fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးများ သွေးဆုံးခြင်းအကြောင်းသိကောင်းစရာ

252
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/03/2018
in အမျိုးသမီး ကျန်းမာရေး, အမျိုးသားကျန်းမာရေး
1 min read
A A

အမ်ိဳးသမီးမ်ား ေသြးဆုံးျခင္းအေၾကာင္းသိေကာင္းစရာ

ေသြးဆုံးျခင္းဆိုတာဘာလဲ?
-ေသြးဆုံးတယ္ ဆိုတာ အမ်ိဳးသမီးမ်ားတြင္ သားဥ ၏ အလုပ္လုပ္ ႏိုင္စြမ္း ကုန္ဆုံးသြား၍ ၁၂ လ ႏွင့္ အထက္ ဆက္တိုက္ ရာသီမလာေတာ့ပဲ ရာသီေသြး ရပ္ဆိုင္းသြားတဲ့ အခ်ိန္ကို ဆိုလိုပါတယ္။ ပုံမွန္အားျဖင့္ အသက္ ၄၅-၅၅ ႏွစ္ မွာ ေသြးဆုံးေလ့ရွိတတ္ပါတယ္။

ေသြးဆုံးျခင္းဘယ္ႏွစ္မ်ိဳးရွိလဲ?

(၁)ပုံမွန္ေသြးဆုံးျခင္း ႏွင့္
(၂)အခ်ိန္မတိုင္မွီ ေသြးဆုံးျခင္း ဆိုၿပီး ရွိပါတယ္။ ေစာၿပီး ေသြးဆုံးတယ္ ဆိုတာ အသက္ ၄၅ႏွစ္ ေအာက္မွာ ေသြးဆုံးတာကို ဆိုလိုပါတယ္။ အဓိက အားျဖင့္ ခြဲစိတ္ျခင္း (သားဥအိမ္ ၂ ဖက္လုံးျဖတ္လိုက္ ရျခင္း)ေၾကာင့္ လည္းေကာင္း၊ ဓာတ္ေရာင္ျခည္ ထိ၍ေၾကာင့္ လည္းေကာင္း၊ ကင္ဆာကုထုံးမ်ား ေၾကာင့္ လည္းေကာင္း ေစာၿပီးေသြးဆုံးတတ္ပါတယ္။

ဘယ္လို လကၡဏာေတြခံစားရလဲ?

ေအာက္ပါလကၡဏာေတြကေတာ့ ေသြးဆုံးၿပီးၿပီးျခင္း အျဖစ္တတ္ဆုံးလကၡဏာမ်ား ျဖစ္ပါတယ္။ အဆိုပါ လကၡဏာေတြကေတာ့
-မ်က္ႏွာ နီျမန္ၿပီး ပူလာျခင္း
-ေမာပန္းလြယ္လာျခင္း
-ညအိပ္မေပ်ာ္ျခင္း
-စိတ္ပူ၊စိတ္ဆတ္၊ စိတ္မၿငိမ္ ျဖစ္လာျခင္း
-သတိေမ့တတ္လာျခင္း
-အာ႐ုံစိုက္မႈအားနည္းလာျခင္း
-စိတ္က်ျခင္း
-အဆစ္အျမစ္မ်ား နာက်င္ကိုက္ခဲျခင္း
-အေရျပားေျခာက္ေသြ႕ၿပီးယားလာျခင္း
-ကာမစိတ္နည္းလာျခင္း တို႔ျဖစ္တတ္ပါတယ္။

ထို႔အျပင္ အခ်ိဳ႕ေသာလကၡဏာ မ်ား
-မိန္းမကိုယ္ေျခာက္ေသြ႕၊ နာက်င္ျခင္း
-လိင္ဆက္ဆံခ်ိန္ အလြန္အမင္းနာျခင္း
-ဆီးသြားခ်င္စိတ္ မထိန္းႏိုင္ျခင္း
-ဆီးလမ္းေၾကာင္း မၾကာခဏပိုးဝင္ျခင္း
-သားအိမ္က်ျခင္း အစရွိေသာ လကၡဏာမ်ားမွာ အခ်ိန္ တစ္ခုအၾကာမွ ျဖစ္တတ္ပါတယ္။

