fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းအကြောင်းသိကောင်းစရာ

424
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/05/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

သားအိမ္တြင္းထည့္ၿပီး သေႏၶတားရေသာ ပစၥည္းကို ေဆးပညာအရ Intra-Uterine Contraceptive Device(IUCD သို႔မဟုတ္ IUD) လို႔ ေခၚပါတယ္။ ေဆးေသာက္တာ ေဆးထိုးတာ မဟုတ္ဘဲ သားအိမ္ထဲကို ပစၥည္းထည့္ၿပီး သေႏၶတားတဲ့ နည္းလမ္းျဖစ္ပါတယ္။

ပစၥည္းထည့္တယ္ဆိုလို႔လည္းအရမ္းလန႔္မသြားပါနဲ႔။ လက္ႏွစ္ဆစ္ေလာက္ပဲ အရွည္ရွိၿပီး အဂၤလိပ္အကၡရာ T ပုံစံ သို႔မဟုတ္ Y ပုံစံ ရွိကာ အ႐ြယ္အစားအားျဖင့္လည္း ေသးတဲ့ ပစၥည္းေလးထည့္တာပါ။ သားအိမ္ထဲထည့္တဲ့ပစၥည္းကို ေဟာ္မုန္းပါတဲ့ အမ်ိဳးအစားနဲ႔ ေဟာ္မုန္းမပါဘဲ ေၾကးနီ(Copper)ပဲပါတဲ့ အမ်ိဳးအစားဆိုၿပီး ႏွစ္မ်ိဳးခြဲထားပါတယ္။ အသုံးမ်ားတာကေတာ့ ေဟာ္မုန္းမပါဘဲ ေၾကးနီပဲပါတဲ့ အမ်ိဳးအစားကိုပဲ အသုံးမ်ားပါတယ္။

ကြၽန္ေတာ္အေနနဲ႔လည္း ဒီေဆာင္းပါးမွာ ေၾကးနီပါတဲ့ သားအိမ္တြင္းထည့္ သေႏၶသားပစၥည္းအေၾကာင္းပဲေျပာပါမယ္။ တခါထည့္ထားရင္ ထည့္တဲ့အခ်ိန္ကစၿပီး အမ်ိဳးအစားေပၚ မႈတည္ကာ ငါးႏွစ္ သို႔မဟုတ္ ဆယ္ႏွစ္ထိ ကိုယ္ဝန္တားႏိုင္ပါတယ္။ ကိုယ္ဝန္တားႏိုင္တဲ့ ရာခိုင္ႏႈန္းကေတာ့ ၉၉ ဒသာမ ၂ ရာခိုင္ႏႈန္းရွိပါတယ္။

ဆိုလိုတာကေတာ့ သေႏၶတားပစၥည္းထည့္ထားၿပီး ပထမတႏွစ္အတြင္းမွာ ကိုယ္ဝန္ရတာမ်ိဳးျဖစ္တာက အမ်ိဳးသမီးအေယာက္တစ္ေထာင္မွာ (၆)ေယာက္ကေန (၈)ေယာက္ေလာက္သာ ရွိပါတယ္။ သားဥအိမ္က ထြက္လာတဲ့ သားဥေတြ အကာကြယ္မဲ့ လိင္ဆက္ဆံရာမွ တဆင့္ မိန္းမကိုယ္ထဲ ဝင္လာတဲ့ သုက္ပိုးေတြကို ေၾကးနီမွာပါတဲ့ဓါတ္က ဖ်က္ဆီးေပးျခင္းအားျဖင့္ကိုယ္ဝန္ကို တားဆီးေပးပါတယ္။

ေၾကးနီပါတဲ့ သားအိမ္တြင္းထည့္ သေႏၶတားပစၥည္းရဲ႕ အားသာခ်က္ ေကာင္းက်ိဳးေတြကေတာ့ ေဟာ္မုန္းမပါတဲ့အတြက္ ေဟာ္မုန္းပါတဲ့ တားနည္းေတြလိုမ်ိဳး ရာသီကေမာက္ကမျဖစ္တာ ဝလာတာမ်ိဳးေတြ မရွိပါဘူး။ လက္ေမာင္းထဲ ျမဳပ္တဲ့ သေႏၶတားပစၥည္းလို ႏွစ္အၾကာႀကီးခံတဲ့အျပင္ ေဈးကလည္း အဲ့ေလာက္မႀကီးပါဘူး။

