(Zawgyi)
ညီညီတစ္ေယာက္ ဒီမနက္မွ လြတ္လပ္ခြင့္ရလာလို႔ လက္ဖက္ရည္ဆိုင္ဘက္ကို ထြက္လာခဲ့ပါတယ္။ ဆိုင္ထဲဝင္ ၿပီးထိုင္ဖို႔လုပ္ေနတုန္း
“ေဟ့ေကာင္ ညီညီ၊ မင္းေပ်ာက္ခ်က္သားေကာင္းလွခ်ည္လား”
အသံကိုလွည့္ၾကည့္လိုက္ေတာ့ ကိုေအာင္ၿဖိဳးရယ္
“ဟုတ္တယ္ ကိုေအာင္ၿဖိဳးေရ မိန္းမကိုယ္ဝန္ရၿပီးကတည္းက ေျခခ်ဳပ္မိတယ္ ဆိုပါေတာ့။ ဒီမနက္ေတာင္ ေယာကၡမႀကီးေရာက္လာလို႔ မုန႔္ဝယ္ဖို႔ထြက္လာတာဗ်။”
“ေအးေပါ့ေလ။ ငါ့မိန္းမ ကိုယ္ဝန္ေဆာင္တုန္းကလည္း ဒီလိုပါပဲ။ အလိုလိုစိတ္အားငယ္ေနတတ္ၾကတယ္။ အဲအခ်ိန္မွာ သူတို႔နားေနေပးရင္ပဲ ေက်နပ္ေနတတ္ၾကတာ။ ေမြးၿပီးရင္ပိုဆိုးတယ္ဗ်။ ငါ့မိန္းမေမြးတုန္းက ဆရာ ဝန္ေတြေျပာတာ ျပန္ေျပာျပမယ္။”
“ဘာလဲဗ် ေျပာပါဦး”
“မိန္းမေတြ ကေလးေမြးၿပီးရင္ အရမ္းဂ႐ုစိုက္ရတယ္တဲ့။ သားဦးမိခင္ေတြဆို ပိုဆိုးတယ္။ ကေလးေမြးၿပီးတဲ့ အခ်ိန္မွာစိတ္အားငယ္တာေရာ၊ စိုးရိမ္စိတ္ေတြေရာနဲ႔ စိတ္အေျပာင္းအလဲ အရမ္းျမန္တတ္ၾကတယ္တဲ့။ အထိမခံ ေ႐ႊပန္းကန္ေလးေတြေပါ့။ ထစ္ခနဲဆို စိတ္တိုတယ္၊ ငိုတယ္၊ ရယ္တယ္ အစုံပဲတဲ့။”
“ဟုတ္ကဲ့၊ ဆက္ေျပာပါဦး”
“ေအးကြ။ ဆရာဝန္ေတြေျပာတာ ေမြးၿပီးရင္ အဲလိုျဖစ္ၾကတာ ထုံးစံပဲတဲ့။ ေတာ္ေတာမ်ားမ်ားမွာကို ျဖစ္တာတဲ့။ တခ်ိဳ႕က်ေတာ့လည္း တစ္ပတ္ေလာက္ပဲျဖစ္တယ္တဲ့။ တခ်ိဳ႕က်ေတာ့ ေမြးၿပီးခ်က္ခ်င္းမျဖစ္ေသးဘဲ တစ္လအ တြင္းမွျဖစ္လာတတ္ၾကတယ္တဲ့။”
“ဟုတ္ကဲ့။ ခင္ဗ်။”
“ဒီလိုျဖစ္တာ ကေလးကိုမခ်စ္လို႔ မဟုတ္ဘူးတဲ့။ ကိုယ့္ကေလးကိုေတာ့ ခ်စ္ၾကတယ္တဲ့။ ဒါေပမယ့္ တစ္ခါတစ္ ခါမွာ ငါေတာ့ကေလးအေမျဖစ္ၿပီဆိုၿပီး စိတ္က်တာေတြျဖစ္တတ္တယ္တဲ့။ ကေလးေမြးၿပီး အရင္လိုမလွပႏိုင္ ေတာ့လို႔၊ ကိုယ့္ေယာက္်ားက အရင္လိုဂ႐ုမစိုက္ေတာ့မွာ စိတ္ပူတာေတြေရာ၊ ကေလးေမြးတုန္းက ခံစားလိုက္ ရတဲ့ေဝဒနာေတြေၾကာင့္ေရာ၊ ကေလးေမြးၿပီး ေန႔ေရာညပါႏို႔တိုက္ရ၊ အိပ္ပ်က္ရတာေတြေၾကာင့္ေရာ ျဖစ္တတ္ တယ္တဲ့။”
“ဟုတ္ကဲ့။ ခင္ဗ်။”
“အဲဒါေတြေၾကာင့္ မိန္းမကေလးေမြးၿပီးတဲ့အခါ ပိုဂ႐ုစိုက္ရတယ္တဲ့။ အားေပးစကားေျပာရတယ္တဲ့။ အတူတူ အပင္ပန္းခံရတယ္တဲ့။ မင္းတို႔ငါတို႔ကေတာ့ကြာ တစ္ေနကုန္အလုပ္လုပ္ၿပီး ျပန္လာရင္နားခ်င္တာေပ့ါ။ ဒါေပ မယ့္ အဲခ်ိန္ကို မနားနဲ႔ေဟ့ေကာင္ေရ။ ေမာပန္းလာလည္း ကေလးကိုကူထိန္းေပးတာ၊ အလုပ္ကူလုပ္ေပးတာ၊ မိန္းမကိုလည္း ဂ႐ုစိုက္တာေတြလုပ္ေပးမွ ေဟ့။ အဲဒါေတြက ဆင္းရဲ၊ ခ်မ္းသာအားလုံးျဖစ္ႏိုင္တယ္တဲ့။”
