အပိုင်း(၁)ရဲ့အဆုံးမှာ စိတ်ပိုင်းဆိုင်ရာပညာရှင်တွေ ၁၉၉၆မှာ ပျှမ်းမျှအသက်၄၀ ကနေ ၅၀ အတွင်းရှိတဲ့ လူပေါင်း အယောက်၈၀၀နီးပါးကို သူတို့ရဲ့စိတ်ကို ဘယ်လောက်များချုပ်တည်း နှိပ်ကွပ်ခဲ့ကြသလဲဆိုတဲ့စသဖြင့်မေးခွန်းမေးလေ့လာကာ
နောက်၁၂နှစ်အကြာမှာ ပြန်ဆန်းစစ်ခဲ့ကြောင်းရေးခဲ့ပါတယ်။အဲ့လိုနောက်၁၂နှစ်အကြာတဲ့အချိန် စမ်းသပ်လေ့လာမှုမှာ ပါဝင်ခဲ့တဲ့ အယောက်၈၀၀နီးပါးကိုပြန်ကြည့်တဲ့အခါမှာတော့ ပါဝင်သူ အယောက်၈၀၀နီးပါးအနက် အယောက်၁၀၀နီးပါးဟာသေဆုံးနေပြီဖြစ်ပါတယ်။သေဆုံးသူ၁၀၀ကိုပြန်လေ့လာတဲ့ဆန်းစစ်ကြည့်တဲ့အခါမှာ အပိုင်း(၁)မှာပြောခဲ့တဲ့အတိုင်း စိတ်ခံစားမှုကိုမြိုသိပ်ထားတတ်တဲ့သူတွေအရေအတွက်က ပိုများနေပါတယ်။
ဆက်စပ်နေတာနောက်တခုကတော့ အဲ့ဒီလိုမိမိစိတ်ခံစားမှုကိုမြိုသိပ်လေ့ရှိတဲ့သူတွေဟာ သူတို့ရဲ့စိတ်ကို အရက်၊ဆေးလိပ်၊ရယ်ဒီမိတ်အစားအစာ နဲ့ဆီကြော်အစားအစာတွေကိုလည်း အများကြီးစားသုံးခြင်းရှိကြပါတယ်တဲ့။အဲ့ဒီအမူအကျင့်တွေကလဲ သူတို့အသက်တိုဖို့ကိုဖြစ်စေတဲ့နေရာမှာ တစိတ်တပိုင်းအနေနဲ့ပါဝင်နေပါတယ်။
နောက်တချက်ကတော့ စိတ်ခံစားမှုတွေကိုမြိုသိပ်ပါများလာတာနဲ့အမျှ ရေရှည်မှာစိတ်ဖိအားများလာပါတယ်။စိတ်ဖိအားများလာရင် အပျက်သဘောဆောင်တဲ့ အတွေးတွေ၊မကောင်းမြင်စိတ်တွေကို လွယ်လွယ်နဲ့ဖြစ်ပေါ်စေနိုင်ပါတယ်။
သိပ်မကြာသေးခင်ကတွေ့ရှိခဲ့တဲ့လေ့လာမှုတခုအရ ဒေါသထွက်ခြင်း၊စိတ်ခံစားမှုတွေကိုဖွင့်ထုတ်ခြင်းတွေဟာ အပျက်သဘောဆောင်တဲ့အတွေးအမြင်တွေ၊ဖိအားတွေကို လျော့ကျစေပါတယ်တဲ့။
စိတ်တိုခြင်း၊ဒေါသထွက်ခြင်း၊အသံထွက်ပြီး ဟက်ဟက်ပက်ပက်ရယ်မောခြင်း၊အားရပါးရငိုခြင်းတွေစတဲ့ စိတ်ခံစားမှုပေါက်ကွဲခြင်းတွေဟာ ဦးနှောက်ရဲ့အရှေ့ဘက်ခြမ်းက သွေးလည်ပတ်နှုန်းကို မြန်စေပြီး အဲ့ဖြစ်စဉ်မှာ စိတ်ဖိအားလျော့ကျစေပြီး ကိုယ်ခန္ဓာအတွက် ကောင်းကျိုးပြုတဲ့လုပ်ငန်းစဉ်ရလဒ်တွေ ထွက်ပေါ်လာစေပါတယ်။
အဆုံးသတ်အနေနဲ့ပြောရရင်တော့ စိတ်ထောင်းလျှင်ကိုယ်ကြေ၊စိတ်ပျိုလျှင်ကိုယ်နု ဆိုတဲ့စကားအတိုင်း ရခဲလှပြီးတိုတောင်းတဲ့ လူ့ဘဝမှာ ဖြစ်သင့်တာတွေကိုပဲ စဉ်းစားပြီး ဖြစ်သင့်တဲ့အတိုင်းပဲ လုပ်မနေဘဲ တခါတရံမှာ ကိုယ်ဖြစ်ချင်တာတွေကိုလည်းလုပ်ပါ။စိတ်ခံစားမှုတွေကို တအားမြိုသိပ်မထားပါနဲ့။တခါတလေမှာ ဘာမှသိပ်စဉ်းစားမနေဘဲ စိတ်ခံစားမှုတွေကို ဖွင့်ထုတ်ပေးဖို့လိုပါတယ်။ဒါမှသာ စိတ်ဖိအားနည်းပြီး စိတ်ပျိုကိုယ်နုကာ အသက်ရှည်ရှည်နေရမှာပါ စာဖတ်ပရိသတ်တို့။
Author: သီတာနွယ်(အမရပူရ)