အရာရာတိုင္းမွာ အားသာခ်က္ရွိသလို အားနည္းခ်က္ရွိတယ္ဆိုတဲ့အတိုင္း သားအိမ္တြင္းထည့္ သေႏၶတားပစၥည္းရဲ႕အားနည္းခ်က္ေတြကေတာ့ မိမိမွာ ေၾကးနီနဲ႔ဓါတ္မတည့္တာမ်ိဳးရွိရင္ သုံးလို႔မရပါဘူး။ ဒါ့အျပင္ ႐ိုး႐ိုးသာမန္ အရပ္ေဆးခန္းေတြမွာ ထည့္မေပးႏိုင္ေသးပါဘူး။ ဒီလိုသားအိမ္တြင္းပစၥည္းထည့္တာဟာ အခန႔္မသင့္ရင္ ထည့္ရင္းနဲ႔ အေယာက္ ၁၀၀၀မွာ ၁ေယာက္ သားအိမ္ေပါက္သြားတာ ပိုးဝင္တာ မ်ိဳးေတြျဖစ္ႏိုင္ေျခရွိလို႔ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာေတာ့ သားဖြားမီးယပ္အထူးကု (အိုဂ်ီ)ေတြ ကပဲ ပစၥည္းကိရိယာစုံလင္တဲ့ေဆးခန္း ေဆး႐ုံေတြမွာပဲ ခ်ိန္းကာ ထည့္ေပးေလ့ရွိပါတယ္။

အခ်ိန္တန္လို႔ သို႔မဟုတ္ ကေလးလိုခ်င္လို႔ ျပန္ထုတ္တဲ့အခါ အဆင္ေျပေအာင္ သားအိမ္တြင္းထည့္ သေႏၶတားပစၥည္းရဲ႕ ေအာက္ေျခမွာပါတဲ့ ႀကိဳးစေလးကို သားအိမ္ေခါင္းရဲ႕ အျပင္မွာ ထုတ္ထားခဲ့ေလ့ရွိတယ္။

အဲဒီႀကိဳးစေလးကိုေတာ့ ရာသီေပၚၿပီးတိုင္း စမ္းၾကည့္ေပးဖို႔လိုပါတယ္။ ႀကိဳးစစမ္းမမိေတာ့ဘူးဆိုရင္ အထဲဝင္သြားတာလည္း ျဖစ္ႏိုင္သလို ပစၥည္းျပဳတ္ထြက္သြားတာလည္း ျဖစ္ႏိုင္တယ္။ ကြဲကြဲျပားျပားသိဖို႔အတြက္ အဲ့လိုမစမ္းမိဘူးဆိုတဲ့အခါက် အာထရာေဆာင္း႐ိုက္ၾကည့္ဖို႔လိုတယ္။ အေၾကာင္းကေတာ့ ျပဳတ္ထြက္သြားတာကို မသိဘဲ ငါပစၥည္းထည့္ထားတာပဲ ဆိုၿပီး အတူေနမိရင္က် မလိုခ်င္တဲ့အခ်ိန္မွာ ကိုယ္ဝန္ရသြားႏိုင္လို႔ပါ။

ဒီတားနည္းရဲ႕ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ကေတာ့ ထည့္ၿပီးေနာက္ပိုင္း ရာသီလာတဲ့အခ်ိန္ေတြမွာ ဆီးစပ္ပိုကိုက္တာ၊ ဆင္းတဲ့ရာသီေသြး ပမာဏပိုမ်ားလာတာ၊ ရက္ပိုရွည္လာတာမ်ိဳးေတြ ျဖစ္တတ္တယ္။ ဒီသားအိမ္တြင္းထည့္ သေႏၶတားပစၥည္းနဲ႔ ပတ္သက္ၿပီး အမ်ိဳးသမီးအမ်ားစု ေမးေလ့ရွိတဲ့ ေမးခြန္းႏွစ္ခုရွိပါတယ္။

