fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးများနှင့် အပူလွန်ကဲခြင်းအန္တရာယ်

132
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/04/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကေလးမ်ားႏွင့္ အပူလြန္ကဲျခင္းအႏၲရာယ္

ယခုအခါ ေႏြရာသီေရာက္ရွိလာၿပီျဖစ္ေသာေၾကာင့္ အပူလြန္ကဲျခင္းအႏၲရာယ္မ်ားကို ေတြ႕ႀကဳံရတတ္ပါတယ္။ ေႏြရာသီဟာ တစ္ႏွစ္ထက္ တစ္ႏွစ္ပိုမို ပူျပင္းလာတဲ့အတြက္ အပူလြန္ကဲျခင္းေၾကာင့္ သတိလစ္ျခင္း၊ ပ်ိဳ႕အန္ျခင္းတို႔အျပင္ ကေယာင္ကတမ္းေျပာကာ အသက္ဆုံးရႈံးႏိုင္သည္အထိ အႏၲရာယ္ရွိႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အပူလြန္ကဲျခင္းမျဖစ္ေစရန္ကာကြယ္နည္းမ်ား၊ အပူလြန္ကဲျခင္းေၾကာင့္ ျဖစ္ေပၚတတ္ေသာ ေရာဂါလကၡဏာမ်ားကို ေျပာျပေပးလိုပါတယ္။

အပူလြန္ကဲျခင္းဆိုသည္မွာ ခႏၶာကိုယ္သည္ မီးေသြးခဲသို႔ ပူေနၿပီး ကိုယ္အပူခ်ိန္ 104°F (40°C)အထက္ရွိေနျခင္းကို ဆိုလိုပါတယ္။ အပူလြန္ကဲျခင္းျဖစ္ေပၚရျခင္းမွာ

– ေနပူထဲတြင္ အခ်ိန္ၾကာၾကာေနျခင္း၊

– ေနပူထဲတြင္ ေျပးလႊားေဆာ့ကစားျခင္း

– အဝတ္အစား ထူထူ ဝတ္ဆင္ထားျခင္း

– ေရေသာက္နည္းျခင္းစသည္တို႔ေၾကာင့္ျဖစ္ေပၚႏိုင္ပါတယ္။ အပူလြန္ကဲျခင္းျဖစ္ေပၚပါက ေဆး႐ုံသို႔ အျမန္သြားဖို႔လိုအပ္ပါတယ္။ အခ်ိန္ၾကာၾကာမကုပဲ ေနပါက ဦးေႏွာက္၊ ႏွလုံး၊ ေက်ာက္ကပ္ႏွင့္ ႂကြက္သားမ်ားကို ပ်က္စီးေစတဲ့အျပင္ ေနာက္ဆုံး သတိလစ္ကာ အသက္ဆုံးရႈံးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အပူလြန္ကဲျခင္းေၾကာင့္ျဖစ္ေပၚႏိုင္ေသာ ေရာဂါလကၡဏာမ်ားကိုလည္း ေသခ်ာသိရွိထားရပါမယ္။

၎တို႔မွာ-

– ကိုယ္အပူခ်ိန္အရမ္းတက္ေနျခင္း (104°F or 40°Cႏွင့္အထက္ရွိေနျခင္း)

– ကေယာင္ကတမ္းေျပာျခင္း၊ ဂနာမၿငိမ္ျဖစ္ေနျခင္း၊ လွ်ာေလးအာေလးျဖစ္ေနျခင္း၊ တက္ျခင္း၊ သတိလစ္ျခင္း၊

