fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

မိခင်နှင့် နို့ချိုတိုက်ကျွေးခြင်း

43
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/03/2018
in မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

မိခင္ႏွင့္ ႏို႔ခ်ိဳတိုက္ေကၽြးျခင္း

မိခင္မ်ားအေနႏွင့္ မိမိတို႔၏ ရင္ေသြးငယ္ေလးမ်ားအား က်န္းမာသန္စြမ္းေသာ ကေလးမ်ားျဖစ္လာေစရန္ ျပဳစုပ်ိဳးေထာင္ရာတြင္ မွန္ကန္ေသာ ႏို႔ခ်ိဳတိုက္ေကၽြးျခင္းနည္းလမ္းမ်ားကို သိရွိဖို႔ လိုအပ္ပါတယ္။ ေမြးကင္းစအရြယ္မွ အသက္(၆)လျပည့္သည္အထိ မိခင္ႏို႔တစ္မ်ိဳးတည္းကိုသာ တိုက္ေကၽြးျခင္းသည္ ရင္ေသြးငယ္ေလးမ်ားအတြက္ အာဟာရဓာတ္အျပည့္အ၀ရရွိေစပါတယ္။ မိခင္ႏို႔ရည္ထဲတြင္ အာဟာရဓာတ္မ်ားမွ်တျပည့္၀စြာ ပါ၀င္သည့္အျပင္ ေမြးကင္းစကေလးမ်ားအတြက္ လြယ္ကူစြာ အစာေၾကေစပါတယ္။ အဘယ္ေၾကာင့္ဆိုေသာ္ ေမြးကင္းစကေလးမ်ား၏ အစာအိမ္သည္ ေသးငယ္သည့္အတြက္ မိခင္ႏို႔ရည္ကိုသာလွ်င္ လြယ္ကူစြာ ေခ်ဖ်က္ႏိုင္ပါတယ္။ ႏို႔ခ်ဳိတိုက္ေကြၽးျခင္းဟာ ရင္ေသြးငယ္ေလးမ်ားအတြက္ မ်ားစြာအက်ဳိးရိွေစပါတယ္။ မိခင္ႏို႔ခ်ဳိတိုက္ေကြၽးျခင္းျဖင့္ ရင္ေသြးငယ္ေလးမ်ား အဝလြန္ျခင္းမွ ကာကြယ္ေပးျခင္း၊ အသက္အရြယ္ႀကီးလာေသာအခါ ဆီးခ်ဳိ ေသြးခ်ဳိေရာဂါျဖစ္ပြားႏိုင္သည့္ ရာခိုင္ႏႈန္းကို ေလွ်ာ့ခ်ေပးျခင္း၊ မိခင္ႏို႔ရည္ထဲတြင္ Anti-allergenic agentsဟုေခၚေသာ ဓာတ္မတည့္သည့္ေရာဂါျဖစ္ေစျခင္းမွ ကာကြယ္ေပးသည့္ဓာတ္မ်ားပါဝင္ျခင္း စသည့္ေကာင္းက်ဳိးမ်ား ရရိွေစႏိုင္ပါတယ္။ မိခင္ႏို႔တိုက္ေကြၽးေသာ ကေလးငယ္မ်ားသည္ အဆုတ္ေရာင္ေရာဂါ၊ အစာအိမ္ေရာဂါ၊ ဆီးလမ္းေၾကာင္းဆိုင္ရာေရာဂါမ်ားျဖစ္ျခင္းမွ ကာကြယ္ေပးႏိုင္သည့္အျပင္ ဉာဏ္ရည္ဖြံ႕ၿဖိဳးမႈကိုလည္း ျမင့္မားေစပါတယ္။

