ကလေးငယ်များအား အာဟာရပြည့်ဝသော အစားအစာ စားစေဖို့ လေ့ကျင့်ပေးခြင်း (အပိုင်း ၁)
လူမှုပတ်ဝန်းကျင်တွင် ခဏခဏတွေ့ကြုံရသော ပြဿနာတစ်ခုရှိပါတယ်။ အထူးသဖြင့် မေမေများပြောလေ့ရှိပါတယ်။ “ဒီကလေးက မုန့်ပဲသရေစာဆို အရမ်းကြိုက်တာ ထမင်းကျတော့ ကျွေးလို့ကို မရဘူး “ဆိုတဲ့ စကားပါ။ အမှန်ပါပဲ။ ကလေးငယ်များဟာ အပြင်အစားအစာကို အရမ်းကြိုက်ကြပါတယ်။ ထမင်းကျွေးတဲ့အချိန်ဆို မေမေများနဲ့ ကလေးများမှာ စစ်တိုက်ရသကဲ့သို့ပင် ဆူပူအော်ငေါက်ပြီး ကျွေးရလေ့ရှိပါတယ်။
ဒီလိုပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်း တစ်ချို့ကို ပြောပြပေးလိုပါတယ်။ စိတ်ဝင်စားကြမယ်လို့ မျှော်လင့်ပါတယ်။ ကလေးငယ်များကို အစားအစာကျွေးတဲ့နေရာမှာ မိခင်များအနေနဲ့ မိမိကိုယ်တိုင်က စံပြအနေနဲ့ အာဟာရပြည့်ဝသော အစားအစာများကို စားပေးဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ ကလေးများကို လေ့ကျင့်ပေးတဲ့အခါ ပိုမိုလွယ်ကူနိုင်မှာဖြစ်ပါတယ်။ အာဟာရရှိသော အစားအသောက်များကို ကလေးငယ်များ စားချင်အောင် တစ်ဖြည်းဖြည်း အားပေးလေ့ကျင့်ပေးပြီး စည်းရုံးနိုင်ဖို့လည်း လိုပါသေးတယ်။ မိခင်များသာမက ကလေးနဲ့ အတူတူနေသော မိသားစုတစ်ခုလုံးပါ ပါဝင်ကူညီရပါမယ်။
ကလေးငယ်များ အာဟာရပြည့်ဝသော အစားအစာများ စားစေဖို့ နည်းလမ်းကောင်း တစ်ချို့ကို ပြောပြပေးပါရစေ။
(၁) မိသားစုအားလုံး ကျန်းမာစွာ ပြုမူနေထိုင်နိုင်မည့် အလေ့အကျင့်ဖြစ်လာစေရန် ပြုပြင်ခြင်း။
– လူကြီးများ ဈေးသွားဝယ်ပြီး ပြန်လာသောအခါ အာလူးကြော်၊ ကိတ်မုန့်၊ အချိုမုန့်များ၊ ရေခဲမုန့် အစရှိတဲ့ မုန့်ပဲသရေစာအစုံဝယ်လာတတ်ကြပါတယ်။ ကလေးတွေရှေ့မှာ မုန့်များကို စားပြနေသောအခါ ကလေးတွေကပါ စားချင်လာပါတယ်။ မကျွေးရင်လည်း ဂျီကျနေသောအခါ မိဘများက နားအေးရင် ပြီးရော ဆိုပြီး ကျွေးတတ်ကြပါတယ်။ အဲ့တာ အဓိက ပြဿနာပါ။ မိဘများ ကိုယ်တိုင်က အာဟာရရှိသော အစားအစာများကို သေသေချာချာ သိရှိပြီး စနစ်တကျ ပြင်ဆင်ချက်ပြုတ်နိုင်ဖို့လည်း လိုအပ်ပါတယ်။ “ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့”ဆိုတဲ့ စကားပုံအတိုင်း ကိုယ်တိုင်က အာဟာရမရှိသော မုန့်ပဲသရေစာများစားနေပြီး ကလေးများကို အာဟာရရှိသော အစားအစာစားစေဖို့ အတင်းလုပ်ယူလို့ မဖြစ်နိုင်ပါဘူး။