ထည့္တဲ့အခါက် တအားနာလား နဲ႔ အဲ့ပစၥည္း ထည့္ထားတဲ့အခါ ႀကိဳးစထြက္ေနတယ္ဆိုေတာ့ အတူေနတဲ့အခါမွာ သက္ေတာင့္သက္သာမရွိဘဲ နာတာ အဆင္မေျပတာေတြ ျဖစ္ႏိုင္လားဆိုတဲ့ ေမးခြန္းႏွစ္ခုပါ။

နာလားဆိုတဲ့ ေမးခြန္းနဲ႔ပတ္သက္ၿပီး အရင္ေျပာပါမယ္။ မိန္းမကိုယ္လမ္းေၾကာင္း ဆိုတာကိုက အသားႏုေနရာျဖစ္လို႔ အနည္းငယ္ေတာ့ နာက်င္မႈကို ခံစားရႏိုင္ပါတယ္။ တအားမနာပါဘူး။ တအား မခံမရပ္ႏိုင္ေအာင္နာတယ္ဆိုရင္ ဒီနည္းကို ဘယ္အမ်ိဳးသမီးမွ သုံးမွာမဟုတ္တဲ့အတြက္ ေ႐ြးခ်ယ္စရာ နည္းလမ္းတခုအေနနဲ႔ေတာင္ သားဆက္ျခားနည္းလမ္းေတြထဲမွာပါမွာမဟုတ္ပါဘူး။

သားအိမ္ေခါင္းအျပင္မွာ ထုတ္ထားခဲ့တဲ့ ႀကိဳးစေလးက ခႏၶာကိုယ္အပူခ်ိန္နဲ႔ ေပ်ာ့သြားတဲ့အတြက္ အတူေနတဲ့အခါမွာ နာတာေတြ အဆင္မေျပတာေတြ ျဖစ္ခဲပါတယ္။ သို႔ေသာ္ ညႇပ္တဲ့အခ်ိန္ ႀကိဳးစတိုသြားတာ၊ သားအိမ္တြင္းထည့္ သေႏၶတားပစၥည္း ေနရာေ႐ြ႕သြားတာေတြျဖစ္လာရင္ေတာ့ အတူေနစဥ္ အမ်ိဳးသားဟာ နာက်င္မႈကိုခံစားရႏိုင္ပါတယ္။ အဲ့အခါက်ရင္ေတာ့ ထည့္ေပးတဲ့ဆရာဝန္နဲ႔ ျပန္လည္ျပသဖို႔ လိုပါတယ္။ အဲ့လိုမ်ိဳးျဖစ္တာ ရွားေတာ့ရွားပါတယ္။

Author : Dr. 528

သားအိမ်တွင်းထည့်ပြီး သန္ဓေတားရသော ပစ္စည်းကို ဆေးပညာအရ Intra-Uterine Contraceptive Device(IUCD သို့မဟုတ် IUD) လို့ ခေါ်ပါတယ်။ ဆေးသောက်တာ ဆေးထိုးတာ မဟုတ်ဘဲ သားအိမ်ထဲကို ပစ္စည်းထည့်ပြီး သန္ဓေတားတဲ့ နည်းလမ်းဖြစ်ပါတယ်။

ပစ္စည်းထည့်တယ်ဆိုလို့လည်းအရမ်းလန့်မသွားပါနဲ့။ လက်နှစ်ဆစ်လောက်ပဲ အရှည်ရှိပြီး အင်္ဂလိပ်အက္ခရာ T ပုံစံ သို့မဟုတ် Y ပုံစံ ရှိကာ အရွယ်အစားအားဖြင့်လည်း သေးတဲ့ ပစ္စည်းလေးထည့်တာပါ။ သားအိမ်ထဲထည့်တဲ့ပစ္စည်းကို ဟော်မုန်းပါတဲ့ အမျိုးအစားနဲ့ ဟော်မုန်းမပါဘဲ ကြေးနီ(Copper)ပဲပါတဲ့ အမျိုးအစားဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ အသုံးများတာကတော့ ဟော်မုန်းမပါဘဲ ကြေးနီပဲပါတဲ့ အမျိုးအစားကိုပဲ အသုံးများပါတယ်။

