fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

“ဆီးပိုးဝင်တာ ကြောက်စရာလား??”

1.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/03/2018
in အမျိုးသမီး ကျန်းမာရေး, အမျိုးသားကျန်းမာရေး
1 min read
A A

“ဆီးပိုးဝင္တာ ေၾကာက္စရာလား??”

“ေမေမ ……သမီး ဆီးခုံ အထက္နားကတအားေအာင့္တယ္။ ေကြးေနမွသက္သာတယ္… ျပန္ဆန႔္လို႔မရဘူးအထဲက လိမ္ၿပီးညႇစ္ေနသလိုပဲ။”
၁၄/၅ ႏွစ္ အ႐ြယ္အပ်ိဳျဖန္းမကေလးရဲ႕ ညည္းညဴသံ။ မိခင္ျဖစ္သူမွာလဲ သမီးျဖစ္သူ ဆီးစပ္ကို လက္ကေလးႏွင့္ဖိၿပီး နာက်င္မႈေၾကာင့္တြန္လိမ္ေနတာကိုျမင္လ်က္ ဘာလုပ္ေပးရမွန္းမသိ….ဘာျဖစ္မွန္းလည္းမသိ။
” သမီး…. ေရေႏြး အိတ္ကပ္မလား?? ရာသီလာခ်င္လို႔မ်ားလားသမီးရယ္။”
ကိုယ့္သမီးမ်က္ႏွာေခြၽးသီးေပါက္ႀကီးငယ္နဲ႔ ႐ုပ္ပ်က္ေနတာၾကည့္ၿပီး
ရာသီလာခ်င္တာေတာ့ မျဖစ္ႏိုင္လို႔ မျမင့္ တြက္လိုက္သည္။ ကိုယ္စမ္းၾကည့္ေတာ့လည္းေႏြးေတးေတးရယ္…။
“ဒီလ ၆ ရက္ေန႔ကပဲ ရာသီၿပီးထားတာ ….. ခုမွ ၂၁ရက္ ဥစၥာ..
ခု ဆီးလည္းသြားမရဘူး…ကိုယ္ဆန႔္လိုက္ရင္လည္း နာတယ္…. ဒီၾကားထဲ ခ်မ္းစိမ့္စိမ့္ႀကီး ”
သမီး အသံေလးက ေပ်ာ့ေပ်ာ့ရယ္က်န္ေတာ့တာ… မဟုတ္မွ လြဲေရာ ငါ့သမီး ေရတိမ္မ်ား နစ္ၿပီလား…။ မျမင့္ စိုးရိမ္စိတ္က ငယ္ထိပ္ေရာက္႐ုံမက ပြင့္ထြက္ေတာ့မည္။ ဘာမွလုပ္မေနနဲ႔ေတာ့….ဆိုက္ကားငွားၿပီးေဆးခန္းေျပး႐ုံေပါ့။