ေသြးဆုံးျခင္းေၾကာင့္ estrogen ဓါတ္နည္းကာ အ႐ိုးပါးျခင္း၊ အ႐ိုးပြျခင္း၊ အ႐ိုးက်ိဳး ႏိုင္ေျခပိုမ်ား အစရွိေသာ အေျခအေနမ်ားျဖစ္လာႏိုင္ပါတယ္။ ႏွလုံးေသြးေၾကာက်ဥ္းႏႈန္းလည္းမ်ား ႏိုင္ကာ မွတ္ဉာဏ္ေလွ်ာ့နည္း ေရာဂါ(dementia) လည္းျဖစ္ႏိုင္ပါတယ္။

ကုသဖို႔ လိုလား? ဘယ္လိုကုသမႈေတြရွိလဲ?
တကယ္ေတာ့ ေသြးဆုံးျခင္းဆိုတာ ပုံမွန္ျဖစ္စဥ္ တစ္ခုသာျဖစ္ၿပီး အမ်ားအားျဖင့္ ျပင္းထန္ေလ့မရွိေပ။ ထို႔ေၾကာင့္ ေဟာ္မုန္းကုထုံး အၿမဲမလိုအပ္ပဲ မွန္ကန္ေသာ ေန႔စဥ္ေနထိုင္မႈ ပုံစံ ေျပာင္းလဲရန္သာလိုအပ္ေလ့ရွိပါတယ္။ မွန္ကန္ေသာ ေနထိုင္ပုံစံဆိုတာေတြကေတာ့
-ေနစဥ္ ပုံမွန္ေလ့က်င့္ခန္း လုပ္ျခင္း
-ေဆးလိပ္ ႏွင့္ အရက္ကို ေရွာင္က်ဥ္ျခင္း
-မိန္းမကိုယ္ေျခာက္ေသြ႕မႈေၾကာင့္ လိင္ဆက္ဆံရာတြင္ အလြန္အမင္း နာက်င္ကာ အိမ္ေထာင္ေရးသာယာမႈ ကို အေႏွာက္အယွက္ျဖစ္ႏိုင္သျဖင့္ ေခ်ာဆီ အသုံးျပဳျခင္း
-ကဖိန္းပါေသာ အစားအစာ(ေကာ္ဖီ၊လက္ဖက္ရည္) တို႔ကိုေလွ်ာ့ေသာက္ျခင္း
-ပုံမွန္ေဆးစစ္ျခင္း
-အ႐ိုးပါးျခင္း၊ အ႐ိုးပြျခင္း တို႔ကိုကာကြယ္ရန္ ကယ္လ္ဆီယမ္ႂကြယ္ဝေသာ အစားအစာမ်ား(ဥပမာ-ႏြားႏို႔)၊ ကယ္ဆီယမ္ ပါေသာအားေဆးမ်ားေသာက္သုံးသင့္ပါတယ္။

ဘယ္သူေတြကေဟာ္မုန္းကုထုံးလိုအပ္တာလဲ?

-ေရာဂါလကၡဏာျပင္းထန္သူမ်ား၊ အခ်ိန္မတန္ ေသြးဆုံးသူမ်ား ႏွင့္ အ႐ိုးပါး၊ အ႐ိုးပြ ေရာဂါအား ကာကြယ္/ကုသရန္ ေဟာ္မုန္းကုထုံး (HRT) ေပးေလ့ရွိပါတယ္။

ေဟာ္မုန္းကုထုံးဆိုတာဘာလဲ?

