fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးငယ်များတွင် တွေ့ကြုံရတတ်သော ဝမ်းချုပ်ခြင်းအကြောင်းသိကောင်းစရာ

463
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/04/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကေလးငယ္မ်ားတြင္ ေတြ႕ႀကဳံရတတ္ေသာ ဝမ္းခ်ဳပ္ျခင္းအေၾကာင္းသိေကာင္းစရာ

ကေလးသူငယ္မ်ားတြင္ ဝမ္းခ်ဳပ္ျခင္းသည္ ေတြ႕ရအမ်ားဆုံးေသာ ေရာဂါလကၡဏာ တစ္ခုျဖစ္ပါတယ္။ မိဘမ်ားအေနျဖင့္ ကေလးငယ္မ်ားတြင္ ဝမ္းသြားေသာ အႀကိမ္အေရအတြက္နည္းျခင္း၊ ဝမ္းအမာသြားျခင္း၊ ဝမ္းသြားေသာအခါ စအိုဝတြင္ နာက်င္ျခင္း စသည့္ လကၡဏာမ်ားကို ေတြ႕ရလွ်င္ ဝမ္းခ်ဳပ္တယ္လို႔ သတ္မွတ္ၾကပါတယ္။

ဝမ္းသြားတဲ့ အႀကိမ္အေရအတြက္သည္ ကေလးငယ္မ်ားတြင္ အသက္အ႐ြယ္ အပိုင္းအျခားကို လိုက္၍ ကြာျခားမႈ မ်ားစြာရွိပါတယ္။ ေမြးကင္းစမွ အသက္တစ္ႏွစ္ေအာက္အထိ ကေလးငယ္မ်ားသည္ တစ္ေန႔တြင္ ပွ်မ္းမွ် ေလးႀကိမ္မွ် ဝမ္းသြားေလ့ရွိပါတယ္။ အသက္တစ္ႏွစ္ေက်ာ္လာတဲ့အခါ တစ္ေန႔ႏွစ္ႀကိမ္မွ်သာ သြားေလ့ရွိပါတယ္။ ႏို႔စို႔အ႐ြယ္ကေလးငယ္မ်ားသည္ ရက္အေတာ္ၾကာမွ် ဝမ္းမသြားဘဲ ရွိေနတတ္ပါတယ္။ ဒါဟာ စိုးရိမ္စရာ လကၡဏာတစ္ခု မဟုတ္ပါ။ အသက္တစ္ႏွစ္ေက်ာ္လာေသာ ကေလးအမ်ားစုသည္ ပုံမွန္ဝမ္းသြားတတ္တဲ့ အေလ့အထမ်ား ရွိလာၾကပါတယ္။

ဝမ္းခ်ဳပ္ျခင္းဆိုတာကို လက္ေတြ႕က်က် အဓိပၸာယ္ဖြင့္ဆိုရလွ်င္ တစ္ခါတစ္ေလတြင္ တစ္ပတ္လုံးမွာမွ သုံးႀကိမ္မွ်သာ ဝမ္းသြားတတ္ျခင္း၊ ဝမ္းသြားသည့္အခါ ဝမ္းမွာ ေျခာက္ေသြ႕ၿပီး ဝမ္းအမာမ်ားသြားျခင္း၊ ဝမ္းတစ္ႀကိမ္သြားရန္ အလြန္အမင္းအားစိုက္ရျခင္း၊ ဝမ္းသြားလွ်င္ ေသြးပါျခင္း စသည့္အေျခအေနမ်ား ျဖစ္ေပၚေနလွ်င္ ဝမ္းခ်ဳပ္တယ္လို႔ ယူဆလို႔ရပါတယ္။ ထို႔အျပင္ ဗိုက္ရစ္နာျခင္း၊ အားစိုက္၍ ဝမ္းသြားရျခင္းေၾကာင့္ ပင္ပန္းႏြမ္းနယ္ျခင္းတို႔လည္း ျဖစ္ေပၚတတ္ပါတယ္။