လူနာပါးလို႔ ေဒါက္တာႏွင္း စာတစ္အုပ္နဲ႔ ၿငိမ့္ေနတုန္း ၁၄/၅ ႏွစ္ အပ်ိဳျဖန္းမေလးတစ္ေယာက္ . ဗိုက္ကေလးေပၚလက္ႏွိပ္ကာ ေဆးခန္းထဲ ခါးေလးကိုင္းၿပီးဝင္လာသည္။ေနာက္က သူ႔အေမက မ်က္ႏွာ အပ်က္ပ်က္ႏွင့္ ေသြးေပါင္ မက်ေပမယ့္ ေသြးခုန္ႏႈန္းက ခပ္ျမန္ျမန္… အဖ်ားေသြးက ၁၀၀ ပတ္ခ်ာလည္..! လူနာကုတင္ေပၚတင္ေတာ့ သူ႔ခင္မ်ာ ပက္လက္ မအိပ္ႏိုင္ … ပုစြန္ထုပ္လို ေဘးေစာင္းေကြးေနေလေတာ့ နာတဲ့ေနရာနဲ႔ပုံစံကို အရင္ေမး ….. antispasmodic အနာသက္သာေဆးတစ္လုံးထိုးေပးၿပီး ခဏေစာင့္ၾကည့္ေနရသည္။ လူနာလည္းပါးေတာ့ ကေလးအေမနဲ႔ စကားစမည္ ေျပာေလသည္ေပါ့… သမီးေလးက ၉တန္းေက်ာင္းသူ … ခပ္ေအးေအးေလးေပမယ့္ ရည္းစားသနာထားတတ္တဲ့ အ႐ြယ္မို႔ အေမက စိုးရိမ္သင့္တာစိုးရိမ္ေနသည္။
မိနစ္ ၂၀ ေလာက္ၾကာေတာ့ ကေလးမေလး မ်က္ႏွာက ၾကည္လင္ေျပေလ်ာ့စျပဳလာသည္။ ဒီေတာ့မွ ဗိုက္ကိုစမ္းၾကည့္ရသည္… အလုံး အက်ိတ္မေတြ႕ ..ဆီးခုံအေပၚနားေလးကိုဖိေတာ့ မ်က္ႏွာေလး တြန႔္သြားသည္။ ဆီးသြားခိုင္းၿပီး စစ္သင့္တာေတြစစ္ရသည္။ UCG ေခၚ ဆီးမွတဆင့္ကိုယ္ဝန္စစ္ၾကည့္ေတာ့ အေျဖက “မရွိ” ဟုထြက္သည္။ ကေလး အေမကိုျပေတာ့ သက္ျပင္းရွည္ကို စိတ္ေအးလက္ေအးခ်တာျမင္ရသည္။ Urine 10 perimeter ေခၚ ၁၀ မ်ိဳး အလြယ္စစ္ ဆီးစစ္တံ အေျဖေလးကေတာ့ ကေလးမေလးမွာ ဆီးပိုးရွိေၾကာင္း အေျဖထြက္လာေလေတာ့ ဆီးလမ္းေၾကာင္းပိုးဝင္ၿပီးဆီးအိမ္ေရာင္ေနတာသာျဖစ္ေၾကာင္းရွင္းျပ …. သက္ဆိုင္ရာပိုးသတ္ေဆး ၅ ရက္စာေပးၿပီး ေဆးပတ္လည္ေအာင္ေသာက္ဖို႔ေျပာရင္း ထုံးစံ အတိုင္း ေဆာင္ရန္ေရွာင္ရန္ေတြမွာရသည္။
” သမီး အခု ရာသီလာရင္ လစဥ္သုံးပစၥည္း pad သုံးတဲ့အခါ ၁ ခုကို ဘယ္ေလာက္ၾကာၾကာသုံးၿပီး အသစ္လဲ လဲ?”
ဆိုေတာ့ မ်က္လုံးေလးျပဴးၾကည့္ၿပီး
” ၁ရက္ ၁ခု” တဲ့… “သမီးက သိပ္ အမ်ားႀကီး မလာတတ္ေတာ့ ၁ ရက္ ၁ ခုဆိုရၿပီ”တဲ့။