– Be a good role modelဆိုတဲ့ စကားအတိုင်း မိဘများသည် မိမိကလေးများအတွက် စံပြဖြစ်နေစေချင်ပါတယ်။ ကလေးငယ်များသည် မွေးကင်းစအရွယ်ကတည်းက မိဘများရဲ့ အမူအကျင့် အပြောအဆိုကို အတုခိုးတတ်ကြပါတယ်။ ဒီလို အခွင့်အရေးကို အသုံးချပြီး ကောင်းမွန်သော အလေ့အကျင့်၊ ကောင်းမွန်သော အစားအသောက်နည်းစနစ်ကို အတုခိုးစေရန် လေ့ကျင့်ပေးသင့်ပါတယ်။ မိမိကိုယ်တိုင်က ပရိုတင်းဓာတ်ပြည့်ဝသော အစားအစာများ၊ အစိမ်းရောင်ရှိပြီး လတ်ဆတ်သော အသီးအရွက်များ၊ အသားငါးများကို ရွေးချယ်စားသုံးခြင်းဖြင့် ကလေးငယ်များကိုလည်း စားစေဖို့ အလေ့အကျင့်ကို တစ်ဖြည်းဖြည်းချင်း ကျင့်ယူပေးလို့ရပါတယ်။ ဒါ့အပြင် အာဟာရပြည့်ဝသော အစားအသောက်များနဲ့ ပတ်သက်ပြီး ကလေးငယ်များကိုလည်း ဗဟုသုတရရှိအောင်ပြောပြပေးစေလိုပါတယ်။ ထမင်းကျွေးတဲ့အချိန်၊ ဈေးဆိုင်သွားတဲ့အချိန်၊ TVကြည့်တဲ့အချိန်တွေမှာ ဘယ်လိုအစားအစာများက အာဟာရရှိတယ်၊ ဘာကြောင့်စားသင့်တယ်၊ ဒီလိုအစားအစာများစားခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်တယ် အစရှိသည်ဖြင့် ပြောပြပေးခြင်းဟာ ကောင်းမွန်သောအလေ့အကျင့်ဖြစ်လာစေဖို့ နည်းလမ်းတစ်ရပ်ဖြစ်ပါတယ်။
အစားအသောက်များနဲ့ ပတ်သက်ပြီး ကောင်းမွန်သော အတွေးအခေါ်ရစေဖို့ ပြောပေးပါ။ များသောအားဖြင့် မိဘများက “ဒီမုန့်က မကောင်းဘူးမစားရဘူးနော်၊ ဒီအစားအစာက ကောင်းတယ် အဲ့တာပဲစား”ဆိုပြီး သင်ပေးလေ့ရှိပါတယ်။ အဲ့လိုပြောလိုက်တဲ့အခါ ကလေးငယ်များက မကောင်းတဲ့အစားအစာကိုမှ သေချာရွေးပြီး စားတတ်ကြပါတယ်။ ဒါကြောင့် ကောင်းတယ် မကောင်းဘူး ဆိုတာထက် ဘယ်လိုအကြောင်းကြောင့် မစားသင့်တာ၊ စားသင့်တာဆိုပြီး အကျိုးအကြောင်းနဲ့ ရှင်းပြပေးဖို့လိုအပ်ပါတယ်။ ယနေ့ခေတ်မှာ တွေ့ရှိလာတာလေးတစ်ခုက အပြင်စားသောက်ဆိုင်တွေမှာ အရမ်းစားလာကြပါတယ်။ ဒါဟာလည်း ကလေးများကို အကျင့်ဖျက်ရာ ရောက်ပါတယ်။ အပြင်ဆိုင်တွေမှာ စားတာထက် အိမ်မှာ ကိုယ်တိုင်ချက်ပြုတ်စားတာက ကလေးများကို အာဟာရပြည့်ဝသော အစားအစာများ စားစေဖို့ ပိုမိုအားပေးရာရောက်ပါတယ်။ ဆက်ရန်….