– ခႏၶာကိုယ္မွာ မီးေသြးခဲကဲ့သို႔ပူေနၿပီး တစ္ကိုယ္လုံးေခြၽးလုံးဝမထြက္ျခင္း၊

– ပ်ိဳ႕အန္ျခင္း၊

– အပူခ်ိန္ျမင့္လြန္းေသာေၾကာင့္ မ်က္ႏွာနီျမန္းေနျခင္း၊

– ေခါင္းကိုက္ျခင္း၊

– အသက္ရွဴျမန္ျခင္း၊

– ႏွလုံးခုန္ႏႈန္းျမန္ေနျခင္း စသည္တို႔ျဖစ္ပါတယ္။

ကေလးမ်ားမွာ အရမ္းေဆာ့ေသာေၾကာင့္ ေႏြရာသီတြင္အပူလြန္ကဲျခင္းမျဖစ္ေစရန္ အထူးသတိထားဖို႔လိုအပ္ပါတယ္။ ကေလးမ်ားမွာ ေရဓာတ္ဆုံးရႈံးမႈမျဖစ္ေစရန္ႏွင့္ အပူလြန္ကဲျခင္းေၾကာင့္ ေရအရမ္းဆာျခင္း၊ ေခါင္းမူးျခင္း၊ ပ်ိဳ႕အန္ျခင္း၊ ႂကြက္တက္ျခင္း၊ မ်က္ႏွာနီျမန္းျခင္း စသည့္လကၡဏာမ်ား ရွိ /မရွိ ေသခ်ာၾကည့္ေပးဖို႔လိုအပ္ပါတယ္။

အကယ္၍ ထိုလကၡဏာမ်ားေတြ႕ရွိပါက အရိပ္ရေသာ ေနရာသို႔ အျမန္ေခၚသြားပါ။ ဓာတ္ဆားရည္၊ ေရ စသည့္ အရည္မ်ား မ်ားမ်ားတိုက္ေပးပါ။ အဝတ္အစားမ်ားကိုခြၽတ္ၿပီး ေခါင္းအစ၊ ေျခအဆုံး ေရပတ္တိုက္ပါ။ ကိုယ္အရမ္းပူေနပါက ေရခဲေရျဖင့္ ေရပတ္တိုက္ပါ။ ထိုမွ်သာမက ကေလးသည္ ေခြၽးမထြက္ျခင္း၊ ကေယာင္ကတမ္းေျပာေနျခင္း၊ အန္ျခင္း၊ အသက္ရွဴျမန္ျခင္း၊ သတိလစ္ျခင္း စသည့္ လကၡဏာမ်ားရွိလာပါက နီးစပ္ရာ ေဆး႐ုံသို႔ အျမန္ဆုံးေရာက္ေအာင္ သြားဖို႔လိုအပ္ပါတယ္။

ဒီလိုအပူလြန္ကဲျခင္းေၾကာင့္ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားမျဖစ္ေစရန္ ကာကြယ္ႏိုင္မည့္ နည္းလမ္းမ်ားကိုလည္း သိရွိထားရပါမယ္။

– ကေလးငယ္မ်ားကို အရိပ္ေကာင္းေကာင္းရေသာ ေနရာမ်ားတြင္သာ ကစားေစပါ။ မနက္ ၁၀နာရီမတိုင္ခင္ႏွင့္ ညေန၄နာရီေနာက္ပိုင္းမ်ားတြင္သာ ကေလးမ်ားကို ကစားခြင့္ျပဳေပးပါ။

– ကေလးမ်ား မကစားခင္ နာရီဝက္အလိုတြင္ အရည္မ်ားကို တိုက္ေပးပါ။ ေရခြက္တစ္ခြက္ျဖင့္ သစ္သီးေဖ်ာ္ရည္၊ ဓာတ္ဆားရည္ စသည္တို႔ကို တိုက္ေပးႏိုင္ပါတယ္။

– ကေလးမ်ား ကစားေနခ်ိန္ မိနစ္၂၀လွ်င္ တစ္ႀကိမ္ အရည္ဝင္ေအာင္တိုက္ေပးပါ။ သို႔မွသာ အပူဒဏ္ေၾကာင့္ ေခြၽးထြက္ျခင္း၊ ေခါင္းကိုက္၊ ေခါင္းမူးျခင္းတို႔ကို ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။

– အရိပ္ရ၍ ေအးေသာ ေနရာထိုင္ခင္းမ်ားတြင္သာ ေဆာ့ကစားေစပါ။ ေရခ်ိဳးတဲ့အခါ ေရေအးေအးျဖင့္ ခ်ိဳးေပးႏိုင္ပါတယ္။ ေႏြရာသီ ေရကူးသင္တန္းလႊတ္၍ ေရကူးေစျခင္းစသည္တို႔လည္း ျပဳလုပ္ေပးႏိုင္ပါတယ္။

