fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးငယ်များတွင်တွေ့ရလေ့ရှိသော မျိုးရိုးဗီဇဆိုင်ရာ ရောဂါများ အပိုင်း(၁)

103
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/05/2018
in မိခင်နှင့်ကလေးကျန်းမာရေး
6 min read
A A

ကေလးငယ္မ်ားတြင္ေတြ႔ရေလ့ရွိေသာ မ်ိဳးရုိးဗီဇဆိုင္ရာ ေရာဂါမ်ား အပိုင္း(၁)

အခုေခတ္ကေဆးပညာေတြထြန္းကားလာတယ္ ။ ေဆးပညာေတြထြန္းကားလာတယ္နဲ႔ အမွ် မ်ိဳးရုိးဗီဇဆိုင္ရာေလ့လာမႈေတြကလည္း အေတာ္တိုးတက္လာတယ္။ အရင္တုန္းကေဆးပညာမတိုးတက္ခင္တုန္းကေတာ့ ကေလးတစ္ေယာက္ဟာ သာမန္ကေလးနဲ့မတူဘူးဆိုရင္ ေရာဂါလကၡဏာကို ၾကည္႔ျပီးေတာ့ဘဲ မ်ိဳးရုိးဗီဇဆိုင္ရာ ေရာဂါလို႔ခန္႔မွန္းလုိ႔ရတယ္။ ဗီဇရွာေဖြ စမ္းသပ္စစ္ေဆးဖို႔အထိကခက္ခဲတယ္။ အခုကေတာ့ DNA သာမကဘဲ gene အထိ အေသးစိပ္ရွာေဖြစစ္ေဆးႏိုင္လာျပီျဖစ္တယ္။ အဲဒီေတာ့ မိသားစုမ်ိဳးရုိးမွာ သံသဃျဖစ္ဖြယ္ရာလကၡဏာတစ္ခုခုရွိလာခဲ့ျပီဆိုရင္ စမ္းသပ္စစ္ေဆးရွာေဖြဖို႔လိုလာျပီဆိုရင္ ရွာလို႔ရလာတယ္။

မ်ိုဳးရုိးဗီဇေၾကာင့္ျဖစ္တဲ့ ေရာဂါေတြဟာ သာမန္ပိုးေၾကာင့္ျဖစ္တဲ့ေရာဂါေတြလိုေတာ့ အျပီးေပ်ာက္ေအာင္ကုသဖို႔ မျဖစ္ႏိုင္ပါဘူး ။ ျဖစ္လာတဲ့လကၡဏာေတြကိုဘဲ အဓိကထားကုသေပးရပါတယ္။ ဒါဆိုဘာေၾကာင့္ အခ်ိန္ကုန္ခံျပီး စမ္းသပ္စစ္ေဆးရသလဲေမးစရာရွိပါတယ္။

အေၾကာင္းကေတာ့ မ်ိဳးရုိးဗီဇဆိုင္ရာေရာဂါအခ်ိုုဳ႔ဟာ သားသမီးကိုမ်ိဳးရုိးလိုက္ႏိုင္လို႔ပါဘဲ။ မ်ိဳးရုိးလိုက္ေနေခ်ႏႈန္းကေတာ့ ေရာဂါေပၚမူတည္ျပီး ကြဲသြားႏိုင္ပါတယ္။ အဲလိုေရာဂါေတြ ကိုယ့္မွာရွိခဲ့မယ္ဆိုရင္ သားသမီးယူဖို႔ ဆံုးျဖတ္တဲ့အခါမွာ သားသမီးမွာ ဘယ္ေလာက္ေရာဂါပါလာႏိုင္ေခ်ႏႈန္း ရွိတယ္ဆိုတာကို သိထားသင့္ပါတယ္။

