fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ယောက္ခမအကြိုက်

64
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/03/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)

မိသားစုထဲတြင္ အငယ္ဆံုးသမီးျဖစ္ေသာေဆာင္းကိုအေဖနွင့္ အေမကအလြန္ခ်စ္၏။ အစ္ကိုနွင့္ အစ္မကလည္းအေထြးဆံုးညီမေလးမို႔ အလိုလိုက္ အၾကိဳက္ေဆာင္ၾကသည္။ ေဆာင္းကလည္းအငယ္ဆံုးဆိုေပမဲ့ မိဘစကား၊အကိုအမေတြ၏ စကားကိုဖယ္ရွားတတ္ေသာသူမဟုတ္။ အငယ္ဆံုးဆိုေပမဲ့ အလိမၼာဆံုးလို႔ေတာင္ ေျပာလို႔ရသည္။

ေဆာင္းတစ္ေယာက္ ကိုကိုလင္းနွင့္ ခ်စ္သူေတြျဖစ္ျပီးေတာ့ ေဆာင္းမိဘမ်ားကကိုကိုလင္းကိုေတြ႔ခ်င္သည္ဆိုလို႔ ကိုကိုလင္းကိုမိဘမ်ားနွင့္ မိတ္ဆက္ေပးဖို႔ အိမ္သို႔ ထမင္းစားဖိတ္လိုက္သည္။

ကိုကိုလင္းတစ္ေယာက္ ေယာကၡမမ်ားနွင့္ ေယာက္ဖကိုေတြ႔ရမည္ျဖစ္၍ ေသေသခ်ာခ်ာ  ျပင္ဆင္လာရန္ ေျပာၾကားထားရသည္။ ကိုကိုလင္းကို မိသားစု၀င္မ်ားအားလံုးက ေႏြးေႏြးေထြးေထြးၾကိဳဆိုၾကသည္။ ေဖေဖကေတာ့ ကိုကိုလင္းကိုသိပ္သေဘာမက်သည့္ပံုစံျပေနသည္။ဘာေၾကာင္႔ရယ္မသိ။ကိုကိုလင္းလည္းေဖေဖ႔ကိုရိုရိုက်ိဳးဆက္ဆံပါသည္။ေရာက္ခါစကေတာ့ စကားေတြ ေကာင္းေကာင္းမြန္မြန္ေျပာဆိုေနျပီးခ်က္ခ်င္းၾကီးဆိုသလိုစိတ္ေျပာင္းသြားေသာေယကၡမၾကီးကိုလည္းအံ့ၾသလို႔မဆံုး။ အိမ္ေရာက္မွပဲေဆာင္းကိုဖုန္းဆက္ေမးလိုက္ဦးမည္ဟုေတးထားလိုက္ျပိး မိသားစု၀င္မ်ားကို နဳတ္ဆက္ျပီးျပန္လာခဲ့သည္။စိတ္ထဲတြင္ ေတာ့ တထင့္ထင့္။

အိမ္သို႔ပင္ မေရာက္ေသးခင္ ေဆာင္းဆီမွ ဖုန္း၀င္လာသည္။

“ကိုကိုလင္းဘယ္လိုလုပ္လိုက္တာလဲ”

ေဆာင္းကဘာမွ မေျပာခင္ အျပစ္ အရင္စေျပာလိုက္သည္။

“ကိုကိုလင္းဘာလုပ္မိလို႔လဲ”

ကိုယ္ဘာလုပ္မိမွန္းကိုမသိ။

“ဘာလုပ္ရမွာလဲ။ကိုကိုလင္းေခ်ာင္းဆိုးေနတယ္ေလ”

“သူ႔ဟာသူ႔ေခ်ာင္းဆိုးတာပဲေလ။ ကိုကိုလင္းတမင္လုပ္တာမွမဟုတ္တာ။ ေခ်ာင္းဆိုးတာဘာျဖစ္လဲ”

“ေဖေဖကကိုကိုလင္းေခ်ာင္းဆိုးတာကိုမၾကိဳက္ဘူး”

“အင္”

ထင္ေတာ့ထင္သားပဲေယာကၡမၾကီးကေခ်ာင္းဆိုးရင္ မ်က္နွာပ်က္သြားတယ္လို႔။ ေခ်ာင္းဆိုးတာအျပစ္လို႔ကိုကိုလင္းတို႔ကမထင္။