Author : Dr. သီတာလှိုင် (ဆေး ၂)
(Zawgyi)
ကေလးငယ္မ်ားအား အာဟာရျပည့္ဝေသာ အစားအစာ စားေစဖို႔ ေလ့က်င့္ေပးျခင္း (အပုိင္း ၁)
လူမႈပတ္ဝန္းက်င္တြင္ ခဏခဏေတြ႕ႀကဳံရေသာ ျပႆနာတစ္ခုရွိပါတယ္။ အထူးသျဖင့္ ေမေမမ်ားေျပာေလ့ရွိပါတယ္။ “ဒီကေလးက မုန႔္ပဲသေရစာဆို အရမ္းႀကိဳက္တာ ထမင္းက်ေတာ့ ေကြၽးလို႔ကို မရဘူး “ဆိုတဲ့ စကားပါ။ အမွန္ပါပဲ။ ကေလးငယ္မ်ားဟာ အျပင္အစားအစာကို အရမ္းႀကိဳက္ၾကပါတယ္။ ထမင္းေကြၽးတဲ့အခ်ိန္ဆို ေမေမမ်ားနဲ႔ ကေလးမ်ားမွာ စစ္တိုက္ရသကဲ့သို႔ပင္ ဆူပူေအာ္ေငါက္ၿပီး ေကြၽးရေလ့ရွိပါတယ္။
ဒီလိုျပႆနာေတြကို ေျဖရွင္းေပးႏိုင္မယ့္ နည္းလမ္း တစ္ခ်ိဳ႕ကို ေျပာျပေပးလိုပါတယ္။ စိတ္ဝင္စားၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကေလးငယ္မ်ားကို အစားအစာေကြၽးတဲ့ေနရာမွာ မိခင္မ်ားအေနနဲ႔ မိမိကိုယ္တိုင္က စံျပအေနနဲ႔ အာဟာရျပည့္ဝေသာ အစားအစာမ်ားကို စားေပးဖို႔လည္း လိုအပ္ပါတယ္။ ဒါမွသာ ကေလးမ်ားကို ေလ့က်င့္ေပးတဲ့အခါ ပိုမိုလြယ္ကူႏိုင္မွာျဖစ္ပါတယ္။ အာဟာရရွိေသာ အစားအေသာက္မ်ားကို ကေလးငယ္မ်ား စားခ်င္ေအာင္ တစ္ျဖည္းျဖည္း အားေပးေလ့က်င့္ေပးၿပီး စည္း႐ုံးႏိုင္ဖို႔လည္း လိုပါေသးတယ္။ မိခင္မ်ားသာမက ကေလးနဲ႔ အတူတူေနေသာ မိသားစုတစ္ခုလုံးပါ ပါဝင္ကူညီရပါမယ္။
ကေလးငယ္မ်ား အာဟာရျပည့္ဝေသာ အစားအစာမ်ား စားေစဖို႔ နည္းလမ္းေကာင္း တစ္ခ်ိဳ႕ကို ေျပာျပေပးပါရေစ။
(၁) မိသားစုအားလုံး က်န္းမာစြာ ျပဳမူေနထိုင္ႏိုင္မည့္ အေလ့အက်င့္ျဖစ္လာေစရန္ ျပဳျပင္ျခင္း။
– လူႀကီးမ်ား ေဈးသြားဝယ္ၿပီး ျပန္လာေသာအခါ အာလူးေၾကာ္၊ ကိတ္မုန႔္၊ အခ်ိဳမုန႔္မ်ား၊ ေရခဲမုန႔္ အစရွိတဲ့ မုန႔္ပဲသေရစာအစုံဝယ္လာတတ္ၾကပါတယ္။ ကေလးေတြေရွ႕မွာ မုန႔္မ်ားကို စားျပေနေသာအခါ ကေလးေတြကပါ စားခ်င္လာပါတယ္။ မေကြၽးရင္လည္း ဂ်ီက်ေနေသာအခါ မိဘမ်ားက နားေအးရင္ ၿပီးေရာ ဆိုၿပီး ေကြၽးတတ္ၾကပါတယ္။ အဲ့တာ အဓိက ျပႆနာပါ။ မိဘမ်ား ကိုယ္တိုင္က အာဟာရရွိေသာ အစားအစာမ်ားကို ေသေသခ်ာခ်ာ သိရွိၿပီး စနစ္တက် ျပင္ဆင္ခ်က္ျပဳတ္ႏိုင္ဖို႔လည္း လိုအပ္ပါတယ္။ “ငါေျပာသလိုလုပ္၊ ငါလုပ္သလိုမလုပ္နဲ႔”ဆိုတဲ့ စကားပုံအတိုင္း ကိုယ္တိုင္က အာဟာရမရွိေသာ မုန႔္ပဲသေရစာမ်ားစားေနၿပီး ကေလးမ်ားကို အာဟာရရွိေသာ အစားအစာစားေစဖို႔ အတင္းလုပ္ယူလို႔ မျဖစ္ႏိုင္ပါဘူး။