– ေႏြရာသီတြင္ ပြပြ၊ ေခ်ာင္ေခ်ာင္ အဝတ္အထည္မ်ား၊ ခ်ည္ထည္အက်ၤီမ်ားကိုသာ ဝတ္ဆင္ေပးပါ။

– အျပင္ထြက္ေသာအခါ ေနကာမ်က္မွန္၊ ဦးထုပ္တို႔ကို ဝတ္ပါ။ sunscreen၊ sunblockတို႔ကို လိမ္းေပးႏိုင္ပါတယ္။

– အိပ္ေနေသာ ကေလးမ်ားကို ကားထဲတြင္ တစ္ေယာက္တည္း မထားခဲ့ပါႏွင့္။ ကား၏အပူအခ်ိန္သည္ ျမင့္မားၿပီး မိနစ္ပိုင္းအတြင္း ေလာင္ကြၽမ္းႏိုင္ေသာေၾကာင့္ ကားစက္ႏႈိးၿပီး ကေလးမ်ားကို ကားထဲတြင္မထားခဲ့ပါႏွင့္။

– ေနပူထဲမွ ျပန္လာၿပီး ခ်က္ခ်င္းေရခ်ိဳးေပးျခင္းမွ ေရွာင္ၾကဥ္ေပးပါ။

– အပူခ်ိန္ျပင္းထန္ေသာ ေန႔ခင္းဘက္အခ်ိန္တြင္ ခရီးသြားလာျခင္းကို ေရွာင္ၾကဥ္ပါ။

– ကေလးငယ္မ်ား ကိုယ္အပူခ်ိန္တက္ပါက ေရေအးပတ္ ႏိုင္ႏိုင္တိုက္ပါ။ လည္ပင္း၊ ခ်ိဳင္းၾကား၊ ေပါင္ၾကားတို႔ကို ေရေအးပတ္ဝတ္ကပ္ထားေပးပါ။ ေရ၊ ဓာတ္ဆားရည္ မ်ားမ်ားတိုက္ေပးပါ။

– ကေလးငယ္မ်ား ကေယာင္ကတမ္းေျပာျခင္း၊ သတိလစ္ျခင္း၊ မူးေဝေအာ့အန္ျခင္း၊ တက္ျခင္း စသည္တို႔ျဖစ္ေပၚလာပါက နီးစပ္ရာ ေဆး႐ုံ၊ ေဆးခန္းသို႔ အျမန္ဆုံးသြားေရာက္ေပးပါ။

အထက္ပါ အပူလြန္ကဲျခင္း၏ ေရာဂါလကၡဏာမ်ားႏွင့္ ကာကြယ္ရန္နည္းလမ္းမ်ားကို ေသခ်ာစြာသိရွိၿပီး လိုက္နာဖို႔ လိုအပ္ေၾကာင္း တိုက္တြန္းေရးသားလိုက္ရပါသည္။

Dr.သီတာလႈိင္(ေဆး-၂)

ကလေးများနှင့် အပူလွန်ကဲခြင်းအန္တရာယ်

ယခုအခါ နွေရာသီရောက်ရှိလာပြီဖြစ်သောကြောင့် အပူလွန်ကဲခြင်းအန္တရာယ်များကို တွေ့ကြုံရတတ်ပါတယ်။ နွေရာသီဟာ တစ်နှစ်ထက် တစ်နှစ်ပိုမို ပူပြင်းလာတဲ့အတွက် အပူလွန်ကဲခြင်းကြောင့် သတိလစ်ခြင်း၊ ပျို့အန်ခြင်းတို့အပြင် ကယောင်ကတမ်းပြောကာ အသက်ဆုံးရှုံးနိုင်သည်အထိ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့ကြောင့် အပူလွန်ကဲခြင်းမဖြစ်စေရန်ကာကွယ်နည်းများ၊ အပူလွန်ကဲခြင်းကြောင့် ဖြစ်ပေါ်တတ်သော ရောဂါလက္ခဏာများကို ပြောပြပေးလိုပါတယ်။