ျမတ္စြာဘုရား… သူမ မ်က္လုံးျပဴးသြားသည္။ မသိျခင္းရဲ႕ ျပစ္ဒဏ္ကို မိန္းကေလး ဘယ္ေလာက္မ်ားမ်ား ခံေနၾကရၿပီလဲ။
” သမီး… ပုံမွန္ pad တစ္ခုကို ၈နာရီပဲထားသင့္တယ္သမီးရဲ႕… အဲ့ဒီ လစဥ္သုံးပစၥည္းေတြမွာက ရာသီေသြးကို စုပ္ယူေပးႏိုင္တဲ့ ဓာတု ပစၥည္းေလးေတြပါတယ္… ၾကာရင္ အဲဒီဓာတုပစၥည္းနဲ႔ ေသြးနဲ႔ ေရာေထြးၿပီး ပိုးမႊား နဲ႔ မႈိေတြ ေပါက္ပႊားဖို႔သိပ္ေကာင္းတဲ့ေနရာျဖစ္လာေရာ… အဲဒါကို တစ္ရက္လုံးထားမိရင္ ပိုးကိုတမင္ေမြးၿပီး မိန္းမကိုယ္နဲ႔ဆီးလမ္းေၾကာင္းထဲ ပိုးထည့္ေပးသလိုျဖစ္ကုန္မွာ။ ဆီးလမ္းေၾကာင္း တင္မက ေမြးလမ္းေၾကာင္းပါ ပိုးဝင္ၿပီး ၾကာလာရင္ တင္ပဆုံ႐ိုးကြင္းထဲက သားအိမ္.,သားဥအိမ္နဲ႔သားဥ ႁပြန္….ဆီးအိမ္နဲ႔ဆီးႁပြန္ေတြပါ ေရာင္ရမ္းကုန္ၿပီး တစ္ခုနဲ႔တစ္ခု ကပ္ကုန္တဲ့ အခါ ၿမဳံသြားတတ္တဲ့အထိျဖစ္ႏိုင္တယ္ကြဲ႕။ ဒါေၾကာင့္ pad ကို တစ္ေန႔ ၃ ခါ အနည္းဆုံးလဲေပးေနာ္…မ်ားတဲ့လူဆို ခဏခဏေတာင္လဲေပးသင့္တယ္။အမ်ိဳးသမီးေတြ အတြက္ ေအာက္ပိုင္းသန႔္ရွင္းဟာ သိပ္ အေရးႀကီးတယ္။ အတြင္းဝတ္ေဘာင္းဘီေတြကို ေသခ်ာေလွ်ာ္ဖြတ္ေနလွမ္းၿပီးမွဝတ္… ဝတ္ၿပီးသားျပန္ဝတ္တာမ်ိဳး မလုပ္ရဘူး။ ဒီအ႐ြယ္ ဆို မိန္းမကိုယ္သန႔္စင္ေဆးရည္ ေလး ေဆာင္သင့္ၿပီ..ဒါရွက္စရာမဟုတ္ဘူးသမီးရဲ႕… အိမ္သာတက္ၿပီးလို႔ေဆးေၾကာၿပီးရင္လည္း tissue ေလးနဲ႔ေျခာက္ေအာင္ျပန္သုတ္ေပးႏိုင္ရင္ ပိုေကာင္းမယ္။ အစိုအတိုင္းထားမိရင္ မႈိေတြပိုးေတြ ေပါက္ပြားႏိုင္တယ္… အဲဒီက တဆင့္လည္း ခုလိုမ်ိဳး ဆီးလမ္းေၾကာင္းပိုးဝင္တာ… ေမြးလမ္းေၾကာင္းပိုးဝင္တာ မ်ိဳးေတြျဖစ္တတ္တယ္။ ခု သမီးကို သင့္ေတာ္တဲ့ ပိုးသတ္ေဆးေလး နဲ႔ နာတာေအာင့္တာသက္သာေစတဲ့ ေဆးေလး ေတြ တြဲေပးလိုက္မယ္။ ပိုးသတ္ေဆးေလးေတာ့ ေဆးပတ္လည္ေအာင္ေသာက္ေနာ္။ ေရမ်ားမ်ားေသာက္… အသီးအႏွံမ်ားမ်ားစား! မိန္းမကိုယ္သန႔္ရွင္းေရးကို မေပါ့နဲ႔…ေနာ္..သမီး”