ကျွန်တော်အနေနဲ့လည်း ဒီဆောင်းပါးမှာ ကြေးနီပါတဲ့ သားအိမ်တွင်းထည့် သန္ဓေသားပစ္စည်းအကြောင်းပဲပြောပါမယ်။ တခါထည့်ထားရင် ထည့်တဲ့အချိန်ကစပြီး အမျိုးအစားပေါ် မှုတည်ကာ ငါးနှစ် သို့မဟုတ် ဆယ်နှစ်ထိ ကိုယ်ဝန်တားနိုင်ပါတယ်။ ကိုယ်ဝန်တားနိုင်တဲ့ ရာခိုင်နှုန်းကတော့ ၉၉ ဒသာမ ၂ ရာခိုင်နှုန်းရှိပါတယ်။

ဆိုလိုတာကတော့ သန္ဓေတားပစ္စည်းထည့်ထားပြီး ပထမတနှစ်အတွင်းမှာ ကိုယ်ဝန်ရတာမျိုးဖြစ်တာက အမျိုးသမီးအယောက်တစ်ထောင်မှာ (၆)ယောက်ကနေ (၈)ယောက်လောက်သာ ရှိပါတယ်။ သားဥအိမ်က ထွက်လာတဲ့ သားဥတွေ အကာကွယ်မဲ့ လိင်ဆက်ဆံရာမှ တဆင့် မိန်းမကိုယ်ထဲ ဝင်လာတဲ့ သုက်ပိုးတွေကို ကြေးနီမှာပါတဲ့ဓါတ်က ဖျက်ဆီးပေးခြင်းအားဖြင့်ကိုယ်ဝန်ကို တားဆီးပေးပါတယ်။

ကြေးနီပါတဲ့ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းရဲ့ အားသာချက် ကောင်းကျိုးတွေကတော့ ဟော်မုန်းမပါတဲ့အတွက် ဟော်မုန်းပါတဲ့ တားနည်းတွေလိုမျိုး ရာသီကမောက်ကမဖြစ်တာ ဝလာတာမျိုးတွေ မရှိပါဘူး။ လက်မောင်းထဲ မြုပ်တဲ့ သန္ဓေတားပစ္စည်းလို နှစ်အကြာကြီးခံတဲ့အပြင် ဈေးကလည်း အဲ့လောက်မကြီးပါဘူး။

အရာရာတိုင်းမှာ အားသာချက်ရှိသလို အားနည်းချက်ရှိတယ်ဆိုတဲ့အတိုင်း သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းရဲ့အားနည်းချက်တွေကတော့ မိမိမှာ ကြေးနီနဲ့ဓါတ်မတည့်တာမျိုးရှိရင် သုံးလို့မရပါဘူး။ ဒါ့အပြင် ရိုးရိုးသာမန် အရပ်ဆေးခန်းတွေမှာ ထည့်မပေးနိုင်သေးပါဘူး။ ဒီလိုသားအိမ်တွင်းပစ္စည်းထည့်တာဟာ အခန့်မသင့်ရင် ထည့်ရင်းနဲ့ အယောက် ၁၀၀၀မှာ ၁ယောက် သားအိမ်ပေါက်သွားတာ ပိုးဝင်တာ မျိုးတွေဖြစ်နိုင်ခြေရှိလို့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ သားဖွားမီးယပ်အထူးကု (အိုဂျီ)တွေ ကပဲ ပစ္စည်းကိရိယာစုံလင်တဲ့ဆေးခန်း ဆေးရုံတွေမှာပဲ ချိန်းကာ ထည့်ပေးလေ့ရှိပါတယ်။

အချိန်တန်လို့ သို့မဟုတ် ကလေးလိုချင်လို့ ပြန်ထုတ်တဲ့အခါ အဆင်ပြေအောင် သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းရဲ့ အောက်ခြေမှာပါတဲ့ ကြိုးစလေးကို သားအိမ်ခေါင်းရဲ့ အပြင်မှာ ထုတ်ထားခဲ့လေ့ရှိတယ်။