-ေသြးဆုံးၿပီး ေပၚေပါက္လာေသာ ေဝဒနာေတြဟာ အဓိကအားျဖင့္ အီစ႐ိုဂ်င္ (oestrogen) ဓာတ္နည္းသြားေသာ ေၾကာင့္ေပၚေပါက္လာရျခင္းျဖစ္ပါတယ္။ ထို႔ေၾကာင့္ အဆိုပါ လကၡဏာမ်ားသက္သာေစရန္ ေဟာ္မုန္းျပန္လည္အစားထိုးေပးေသာ ကုထုံးပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ေဟာ္မုန္းကုထုံး (သို႔မဟုတ္) ေဟာ္မုန္းအစားထိုးကုထုံး (Hormone Replacement Therapy/HRT) လို႔ ေခၚတာျဖစ္ပါတယ္။ အဓိကအားျဖင့္ အီစ႐ိုဂ်င္သက္သက္(oestrogen alone) ၊ အီစ႐ိုဂ်င္ နဲ႔ ပ႐ိုဂ်က္စတီ႐ုန္း အေရာ (Combined Oestrogen and progesterone) ၊ Tibolone ႏွင့္ Selective Estrogen Receptor Modulators (SERMs) အစရွိေသာ ေဟာ္မုန္းေဆးမ်ားပါဝင္ေလ့ရွိပါတယ္။

ေဟာ္မုန္းအစားထိုး ကုထုံးမဟုတ္ေသာ ကုသနည္းမ်ား…
-အ႐ိုးပြျခင္းအတြက္ အ႐ိုးအားေခ်ဖ်က္ျခင္းကိုတားေသာ Biphosphonates ၊
-စိတ္က်၊ စိတ္ဆက္ျခင္းမ်ားအတြက္ SSRI ေဆးမ်ား( Venlafaxine၊ fluoxetine ၊ citalopram)
-ပူျခင္း၊ မ်က္ႏွာနီျမန္းျခင္းအတြက္ clonidine
-ရင္တုန္ျခင္းအတြက္propranolol
-Gabapentin အစရွိေသာ ေဆးမ်ားျဖင့္လည္း ကုေလ့ရွိပါတယ္။

အျခားေသာ ကုထုံးမ်ားအျဖစ္ အက္စိုက္ကုျခင္း(Acupuncture) ၊ သံလိုက္ဓါတ္ျဖင့္ကုျခင္း၊ ပရေဆးမ်ား (ဂ်င္ကို၊ ဂ်င္ဆင္း အစရွိေသာ ပရေဆးမ်ား) စေသာကုထုံးမ်ားလည္းရွိတာေတြ႕ရပါတယ္။
အမ်ိဳးသမီးႀကီးမ်ား ေသြးဆုံးေသာ္ လည္း အၿပဳံးမပ်က္ေစဖို႔ ေစတနာမ်ားစြာျဖင့္……

Author : Dr. Z

အမျိုးသမီးများ သွေးဆုံးခြင်းအကြောင်းသိကောင်းစရာ

သွေးဆုံးခြင်းဆိုတာဘာလဲ?
-သွေးဆုံးတယ် ဆိုတာ အမျိုးသမီးများတွင် သားဥ ၏ အလုပ်လုပ် နိုင်စွမ်း ကုန်ဆုံးသွား၍ ၁၂ လ နှင့် အထက် ဆက်တိုက် ရာသီမလာတော့ပဲ ရာသီသွေး ရပ်ဆိုင်းသွားတဲ့ အချိန်ကို ဆိုလိုပါတယ်။ ပုံမှန်အားဖြင့် အသက် ၄၅-၅၅ နှစ် မှာ သွေးဆုံးလေ့ရှိတတ်ပါတယ်။

သွေးဆုံးခြင်းဘယ်နှစ်မျိုးရှိလဲ?

(၁)ပုံမှန်သွေးဆုံးခြင်း နှင့်
(၂)အချိန်မတိုင်မှီ သွေးဆုံးခြင်း ဆိုပြီး ရှိပါတယ်။ စောပြီး သွေးဆုံးတယ် ဆိုတာ အသက် ၄၅နှစ် အောက်မှာ သွေးဆုံးတာကို ဆိုလိုပါတယ်။ အဓိက အားဖြင့် ခွဲစိတ်ခြင်း (သားဥအိမ် ၂ ဖက်လုံးဖြတ်လိုက် ရခြင်း)ကြောင့် လည်းကောင်း၊ ဓာတ်ရောင်ခြည် ထိ၍ကြောင့် လည်းကောင်း၊ ကင်ဆာကုထုံးများ ကြောင့် လည်းကောင်း စောပြီးသွေးဆုံးတတ်ပါတယ်။

ဘယ်လို လက္ခဏာတွေခံစားရလဲ?