” အဲကေလးမေလး…. သိပ္ေပတာ ဆရာမ…. ပ်င္းကလည္းပ်င္းေသး! ကြၽန္မတို႔ေခတ္ကဆို ဒီလို အဆင္သင့္ pad ေတြ ဘာေတြ မရွိေပါင္! ဒီလိုပဲ သန႔္ရွင္းေရး ဂ႐ုစိုက္ရတာပဲ”
” ဟုတ္တယ္ …မိန္းကေလးေတြရဲ႕ ေယာနိက အပြင့္ႀကီးေလ…ၿပီးေတာ့ ဆီးလမ္းေၾကာင္းလည္းပိုတိုတယ္..ဒါေၾကာင့္မိုလို႔ေယာက္်ားေလးေတြ ထက္ပိုၿပီးပိုးမႊားဝင္လြယ္တယ္…ဝင္တဲ့ပိုးမႊားေတြကလည္းဆီးအိမ္ကိုလြယ္လြယ္ေရာက္ႏိုင္ၿပီး ဒုကၡေပးႏိုင္တာေပါ့…ဟိုးပိစိကေန ေသြးဆုံးၿပီး အ႐ြယ္ အထိ…. မိန္းကေလးေတြ တအားျဖစ္ၾကတယ္! ေအာက္ပိုင္း သန႔္ရွင္းေရး တအား ဂ႐ုစိုက္ႏိုင္မွ!လူႀကီးေတြက ကေလးပိစိဆို ေအာက္ကေဟာင္းေလာင္း မုန႔္စိမ္းေပါင္း ထားၾကတာ…ေတာ္႐ုံဆို ေအာက္ခံေဘာင္းဘီမပါ ဘာမပါ…႐ြာက ကေလးေတြ ပိုဆိုးေသး…စကပ္ေဟာင္းေလာင္းနဲ႔႐ြာပတ္တယ္ေလ! မေကာင္းဘူးအဲတာ! ၿပီးေတာ့… အေမ့ကိုမွာရမယ္! အေမေသြးဆုံးၿပီး ဟုတ္!?? အဲ့အ႐ြယ္ဆို ပိုျဖစ္တယ္ေနာ္သိလား! ”
” ဟယ္… ဘာလို႔??”
” ေသြးဆုံးရင္ သားဥအိမ္က estrogen လို႔ေခၚတဲ့မိန္းမ ေဟာ္မုန္းတစ္မ်ိဳး ထုတ္တာ ေလ်ာ့သြားေရာ …. အဲ့ေဟာ္မုန္း က မ်ိဳးပြားအဂၤါလမ္းေၾကာင္းအတြက္ ကာကြယ္ေရး တာဝန္ တစိတ္တပိုင္းယူထားတာ… သူနည္းသြားေတာ့ အကာအကြယ္ေလ်ာ့သြားတာကိုး”
“အံမေလး… ဒုကၡ”
” မဒုကၡပါဘူး အေမရ… အနာသိ ေဆးရွိတာပဲ!! ကာကြယ္ေရး အေနနဲ႔.. ေရမ်ားမ်ားေသာက္! ဆီး ခ်ဳပ္မခံနဲ႔… ဆီးသြားခ်င္ရဲ႕နဲ႔ေအာင့္မထားနဲ႔! သန႔္ရွင္းေရး ဂရွစိုက္…ဒါဆိုရၿပီ! ေဆးခန္းလာျပလိုက္တာေကာင္းတယ္… ပထမ အဆင့္က ဆီးပူ တာ က်ဥ္တာ ေအာင့္တာ ေပါ့… ဆီးလမ္းေၾကာင္းေရာင္ၿပီး… ေနာက္တစ္ဆင့္က ခု အေမ့သမီး လိုပဲ ဆီးအိမ္ေရာင္တာေပါ့…. အဲဒါကိုမွ ပစ္ထားရင္… ေက်ာက္ကပ္ပါေရာင္ေရာ ..အဲက် ေဆး႐ုံတက္ဘာတက္ နဲ႔ ရႈပ္ကုန္ေရာ! ၾကားလားသမီး… ဒါခဏခဏ ျပန္ျဖစ္တတ္တယ္… ဂ႐ုစိုက္ေနာ္”
သားအမိ ၂ ေယာက္ မ်က္လုံး အဝိုင္းသားနဲ႔ နားေထာင္ၿပီးျပန္သြားေလရဲ႕..။