“ေခ်ာင္းဆိုးတာပဲေဆာင္းရယ္။ တီဘီေရာဂါလို႔ထင္လို႔လား။ မေန႔ညကအေအးပတ္သြားျပီးဒီမနက္မွ ေခ်ာင္းဆိုးေနတာပါ။”

ေဆာင္းစိတ္မဆိုးေအာင္ကိုကိုလင္းတစ္ေယာက္ရွင္းျပလိုက္သည္။

“ေခ်ာင္းဆိုးတာထက္ပိုဆိုးတာရွိေသးတယ္။ကိုကိုလင္းကေခ်ာင္းဆိုးရင္ လက္ကိုင္ပ၀ါနဲ႔ အုပ္မဆိုးဘူး။ ေခ်ာင္းဆိုးေနမွန္းသိရက္နဲ႔ လက္ကိုင္ပ၀ါယူမလာဘူး”

“အန္”

အျပစ္ကေတာ္ေတာ္ကိုၾကီးသြားျပီလား။

“ကိုကိုလင္းက လက္ကိုင္ပ၀ါယူမလာတာမဟုတ္ဘူး။ ကိုကိုလင္းဆီမွာ လက္ကိုင္ပ၀ါ ရွိကိုမရွိတာ။သံုးေလ့သံုးထလည္းမရွိတာေဆာင္းအသိပဲေလ”

“လက္ကိုင္ပ၀ါမရွိလည္း ကိုကိုလင္းအေရွ့မွာ tissue ေတြရွိတာပဲေလ။ tissue ေလးနဲ႔ အုပ္ဆိုးေပါ့။”

“tissuebox ကကိုယ္နဲ႔ေ၀းတယ္ေလ။ ဒါေၾကာင့္ပါ”

ဆင္ေျခတက္ၾကည့္လိုက္သည္။

“ဘာမွ လာရွင္းျပမေနနဲ႔။ ေနာက္ဆံုး tissue လွမ္းယူလို႔မရရင္ေတာင္ လက္ေလးနဲ႔ အုပ္ျပီးမွ ေခ်ာင္းဆိုးလို႔ရတယ္။ အခုေတာ့ ေခ်ာင္းဆိုးတုန္းလက္ေလးနဲ႔ေတာင္ အုပ္မဆိုးတဲ့ လူကိုငါက ငါ့သမီးနဲ႔ ဘယ္လိုသေဘာတူရမလဲလို႔ ေဖေဖကေျပာေနျပီ။ ေခ်ာင္းဆိုးရင္ တျခားသူကိုေရာဂါေတြကူးစက္မွာဆိုးလို႔ လက္နဲ႔ အုပ္ရင္ အုပ္ မအုပ္ရင္ လက္ကိုင္ပ၀ါနဲ႔ အုပ္ရမယ္ဆိုတာကိုကိုကိုလင္းသိရဲ့လား”

“အန္”

ဒါကေတာ့ သမီးနွင့္သေဘာမတူလို႔ အေၾကာင္းျပတယ္လို႔ ကိုကိုလင္းတစ္ေယာက္ထင္သည္။

“ဘယ္သိမလဲေဆာင္းေျပာမွသိတာေလ”

“လာေနာက္မေနနဲ႔။ ေခ်ာင္းဆိုးရင္ လက္ကေလးနဲ႔ အုပ္ျပီးဆိုးရတယ္ဆိုတာကိုကိုလင္းမိဘေတြကကိုကိုလင္းကိုသင္မထားဘူးလားလို႔ ေဖေဖကေမးေနတယ္”

ဒါကေတာ့မိဘမ်ားကိုေစာ္ကားသြားျပီ။ဒီကိစၥ မိဘမ်ားနွင့္ လံုးလံုးမမဆိုင္။

“ကိုယ္ေခ်ာင္းဆိုးရင္ လက္နဲ႔အုပ္မဆိုးတာမိဘေတြနဲ႔ဆိုင္လို႔လား”

“ငယ္ငယ္ကတည္းကသင္မထားလို႔ေပါ့”

ကိုယ္ေၾကာင္႔မိဘမ်ားေတာင္သိကၡာက်ရသည္။အေဖနွင့္ အေမၾကားလွ်င္ ရင္နာလို႔ ဆံုးမည္မဟုတ္။

“ကိုယ္ေမ့သြားလို႔ပါကြာ။ ကိုယ္ေဆာင္းအေဖကိုျပန္လာေတာင္းပန္မယ္”

“ေတာင္းပန္တာကေနာက္မွ။ အခုေခ်ာင္းဆိုးေပ်ာက္ေအာင္သာအရင္လုပ္။”