ဝမ္းခ်ဳပ္ျခင္းကို ပိုမိုဆိုး႐ြားေစေသာ အေၾကာင္းအရာမ်ားကိုလည္း ေျပာျပေပးလိုပါတယ္။ ေရဓာတ္ခမ္းေျခာက္ျခင္း (သို႔) ေရႏွင့္ အရည္ေသာက္သုံးမႈနည္းပါးျခင္း၊ စအိုတြင္ အက္ကြဲနာရွိၿပီး နာက်င္ေနျခင္း စသည့္လကၡဏာမ်ားရွိေနလွ်င္ ပိုမို ဝမ္းခ်ဳပ္ေစပါတယ္။ ေက်ာင္းေန႐ြယ္ ကေလးမ်ားတြင္လည္း ဝမ္းခ်ဳပ္ျခင္းသည္ အျဖစ္မ်ားေသာ ေရာဂါတစ္ခုျဖစ္ပါတယ္။

– ဝမ္းသြားျခင္း အေလ့အထ သင္ၾကားေပးပုံ နည္းစနစ္ မမွန္ကန္ျခင္း၊
– ေက်ာင္းတြင္ အိမ္သာအသုံးျပဳရန္ ေၾကာက္႐ြံ႕ျခင္း၊ (သို႔) ျငင္းပယ္ျခင္း၊
– မိမိေနအိမ္ရွိ အိမ္သာကိုသာ အသုံးျပဳတတ္ျခင္း၊
– အမွ်င္ဓာတ္ႂကြယ္ဝေသာ အသီး၊ အ႐ြက္၊ သီးႏွံမ်ား စားေသာက္ေလ့မရွိျခင္း စသည့္ အေၾကာင္းအရာမ်ားရွိေနျခင္းသည္လည္း ဝမ္းခ်ဳပ္ျခင္းကို ပိုမို အားေပးရာေရာက္ပါတယ္။

ထိုကဲ့သို႔ ဝမ္းခ်ဳပ္ျခင္းေၾကာင့္ ျဖစ္ေပၚႏိုင္ေသာ ေနာက္ဆက္တြဲ ဆိုးက်ိဳး လကၡဏာမ်ားမွာ-
– စအိုဝနားတစ္ဝိုက္တြင္ နာက်င္၍ အက္ကြဲရာမ်ားျဖစ္ေပၚလာျခင္း၊ (anal fissures)
– စအိုဝ ကြၽံက်ျခင္း၊ (rectal prolapse)
– ဝမ္းသြားလွ်င္ နာက်င္မႈကို ေၾကာက္႐ြံ႕ေသာေၾကာင့္ ဝမ္းမသြားဘဲ ထိန္းထားရာမွ အူလမ္းေၾကာင္းတြင္ မစင္မ်ားလာျခင္း၊ စသည့္ အႏၲရာယ္လကၡဏာမ်ား ေတြ႕ႀကဳံရတတ္ပါတယ္။

သို႔ျဖစိပါေသာေၾကာင့္ မိမိကေလးငယ္မ်ားတြင္ ဝမ္းခ်ဳပ္ျခင္းအျပင္ ေအာက္ေဖာ္ျပပါ လကၡဏာမ်ား ေတြ႕ႀကဳံခံစားရပါက နီးစပ္ရာ ေဆး႐ုံ၊ ေဆးခန္းသို႔ သြားေရာက္၍ ကုသမႈခံယူသင့္ပါတယ္။ ၎တို႔မွာ-
– ဖ်ားနာျခင္း၊
– အန္ျခင္း၊
– ဝမ္းထဲတြင္ ေသြးပါလာျခင္း၊
– ဗိုက္ေဖာင္းလာျခင္း၊
– သိသိသာသာ ကိုယ္အေလးခ်ိန္ ေလ်ာ့နည္းလာျခင္း၊
– စအိုဝတစ္ဝိုက္ နာက်င္၍ အက္ကြဲရာရွိျခင္း၊
– စအိုကြၽံက်ျခင္း စသည့္ လကၡဏာမ်ားျဖစ္ပါတယ္။