ႏွင္းႏုေအး

 

“ဆီးပိုးဝင်တာ ကြောက်စရာလား??”

“မေမေ ……သမီး ဆီးခုံ အထက်နားကတအားအောင့်တယ်။ ကွေးနေမှသက်သာတယ်… ပြန်ဆန့်လို့မရဘူးအထဲက လိမ်ပြီးညှစ်နေသလိုပဲ။”
၁၄/၅ နှစ် အရွယ်အပျိုဖြန်းမကလေးရဲ့ ညည်းညူသံ။ မိခင်ဖြစ်သူမှာလဲ သမီးဖြစ်သူ ဆီးစပ်ကို လက်ကလေးနှင့်ဖိပြီး နာကျင်မှုကြောင့်တွန်လိမ်နေတာကိုမြင်လျက် ဘာလုပ်ပေးရမှန်းမသိ….ဘာဖြစ်မှန်းလည်းမသိ။
” သမီး…. ရေနွေး အိတ်ကပ်မလား?? ရာသီလာချင်လို့များလားသမီးရယ်။”
ကိုယ့်သမီးမျက်နှာချွေးသီးပေါက်ကြီးငယ်နဲ့ ရုပ်ပျက်နေတာကြည့်ပြီး
ရာသီလာချင်တာတော့ မဖြစ်နိုင်လို့ မမြင့် တွက်လိုက်သည်။ ကိုယ်စမ်းကြည့်တော့လည်းနွေးတေးတေးရယ်…။
“ဒီလ ၆ ရက်နေ့ကပဲ ရာသီပြီးထားတာ ….. ခုမှ ၂၁ရက် ဥစ္စာ..
ခု ဆီးလည်းသွားမရဘူး…ကိုယ်ဆန့်လိုက်ရင်လည်း နာတယ်…. ဒီကြားထဲ ချမ်းစိမ့်စိမ့်ကြီး ”
သမီး အသံလေးက ပျော့ပျော့ရယ်ကျန်တော့တာ… မဟုတ်မှ လွဲရော ငါ့သမီး ရေတိမ်များ နစ်ပြီလား…။ မမြင့် စိုးရိမ်စိတ်က ငယ်ထိပ်ရောက်ရုံမက ပွင့်ထွက်တော့မည်။ ဘာမှလုပ်မနေနဲ့တော့….ဆိုက်ကားငှားပြီးဆေးခန်းပြေးရုံပေါ့။