“ေခ်ာင္းဆိုးတာကလည္းေဆးခန္းေလးသြားျပျပီးေဆးေသာက္လိုက္ရင္ ေပ်ာက္သြားမွာပါ။”

“ဒါဆိုလည္း ျမန္ျမန္သြားျပ။ ေခ်ာင္းဆိုးေပ်ာက္မွ ေနာက္ဘာဆက္လုပ္ရမယ္ဆိုတာတိုင္ပင္မယ္။”

“ေအးပါ။ ကိုကိုလင္းသြားျပလိုက္မယ္။ ေဆာင္းသာေဆာင္းအေဖကိုကိုကိုလင္းေကာင္းေၾကာင္းေလးေတြကိုေသခ်ာတစ္လံုးခ်င္းနားဝင္ေအာင္ေျပာေပးေနာ္”

“အင္းပါ”

ေဆာင္းကအင္းပါ ေျပာျပီးဖုန္းခ်သြားသည္။ ဘယ္လိုေယာကၡမမ်ိဳးပါလိမ့္။ သမက္ကိုမၾကည္တာႏွင့္ပဲေခ်ာင္းဆိုးတာကိုအျပစ္လုပ္ေျပာေနေသာေယာကၡမ။ သူ႔သမီးကို ၾကိဳက္ေတာ့လဲသူ႔ စိတ္တိုင္းက်ေနရမည္ပင္။

ဘာပဲေျပာေျပာေဆးခန္းေလးသြားျပီးေဆးေတာ့ ေသာက္ရမည္။ ေခ်ာင္းဆိုးေပ်ာက္သြားရင္ ေဆာင္းတို႔အိမ္သို႔ ေနာက္တစ္ေခါက္သြားလည္ရဦးမည္။ ေခ်ာင္းဆိုးရင္လက္ကေလးအုပ္ဆိုးရမည္ဆိုတာေလးလည္းမွတ္ထားရဦးမယ္။

ဘာပဲေျပာေျပာေဆးခန္းေလးသြားျပီးေဆးေတာ့ ေသာက္ရမည္။ ေခ်ာင္းဆိုးေပ်ာက္သြားရင္ ေဆာင္းတို႔အိမ္သို႔ ေနာက္တစ္ေခါက္သြားလည္ရဦးမည္။ေခ်ာင္းဆိုးရင္လက္ကေလးအုပ္ဆိုးရမည္ဆိုတာေလးလည္းမွတ္ထားရဦးမယ္။

Author – ေဒါက္တာေအးခ်မ္းမိုး

(Unicode)

မိသားစုထဲတွင် အငယ်ဆုံးသမီးဖြစ်သောဆောင်းကိုအဖေနှင့် အမေကအလွန်ချစ်၏။ အစ်ကိုနှင့် အစ်မကလည်းအထွေးဆုံးညီမလေးမို့ အလိုလိုက် အကြိုက်ဆောင်ကြသည်။ ဆောင်းကလည်းအငယ်ဆုံးဆိုပေမဲ့ မိဘစကား၊အကိုအမတွေ၏ စကားကိုဖယ်ရှားတတ်သောသူမဟုတ်။ အငယ်ဆုံးဆိုပေမဲ့ အလိမ္မာဆုံးလို့တောင် ပြောလို့ရသည်။

ဆောင်းတစ်ယောက် ကိုကိုလင်းနှင့် ချစ်သူတွေဖြစ်ပြီးတော့ ဆောင်းမိဘများကကိုကိုလင်းကိုတွေ့ချင်သည်ဆိုလို့ ကိုကိုလင်းကိုမိဘများနှင့် မိတ်ဆက်ပေးဖို့ အိမ်သို့ ထမင်းစားဖိတ်လိုက်သည်။