အပူလွန်ကဲခြင်းဆိုသည်မှာ ခန္ဓာကိုယ်သည် မီးသွေးခဲသို့ ပူနေပြီး ကိုယ်အပူချိန် 104°F (40°C)အထက်ရှိနေခြင်းကို ဆိုလိုပါတယ်။ အပူလွန်ကဲခြင်းဖြစ်ပေါ်ရခြင်းမှာ

– နေပူထဲတွင် အချိန်ကြာကြာနေခြင်း၊

– နေပူထဲတွင် ပြေးလွှားဆော့ကစားခြင်း

– အဝတ်အစား ထူထူ ဝတ်ဆင်ထားခြင်း

– ရေသောက်နည်းခြင်းစသည်တို့ကြောင့်ဖြစ်ပေါ်နိုင်ပါတယ်။ အပူလွန်ကဲခြင်းဖြစ်ပေါ်ပါက ဆေးရုံသို့ အမြန်သွားဖို့လိုအပ်ပါတယ်။ အချိန်ကြာကြာမကုပဲ နေပါက ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နှင့် ကြွက်သားများကို ပျက်စီးစေတဲ့အပြင် နောက်ဆုံး သတိလစ်ကာ အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါ့ကြောင့် အပူလွန်ကဲခြင်းကြောင့်ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများကိုလည်း သေချာသိရှိထားရပါမယ်။

၎င်းတို့မှာ-

– ကိုယ်အပူချိန်အရမ်းတက်နေခြင်း (104°F or 40°Cနှင့်အထက်ရှိနေခြင်း)

– ကယောင်ကတမ်းပြောခြင်း၊ ဂနာမငြိမ်ဖြစ်နေခြင်း၊ လျှာလေးအာလေးဖြစ်နေခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း၊

– ခန္ဓာကိုယ်မှာ မီးသွေးခဲကဲ့သို့ပူနေပြီး တစ်ကိုယ်လုံးချွေးလုံးဝမထွက်ခြင်း၊

– ပျို့အန်ခြင်း၊

– အပူချိန်မြင့်လွန်းသောကြောင့် မျက်နှာနီမြန်းနေခြင်း၊

– ခေါင်းကိုက်ခြင်း၊

– အသက်ရှူမြန်ခြင်း၊

– နှလုံးခုန်နှုန်းမြန်နေခြင်း စသည်တို့ဖြစ်ပါတယ်။

ကလေးများမှာ အရမ်းဆော့သောကြောင့် နွေရာသီတွင်အပူလွန်ကဲခြင်းမဖြစ်စေရန် အထူးသတိထားဖို့လိုအပ်ပါတယ်။ ကလေးများမှာ ရေဓာတ်ဆုံးရှုံးမှုမဖြစ်စေရန်နှင့် အပူလွန်ကဲခြင်းကြောင့် ရေအရမ်းဆာခြင်း၊ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ ကြွက်တက်ခြင်း၊ မျက်နှာနီမြန်းခြင်း စသည့်လက္ခဏာများ ရှိ /မရှိ သေချာကြည့်ပေးဖို့လိုအပ်ပါတယ်။

အကယ်၍ ထိုလက္ခဏာများတွေ့ရှိပါက အရိပ်ရသော နေရာသို့ အမြန်ခေါ်သွားပါ။ ဓာတ်ဆားရည်၊ ရေ စသည့် အရည်များ များများတိုက်ပေးပါ။ အဝတ်အစားများကိုချွတ်ပြီး ခေါင်းအစ၊ ခြေအဆုံး ရေပတ်တိုက်ပါ။ ကိုယ်အရမ်းပူနေပါက ရေခဲရေဖြင့် ရေပတ်တိုက်ပါ။ ထိုမျှသာမက ကလေးသည် ချွေးမထွက်ခြင်း၊ ကယောင်ကတမ်းပြောနေခြင်း၊ အန်ခြင်း၊ အသက်ရှူမြန်ခြင်း၊ သတိလစ်ခြင်း စသည့် လက္ခဏာများရှိလာပါက နီးစပ်ရာ ဆေးရုံသို့ အမြန်ဆုံးရောက်အောင် သွားဖို့လိုအပ်ပါတယ်။

ဒီလိုအပူလွန်ကဲခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများမဖြစ်စေရန် ကာကွယ်နိုင်မည့် နည်းလမ်းများကိုလည်း သိရှိထားရပါမယ်။