မိခင္ႏို႔ရည္ထဲတြင္ ရင္ေသြးငယ္ေလးမ်ားအတြက္လိုအပ္ေသာ အာဟာရဓာတ္မ်ား မ်ားစြာပါဝင္ပါေသးသည္။ ဘက္တီးရီယားႏွင့္ ဗိုင္းရပ္စ္ပိုးမ်ားကို ေသေစႏိုင္သည့္ lysozomes and proteins၊ ခႏၶာကိုယ္ခုခံအားစနစ္ဖြံ႕ၿဖိဳးေစသည့္ immuoglobulins၊ ဦးေႏွာက္ ဖြံ႕ၿဖိဳးေစၿပီး အ႐ိုးမ်ား၊ သြားမ်ား သန္မာေစသည့္ carbohydrates၊ ႏွလံုးက်န္းမာေရးႏွင့္ ခႏၶာကိုယ္အတြက္ လိုအပ္သည့္ စြမ္းအင္မ်ား ရရိွေစသည့္ Fats၊ ထို႔အျပင္ Vitamins A,D,K, B complex, C, Mineralsစသည့္ အာဟာရဓာတ္မ်ားစြာပါဝင္ပါတယ္။

ႏို႔ခ်ဳိတိုက္ေကြၽးျခင္းသည္ ရင္ေသြးငယ္ေလးမ်ားအတြက္သာမက ေမေမမ်ားအတြက္လည္း အက်ဳိးရိွေစပါတယ္။ ေမေမတို႔အတြက္ လူလည္းမပင္ပန္းသည့္အျပင္ ေငြေၾကးအကုန္အက် သက္သာေစပါတယ္။ ႏို႔တိုက္ေနစဥ္ ကာလအတြင္း ခႏၶာကိုယ္ထဲမွ oxytocinဟုေခၚေသာ ေဟာ္မုန္းထြက္လာသည့္အတြက္ ကေလးေမြးဖြားၿပီးေနာက္ သားအိမ္ကို လ်င္ျမန္စြာ ဝပ္ေစပါတယ္။ ဒါ့အျပင္ မိမိရင္ေသြးငယ္ေလးမ်ားကို ႏို႔ခ်ဳိတိုက္ေကြၽးရင္း ကိုယ္ဝန္မေဆာင္မီကာလမ်ားကဲ့သို႔ ကိုယ္အေလးခ်ိန္ျပန္က်ကာ က်န္းမာသြယ္လ်လွပေစပါတယ္။ ဒါဟာ ေမေမမ်ား စိတ္ဝင္စားမယ့္ အခ်က္တစ္ခ်က္မွာ ပါဝင္မယ္လို႔ ထင္မိပါတယ္။ ဒီလိုေကာင္းက်ဳိးေတြရိွသည့္အျပင္ အမ်ဳိးသမီးမ်ားတြင္ ေတြ႕ႀကံဳရတတ္ေသာ ရင္သားကင္ဆာ၊ မ်ဳိးဥအိမ္ကင္ဆာ အစရိွသည့္ေရာဂါမ်ား ျဖစ္ပြားမႈႏႈန္းကိုလည္း ေလ်ာ့က်ေစပါေသးတယ္။ အသက္အရြယ္ရလာေသာအခါ အ႐ိုးပြေရာဂါျဖစ္ပြားႏိုင္ျခင္းမွလည္း ကာကြယ္ေပးႏိုင္ပါေသးတယ္။ ေမေမတို႔ဟာ မိမိရင္ေသြးငယ္ေလးမ်ားကို ႏို႔တိုက္ေကြၽးျခင္းျဖင့္ ကေလးေမြးဖြားၿပီးေနာက္ ခံစားရတတ္သည့္ စိတ္က်ေရာဂါခံစားရမႈမွလည္း ကင္းေဝးေစႏိုင္သလို ႏို႔တိုက္ေနစဥ္ ၆လအတြင္း သားဆက္ျခားရာလည္း ေရာက္ပါတယ္။

ဤကဲ့သို႔   ေမေမတို႔အတြက္ေကာ မိမိ၏ ရင္ေသြးငယ္ေလးမ်ားအတြက္ပါ အက်ဳိးေက်းဇူးမ်ားစြာ ရရွိေစႏိုင္သည့္အတြက္ ႏို႔ခ်ဳိတိုက္ေကြၽးျခင္းသည္ အလြန္အေရးႀကီးလွပါတယ္။ သို႔ျဖစ္ပါေသာေၾကာင့္ ဉာဏ္ရည္ ဖြံ႕ၿဖိဳးၿပီး က်န္းမာသန္စြမ္းေသာ ကေလးမ်ား ျဖစ္လာေစဖို႔၊ က်န္းမာလွပေသာ မိခင္မ်ား ျဖစ္လာေစဖို႔ မိခင္ႏို႔ခ်ဳိတိုက္ေကြၽးၾကပါလို႔ တိုက္တြန္းရင္း ဤေဆာင္းပါးေလးအား ေရးသားလိုက္ရပါတယ္။