ပံုမွန္မဟုတ္တဲ့ မ်ိုဳးရုိးဗီဇဟာတစ္ခါတစ္ရံမွာ မ်ိဳးရုိးလိုက္တာေၾကာင့္ျဖစ္တဲ့ ရလာတာမ်ိဳးမဟုတ္ဘဲ မိခင္ရဲ႔အသက္အရြယ္ေပၚလိုက္ျပီးျဖစ္တာမ်ိဳးလည္း ရွိႏိုင္ပါတယ္။

ဒီေန႔ေတာ့ ဒီလိုမ်ိဳးပံုမွန္မဟုတ္တဲ့ မ်ိဳးရုိးဗီဇဆိုင္ရာ ေရာဂါတစ္ခ်ိဳ႔အေၾကာင္းကို ေဆြးေႏြးေပးခ်င္ပါတယ္။ပထမဆံုးေျပာျပေပးခ်င္တဲ့ ေရာဂါကေတာ့ ၾကားဖူးနားဝရွိၾကမဲ့ Down ’s syndrome ပဲျဖစ္ပါတယ္။

Down ’s syndrome

Down ’s syndrome အေၾကာင္း ပထမဆံုးေျပာရမယ္ဆိုရင္ေတာ့ သူဟာ မ်ိဳးရုိးလိုက္တဲ့ ပံုစံမ်ိဳးနဲ့သြားတာမ်ိဳး မဟုတ္ပါဘူး။ ဒီေရာဂါဟာ မိခင္ရဲ့အသက္အရြယ္နဲ့ဆိုင္ပါတယ္။ ငယ္ရြယ္တဲ့ မိခင္ေလာင္းေတြနဲ႔ႏႈိင္းယွဥ္ရင္ အသက္ ၃၀ ထက္ၾကီးတဲ့ အမ်ိဳးသမီးေတြဟာ Down ’s syndrome ပါတဲ့ကေလးငယ္ကိုေမြးႏိုင္ေခ်ႏႈန္း ပိုမ်ားပါတယ္ ။ သူဟာ လူရဲ့ Chromosome မွာခ်ိဳ႔ယြင္းမႈျဖစ္တာျဖစ္ပါတယ္ ။ Down ကေလးငယ္ရဲ႔ သြင္ျပင္ဟာ သာမန္ကေလးငယ္ထက ္ထူးျခားေနတဲ့အတြက္ သြင္ျပင္ကို ၾကည္႔ရုံနဲ႔တင္ သူလို႔မွန္းဆလို႔ရပါတယ္ ။ ဒီလိုေျပာလိုက္ေပမဲ့ ရုပ္သိပ္မသိသာတဲ့ Down ကေလးေတြလည္းရွိတတ္ပါတယ္ ။ ဒါေၾကာင့္ ေသခ်ာေပါက္ Down ပါလို႔ေျပာခ်င္ရင္ေတာ့ Chromosome အထိရွာေဖြစစ္ေဆးၾကည္႔ဖို႔ လိုပါတယ္။

ရုပ္ရည္သြင္ျပင္အေနနဲ႔ကေတာ့ Down ကေလးငယ္တစ္ေယာက္ဟာ

  • ေခါင္းအနည္းငယ္ ေသးျပီး ျပားေနတတ္ပါတယ္။
  • ပါးစပ္ေပါက္ေသးတဲ့အတြက္ လွ်ာထြက္ေနတတ္ပါတယ္။
  • ပံုမွန္ကေလးေတြထက္ နားကေအာက္ေရာက္ေနတတ္ပါတယ္။
  • လက္ကေလးေတြကလည္း သာမန္နဲ႔မတူဘဲ တိုေနတတ္သလုိ လက္ဖဝါးမွာလည္း လကၡဏာတစ္ေၾကာင္းတည္း ရွိေနတတ္ပါတယ္။

 ဒီပံုစံေလးေတြ ရွိတဲ့ Down သားသားမီးမီးေလးေတြကို ကၽြန္မတို႔ဆရာဝန္ေတြသာမကဘဲ သာမန္လူေတြေတာင္ သတိထားမိၾကေလ႔ရွိပါတယ္။

