျင်အသစ် ပြောင်းလဲခြင်း၊ အလုပ်အကိုင်နှင့် မိတ်ဆွေအသစ်များ ပြောင်းလဲခြင်းသည်လည်း ရာသီမပေါ်ခြင်း ဖြစ်စေသော အကြောင်းရင်း ဖြစ်နိုင်ပါတယ်။
Author : Dr. ပြည့်ရှင်း