လူနာပါးလို့ ဒေါက်တာနှင်း စာတစ်အုပ်နဲ့ ငြိမ့်နေတုန်း ၁၄/၅ နှစ် အပျိုဖြန်းမလေးတစ်ယောက် . ဗိုက်ကလေးပေါ်လက်နှိပ်ကာ ဆေးခန်းထဲ ခါးလေးကိုင်းပြီးဝင်လာသည်။နောက်က သူ့အမေက မျက်နှာ အပျက်ပျက်နှင့် သွေးပေါင် မကျပေမယ့် သွေးခုန်နှုန်းက ခပ်မြန်မြန်… အဖျားသွေးက ၁၀၀ ပတ်ချာလည်..! လူနာကုတင်ပေါ်တင်တော့ သူ့ခင်မျာ ပက်လက် မအိပ်နိုင် … ပုစွန်ထုပ်လို ဘေးစောင်းကွေးနေလေတော့ နာတဲ့နေရာနဲ့ပုံစံကို အရင်မေး ….. antispasmodic အနာသက်သာဆေးတစ်လုံးထိုးပေးပြီး ခဏစောင့်ကြည့်နေရသည်။ လူနာလည်းပါးတော့ ကလေးအမေနဲ့ စကားစမည် ပြောလေသည်ပေါ့… သမီးလေးက ၉တန်းကျောင်းသူ … ခပ်အေးအေးလေးပေမယ့် ရည်းစားသနာထားတတ်တဲ့ အရွယ်မို့ အမေက စိုးရိမ်သင့်တာစိုးရိမ်နေသည်။
မိနစ် ၂၀ လောက်ကြာတော့ ကလေးမလေး မျက်နှာက ကြည်လင်ပြေလျော့စပြုလာသည်။ ဒီတော့မှ ဗိုက်ကိုစမ်းကြည့်ရသည်… အလုံး အကျိတ်မတွေ့ ..ဆီးခုံအပေါ်နားလေးကိုဖိတော့ မျက်နှာလေး တွန့်သွားသည်။ ဆီးသွားခိုင်းပြီး စစ်သင့်တာတွေစစ်ရသည်။ UCG ခေါ် ဆီးမှတဆင့်ကိုယ်ဝန်စစ်ကြည့်တော့ အဖြေက “မရှိ” ဟုထွက်သည်။ ကလေး အမေကိုပြတော့ သက်ပြင်းရှည်ကို စိတ်အေးလက်အေးချတာမြင်ရသည်။ Urine 10 perimeter ခေါ် ၁၀ မျိုး အလွယ်စစ် ဆီးစစ်တံ အဖြေလေးကတော့ ကလေးမလေးမှာ ဆီးပိုးရှိကြောင်း အဖြေထွက်လာလေတော့ ဆီးလမ်းကြောင်းပိုးဝင်ပြီးဆီးအိမ်ရောင်နေတာသာဖြစ်ကြောင်းရှင်းပြ …. သက်ဆိုင်ရာပိုးသတ်ဆေး ၅ ရက်စာပေးပြီး ဆေးပတ်လည်အောင်သောက်ဖို့ပြောရင်း ထုံးစံ အတိုင်း ဆောင်ရန်ရှောင်ရန်တွေမှာရသည်။
” သမီး အခု ရာသီလာရင် လစဉ်သုံးပစ္စည်း pad သုံးတဲ့အခါ ၁ ခုကို ဘယ်လောက်ကြာကြာသုံးပြီး အသစ်လဲ လဲ?”
ဆိုတော့ မျက်လုံးလေးပြူးကြည့်ပြီး
” ၁ရက် ၁ခု” တဲ့… “သမီးက သိပ် အများကြီး မလာတတ်တော့ ၁ ရက် ၁ ခုဆိုရပြီ”တဲ့။
မြတ်စွာဘုရား… သူမ မျက်လုံးပြူးသွားသည်။ မသိခြင်းရဲ့ ပြစ်ဒဏ်ကို မိန်းကလေး ဘယ်လောက်များများ ခံနေကြရပြီလဲ။
