fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

မီးတွင်းကာလ ကလေးအတက်ရောဂါ

359
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/04/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A
မီးတြင္းကာလ ကေလးအတက္ေရာဂါ

ကေလးငယ္မ်ားအေနႏွင့္ ဦးေႏွာက္ႏွင့္ အာရံုေၾကာစနစ္ ေကာင္းမြန္စြာ မျပည့္စံုေသးေသာအခ်ိန္တြင္ အတက္ေရာဂါလကၡဏာမ်ားကို ရံဖန္ရံခါခံစားရႏိုင္သည္။ တက္ျခင္းဟူသည္မွာ ဦးေႏွာက္အတြင္း ပံုမွန္မဟုတ္ေသာ အာရံုေၾကာစနစ္ လႈပ္ရွားမႈ ေၾကာင့္  ျဖစ္ေသာ လကၡဏာတရပ္ပင္ျဖစ္သည္။ တခါတရံ တက္ေနေသာကေလးတြင္ အတက္ေရာဂါေၾကာင့္ျဖစ္ေသာ လႈပ္ရွားမႈမ်ားကို ေကာင္းစြာျမင္ႏိုင္ေသာ္လည္း အခ်ိဳ႕ကေလးမ်ားတြင္ သိသာထင္ရွားျခင္းမရွိသည့္ လႈပ္ရွားမႈမ်ိဳးကိုလည္း  ျမင္ေတြ႔ တတ္သည္။

 

– လႈပ္ရွားမႈကို ျမင္ေတြ႔ႏိုင္ေသာ တက္ျခင္း

– ကေလး၏ လက္/ေျခမ်ားစည္းခ်က္က်က်တုန္ေနျခင္း

– လက္ေမာင္းမ်ား ေကြးေနျခင္း/ဆန္႔ေနျခင္း (တဖက္တည္း/ႏွစ္ဖက္စလံုး)

– ေျခေထာက္မ်ား ေကြးေနျခင္း/ဆန္႔ေနျခင္း (တဖက္တည္း/ႏွစ္ဖက္စလံုး)

 

– သိသာထင္ရွားျခင္းမရွိသည့္တက္ျခင္း

– ပံုမွန္မဟုတ္ေသာ မ်က္ေတာင္တဖ်က္ဖ်က္ ခတ္ေနျခင္း၊

– ႏႈတ္ခမ္းလႈပ္ေနျခင္း၊ တခုခုကို စုပ္ေနဟန္အသံထြက္ေနျခင္း၊

– ပက္လက္ထားစဥ္ စက္ဘီးစီးေနဟန္ (သို႔) ေရကူးေနဟန္ လႈပ္ရွားေနျခင္း။

တက္ျခင္း လကၡဏာမ်ားသည္ စကၠန္႔အနည္းငယ္မွ (10)မိနစ္ခန္႔အထိ ၾကာျမင့္ႏိုင္သည္။

 

ေမြးကင္းစကေလးတက္ျခင္းကို ျဖစ္ေစႏိုင္ေသာ အေၾကာင္းအရာမ်ား

ေမြးကင္းစကေလးတက္ျခင္းကို ျဖစ္ေစႏိုင္ေသာ အေၾကာင္းအရာမ်ား မ်ားစြာ ရွိသည္။ ၎တို႔အထဲမွ အေတြ႔မ်ားေသာ အေၾကာင္းအရာမ်ားမွာ