ယခုကဲ့သို႔ ဝမ္းခ်ဳပ္ျခင္းႏွင့္ ဝမ္းခ်ဳပ္ျခင္းေၾကာင့္ ဆိုး႐ြားေသာ လကၡဏာမ်ား မခံစားရေလေအာင္ မိဘမ်ားအေနျဖင့္ မိမိ၏ကေလးငယ္ေလးမ်ားအား
– အမွ်င္ဓာတ္မ်ားစြာပါဝင္ေသာ အစားအစာမ်ားကိုေကြၽးပါ။
– အမွ်င္ဓာတ္ႂကြယ္ဝေသာ အစားအစာမ်ားမွာ အသီးအႏွံမ်ား၊ ဟင္းသီးဟင္း႐ြက္မ်ား၊ ပဲသီးေတာင့္ႏွင့္ ပဲအမ်ိဳးမ်ိဳး၊ ေကာက္ပဲသီးႏွံမ်ား၊ ေပါင္မုန႔္ စသည္တို႔ျဖစ္ပါတယ္။
-ကေလးငယ္မ်ားကို ေရႏွင့္ အရည္မ်ားမ်ားေသာက္သုံးေပးရန္ တိုက္တြန္းေပးပါ။ ေရသည္ ေသာက္သုံးရန္ အသင့္ေတာ္ဆုံးပင္ျဖစ္ပါတယ္။
– မွန္ကန္ေသာ ဝမ္းသြားျခင္းႏွင့္ အိမ္သာအသုံးျပဳျခင္း အေလ့အထျပဳလုပ္ေပးပါ။
– ထမင္းစားၿပီးတိုင္း ပုံမွန္ဝမ္းသြားျခင္း အေလ့အထျဖစ္ေစရန္ မိဘမ်ားက မိမိတို႔၏ကေလးငယ္မ်ားကို ေလ့က်င့္သင္ၾကားေပးပါ။

မိဘမ်ားသည္ မိမိကေလးငယ္ေလးမ်ားအား ဗိုက္နာသည္ႏွင့္ အိမ္သာသို႔ ခ်က္ခ်င္းသြားရန္ တိုက္တြန္းေပးသင့္ပါတယ္။ အဘယ္ေၾကာင့္ဆိုေသာ္ ကေလးငယ္မ်ားသည္ အလြန္အေဆာ့မက္ၿပီး ကစားေနတာကိုပင္ အာ႐ုံထားေနသည့္အတြက္ ဗိုက္နာေနတာကို သတိမျပဳမိဘဲ ရွိေနတတ္ပါတယ္။ ဗိုက္နာေနသည့္အခ်ိန္ အိမ္သာသို႔ ခ်က္ခ်င္းမသြားဘဲ ေနလိုက္လွ်င္ ေနာက္ပိုင္း အိမ္သာမသြားတတ္သည့္ အက်င့္ျဖစ္လာတတ္ပါတယ္။ အခ်ိန္ၾကာလာတဲ့အခါ ဝမ္းခ်ဳပ္ျခင္းေဝဒနာကို စတင္ခံစားလာရပါတယ္။ ထို႔ေၾကာင့္ မိဘမ်ားက ေသခ်ာေလ့က်င့္ေပးဖို႔ အထူးလိုအပ္လွပါတယ္။ ထို႔အျပင္ မိမိကေလးငယ္သည္ ဝမ္းခ်ဳပ္ေစတတ္ေသာ ေဆးဝါးတစ္ခုခုေသာက္သုံးထားသည္ဟု သံသယရွိေနပါက နီးစပ္ရာ တတ္ကြၽမ္းနားလည္ေသာ ဆရာဝန္ထံသို႔ သြားေရာက္၍ ကုသမႈခံယူသင့္ပါတယ္။

မိဘမ်ား၊ က်န္းမာေရးဝန္ထမ္းမ်ားအားလုံး ပူးေပါင္း၍ ကေလးငယ္ေလးမ်ား ငယ္စဥ္ကတည္းက ဝမ္းခ်ဳပ္ျခင္းေဝဒနာ မခံစားရေလေအာင္ ေသခ်ာသင္ၾကားေလ့က်င့္ေပးၾကဖို႔ လိုအပ္ပါတယ္။ ဝမ္းခ်ဳပ္ျခင္းမျဖစ္ေစရန္ ကေလးငယ္မ်ားအား ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာမ်ားကို အားေပးမႈမ်ားလည္း ေပးသင့္ပါတယ္။

က်န္းမာေပ်ာ္႐ႊင္၍ အနာေရာဂါကင္းစင္ေသာ သားသားမီးမီးမ်ား ျဖစ္ေစဖို႔ ရည္႐ြယ္ခ်က္ျဖင့္ ေရးသားလိုက္ရပါသည္။

Author : Dr.သီတာလႈိင္(ေဆး-၂)