အောက်ပါလက္ခဏာတွေကတော့ သွေးဆုံးပြီးပြီးခြင်း အဖြစ်တတ်ဆုံးလက္ခဏာများ ဖြစ်ပါတယ်။ အဆိုပါ လက္ခဏာတွေကတော့
-မျက်နှာ နီမြန်ပြီး ပူလာခြင်း
-မောပန်းလွယ်လာခြင်း
-ညအိပ်မပျော်ခြင်း
-စိတ်ပူ၊စိတ်ဆတ်၊ စိတ်မငြိမ် ဖြစ်လာခြင်း
-သတိမေ့တတ်လာခြင်း
-အာရုံစိုက်မှုအားနည်းလာခြင်း
-စိတ်ကျခြင်း
-အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း
-အရေပြားခြောက်သွေ့ပြီးယားလာခြင်း
-ကာမစိတ်နည်းလာခြင်း တို့ဖြစ်တတ်ပါတယ်။

ထို့အပြင် အချို့သောလက္ခဏာ များ
-မိန်းမကိုယ်ခြောက်သွေ့၊ နာကျင်ခြင်း
-လိင်ဆက်ဆံချိန် အလွန်အမင်းနာခြင်း
-ဆီးသွားချင်စိတ် မထိန်းနိုင်ခြင်း
-ဆီးလမ်းကြောင်း မကြာခဏပိုးဝင်ခြင်း
-သားအိမ်ကျခြင်း အစရှိသော လက္ခဏာများမှာ အချိန် တစ်ခုအကြာမှ ဖြစ်တတ်ပါတယ်။

သွေးဆုံးခြင်းကြောင့် estrogen ဓါတ်နည်းကာ အရိုးပါးခြင်း၊ အရိုးပွခြင်း၊ အရိုးကျိုး နိုင်ခြေပိုများ အစရှိသော အခြေအနေများဖြစ်လာနိုင်ပါတယ်။ နှလုံးသွေးကြောကျဉ်းနှုန်းလည်းများ နိုင်ကာ မှတ်ဉာဏ်လျှော့နည်း ရောဂါ(dementia) လည်းဖြစ်နိုင်ပါတယ်။

ကုသဖို့ လိုလား? ဘယ်လိုကုသမှုတွေရှိလဲ?
တကယ်တော့ သွေးဆုံးခြင်းဆိုတာ ပုံမှန်ဖြစ်စဉ် တစ်ခုသာဖြစ်ပြီး အများအားဖြင့် ပြင်းထန်လေ့မရှိပေ။ ထို့ကြောင့် ဟော်မုန်းကုထုံး အမြဲမလိုအပ်ပဲ မှန်ကန်သော နေ့စဉ်နေထိုင်မှု ပုံစံ ပြောင်းလဲရန်သာလိုအပ်လေ့ရှိပါတယ်။ မှန်ကန်သော နေထိုင်ပုံစံဆိုတာတွေကတော့
-နေစဉ် ပုံမှန်လေ့ကျင့်ခန်း လုပ်ခြင်း
-ဆေးလိပ် နှင့် အရက်ကို ရှောင်ကျဉ်ခြင်း
-မိန်းမကိုယ်ခြောက်သွေ့မှုကြောင့် လိင်ဆက်ဆံရာတွင် အလွန်အမင်း နာကျင်ကာ အိမ်ထောင်ရေးသာယာမှု ကို အနှောက်အယှက်ဖြစ်နိုင်သဖြင့် ချောဆီ အသုံးပြုခြင်း
-ကဖိန်းပါသော အစားအစာ(ကော်ဖီ၊လက်ဖက်ရည်) တို့ကိုလျှော့သောက်ခြင်း
-ပုံမှန်ဆေးစစ်ခြင်း
-အရိုးပါးခြင်း၊ အရိုးပွခြင်း တို့ကိုကာကွယ်ရန် ကယ်လ်ဆီယမ်ကြွယ်ဝသော အစားအစာများ(ဥပမာ-နွားနို့)၊ ကယ်ဆီယမ် ပါသောအားဆေးများသောက်သုံးသင့်ပါတယ်။

ဘယ်သူတွေကဟော်မုန်းကုထုံးလိုအပ်တာလဲ?