  • အဟာရခ်ိဳ႕တဲ့ျခင္းေၾကာင့္ျဖစ္ေသာတက္ျခင္း (သၾကားဓာတ္၊ ကယ္လ္ဆီယမ္)
  • အိပ္ေပ်ာ္ေနစဥ္ျဖစ္တတ္ေသာ ကေလးအတက္ေရာဂါ၊
  • အစာေျခဖ်က္မႈစနစ္ ပံုမွန္မဟုတ္ေသာကေလးမ်ားတြင္ ေသြးအတြင္းရွိေနသည့္ ဓာတုပစၥည္းမ်ား ကေမာက္ကမျဖစ္ျခင္းေၾကာင့္ျဖစ္ေသာ တက္ျခင္း (ေမြးရာပါ (သို႔) အျခားေရာဂါမ်ားေၾကာင့္လည္းျဖစ္ႏိုင္)။
  • ဦးေႏွာက္အတြင္း ေသြးႏွင့္ေအာက္ဆီဂ်င္ ေကာင္းစြာမေရာက္ျခင္းေၾကာင့္ ျဖစ္ေသာ  တက္ျခင္း။
  • ေမြးစဥ္ႏွင့္ ေမြးၿပီးေနာက္ပိုင္း အာရံုေၾကာစနစ္အတြင္း ပိုးဝင္ေရာက္ျခင္းေၾကာင့္ တက္ျခင္း။ (ဦးေႏွာက္အေျမႇးေရာင္ျခင္း၊ ဦးေႏွာက္ေရာင္ျခင္း)
  • ဦးေႏွာက္အတြင္း ေသြးယိုစီးျခင္းေၾကာင့္တက္ျခင္း။
  • ဦးေႏွာက္ဖြဲ႔စည္းမႈ ပံုမွန္မဟုတ္ေသာ ေမြးရာပါအေျခအေနမ်ားေၾကာင့္တက္ျခင္း။
  • အေၾကာင္းကိစၥ တိတိက်က်မသိႏိုင္ေသာ အတက္ေရာဂါမ်ားႏွင့္
  • အတက္ေရာဂါရွိေသာ မိခင္မွေမြးဖြားေသာ ကေလးမ်ားတြင္လည္း အတက္ေရာဂါကို ခံစားရႏိုင္သည္။

 

ေမြးကင္းစကေလးအတက္ေရာဂါႏွင့္ ပတ္သတ္ေသာ သိထားသင့္သည့္အခ်က္မ်ား
  • မီးတြင္းကာလ ပထမ ၂၈ရက္အတြင္း တက္ျခင္းကို မၾကာခဏေတြ႕ရတတ္သည္။
  • ကေလးအသက္ (၁၀) ရက္မျပည့္မီ အမ်ားဆံုးေတြ႔ရတတ္သည္။
  • ကေလးအေယာက္ (၁၀၀၀)တြင္ အနည္းဆံုး (၃)ဦးခန္႔ အတက္ေရာဂါ ခံစားရႏိုင္သည္။
  • ေန႔မေစ့၊ လမေစ့ေသာ ကေလးမ်ားတြင္ အတက္ေရာဂါပိုမိုခံစားရႏိုင္သည္ၿပီး အတက္ေရာဂါရွိေသာ ကေလးငယ္မ်ား၏ တဝက္ခန္႔သည္ အသက္ႀကီးသည္ အထိအတက္ေရာဂါကို ခံစားရႏိုင္သည္။
မိမိကေလးတြင္ အတက္ေရာဂါလကၡဏာမ်ားခံစားရလွ်င္

ေမြးကင္းစကေလးတက္ျခင္းသည္ ဦးေႏွာက္ပံုမွန္အလုပ္မလုပ္ႏိုင္လွ်င္ ျဖစ္သည့္ လကၡဏာျဖစ္သျဖင့္

  • နီးစပ္ရာကေလးဆရာဝန္(သို႔) ကေလးဦးေႏွာက္ႏွင့္ အာရံုေၾကာဆရာဝန္ႏွင့္ အျမန္ဆံုးတုိင္ပင္ျပသ ကုသမႈခံယူရမည္။
  • တက္ျခင္းကိုျဖစ္ပြားေစေသာ အေျခခံအေၾကာင္းအရင္းကိုလိုက္၍ အမ်ားစုမွာ လံုးဝသက္သာ ေပ်ာက္ကင္္းသြားတတ္ေသာ္လည္း အခ်ဳိ႕ေသာ ကေလးမ်ားတြင္ ျပင္းထန္ေသာ ေနာက္ဆက္တြဲျပႆနာမ်ားျဖစ္သည့္ CP ေခၚ ဦးေႏွာက္ ပ်က္စီးျခင္း ႏွင့္ ဖြ႔ံၿဖိဳးမႈ ေႏွာင့္ေႏွးျခင္းကဲ့သုိ႔ေသာ ေရာဂါမ်ားျဖစ္ပြားႏိုင္သည့္ အတြက္ မည္ကဲ့သို႔တက္သည္ျဖစ္ေစ ဆရာဝန္ႏွင့္တိုင္ပင္ၿပီး စနစ္တက်ကုသမႈ ခံယူရန္ အလြန္အေရးႀကီးသည္။
  • ေရာဂါျဖစ္ပြားရေသာ အေၾကာင္းအရင္းကိုလိုက္၍ ကုသမႈပံုစံမ်ား အမ်ဳိးမ်ဳိး ရွိသျဖင့္ မိမိသေဘာျဖင့္မိမိ ေဆးမ်ားဝယ္တိုက္ျခင္းမ်ိဳး အထူးေရွာင္က်ဥ္ရမည္။