” သမီး… ပုံမှန် pad တစ်ခုကို ၈နာရီပဲထားသင့်တယ်သမီးရဲ့… အဲ့ဒီ လစဉ်သုံးပစ္စည်းတွေမှာက ရာသီသွေးကို စုပ်ယူပေးနိုင်တဲ့ ဓာတု ပစ္စည်းလေးတွေပါတယ်… ကြာရင် အဲဒီဓာတုပစ္စည်းနဲ့ သွေးနဲ့ ရောထွေးပြီး ပိုးမွှား နဲ့ မှိုတွေ ပေါက်ပွှားဖို့သိပ်ကောင်းတဲ့နေရာဖြစ်လာရော… အဲဒါကို တစ်ရက်လုံးထားမိရင် ပိုးကိုတမင်မွေးပြီး မိန်းမကိုယ်နဲ့ဆီးလမ်းကြောင်းထဲ ပိုးထည့်ပေးသလိုဖြစ်ကုန်မှာ။ ဆီးလမ်းကြောင်း တင်မက မွေးလမ်းကြောင်းပါ ပိုးဝင်ပြီး ကြာလာရင် တင်ပဆုံရိုးကွင်းထဲက သားအိမ်.,သားဥအိမ်နဲ့သားဥ ပြွန်….ဆီးအိမ်နဲ့ဆီးပြွန်တွေပါ ရောင်ရမ်းကုန်ပြီး တစ်ခုနဲ့တစ်ခု ကပ်ကုန်တဲ့ အခါ မြုံသွားတတ်တဲ့အထိဖြစ်နိုင်တယ်ကွဲ့။ ဒါကြောင့် pad ကို တစ်နေ့ ၃ ခါ အနည်းဆုံးလဲပေးနော်…များတဲ့လူဆို ခဏခဏတောင်လဲပေးသင့်တယ်။အမျိုးသမီးတွေ အတွက် အောက်ပိုင်းသန့်ရှင်းဟာ သိပ် အရေးကြီးတယ်။ အတွင်းဝတ်ဘောင်းဘီတွေကို သေချာလျှော်ဖွတ်နေလှမ်းပြီးမှဝတ်… ဝတ်ပြီးသားပြန်ဝတ်တာမျိုး မလုပ်ရဘူး။ ဒီအရွယ် ဆို မိန်းမကိုယ်သန့်စင်ဆေးရည် လေး ဆောင်သင့်ပြီ..ဒါရှက်စရာမဟုတ်ဘူးသမီးရဲ့… အိမ်သာတက်ပြီးလို့ဆေးကြောပြီးရင်လည်း tissue လေးနဲ့ခြောက်အောင်ပြန်သုတ်ပေးနိုင်ရင် ပိုကောင်းမယ်။ အစိုအတိုင်းထားမိရင် မှိုတွေပိုးတွေ ပေါက်ပွားနိုင်တယ်… အဲဒီက တဆင့်လည်း ခုလိုမျိုး ဆီးလမ်းကြောင်းပိုးဝင်တာ… မွေးလမ်းကြောင်းပိုးဝင်တာ မျိုးတွေဖြစ်တတ်တယ်။ ခု သမီးကို သင့်တော်တဲ့ ပိုးသတ်ဆေးလေး နဲ့ နာတာအောင့်တာသက်သာစေတဲ့ ဆေးလေး တွေ တွဲပေးလိုက်မယ်။ ပိုးသတ်ဆေးလေးတော့ ဆေးပတ်လည်အောင်သောက်နော်။ ရေများများသောက်… အသီးအနှံများများစား! မိန်းမကိုယ်သန့်ရှင်းရေးကို မပေါ့နဲ့…နော်..သမီး”
” အဲကလေးမလေး…. သိပ်ပေတာ ဆရာမ…. ပျင်းကလည်းပျင်းသေး! ကျွန်မတို့ခေတ်ကဆို ဒီလို အဆင်သင့် pad တွေ ဘာတွေ မရှိပေါင်! ဒီလိုပဲ သန့်ရှင်းရေး ဂရုစိုက်ရတာပဲ”
” ဟုတ်တယ် …မိန်းကလေးတွေရဲ့ ယောနိက အပွင့်ကြီးလေ…ပြီးတော့ ဆီးလမ်းကြောင်းလည်းပိုတိုတယ်..ဒါကြောင့်မိုလို့ယောက်ျားလေးတွေ ထက်ပိုပြီးပိုးမွှားဝင်လွယ်တယ်…ဝင်တဲ့ပိုးမွှားတွေကလည်းဆီးအိမ်ကိုလွယ်လွယ်ရောက်နိုင်ပြီး ဒုက္ခပေးနိုင်တာပေါ့…ဟိုးပိစိကနေ သွေးဆုံးပြီး အရွယ် အထိ…. မိန်းကလေးတွေ တအားဖြစ်ကြတယ်! အောက်ပိုင်း သန့်ရှင်းရေး တအား ဂရုစိုက်နိုင်မှ!