“ေအးဗ်ာ။ ေတာ္ေတာ္ေတာ့ ဂ႐ုစိုက္ရမွာေပါ့ေနာ္”
“ေအးကြ။ တခ်ိဳ႕က်ေတာ့ ဒီေလာက္ပဲျဖစ္တာတဲ့။ တခ်ိဳ႕က်ေတာ့ ႐ူးသလိုေတာင္ျဖစ္ႏိုင္တယ္တဲ့။ အဲအခါက် ေတာ့မိသားစုက ဝိုင္းၿပီး ဂ႐ုစိုက္႐ုံနဲ႔ မရေတာ့ဘူး။ ေဆးေသာက္ဖို႔၊ ေဆး႐ုံတက္ဖို႔ေတြပါ လိုလာတတ္တယ္တဲ့”
“ဟုတ္လား။ ကြၽန္ေတာ္ဒါေတြ အခုမွၾကားဖူးတာ”
“ေအးေလကြာ။ ငါလည္း ငါ့မိန္းမေမြးတုန္းက ၾကားဖူးထားတာရွိလို႔ မင္းကိုျပန္ေျပာျပတာ”
“ဟုတ္ကဲ့ပါ။ ကြၽန္ေတာ္ေတာ့ ဒီေန႔ဗဟုသုတအမ်ားႀကီး ရလိုက္ပါတယ္။ ေအးဗ်ာ။ စကားလည္းေကာင္းတယ္။ ဒါေပမယ့္ ျပန္ရဦးမယ္ဗ်။ အခုေတာင္ မုန႔္ဝယ္ဖို႔ဆိုၿပီး ထြက္လာတာ။”
“ေအးေအး၊ မင္းမိန္းမကို ေသခ်ာဂ႐ုစိုက္လိုက္ပါဦး”
“ဟုတ္ကဲ့ပါဗ်ာ။ ဒါေတြမၾကားခင္ကတည္းက ဂ႐ုစိုက္ေနရတာ၊ အခုဆို ပိုေတာင္ဂ႐ုစိုက္ရဦးမွာေပါ့ဗ်ာ။ သြားၿပီ ဗ်ိဳ႕”
Author – Dr. CST
(Unicode)
ညီညီတစ်ယောက် ဒီမနက်မှ လွတ်လပ်ခွင့်ရလာလို့ လက်ဖက်ရည်ဆိုင်ဘက်ကို ထွက်လာခဲ့ပါတယ်။ ဆိုင်ထဲဝင် ပြီးထိုင်ဖို့လုပ်နေတုန်း
“ဟေ့ကောင် ညီညီ၊ မင်းပျောက်ချက်သားကောင်းလှချည်လား”
အသံကိုလှည့်ကြည့်လိုက်တော့ ကိုအောင်ဖြိုးရယ်
“ဟုတ်တယ် ကိုအောင်ဖြိုးရေ မိန်းမကိုယ်ဝန်ရပြီးကတည်းက ခြေချုပ်မိတယ် ဆိုပါတော့။ ဒီမနက်တောင် ယောက္ခမကြီးရောက်လာလို့ မုန့်ဝယ်ဖို့ထွက်လာတာဗျ။”
“အေးပေါ့လေ။ ငါ့မိန်းမ ကိုယ်ဝန်ဆောင်တုန်းကလည်း ဒီလိုပါပဲ။ အလိုလိုစိတ်အားငယ်နေတတ်ကြတယ်။ အဲအချိန်မှာ သူတို့နားနေပေးရင်ပဲ ကျေနပ်နေတတ်ကြတာ။ မွေးပြီးရင်ပိုဆိုးတယ်ဗျ။ ငါ့မိန်းမမွေးတုန်းက ဆရာ ဝန်တွေပြောတာ ပြန်ပြောပြမယ်။”
“ဘာလဲဗျ ပြောပါဦး”
“မိန်းမတွေ ကလေးမွေးပြီးရင် အရမ်းဂရုစိုက်ရတယ်တဲ့။ သားဦးမိခင်တွေဆို ပိုဆိုးတယ်။ ကလေးမွေးပြီးတဲ့ အချိန်မှာစိတ်အားငယ်တာရော၊ စိုးရိမ်စိတ်တွေရောနဲ့ စိတ်အပြောင်းအလဲ အရမ်းမြန်တတ်ကြတယ်တဲ့။ အထိမခံ ရွှေပန်းကန်လေးတွေပေါ့။ ထစ်ခနဲဆို စိတ်တိုတယ်၊ ငိုတယ်၊ ရယ်တယ် အစုံပဲတဲ့။”