 

တက္ေနေသာေမြးကင္းစကေလးအား ျပဳစုရန္နည္းလမ္းမ်ား

အကယ္၍ ညအခ်ိန္မေတာ္တက္လွ်င္ (သုိ႔မဟုတ္) အနီးအနားတြင္ နားလည္ တတ္ကၽြမ္းေသာဆရာဝန္မရွိလွ်င္ ေအာက္ပါ အတက္လူနာ(ကေလး)ကို ျပဳစုရမည့္ နည္းလမ္းမ်ားအတိုင္းျပဳစုေပးထားႏိုင္သည္။

(၁)  အမွန္တကယ္တက္ေနျခင္းဟုတ္/မဟုတ္ကို ေသခ်ာေအာင္ၾကည့္ပါ။

(၂)  ကေလးအား ေဘးေစာင္းအေနအထားျဖစ္ေအာင္ ျပင္ေပးပါ။

(၃)  ကေလးပါးစပ္အတြင္း မည္သည့္ပစၥည္းမွ မထည့္မိေစရန္ ဂရုျပဳပါ။

(၄)  တင္းက်ပ္လြန္းေသာ အဝတ္အထည္၊ အႏွီးမ်ားကို ေျဖေလ်ာ့ေပးထားပါ။

(၅)  အိမ္ခန္းအတြင္း ေလဝင္ေလထြက္မေကာင္းလွ်င္ ေလဝင္ေလထြက္ေကာင္းေသာ  ေနရာသို႔ ကေလးအားေရႊ႕ေျပာင္းေပးပါ။

(၅)  ကေလးလက္မ်ား၊ ေျခေထာက္မ်ားအား အတင္းဆြဲ၍ဆန္႔ျခင္း၊ ေကြးျခင္း လံုးဝ မျပဳလုပ္ရပါ။

(၆)  ကေလးတက္ၿပီး ၿငိမ္သြားလွ်င္ ႏႈိး၍ ႏို႔တုိက္ရမည့္အျပင္ ပံုမွန္ထက္ပို၍ ႏို႔ခ်ိဳ တိုက္ေကၽြးသင့္သည္။

(၇)  ျဖစ္ႏိုင္လွ်င္ ကေလးတက္ေနစဥ္တေလ်ာက္ ဖုန္း/ကင္မရာျဖင့္ ဓာတ္ပံု/ဗီဒီယို ရိုက္ကူးထားၿပီး ေဆးခန္းသြားလွ်င္ တပါတည္းယူေဆာင္သြားပါ။

(၈) ဆရာဝန္ႏွင့္ အျမန္ဆံုးတိုင္ပင္ျပသပါ။

အတက္ေရာဂါကင္းစင္ၿပီး ဥာဏ္ရည္ထက္ျမက္ေသာ သားေကာင္းရတနာ၊ သမီးေကာင္းရတနာေလးမ်ား ျဖစ္ၾကပါေစ…….

တင့္တယ္

 

Unicode

မီးတွင်းကာလ ကလေးအတက်ရောဂါ

ကလေးငယ်များအနေနှင့် ဦးနှောက်နှင့် အာရုံကြောစနစ် ကောင်းမွန်စွာ မပြည့်စုံသေးသောအချိန်တွင် အတက်ရောဂါလက္ခဏာများကို ရံဖန်ရံခါခံစားရနိုင်သည်။ တက်ခြင်းဟူသည်မှာ ဦးနှောက်အတွင်း ပုံမှန်မဟုတ်သော အာရုံကြောစနစ် လှုပ်ရှားမှု ကြောင့်  ဖြစ်သော လက္ခဏာတရပ်ပင်ဖြစ်သည်။ တခါတရံ တက်နေသောကလေးတွင် အတက်ရောဂါကြောင့်ဖြစ်သော လှုပ်ရှားမှုများကို ကောင်းစွာမြင်နိုင်သော်လည်း အချို့ကလေးများတွင် သိသာထင်ရှားခြင်းမရှိသည့် လှုပ်ရှားမှုမျိုးကိုလည်း  မြင်တွေ့ တတ်သည်။

 

– လှုပ်ရှားမှုကို မြင်တွေ့နိုင်သော တက်ခြင်း

– ကလေး၏ လက်/ခြေများစည်းချက်ကျကျတုန်နေခြင်း

– လက်မောင်းများ ကွေးနေခြင်း/ဆန့်နေခြင်း (တဖက်တည်း/နှစ်ဖက်စလုံး)