ဒါေပမဲ့ Down ကေလးငယ္ေတြမွာ အေရးၾကီးတာေတြက ျပင္ပသြင္ျပင္ေတြထက္ ကိုယ္တြင္းအဂၤါေတြမွာ ခ်ိဳ႔ယြင္းမႈေတြပါတာေတြဘဲျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ဒါေတြဟာ Down ကေလးငယ္တစ္ေယာက္ ဘယ္ေလာက္အထိ က်န္က်န္းမာမာအသက္ရွည္ရွည္ေနႏိုင္မယ္ ဆိုတာကို ဆံုးျဖတ္ေပးႏိုင္လို႔ပါဘဲ။

 

ကိုယ္တြင္းအဂၤါ ခ်ိဳ႔ယြင္းမႈေတြကေတာ့

  • နွလံုးမွာပံုမွန္မွာ မရွိသင္တဲ့ အေပါက္မ်ိဳးစံု ရွိေနႏိုင္ပါတယ္။ ဒါဟာအျဖစ္အမ်ားဆံုး ကိုယ္အဂၤါခ်ိဳ႔ယြင္းမႈ ျဖစ္ပါတယ္။

တစ္ခ်ိဳ႔ေသာ နွလံုးအေပါက္ေတြဟာ ကၽြန္မတို႔ အေမကိုယ္ထဲက သေႏၶသားဘဝတုန္းက ကိုယ္လုပ္ငန္းေဆာင္တာေတြလည္ပတ္ဖို႔အတြက္ရွိခဲ့တာျဖစ္ျပီး အျပင္မွာေမြးဖြားျပီးတဲ့အခါ ပိတ္သြားရပါတယ္။ Down ကေလးေတြမွာ ဒီအေပါက္ေတြဟာမပိတ္ဘဲက်န္ေနတတ္ပါတယ္။

နွလံုးေသြးျပန္ခန္း ေသြးလႊတ္ခန္းနွစ္ခုၾကားမွာအေပါက္ျဖစ္တာ ၊ ႏွလံုးေသြးေၾကာမၾကီးနဲ့ အဆုတ္ေသြးေၾကာမၾကီး ၾကားထဲကအေပါက္မပိတ္တာ ၊ နွလံုး အဆို႔ရွင္ေတြကၽြံၾကတာ ကေန

ၾကီးလာတဲ့အခါမွာ နွလံုးေရာဂါေတြျဖစ္တာေတြအထိျဖစ္ႏိုင္ပါတယ္။

 

ဒါ့အျပင္

  • အစာလမ္းေၾကာင္းက်ဥ္းတာ ပံုမွန္မဟုတ္တာ
  • အသက္ရွဴလမ္းေၾကာင္းမွာမၾကာခဏ ပိုးဝင္တာ
  • ဖြ႔ံျဖိဳးမႈ ေႏွးေကြးတာ
  • နားမၾကားတာ
  • သိုင္းရြိဳက္ေဟာ္မုန္း အားနည္းတာ
  • လည္ပင္းရုိး မခိုင္တာ
  • ကေလးေတြမွာျဖစ္တတ္တဲ့ ေသြးကင္ဆာေတြ သာမန္ကေလးေတြထက္အျဖစ္မ်ားတာ
  • ငယ္ငယ္ရြယ္ရြယ္နဲ႔ Alzheimer ေရာဂါျဖစ္တာ စတာေတြကိုလည္းေတြ႔ရပါတယ္။

 

သိတဲ့အတိုင္း Down ’s syndrome ဟာေပ်ာက္ေအာင္ကုသလို႔မရပါဘူး။ Down ကေလးတစ္ေယာက္က်န္က်န္းမာမာအသက္ရွည္ရွည္ေနႏိုင္ဖို႔အတြက္ ဂရုတစိုက္ၾကည့္ရွဳေစာင့္ေရွာက္ဖို႔ နဲ႔ လိုအပ္လာလွ်င္ ေနာက္ဆက္တြဲလကၡဏာမ်ားကို အခ်ိန္မီကုသဖို႔က အေရးၾကီးပါတယ္။