ရႊင္လန္းခ်မ္းေျမ႕ၾကပါေစ။

Dr.သီတာလိႈင္(ေဆး-၂)

မိခင်နှင့် နို့ချိုတိုက်ကျွေးခြင်း

မိခင်များအနေနှင့် မိမိတို့၏ ရင်သွေးငယ်လေးများအား ကျန်းမာသန်စွမ်းသော ကလေးများဖြစ်လာစေရန် ပြုစုပျိုးထောင်ရာတွင် မှန်ကန်သော နို့ချိုတိုက်ကျွေးခြင်းနည်းလမ်းများကို သိရှိဖို့ လိုအပ်ပါတယ်။ မွေးကင်းစအရွယ်မှ အသက်(၆)လပြည့်သည်အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးခြင်းသည် ရင်သွေးငယ်လေးများအတွက် အာဟာရဓာတ်အပြည့်အဝရရှိစေပါတယ်။ မိခင်နို့ရည်ထဲတွင် အာဟာရဓာတ်များမျှတပြည့်ဝစွာ ပါဝင်သည့်အပြင် မွေးကင်းစကလေးများအတွက် လွယ်ကူစွာ အစာကြေစေပါတယ်။ အဘယ်ကြောင့်ဆိုသော် မွေးကင်းစကလေးများ၏ အစာအိမ်သည် သေးငယ်သည့်အတွက် မိခင်နို့ရည်ကိုသာလျှင် လွယ်ကူစွာ ချေဖျက်နိုင်ပါတယ်။ နို့ချိုတိုက်ကျွေးခြင်းဟာ ရင်သွေးငယ်လေးများအတွက် များစွာအကျိုးရှိစေပါတယ်။ မိခင်နို့ချိုတိုက်ကျွေးခြင်းဖြင့် ရင်သွေးငယ်လေးများ အဝလွန်ခြင်းမှ ကာကွယ်ပေးခြင်း၊ အသက်အရွယ်ကြီးလာသောအခါ ဆီးချို သွေးချိုရောဂါဖြစ်ပွားနိုင်သည့် ရာခိုင်နှုန်းကို လျှော့ချပေးခြင်း၊ မိခင်နို့ရည်ထဲတွင် Anti-allergenic agentsဟုခေါ်သော ဓာတ်မတည့်သည့်ရောဂါဖြစ်စေခြင်းမှ ကာကွယ်ပေးသည့်ဓာတ်များပါဝင်ခြင်း စသည့်ကောင်းကျိုးများ ရရှိစေနိုင်ပါတယ်။ မိခင်နို့တိုက်ကျွေးသော ကလေးငယ်များသည် အဆုတ်ရောင်ရောဂါ၊ အစာအိမ်ရောဂါ၊ ဆီးလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည့်အပြင် ဉာဏ်ရည်ဖွံ့ဖြိုးမှုကိုလည်း မြင့်မားစေပါတယ်။

မိခင်နို့ရည်ထဲတွင် ရင်သွေးငယ်လေးများအတွက်လိုအပ်သော အာဟာရဓာတ်များ များစွာပါဝင်ပါသေးသည်။ ဘက်တီးရီယားနှင့် ဗိုင်းရပ်စ်ပိုးများကို သေစေနိုင်သည့် lysozomes and proteins၊ ခန္ဓာကိုယ်ခုခံအားစနစ်ဖွံ့ဖြိုးစေသည့် immuoglobulins၊ ဦးနှောက် ဖွံ့ဖြိုးစေပြီး အရိုးများ၊ သွားများ သန်မာစေသည့် carbohydrates၊ နှလုံးကျန်းမာရေးနှင့် ခန္ဓာကိုယ်အတွက် လိုအပ်သည့် စွမ်းအင်များ ရရှိစေသည့် Fats၊ ထို့အပြင် Vitamins A,D,K, B complex, C, Mineralsစသည့် အာဟာရဓာတ်များစွာပါဝင်ပါတယ်။