– ခြေထောက်များ ကွေးနေခြင်း/ဆန့်နေခြင်း (တဖက်တည်း/နှစ်ဖက်စလုံး)

 

– သိသာထင်ရှားခြင်းမရှိသည့်တက်ခြင်း

– ပုံမှန်မဟုတ်သော မျက်တောင်တဖျက်ဖျက် ခတ်နေခြင်း၊

– နှုတ်ခမ်းလှုပ်နေခြင်း၊ တခုခုကို စုပ်နေဟန်အသံထွက်နေခြင်း၊

– ပက်လက်ထားစဉ် စက်ဘီးစီးနေဟန် (သို့) ရေကူးနေဟန် လှုပ်ရှားနေခြင်း။

တက်ခြင်း လက္ခဏာများသည် စက္ကန့်အနည်းငယ်မှ (10)မိနစ်ခန့်အထိ ကြာမြင့်နိုင်သည်။

 

မွေးကင်းစကလေးတက်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းအရာများ

မွေးကင်းစကလေးတက်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းအရာများ များစွာ ရှိသည်။ ၎င်းတို့အထဲမှ အတွေ့များသော အကြောင်းအရာများမှာ

  • အဟာရချို့တဲ့ခြင်းကြောင့်ဖြစ်သောတက်ခြင်း (သကြားဓာတ်၊ ကယ်လ်ဆီယမ်)
  • အိပ်ပျော်နေစဉ်ဖြစ်တတ်သော ကလေးအတက်ရောဂါ၊
  • အစာခြေဖျက်မှုစနစ် ပုံမှန်မဟုတ်သောကလေးများတွင် သွေးအတွင်းရှိနေသည့် ဓာတုပစ္စည်းများ ကမောက်ကမဖြစ်ခြင်းကြောင့်ဖြစ်သော တက်ခြင်း (မွေးရာပါ (သို့) အခြားရောဂါများကြောင့်လည်းဖြစ်နိုင်)။
  • ဦးနှောက်အတွင်း သွေးနှင့်အောက်ဆီဂျင် ကောင်းစွာမရောက်ခြင်းကြောင့် ဖြစ်သော  တက်ခြင်း။
  • မွေးစဉ်နှင့် မွေးပြီးနောက်ပိုင်း အာရုံကြောစနစ်အတွင်း ပိုးဝင်ရောက်ခြင်းကြောင့် တက်ခြင်း။ (ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်း)
  • ဦးနှောက်အတွင်း သွေးယိုစီးခြင်းကြောင့်တက်ခြင်း။
  • ဦးနှောက်ဖွဲ့စည်းမှု ပုံမှန်မဟုတ်သော မွေးရာပါအခြေအနေများကြောင့်တက်ခြင်း။
  • အကြောင်းကိစ္စ တိတိကျကျမသိနိုင်သော အတက်ရောဂါများနှင့်
  • အတက်ရောဂါရှိသော မိခင်မှမွေးဖွားသော ကလေးများတွင်လည်း အတက်ရောဂါကို ခံစားရနိုင်သည်။
မွေးကင်းစကလေးအတက်ရောဂါနှင့် ပတ်သတ်သော သိထားသင့်သည့်အချက်များ
  • မီးတွင်းကာလ ပထမ ၂၈ရက်အတွင်း တက်ခြင်းကို မကြာခဏတွေ့ရတတ်သည်။
  • ကလေးအသက် (၁၀) ရက်မပြည့်မီ အများဆုံးတွေ့ရတတ်သည်။
  • ကလေးအယောက် (၁၀၀၀)တွင် အနည်းဆုံး (၃)ဦးခန့် အတက်ရောဂါ ခံစားရနိုင်သည်။
  • နေ့မစေ့၊ လမစေ့သော ကလေးများတွင် အတက်ရောဂါပိုမိုခံစားရနိုင်သည်ပြီး အတက်ရောဂါရှိသော ကလေးငယ်များ၏ တဝက်ခန့်သည် အသက်ကြီးသည် အထိအတက်ရောဂါကို ခံစားရနိုင်သည်။
မိမိကလေးတွင် အတက်ရောဂါလက္ခဏာများခံစားရလျှင်

မွေးကင်းစကလေးတက်ခြင်းသည် ဦးနှောက်ပုံမှန်အလုပ်မလုပ်နိုင်လျှင် ဖြစ်သည့် လက္ခဏာဖြစ်သဖြင့်