-ရောဂါလက္ခဏာပြင်းထန်သူများ၊ အချိန်မတန် သွေးဆုံးသူများ နှင့် အရိုးပါး၊ အရိုးပွ ရောဂါအား ကာကွယ်/ကုသရန် ဟော်မုန်းကုထုံး (HRT) ပေးလေ့ရှိပါတယ်။

ဟော်မုန်းကုထုံးဆိုတာဘာလဲ?

-သွေးဆုံးပြီး ပေါ်ပေါက်လာသော ဝေဒနာတွေဟာ အဓိကအားဖြင့် အီစရိုဂျင် (oestrogen) ဓာတ်နည်းသွားသော ကြောင့်ပေါ်ပေါက်လာရခြင်းဖြစ်ပါတယ်။ ထို့ကြောင့် အဆိုပါ လက္ခဏာများသက်သာစေရန် ဟော်မုန်းပြန်လည်အစားထိုးပေးသော ကုထုံးပဲဖြစ်ပါတယ်။ ဒါကြောင့် ဟော်မုန်းကုထုံး (သို့မဟုတ်) ဟော်မုန်းအစားထိုးကုထုံး (Hormone Replacement Therapy/HRT) လို့ ခေါ်တာဖြစ်ပါတယ်။ အဓိကအားဖြင့် အီစရိုဂျင်သက်သက်(oestrogen alone) ၊ အီစရိုဂျင် နဲ့ ပရိုဂျက်စတီရုန်း အရော (Combined Oestrogen and progesterone) ၊ Tibolone နှင့် Selective Estrogen Receptor Modulators (SERMs) အစရှိသော ဟော်မုန်းဆေးများပါဝင်လေ့ရှိပါတယ်။

ဟော်မုန်းအစားထိုး ကုထုံးမဟုတ်သော ကုသနည်းများ…
-အရိုးပွခြင်းအတွက် အရိုးအားချေဖျက်ခြင်းကိုတားသော Biphosphonates ၊
-စိတ်ကျ၊ စိတ်ဆက်ခြင်းများအတွက် SSRI ဆေးများ( Venlafaxine၊ fluoxetine ၊ citalopram)
-ပူခြင်း၊ မျက်နှာနီမြန်းခြင်းအတွက် clonidine
-ရင်တုန်ခြင်းအတွက်propranolol
-Gabapentin အစရှိသော ဆေးများဖြင့်လည်း ကုလေ့ရှိပါတယ်။

အခြားသော ကုထုံးများအဖြစ် အက်စိုက်ကုခြင်း(Acupuncture) ၊ သံလိုက်ဓါတ်ဖြင့်ကုခြင်း၊ ပရဆေးများ (ဂျင်ကို၊ ဂျင်ဆင်း အစရှိသော ပရဆေးများ) စသောကုထုံးများလည်းရှိတာတွေ့ရပါတယ်။
အမျိုးသမီးကြီးများ သွေးဆုံးသော် လည်း အပြုံးမပျက်စေဖို့ စေတနာများစွာဖြင့်……

Author : Dr. Z

Previous Post

ကိုယ်ဝန်ဆောင်ချိန် ဖြစ်တတ်သော ဗိုက်အောင့်/ ဗိုက်နာခြင်းများ

Next Post

ဘယ်လိုသိနိုင်မလဲ လေဖြတ် မဖြတ် 

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
638

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
613
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဘယ်လိုသိနိုင်မလဲ လေဖြတ် မဖြတ် 

မိခင်နှင့် နို့ချိုတိုက်ကျွေးခြင်း

စအိုမှ လိင်ဆက်ဆံခြင်းခံရသော်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.