– ကလေးငယ်များကို အရိပ်ကောင်းကောင်းရသော နေရာများတွင်သာ ကစားစေပါ။ မနက် ၁၀နာရီမတိုင်ခင်နှင့် ညနေ၄နာရီနောက်ပိုင်းများတွင်သာ ကလေးများကို ကစားခွင့်ပြုပေးပါ။

– ကလေးများ မကစားခင် နာရီဝက်အလိုတွင် အရည်များကို တိုက်ပေးပါ။ ရေခွက်တစ်ခွက်ဖြင့် သစ်သီးဖျော်ရည်၊ ဓာတ်ဆားရည် စသည်တို့ကို တိုက်ပေးနိုင်ပါတယ်။

– ကလေးများ ကစားနေချိန် မိနစ်၂၀လျှင် တစ်ကြိမ် အရည်ဝင်အောင်တိုက်ပေးပါ။ သို့မှသာ အပူဒဏ်ကြောင့် ချွေးထွက်ခြင်း၊ ခေါင်းကိုက်၊ ခေါင်းမူးခြင်းတို့ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

– အရိပ်ရ၍ အေးသော နေရာထိုင်ခင်းများတွင်သာ ဆော့ကစားစေပါ။ ရေချိုးတဲ့အခါ ရေအေးအေးဖြင့် ချိုးပေးနိုင်ပါတယ်။ နွေရာသီ ရေကူးသင်တန်းလွှတ်၍ ရေကူးစေခြင်းစသည်တို့လည်း ပြုလုပ်ပေးနိုင်ပါတယ်။

– နွေရာသီတွင် ပွပွ၊ ချောင်ချောင် အဝတ်အထည်များ၊ ချည်ထည်အင်္ကျီများကိုသာ ဝတ်ဆင်ပေးပါ။

– အပြင်ထွက်သောအခါ နေကာမျက်မှန်၊ ဦးထုပ်တို့ကို ဝတ်ပါ။ sunscreen၊ sunblockတို့ကို လိမ်းပေးနိုင်ပါတယ်။

– အိပ်နေသော ကလေးများကို ကားထဲတွင် တစ်ယောက်တည်း မထားခဲ့ပါနှင့်။ ကား၏အပူအချိန်သည် မြင့်မားပြီး မိနစ်ပိုင်းအတွင်း လောင်ကျွမ်းနိုင်သောကြောင့် ကားစက်နှိုးပြီး ကလေးများကို ကားထဲတွင်မထားခဲ့ပါနှင့်။

– နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးပေးခြင်းမှ ရှောင်ကြဉ်ပေးပါ။

– အပူချိန်ပြင်းထန်သော နေ့ခင်းဘက်အချိန်တွင် ခရီးသွားလာခြင်းကို ရှောင်ကြဉ်ပါ။

– ကလေးငယ်များ ကိုယ်အပူချိန်တက်ပါက ရေအေးပတ် နိုင်နိုင်တိုက်ပါ။ လည်ပင်း၊ ချိုင်းကြား၊ ပေါင်ကြားတို့ကို ရေအေးပတ်ဝတ်ကပ်ထားပေးပါ။ ရေ၊ ဓာတ်ဆားရည် များများတိုက်ပေးပါ။

– ကလေးငယ်များ ကယောင်ကတမ်းပြောခြင်း၊ သတိလစ်ခြင်း၊ မူးဝေအော့အန်ခြင်း၊ တက်ခြင်း စသည်တို့ဖြစ်ပေါ်လာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပေးပါ။

အထက်ပါ အပူလွန်ကဲခြင်း၏ ရောဂါလက္ခဏာများနှင့် ကာကွယ်ရန်နည်းလမ်းများကို သေချာစွာသိရှိပြီး လိုက်နာဖို့ လိုအပ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။

Dr.သီတာလှိုင်(ဆေး-၂)

 

Previous Post

သာယာမှု နောက်ဆက်တွဲ

Next Post

BMI အကြောင်းသိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
258

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
828

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
999
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
671

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

BMI အကြောင်းသိကောင်းစရာ

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူခြင်း အကြောင်းများ

အနံ့ထွက်နေသလား သတိထား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.