  • နီးစပ်ရာကလေးဆရာဝန်(သို့) ကလေးဦးနှောက်နှင့် အာရုံကြောဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ပြသ ကုသမှုခံယူရမည်။
  • တက်ခြင်းကိုဖြစ်ပွားစေသော အခြေခံအကြောင်းအရင်းကိုလိုက်၍ အများစုမှာ လုံးဝသက်သာ ပျောက်ကင်းသွားတတ်သော်လည်း အချို့သော ကလေးများတွင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများဖြစ်သည့် CP ခေါ် ဦးနှောက် ပျက်စီးခြင်း နှင့် ဖွံ့ဖြိုးမှု နှောင့်နှေးခြင်းကဲ့သို့သော ရောဂါများဖြစ်ပွားနိုင်သည့် အတွက် မည်ကဲ့သို့တက်သည်ဖြစ်စေ ဆရာဝန်နှင့်တိုင်ပင်ပြီး စနစ်တကျကုသမှု ခံယူရန် အလွန်အရေးကြီးသည်။
  • ရောဂါဖြစ်ပွားရသော အကြောင်းအရင်းကိုလိုက်၍ ကုသမှုပုံစံများ အမျိုးမျိုး ရှိသဖြင့် မိမိသဘောဖြင့်မိမိ ဆေးများဝယ်တိုက်ခြင်းမျိုး အထူးရှောင်ကျဉ်ရမည်။

 

တက်နေသောမွေးကင်းစကလေးအား ပြုစုရန်နည်းလမ်းများ

အကယ်၍ ညအချိန်မတော်တက်လျှင် (သို့မဟုတ်) အနီးအနားတွင် နားလည် တတ်ကျွမ်းသောဆရာဝန်မရှိလျှင် အောက်ပါ အတက်လူနာ(ကလေး)ကို ပြုစုရမည့် နည်းလမ်းများအတိုင်းပြုစုပေးထားနိုင်သည်။

(၁)  အမှန်တကယ်တက်နေခြင်းဟုတ်/မဟုတ်ကို သေချာအောင်ကြည့်ပါ။

(၂)  ကလေးအား ဘေးစောင်းအနေအထားဖြစ်အောင် ပြင်ပေးပါ။

(၃)  ကလေးပါးစပ်အတွင်း မည်သည့်ပစ္စည်းမှ မထည့်မိစေရန် ဂရုပြုပါ။

(၄)  တင်းကျပ်လွန်းသော အဝတ်အထည်၊ အနှီးများကို ဖြေလျော့ပေးထားပါ။

(၅)  အိမ်ခန်းအတွင်း လေဝင်လေထွက်မကောင်းလျှင် လေဝင်လေထွက်ကောင်းသော  နေရာသို့ ကလေးအားရွှေ့ပြောင်းပေးပါ။

(၅)  ကလေးလက်များ၊ ခြေထောက်များအား အတင်းဆွဲ၍ဆန့်ခြင်း၊ ကွေးခြင်း လုံးဝ မပြုလုပ်ရပါ။

(၆)  ကလေးတက်ပြီး ငြိမ်သွားလျှင် နှိုး၍ နို့တိုက်ရမည့်အပြင် ပုံမှန်ထက်ပို၍ နို့ချို တိုက်ကျွေးသင့်သည်။

(၇)  ဖြစ်နိုင်လျှင် ကလေးတက်နေစဉ်တလျောက် ဖုန်း/ကင်မရာဖြင့် ဓာတ်ပုံ/ဗီဒီယို ရိုက်ကူးထားပြီး ဆေးခန်းသွားလျှင် တပါတည်းယူဆောင်သွားပါ။

(၈) ဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ပြသပါ။

အတက်ရောဂါကင်းစင်ပြီး ဉာဏ်ရည်ထက်မြက်သော သားကောင်းရတနာ၊ သမီးကောင်းရတနာလေးများ ဖြစ်ကြပါစေ…….

တင့်တယ်

Previous Post

ကျန်းမာရေးအတွက် အကျိုးရှိစေသော ရေသောက်နည်း

Next Post

သင်္ကြန်ရေနဲ့ အရေပြား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
259

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
830

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
999
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
672

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သင်္ကြန်ရေနဲ့ အရေပြား

သွား ၂ချောင်းကြားက အနက်ရောင်တြိဂံများ (Black Triangles Between Teeth)

သာယာမှု နောက်ဆက်တွဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.