“ဟုတ်ကဲ့၊ ဆက်ပြောပါဦး”
“အေးကွ။ ဆရာဝန်တွေပြောတာ မွေးပြီးရင် အဲလိုဖြစ်ကြတာ ထုံးစံပဲတဲ့။ တော်တောများများမှာကို ဖြစ်တာတဲ့။ တချို့ကျတော့လည်း တစ်ပတ်လောက်ပဲဖြစ်တယ်တဲ့။ တချို့ကျတော့ မွေးပြီးချက်ချင်းမဖြစ်သေးဘဲ တစ်လအ တွင်းမှဖြစ်လာတတ်ကြတယ်တဲ့။”
“ဟုတ်ကဲ့။ ခင်ဗျ။”
“ဒီလိုဖြစ်တာ ကလေးကိုမချစ်လို့ မဟုတ်ဘူးတဲ့။ ကိုယ့်ကလေးကိုတော့ ချစ်ကြတယ်တဲ့။ ဒါပေမယ့် တစ်ခါတစ် ခါမှာ ငါတော့ကလေးအမေဖြစ်ပြီဆိုပြီး စိတ်ကျတာတွေဖြစ်တတ်တယ်တဲ့။ ကလေးမွေးပြီး အရင်လိုမလှပနိုင် တော့လို့၊ ကိုယ့်ယောက်ျားက အရင်လိုဂရုမစိုက်တော့မှာ စိတ်ပူတာတွေရော၊ ကလေးမွေးတုန်းက ခံစားလိုက် ရတဲ့ဝေဒနာတွေကြောင့်ရော၊ ကလေးမွေးပြီး နေ့ရောညပါနို့တိုက်ရ၊ အိပ်ပျက်ရတာတွေကြောင့်ရော ဖြစ်တတ် တယ်တဲ့။”
“ဟုတ်ကဲ့။ ခင်ဗျ။”
“အဲဒါတွေကြောင့် မိန်းမကလေးမွေးပြီးတဲ့အခါ ပိုဂရုစိုက်ရတယ်တဲ့။ အားပေးစကားပြောရတယ်တဲ့။ အတူတူ အပင်ပန်းခံရတယ်တဲ့။ မင်းတို့ငါတို့ကတော့ကွာ တစ်နေကုန်အလုပ်လုပ်ပြီး ပြန်လာရင်နားချင်တာပေ့ါ။ ဒါပေ မယ့် အဲချိန်ကို မနားနဲ့ဟေ့ကောင်ရေ။ မောပန်းလာလည်း ကလေးကိုကူထိန်းပေးတာ၊ အလုပ်ကူလုပ်ပေးတာ၊ မိန်းမကိုလည်း ဂရုစိုက်တာတွေလုပ်ပေးမှ ဟေ့။ အဲဒါတွေက ဆင်းရဲ၊ ချမ်းသာအားလုံးဖြစ်နိုင်တယ်တဲ့။”
“အေးဗျာ။ တော်တော်တော့ ဂရုစိုက်ရမှာပေါ့နော်”
“အေးကွ။ တချို့ကျတော့ ဒီလောက်ပဲဖြစ်တာတဲ့။ တချို့ကျတော့ ရူးသလိုတောင်ဖြစ်နိုင်တယ်တဲ့။ အဲအခါကျ တော့မိသားစုက ဝိုင်းပြီး ဂရုစိုက်ရုံနဲ့ မရတော့ဘူး။ ဆေးသောက်ဖို့၊ ဆေးရုံတက်ဖို့တွေပါ လိုလာတတ်တယ်တဲ့”
“ဟုတ်လား။ ကျွန်တော်ဒါတွေ အခုမှကြားဖူးတာ”
“အေးလေကွာ။ ငါလည်း ငါ့မိန်းမမွေးတုန်းက ကြားဖူးထားတာရှိလို့ မင်းကိုပြန်ပြောပြတာ”
“ဟုတ်ကဲ့ပါ။ ကျွန်တော်တော့ ဒီနေ့ဗဟုသုတအများကြီး ရလိုက်ပါတယ်။ အေးဗျာ။ စကားလည်းကောင်းတယ်။ ဒါပေမယ့် ပြန်ရဦးမယ်ဗျ။ အခုတောင် မုန့်ဝယ်ဖို့ဆိုပြီး ထွက်လာတာ။”
“အေးအေး၊ မင်းမိန်းမကို သေချာဂရုစိုက်လိုက်ပါဦး”
“ဟုတ်ကဲ့ပါဗျာ။ ဒါတွေမကြားခင်ကတည်းက ဂရုစိုက်နေရတာ၊ အခုဆို ပိုတောင်ဂရုစိုက်ရဦးမှာပေါ့ဗျာ။ သွားပြီ ဗျို့”
Author – Dr. CST