ကုသမႈေတြအေနနဲ႔ကေတာ့

ဖြ႔ံျဖိဳးမႈ ေနွးေကြးတာေတြအတြက္ အထူးသင္ၾကားေရး အစီအစဥ္ေတြဆြဲျပီးသင္ၾကားေပးတာ လိုအပ္တဲ့ေလ့က်င့္ခန္းေတြလုပ္ေပးတာေတြ လုပ္ေပးလို႔ရပါတယ္။

ႏွလံုးအေပါက္ေတြအတြက္ နွလံုးခြဲစိတ္ကုသေပးလို႔ရပါတယ္။

အဆုတ္ပိုးဝင္ခဲ့ရင္ လကၡဏာေတြကိုေစာေစာစီးစီးသိျပီး အခ်ိန္မီကုသေပးရပါမယ္။

မ်က္လံုး နားနဲ႔ သိုင္းရြိဳက္ေဟာ္မုန္းစစ္တာေတြကို အခ်ိန္မွန္လုပ္ေပးရပါမယ္။

ျဖစ္လာႏိုင္တဲ့ အစာလမ္းေၾကာင္းေရာဂါေတြနဲ႔ ေသြးကင္ဆာေတြကိုလိုအပ္သလို ကုသေပးရပါမယ္။

 

ဒီလိုလုပ္ေပးျခင္းအားျဖင့္ Down ကေလးငယ္တစ္ေယာက္ရဲ႔ ပံုမွန္ထက္ က်န္းက်န္းမာမာ အသက္ရွည္ရွည္ ေနသြားႏိုင္မွာျဖစ္ပါတယ္။

ဒီေန႔မ်ိုဳးရုိးဗီဇေၾကာင့္ျဖစ္တဲ့ ေရာဂါေတြထဲက Down ’s syndrome အေၾကာင္းရွင္းျပေပးသြားခဲ့တာပဲျဖစ္ပါတယ္။

ဒါကိုဖတ္ျပီး Down ကေလးငယ္ရွိတဲ့ ေမေမေဖေဖ ေတြ အားမငယ္ဘဲ ကိုယ္ရဲ႔သားသားမီးမီးေလးေတြကိုတတ္ႏိုင္သမွ် က်န္းမာေအာင္ေစာင့္ေရွာက္ႏိုင္ပါေစ လို႔ ဆုေတာင္းေပးလိုက္ပါတယ္။

 Author : Dr. ေမႊး

(Unicode)

ကလေးငယ်များတွင်တွေ့ရလေ့ရှိသော မျိုးရိုးဗီဇဆိုင်ရာ ရောဂါများ အပိုင်း(၁)

အခုခေတ်ကဆေးပညာတွေထွန်းကားလာတယ် ။ ဆေးပညာတွေထွန်းကားလာတယ်နဲ့ အမျှ မျိုးရိုးဗီဇဆိုင်ရာလေ့လာမှုတွေကလည်း အတော်တိုးတက်လာတယ်။ အရင်တုန်းကဆေးပညာမတိုးတက်ခင်တုန်းကတော့ ကလေးတစ်ယောက်ဟာ သာမန်ကလေးနဲ့မတူဘူးဆိုရင် ရောဂါလက္ခဏာကို ကြည့်ပြီးတော့ဘဲ မျိုးရိုးဗီဇဆိုင်ရာ ရောဂါလို့ခန့်မှန်းလို့ရတယ်။ ဗီဇရှာဖွေ စမ်းသပ်စစ်ဆေးဖို့အထိကခက်ခဲတယ်။ အခုကတော့ DNA သာမကဘဲ gene အထိ အသေးစိပ်ရှာဖွေစစ်ဆေးနိုင်လာပြီဖြစ်တယ်။ အဲဒီတော့ မိသားစုမျိုးရိုးမှာ သံသဃဖြစ်ဖွယ်ရာလက္ခဏာတစ်ခုခုရှိလာခဲ့ပြီဆိုရင် စမ်းသပ်စစ်ဆေးရှာဖွေဖို့လိုလာပြီဆိုရင် ရှာလို့ရလာတယ်။