အဲဒီကြိုးစလေးကိုတော့ ရာသီပေါ်ပြီးတိုင်း စမ်းကြည့်ပေးဖို့လိုပါတယ်။ ကြိုးစစမ်းမမိတော့ဘူးဆိုရင် အထဲဝင်သွားတာလည်း ဖြစ်နိုင်သလို ပစ္စည်းပြုတ်ထွက်သွားတာလည်း ဖြစ်နိုင်တယ်။ ကွဲကွဲပြားပြားသိဖို့အတွက် အဲ့လိုမစမ်းမိဘူးဆိုတဲ့အခါကျ အာထရာဆောင်းရိုက်ကြည့်ဖို့လိုတယ်။ အကြောင်းကတော့ ပြုတ်ထွက်သွားတာကို မသိဘဲ ငါပစ္စည်းထည့်ထားတာပဲ ဆိုပြီး အတူနေမိရင်ကျ မလိုချင်တဲ့အချိန်မှာ ကိုယ်ဝန်ရသွားနိုင်လို့ပါ။

ဒီတားနည်းရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ ထည့်ပြီးနောက်ပိုင်း ရာသီလာတဲ့အချိန်တွေမှာ ဆီးစပ်ပိုကိုက်တာ၊ ဆင်းတဲ့ရာသီသွေး ပမာဏပိုများလာတာ၊ ရက်ပိုရှည်လာတာမျိုးတွေ ဖြစ်တတ်တယ်။ ဒီသားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းနဲ့ ပတ်သက်ပြီး အမျိုးသမီးအများစု မေးလေ့ရှိတဲ့ မေးခွန်းနှစ်ခုရှိပါတယ်။

ထည့်တဲ့အခါကျ တအားနာလား နဲ့ အဲ့ပစ္စည်း ထည့်ထားတဲ့အခါ ကြိုးစထွက်နေတယ်ဆိုတော့ အတူနေတဲ့အခါမှာ သက်တောင့်သက်သာမရှိဘဲ နာတာ အဆင်မပြေတာတွေ ဖြစ်နိုင်လားဆိုတဲ့ မေးခွန်းနှစ်ခုပါ။

နာလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး အရင်ပြောပါမယ်။ မိန်းမကိုယ်လမ်းကြောင်း ဆိုတာကိုက အသားနုနေရာဖြစ်လို့ အနည်းငယ်တော့ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ တအားမနာပါဘူး။ တအား မခံမရပ်နိုင်အောင်နာတယ်ဆိုရင် ဒီနည်းကို ဘယ်အမျိုးသမီးမှ သုံးမှာမဟုတ်တဲ့အတွက် ရွေးချယ်စရာ နည်းလမ်းတခုအနေနဲ့တောင် သားဆက်ခြားနည်းလမ်းတွေထဲမှာပါမှာမဟုတ်ပါဘူး။

သားအိမ်ခေါင်းအပြင်မှာ ထုတ်ထားခဲ့တဲ့ ကြိုးစလေးက ခန္ဓာကိုယ်အပူချိန်နဲ့ ပျော့သွားတဲ့အတွက် အတူနေတဲ့အခါမှာ နာတာတွေ အဆင်မပြေတာတွေ ဖြစ်ခဲပါတယ်။ သို့သော် ညှပ်တဲ့အချိန် ကြိုးစတိုသွားတာ၊ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း နေရာရွေ့သွားတာတွေဖြစ်လာရင်တော့ အတူနေစဉ် အမျိုးသားဟာ နာကျင်မှုကိုခံစားရနိုင်ပါတယ်။ အဲ့အခါကျရင်တော့ ထည့်ပေးတဲ့ဆရာဝန်နဲ့ ပြန်လည်ပြသဖို့ လိုပါတယ်။ အဲ့လိုမျိုးဖြစ်တာ ရှားတော့ရှားပါတယ်။

Author : Dr. 528

Previous Post

အချို ကြိုက်ပြီး သွားတိုက်ဖို့ပျင်းတဲ့ကလေးငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Fissure Sealants

Next Post

ကလေးများတွင် တွေ့ရတတ်သော လက်-ခြေ-ပါးစပ်ရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
610
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးများတွင် တွေ့ရတတ်သော လက်-ခြေ-ပါးစပ်ရောဂါ

ကျောက်ကပ်ဆေးတယ်ဆိုတာ ဘာလဲ

အာလူးက အမဲစက် ပျောက်တယ်ဆိုတာ တကယ်လား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.