ကိုကိုလင်းတစ်ယောက် ယောက္ခမများနှင့် ယောက်ဖကိုတွေ့ရမည်ဖြစ်၍ သေသေချာချာ  ပြင်ဆင်လာရန် ပြောကြားထားရသည်။ ကိုကိုလင်းကို မိသားစုဝင်များအားလုံးက နွေးနွေးထွေးထွေးကြိုဆိုကြသည်။ ဖေဖေကတော့ ကိုကိုလင်းကိုသိပ်သဘောမကျသည့်ပုံစံပြနေသည်။ဘာကြောင့်ရယ်မသိ။ကိုကိုလင်းလည်းဖေဖေ့ကိုရိုရိုကျိုးဆက်ဆံပါသည်။ရောက်ခါစကတော့ စကားတွေ ကောင်းကောင်းမွန်မွန်ပြောဆိုနေပြီးချက်ချင်းကြီးဆိုသလိုစိတ်ပြောင်းသွားသောယေက္ခမကြီးကိုလည်းအံ့သြလို့မဆုံး။ အိမ်ရောက်မှပဲဆောင်းကိုဖုန်းဆက်မေးလိုက်ဦးမည်ဟုတေးထားလိုက်ပြိး မိသားစုဝင်များကို နုတ်ဆက်ပြီးပြန်လာခဲ့သည်။စိတ်ထဲတွင် တော့ တထင့်ထင့်။

အိမ်သို့ပင် မရောက်သေးခင် ဆောင်းဆီမှ ဖုန်းဝင်လာသည်။

“ကိုကိုလင်းဘယ်လိုလုပ်လိုက်တာလဲ”

ဆောင်းကဘာမှ မပြောခင် အပြစ် အရင်စပြောလိုက်သည်။

“ကိုကိုလင်းဘာလုပ်မိလို့လဲ”

ကိုယ်ဘာလုပ်မိမှန်းကိုမသိ။

“ဘာလုပ်ရမှာလဲ။ကိုကိုလင်းချောင်းဆိုးနေတယ်လေ”

“သူ့ဟာသူ့ချောင်းဆိုးတာပဲလေ။ ကိုကိုလင်းတမင်လုပ်တာမှမဟုတ်တာ။ ချောင်းဆိုးတာဘာဖြစ်လဲ”

“ဖေဖေကကိုကိုလင်းချောင်းဆိုးတာကိုမကြိုက်ဘူး”

“အင်”

ထင်တော့ထင်သားပဲယောက္ခမကြီးကချောင်းဆိုးရင် မျက်နှာပျက်သွားတယ်လို့။ ချောင်းဆိုးတာအပြစ်လို့ကိုကိုလင်းတို့ကမထင်။

“ချောင်းဆိုးတာပဲဆောင်းရယ်။ တီဘီရောဂါလို့ထင်လို့လား။ မနေ့ညကအအေးပတ်သွားပြီးဒီမနက်မှ ချောင်းဆိုးနေတာပါ။”

ဆောင်းစိတ်မဆိုးအောင်ကိုကိုလင်းတစ်ယောက်ရှင်းပြလိုက်သည်။

“ချောင်းဆိုးတာထက်ပိုဆိုးတာရှိသေးတယ်။ကိုကိုလင်းကချောင်းဆိုးရင် လက်ကိုင်ပဝါနဲ့ အုပ်မဆိုးဘူး။ ချောင်းဆိုးနေမှန်းသိရက်နဲ့ လက်ကိုင်ပဝါယူမလာဘူး”

“အန်”

အပြစ်ကတော်တော်ကိုကြီးသွားပြီလား။

“ကိုကိုလင်းက လက်ကိုင်ပဝါယူမလာတာမဟုတ်ဘူး။ ကိုကိုလင်းဆီမှာ လက်ကိုင်ပဝါ ရှိကိုမရှိတာ။သုံးလေ့သုံးထလည်းမရှိတာဆောင်းအသိပဲလေ”

“လက်ကိုင်ပဝါမရှိလည်း ကိုကိုလင်းအရှေ့မှာ tissue တွေရှိတာပဲလေ။ tissue လေးနဲ့ အုပ်ဆိုးပေါ့။”

“tissuebox ကကိုယ်နဲ့ဝေးတယ်လေ။ ဒါကြောင့်ပါ”

ဆင်ခြေတက်ကြည့်လိုက်သည်။

“ဘာမှ လာရှင်းပြမနေနဲ့။ နောက်ဆုံး tissue လှမ်းယူလို့မရရင်တောင် လက်လေးနဲ့ အုပ်ပြီးမှ ချောင်းဆိုးလို့ရတယ်။ အခုတော့ ချောင်းဆိုးတုန်းလက်လေးနဲ့တောင် အုပ်မဆိုးတဲ့ လူကိုငါက ငါ့သမီးနဲ့ ဘယ်လိုသဘောတူရမလဲလို့ ဖေဖေကပြောနေပြီ။ ချောင်းဆိုးရင် တခြားသူကိုရောဂါတွေကူးစက်မှာဆိုးလို့ လက်နဲ့ အုပ်ရင် အုပ် မအုပ်ရင် လက်ကိုင်ပဝါနဲ့ အုပ်ရမယ်ဆိုတာကိုကိုကိုလင်းသိရဲ့လား”