မျိုုးရိုးဗီဇကြောင့်ဖြစ်တဲ့ ရောဂါတွေဟာ သာမန်ပိုးကြောင့်ဖြစ်တဲ့ရောဂါတွေလိုတော့ အပြီးပျောက်အောင်ကုသဖို့ မဖြစ်နိုင်ပါဘူး ။ ဖြစ်လာတဲ့လက္ခဏာတွေကိုဘဲ အဓိကထားကုသပေးရပါတယ်။ ဒါဆိုဘာကြောင့် အချိန်ကုန်ခံပြီး စမ်းသပ်စစ်ဆေးရသလဲမေးစရာရှိပါတယ်။

အကြောင်းကတော့ မျိုးရိုးဗီဇဆိုင်ရာရောဂါအချိုုု့ဟာ သားသမီးကိုမျိုးရိုးလိုက်နိုင်လို့ပါဘဲ။ မျိုးရိုးလိုက်နေချေနှုန်းကတော့ ရောဂါပေါ်မူတည်ပြီး ကွဲသွားနိုင်ပါတယ်။ အဲလိုရောဂါတွေ ကိုယ့်မှာရှိခဲ့မယ်ဆိုရင် သားသမီးယူဖို့ ဆုံးဖြတ်တဲ့အခါမှာ သားသမီးမှာ ဘယ်လောက်ရောဂါပါလာနိုင်ချေနှုန်း ရှိတယ်ဆိုတာကို သိထားသင့်ပါတယ်။

ပုံမှန်မဟုတ်တဲ့ မျိုုးရိုးဗီဇဟာတစ်ခါတစ်ရံမှာ မျိုးရိုးလိုက်တာကြောင့်ဖြစ်တဲ့ ရလာတာမျိုးမဟုတ်ဘဲ မိခင်ရဲ့အသက်အရွယ်ပေါ်လိုက်ပြီးဖြစ်တာမျိုးလည်း ရှိနိုင်ပါတယ်။

ဒီနေ့တော့ ဒီလိုမျိုးပုံမှန်မဟုတ်တဲ့ မျိုးရိုးဗီဇဆိုင်ရာ ရောဂါတစ်ချို့အကြောင်းကို ဆွေးနွေးပေးချင်ပါတယ်။ပထမဆုံးပြောပြပေးချင်တဲ့ ရောဂါကတော့ ကြားဖူးနားဝရှိကြမဲ့ Down ’s syndrome ပဲဖြစ်ပါတယ်။

Down ’s syndrome

Down ’s syndrome အကြောင်း ပထမဆုံးပြောရမယ်ဆိုရင်တော့ သူဟာ မျိုးရိုးလိုက်တဲ့ ပုံစံမျိုးနဲ့သွားတာမျိုး မဟုတ်ပါဘူး။ ဒီရောဂါဟာ မိခင်ရဲ့အသက်အရွယ်နဲ့ဆိုင်ပါတယ်။ ငယ်ရွယ်တဲ့ မိခင်လောင်းတွေနဲ့နှိုင်းယှဉ်ရင် အသက် ၃၀ ထက်ကြီးတဲ့ အမျိုးသမီးတွေဟာ Down ’s syndrome ပါတဲ့ကလေးငယ်ကိုမွေးနိုင်ချေနှုန်း ပိုများပါတယ် ။ သူဟာ လူရဲ့ Chromosome မှာချို့ယွင်းမှုဖြစ်တာဖြစ်ပါတယ် ။ Down ကလေးငယ်ရဲ့ သွင်ပြင်ဟာ သာမန်ကလေးငယ်ထက ်ထူးခြားနေတဲ့အတွက် သွင်ပြင်ကို ကြည့်ရုံနဲ့တင် သူလို့မှန်းဆလို့ရပါတယ် ။ ဒီလိုပြောလိုက်ပေမဲ့ ရုပ်သိပ်မသိသာတဲ့ Down ကလေးတွေလည်းရှိတတ်ပါတယ် ။ ဒါကြောင့် သေချာပေါက် Down ပါလို့ပြောချင်ရင်တော့ Chromosome အထိရှာဖွေစစ်ဆေးကြည့်ဖို့ လိုပါတယ်။