နို့ချိုတိုက်ကျွေးခြင်းသည် ရင်သွေးငယ်လေးများအတွက်သာမက မေမေများအတွက်လည်း အကျိုးရှိစေပါတယ်။ မေမေတို့အတွက် လူလည်းမပင်ပန်းသည့်အပြင် ငွေကြေးအကုန်အကျ သက်သာစေပါတယ်။ နို့တိုက်နေစဉ် ကာလအတွင်း ခန္ဓာကိုယ်ထဲမှ oxytocinဟုခေါ်သော ဟော်မုန်းထွက်လာသည့်အတွက် ကလေးမွေးဖွားပြီးနောက် သားအိမ်ကို လျင်မြန်စွာ ဝပ်စေပါတယ်။ ဒါ့အပြင် မိမိရင်သွေးငယ်လေးများကို နို့ချိုတိုက်ကျွေးရင်း ကိုယ်ဝန်မဆောင်မီကာလများကဲ့သို့ ကိုယ်အလေးချိန်ပြန်ကျကာ ကျန်းမာသွယ်လျလှပစေပါတယ်။ ဒါဟာ မေမေများ စိတ်ဝင်စားမယ့် အချက်တစ်ချက်မှာ ပါဝင်မယ်လို့ ထင်မိပါတယ်။ ဒီလိုကောင်းကျိုးတွေရှိသည့်အပြင် အမျိုးသမီးများတွင် တွေ့ကြုံရတတ်သော ရင်သားကင်ဆာ၊ မျိုးဥအိမ်ကင်ဆာ အစရှိသည့်ရောဂါများ ဖြစ်ပွားမှုနှုန်းကိုလည်း လျော့ကျစေပါသေးတယ်။ အသက်အရွယ်ရလာသောအခါ အရိုးပွရောဂါဖြစ်ပွားနိုင်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ မေမေတို့ဟာ မိမိရင်သွေးငယ်လေးများကို နို့တိုက်ကျွေးခြင်းဖြင့် ကလေးမွေးဖွားပြီးနောက် ခံစားရတတ်သည့် စိတ်ကျရောဂါခံစားရမှုမှလည်း ကင်းဝေးစေနိုင်သလို နို့တိုက်နေစဉ် ၆လအတွင်း သားဆက်ခြားရာလည်း ရောက်ပါတယ်။

ဤကဲ့သို့   မေမေတို့အတွက်ကော မိမိ၏ ရင်သွေးငယ်လေးများအတွက်ပါ အကျိုးကျေးဇူးများစွာ ရရှိစေနိုင်သည့်အတွက် နို့ချိုတိုက်ကျွေးခြင်းသည် အလွန်အရေးကြီးလှပါတယ်။ သို့ဖြစ်ပါသောကြောင့် ဉာဏ်ရည် ဖွံ့ဖြိုးပြီး ကျန်းမာသန်စွမ်းသော ကလေးများ ဖြစ်လာစေဖို့၊ ကျန်းမာလှပသော မိခင်များ ဖြစ်လာစေဖို့ မိခင်နို့ချိုတိုက်ကျွေးကြပါလို့ တိုက်တွန်းရင်း ဤဆောင်းပါးလေးအား ရေးသားလိုက်ရပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

Dr.သီတာလှိုင်(ဆေး-၂)

Previous Post

ဘယ်လိုသိနိုင်မလဲ လေဖြတ် မဖြတ် 

Next Post

စအိုမှ လိင်ဆက်ဆံခြင်းခံရသော်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
638

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
613
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စအိုမှ လိင်ဆက်ဆံခြင်းခံရသော်

ကလေးမီးဖွားပြီးနို့တိုက်ကျွေးနေစဉ်အတွင်း ဘာတွေဘယ်လိုစားသင့်လဲ။

HIVပိုး ရှိတဲ့အမျိုးသမီးက ကိုယ်ဝန်ရှိခဲ့ရင် ကလေးမွေးခဲ့ရင် ဘာတွေလုပ်ရမလဲ။ အပိုင်း(၃)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.