“အန်”

ဒါကတော့ သမီးနှင့်သဘောမတူလို့ အကြောင်းပြတယ်လို့ ကိုကိုလင်းတစ်ယောက်ထင်သည်။

“ဘယ်သိမလဲဆောင်းပြောမှသိတာလေ”

“လာနောက်မနေနဲ့။ ချောင်းဆိုးရင် လက်ကလေးနဲ့ အုပ်ပြီးဆိုးရတယ်ဆိုတာကိုကိုလင်းမိဘတွေကကိုကိုလင်းကိုသင်မထားဘူးလားလို့ ဖေဖေကမေးနေတယ်”

ဒါကတော့မိဘများကိုစော်ကားသွားပြီ။ဒီကိစ္စ မိဘများနှင့် လုံးလုံးမမဆိုင်။

“ကိုယ်ချောင်းဆိုးရင် လက်နဲ့အုပ်မဆိုးတာမိဘတွေနဲ့ဆိုင်လို့လား”

“ငယ်ငယ်ကတည်းကသင်မထားလို့ပေါ့”

ကိုယ်ကြောင့်မိဘများတောင်သိက္ခာကျရသည်။အဖေနှင့် အမေကြားလျှင် ရင်နာလို့ ဆုံးမည်မဟုတ်။

“ကိုယ်မေ့သွားလို့ပါကွာ။ ကိုယ်ဆောင်းအဖေကိုပြန်လာတောင်းပန်မယ်”

“တောင်းပန်တာကနောက်မှ။ အခုချောင်းဆိုးပျောက်အောင်သာအရင်လုပ်။”

“ချောင်းဆိုးတာကလည်းဆေးခန်းလေးသွားပြပြီးဆေးသောက်လိုက်ရင် ပျောက်သွားမှာပါ။”

“ဒါဆိုလည်း မြန်မြန်သွားပြ။ ချောင်းဆိုးပျောက်မှ နောက်ဘာဆက်လုပ်ရမယ်ဆိုတာတိုင်ပင်မယ်။”

“အေးပါ။ ကိုကိုလင်းသွားပြလိုက်မယ်။ ဆောင်းသာဆောင်းအဖေကိုကိုကိုလင်းကောင်းကြောင်းလေးတွေကိုသေချာတစ်လုံးချင်းနားဝင်အောင်ပြောပေးနော်”

“အင်းပါ”

ဆောင်းကအင်းပါ ပြောပြီးဖုန်းချသွားသည်။ ဘယ်လိုယောက္ခမမျိုးပါလိမ့်။ သမက်ကိုမကြည်တာနှင့်ပဲချောင်းဆိုးတာကိုအပြစ်လုပ်ပြောနေသောယောက္ခမ။ သူ့သမီးကို ကြိုက်တော့လဲသူ့ စိတ်တိုင်းကျနေရမည်ပင်။

ဘာပဲပြောပြောဆေးခန်းလေးသွားပြီးဆေးတော့ သောက်ရမည်။ ချောင်းဆိုးပျောက်သွားရင် ဆောင်းတို့အိမ်သို့ နောက်တစ်ခေါက်သွားလည်ရဦးမည်။ ချောင်းဆိုးရင်လက်ကလေးအုပ်ဆိုးရမည်ဆိုတာလေးလည်းမှတ်ထားရဦးမယ်။

ဘာပဲပြောပြောဆေးခန်းလေးသွားပြီးဆေးတော့ သောက်ရမည်။ ချောင်းဆိုးပျောက်သွားရင် ဆောင်းတို့အိမ်သို့ နောက်တစ်ခေါက်သွားလည်ရဦးမည်။ချောင်းဆိုးရင်လက်ကလေးအုပ်ဆိုးရမည်ဆိုတာလေးလည်းမှတ်ထားရဦးမယ်။

Author – ဒေါက်တာအေးချမ်းမိုး

 

Previous Post

လက်သည်းပြဿနာများ

Next Post

အသက်အန္တရာယ်ထိခိုက်စေနိုင်သော သားအိမ်ပြင်ပသန္ဓေတည်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
633

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
607
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသက်အန္တရာယ်ထိခိုက်စေနိုင်သော သားအိမ်ပြင်ပသန္ဓေတည်ခြင်း

စပ်ဆေး

အဆုတ်တီဘီ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.