ရုပ်ရည်သွင်ပြင်အနေနဲ့ကတော့ Down ကလေးငယ်တစ်ယောက်ဟာ

ခေါင်းအနည်းငယ် သေးပြီး ပြားနေတတ်ပါတယ်။
ပါးစပ်ပေါက်သေးတဲ့အတွက် လျှာထွက်နေတတ်ပါတယ်။
ပုံမှန်ကလေးတွေထက် နားကအောက်ရောက်နေတတ်ပါတယ်။
လက်ကလေးတွေကလည်း သာမန်နဲ့မတူဘဲ တိုနေတတ်သလို လက်ဖဝါးမှာလည်း လက္ခဏာတစ်ကြောင်းတည်း ရှိနေတတ်ပါတယ်။
ဒီပုံစံလေးတွေ ရှိတဲ့ Down သားသားမီးမီးလေးတွေကို ကျွန်မတို့ဆရာဝန်တွေသာမကဘဲ သာမန်လူတွေတောင် သတိထားမိကြလေ့ရှိပါတယ်။

ဒါပေမဲ့ Down ကလေးငယ်တွေမှာ အရေးကြီးတာတွေက ပြင်ပသွင်ပြင်တွေထက် ကိုယ်တွင်းအင်္ဂါတွေမှာ ချို့ယွင်းမှုတွေပါတာတွေဘဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒါတွေဟာ Down ကလေးငယ်တစ်ယောက် ဘယ်လောက်အထိ ကျန်ကျန်းမာမာအသက်ရှည်ရှည်နေနိုင်မယ် ဆိုတာကို ဆုံးဖြတ်ပေးနိုင်လို့ပါဘဲ။

 

ကိုယ်တွင်းအင်္ဂါ ချို့ယွင်းမှုတွေကတော့

နှလုံးမှာပုံမှန်မှာ မရှိသင်တဲ့ အပေါက်မျိုးစုံ ရှိနေနိုင်ပါတယ်။ ဒါဟာအဖြစ်အများဆုံး ကိုယ်အင်္ဂါချို့ယွင်းမှု ဖြစ်ပါတယ်။
တစ်ချို့သော နှလုံးအပေါက်တွေဟာ ကျွန်မတို့ အမေကိုယ်ထဲက သန္ဓေသားဘဝတုန်းက ကိုယ်လုပ်ငန်းဆောင်တာတွေလည်ပတ်ဖို့အတွက်ရှိခဲ့တာဖြစ်ပြီး အပြင်မှာမွေးဖွားပြီးတဲ့အခါ ပိတ်သွားရပါတယ်။ Down ကလေးတွေမှာ ဒီအပေါက်တွေဟာမပိတ်ဘဲကျန်နေတတ်ပါတယ်။

နှလုံးသွေးပြန်ခန်း သွေးလွှတ်ခန်းနှစ်ခုကြားမှာအပေါက်ဖြစ်တာ ၊ နှလုံးသွေးကြောမကြီးနဲ့ အဆုတ်သွေးကြောမကြီး ကြားထဲကအပေါက်မပိတ်တာ ၊ နှလုံး အဆို့ရှင်တွေကျွံကြတာ ကနေ

ကြီးလာတဲ့အခါမှာ နှလုံးရောဂါတွေဖြစ်တာတွေအထိဖြစ်နိုင်ပါတယ်။

 