– Be a good role modelဆိုတဲ့ စကားအတိုင္း မိဘမ်ားသည္ မိမိကေလးမ်ားအတြက္ စံျပျဖစ္ေနေစခ်င္ပါတယ္။ ကေလးငယ္မ်ားသည္ ေမြးကင္းစအ႐ြယ္ကတည္းက မိဘမ်ားရဲ႕ အမူအက်င့္ အေျပာအဆိုကို အတုခိုးတတ္ၾကပါတယ္။ ဒီလို အခြင့္အေရးကို အသုံးခ်ၿပီး ေကာင္းမြန္ေသာ အေလ့အက်င့္၊ ေကာင္းမြန္ေသာ အစားအေသာက္နည္းစနစ္ကို အတုခိုးေစရန္ ေလ့က်င့္ေပးသင့္ပါတယ္။ မိမိကိုယ္တိုင္က ပ႐ိုတင္းဓာတ္ျပည့္ဝေသာ အစားအစာမ်ား၊ အစိမ္းေရာင္ရွိၿပီး လတ္ဆတ္ေသာ အသီးအ႐ြက္မ်ား၊ အသားငါးမ်ားကို ေ႐ြးခ်ယ္စားသုံးျခင္းျဖင့္ ကေလးငယ္မ်ားကိုလည္း စားေစဖို႔ အေလ့အက်င့္ကို တစ္ျဖည္းျဖည္းခ်င္း က်င့္ယူေပးလို႔ရပါတယ္။ ဒါ့အျပင္ အာဟာရျပည့္ဝေသာ အစားအေသာက္မ်ားနဲ႔ ပတ္သက္ၿပီး ကေလးငယ္မ်ားကိုလည္း ဗဟုသုတရရွိေအာင္ေျပာျပေပးေစလိုပါတယ္။ ထမင္းေကြၽးတဲ့အခ်ိန္၊ ေဈးဆိုင္သြားတဲ့အခ်ိန္၊ TVၾကည့္တဲ့အခ်ိန္ေတြမွာ ဘယ္လိုအစားအစာမ်ားက အာဟာရရွိတယ္၊ ဘာေၾကာင့္စားသင့္တယ္၊ ဒီလိုအစားအစာမ်ားစားျခင္းျဖင့္ ဘယ္လိုအက်ိဳးေက်းဇူးေတြ ရရွိႏိုင္တယ္ အစရွိသည္ျဖင့္ ေျပာျပေပးျခင္းဟာ ေကာင္းမြန္ေသာအေလ့အက်င့္ျဖစ္လာေစဖို႔ နည္းလမ္းတစ္ရပ္ျဖစ္ပါတယ္။
အစားအေသာက္မ်ားနဲ႔ ပတ္သက္ၿပီး ေကာင္းမြန္ေသာ အေတြးအေခၚရေစဖို႔ ေျပာေပးပါ။ မ်ားေသာအားျဖင့္ မိဘမ်ားက “ဒီမုန႔္က မေကာင္းဘူးမစားရဘူးေနာ္၊ ဒီအစားအစာက ေကာင္းတယ္ အဲ့တာပဲစား”ဆိုၿပီး သင္ေပးေလ့ရွိပါတယ္။ အဲ့လိုေျပာလိုက္တဲ့အခါ ကေလးငယ္မ်ားက မေကာင္းတဲ့အစားအစာကိုမွ ေသခ်ာေ႐ြးၿပီး စားတတ္ၾကပါတယ္။ ဒါေၾကာင့္ ေကာင္းတယ္ မေကာင္းဘူး ဆိုတာထက္ ဘယ္လိုအေၾကာင္းေၾကာင့္ မစားသင့္တာ၊ စားသင့္တာဆိုၿပီး အက်ိဳးအေၾကာင္းနဲ႔ ရွင္းျပေပးဖို႔လိုအပ္ပါတယ္။ ယေန႔ေခတ္မွာ ေတြ႕ရွိလာတာေလးတစ္ခုက အျပင္စားေသာက္ဆိုင္ေတြမွာ အရမ္းစားလာၾကပါတယ္။ ဒါဟာလည္း ကေလးမ်ားကို အက်င့္ဖ်က္ရာ ေရာက္ပါတယ္။ အျပင္ဆိုင္ေတြမွာ စားတာထက္ အိမ္မွာ ကိုယ္တိုင္ခ်က္ျပဳတ္စားတာက ကေလးမ်ားကို အာဟာရျပည့္ဝေသာ အစားအစာမ်ား စားေစဖို႔ ပိုမိုအားေပးရာေရာက္ပါတယ္။ ဆက္ရန္….
Author : Dr. သီတာလႈိင္ (ေဆး ၂)