လူကြီးတွေက ကလေးပိစိဆို အောက်ကဟောင်းလောင်း မုန့်စိမ်းပေါင်း ထားကြတာ…တော်ရုံဆို အောက်ခံဘောင်းဘီမပါ ဘာမပါ…ရွာက ကလေးတွေ ပိုဆိုးသေး…စကပ်ဟောင်းလောင်းနဲ့ရွာပတ်တယ်လေ! မကောင်းဘူးအဲတာ! ပြီးတော့… အမေ့ကိုမှာရမယ်! အမေသွေးဆုံးပြီး ဟုတ်!?? အဲ့အရွယ်ဆို ပိုဖြစ်တယ်နော်သိလား! ”
” ဟယ်… ဘာလို့??”
” သွေးဆုံးရင် သားဥအိမ်က estrogen လို့ခေါ်တဲ့မိန်းမ ဟော်မုန်းတစ်မျိုး ထုတ်တာ လျော့သွားရော …. အဲ့ဟော်မုန်း က မျိုးပွားအင်္ဂါလမ်းကြောင်းအတွက် ကာကွယ်ရေး တာဝန် တစိတ်တပိုင်းယူထားတာ… သူနည်းသွားတော့ အကာအကွယ်လျော့သွားတာကိုး”
“အံမလေး… ဒုက္ခ”
” မဒုက္ခပါဘူး အမေရ… အနာသိ ဆေးရှိတာပဲ!! ကာကွယ်ရေး အနေနဲ့.. ရေများများသောက်! ဆီး ချုပ်မခံနဲ့… ဆီးသွားချင်ရဲ့နဲ့အောင့်မထားနဲ့! သန့်ရှင်းရေး ဂရှစိုက်…ဒါဆိုရပြီ! ဆေးခန်းလာပြလိုက်တာကောင်းတယ်… ပထမ အဆင့်က ဆီးပူ တာ ကျဉ်တာ အောင့်တာ ပေါ့… ဆီးလမ်းကြောင်းရောင်ပြီး… နောက်တစ်ဆင့်က ခု အမေ့သမီး လိုပဲ ဆီးအိမ်ရောင်တာပေါ့…. အဲဒါကိုမှ ပစ်ထားရင်… ကျောက်ကပ်ပါရောင်ရော ..အဲကျ ဆေးရုံတက်ဘာတက် နဲ့ ရှုပ်ကုန်ရော! ကြားလားသမီး… ဒါခဏခဏ ပြန်ဖြစ်တတ်တယ်… ဂရုစိုက်နော်”
သားအမိ ၂ ယောက် မျက်လုံး အဝိုင်းသားနဲ့ နားထောင်ပြီးပြန်သွားလေရဲ့..။

နှင်းနုအေး

Previous Post

ကာလသားရောဂါအကြောင်း သိကောင်းစရာ

Next Post

HIV ပိုး ရှိတဲ့အမျိုးသမီးက ကိုယ်ဝန်ရှိခဲ့ရင် ကလေးမွေးခဲ့ရင် ဘာတွေလုပ်ရမလဲ။ အပိုင်း(၁)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
638

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
613
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

HIV ပိုး ရှိတဲ့အမျိုးသမီးက ကိုယ်ဝန်ရှိခဲ့ရင် ကလေးမွေးခဲ့ရင် ဘာတွေလုပ်ရမလဲ။ အပိုင်း(၁)

တဂွီဂွီရယ်တဲ့မှ တဂေ့ဂေ့

HIV ပိုး ရှိတဲ့အမျိုးသမီးက ကိုယ်ဝန်ရှိခဲ့ရင် ကလေးမွေးခဲ့ရင် ဘာတွေလုပ်ရမလဲ။ အပိုင်း(၂)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.