ဒါ့အပြင်

အစာလမ်းကြောင်းကျဉ်းတာ ပုံမှန်မဟုတ်တာ
အသက်ရှူလမ်းကြောင်းမှာမကြာခဏ ပိုးဝင်တာ
ဖွံ့ဖြိုးမှု နှေးကွေးတာ
နားမကြားတာ
သိုင်းရွိုက်ဟော်မုန်း အားနည်းတာ
လည်ပင်းရိုး မခိုင်တာ
ကလေးတွေမှာဖြစ်တတ်တဲ့ သွေးကင်ဆာတွေ သာမန်ကလေးတွေထက်အဖြစ်များတာ
ငယ်ငယ်ရွယ်ရွယ်နဲ့ Alzheimer ရောဂါဖြစ်တာ စတာတွေကိုလည်းတွေ့ရပါတယ်။
သိတဲ့အတိုင်း Down ’s syndrome ဟာပျောက်အောင်ကုသလို့မရပါဘူး။ Down ကလေးတစ်ယောက်ကျန်ကျန်းမာမာအသက်ရှည်ရှည်နေနိုင်ဖို့အတွက် ဂရုတစိုက်ကြည့်ရှုစောင့်ရှောက်ဖို့ နဲ့ လိုအပ်လာလျှင် နောက်ဆက်တွဲလက္ခဏာများကို အချိန်မီကုသဖို့က အရေးကြီးပါတယ်။

ကုသမှုတွေအနေနဲ့ကတော့

ဖွံ့ဖြိုးမှု နှေးကွေးတာတွေအတွက် အထူးသင်ကြားရေး အစီအစဉ်တွေဆွဲပြီးသင်ကြားပေးတာ လိုအပ်တဲ့လေ့ကျင့်ခန်းတွေလုပ်ပေးတာတွေ လုပ်ပေးလို့ရပါတယ်။

နှလုံးအပေါက်တွေအတွက် နှလုံးခွဲစိတ်ကုသပေးလို့ရပါတယ်။

အဆုတ်ပိုးဝင်ခဲ့ရင် လက္ခဏာတွေကိုစောစောစီးစီးသိပြီး အချိန်မီကုသပေးရပါမယ်။

မျက်လုံး နားနဲ့ သိုင်းရွိုက်ဟော်မုန်းစစ်တာတွေကို အချိန်မှန်လုပ်ပေးရပါမယ်။

ဖြစ်လာနိုင်တဲ့ အစာလမ်းကြောင်းရောဂါတွေနဲ့ သွေးကင်ဆာတွေကိုလိုအပ်သလို ကုသပေးရပါမယ်။

 

ဒီလိုလုပ်ပေးခြင်းအားဖြင့် Down ကလေးငယ်တစ်ယောက်ရဲ့ ပုံမှန်ထက် ကျန်းကျန်းမာမာ အသက်ရှည်ရှည် နေသွားနိုင်မှာဖြစ်ပါတယ်။

ဒီနေ့မျိုုးရိုးဗီဇကြောင့်ဖြစ်တဲ့ ရောဂါတွေထဲက Down ’s syndrome အကြောင်းရှင်းပြပေးသွားခဲ့တာပဲဖြစ်ပါတယ်။

ဒါကိုဖတ်ပြီး Down ကလေးငယ်ရှိတဲ့ မေမေဖေဖေ တွေ အားမငယ်ဘဲ ကိုယ်ရဲ့သားသားမီးမီးလေးတွေကိုတတ်နိုင်သမျှ ကျန်းမာအောင်စောင့်ရှောက်နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

 

Author : Dr. မွှေး

Previous Post

ခြေပူရှိန်း

Next Post

စမုံစပါးစားသုံးခြင်းရဲ့ အကျိုးရလဒ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
258

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
828

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
999
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
671

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စမုံစပါးစားသုံးခြင်းရဲ့ အကျိုးရလဒ်

ကိုယ်ဝန်ဆောင်နှင့်လိင်ဆက်ဆံခြင်း

အစာဟောင်းအိမ်ကင်ဆာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.