ကလေးငယ်များတွင် တွေ့ကြုံရတတ်သော ဝမ်းချုပ်ခြင်းအကြောင်းသိကောင်းစရာ

ကလေးသူငယ်များတွင် ဝမ်းချုပ်ခြင်းသည် တွေ့ရအများဆုံးသော ရောဂါလက္ခဏာ တစ်ခုဖြစ်ပါတယ်။ မိဘများအနေဖြင့် ကလေးငယ်များတွင် ဝမ်းသွားသော အကြိမ်အရေအတွက်နည်းခြင်း၊ ဝမ်းအမာသွားခြင်း၊ ဝမ်းသွားသောအခါ စအိုဝတွင် နာကျင်ခြင်း စသည့် လက္ခဏာများကို တွေ့ရလျှင် ဝမ်းချုပ်တယ်လို့ သတ်မှတ်ကြပါတယ်။

ဝမ်းသွားတဲ့ အကြိမ်အရေအတွက်သည် ကလေးငယ်များတွင် အသက်အရွယ် အပိုင်းအခြားကို လိုက်၍ ကွာခြားမှု များစွာရှိပါတယ်။ မွေးကင်းစမှ အသက်တစ်နှစ်အောက်အထိ ကလေးငယ်များသည် တစ်နေ့တွင် ပျှမ်းမျှ လေးကြိမ်မျှ ဝမ်းသွားလေ့ရှိပါတယ်။ အသက်တစ်နှစ်ကျော်လာတဲ့အခါ တစ်နေ့နှစ်ကြိမ်မျှသာ သွားလေ့ရှိပါတယ်။ နို့စို့အရွယ်ကလေးငယ်များသည် ရက်အတော်ကြာမျှ ဝမ်းမသွားဘဲ ရှိနေတတ်ပါတယ်။ ဒါဟာ စိုးရိမ်စရာ လက္ခဏာတစ်ခု မဟုတ်ပါ။ အသက်တစ်နှစ်ကျော်လာသော ကလေးအများစုသည် ပုံမှန်ဝမ်းသွားတတ်တဲ့ အလေ့အထများ ရှိလာကြပါတယ်။

ဝမ်းချုပ်ခြင်းဆိုတာကို လက်တွေ့ကျကျ အဓိပ္ပာယ်ဖွင့်ဆိုရလျှင် တစ်ခါတစ်လေတွင် တစ်ပတ်လုံးမှာမှ သုံးကြိမ်မျှသာ ဝမ်းသွားတတ်ခြင်း၊ ဝမ်းသွားသည့်အခါ ဝမ်းမှာ ခြောက်သွေ့ပြီး ဝမ်းအမာများသွားခြင်း၊ ဝမ်းတစ်ကြိမ်သွားရန် အလွန်အမင်းအားစိုက်ရခြင်း၊ ဝမ်းသွားလျှင် သွေးပါခြင်း စသည့်အခြေအနေများ ဖြစ်ပေါ်နေလျှင် ဝမ်းချုပ်တယ်လို့ ယူဆလို့ရပါတယ်။ ထို့အပြင် ဗိုက်ရစ်နာခြင်း၊ အားစိုက်၍ ဝမ်းသွားရခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်းတို့လည်း ဖြစ်ပေါ်တတ်ပါတယ်။

ဝမ်းချုပ်ခြင်းကို ပိုမိုဆိုးရွားစေသော အကြောင်းအရာများကိုလည်း ပြောပြပေးလိုပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်း (သို့) ရေနှင့် အရည်သောက်သုံးမှုနည်းပါးခြင်း၊ စအိုတွင် အက်ကွဲနာရှိပြီး နာကျင်နေခြင်း စသည့်လက္ခဏာများရှိနေလျှင် ပိုမို ဝမ်းချုပ်စေပါတယ်။ ကျောင်းနေရွယ် ကလေးများတွင်လည်း ဝမ်းချုပ်ခြင်းသည် အဖြစ်များသော ရောဂါတစ်ခုဖြစ်ပါတယ်။

– ဝမ်းသွားခြင်း အလေ့အထ သင်ကြားပေးပုံ နည်းစနစ် မမှန်ကန်ခြင်း၊
– ကျောင်းတွင် အိမ်သာအသုံးပြုရန် ကြောက်ရွံ့ခြင်း၊ (သို့) ငြင်းပယ်ခြင်း၊
– မိမိနေအိမ်ရှိ အိမ်သာကိုသာ အသုံးပြုတတ်ခြင်း၊
– အမျှင်ဓာတ်ကြွယ်ဝသော အသီး၊ အရွက်၊ သီးနှံများ စားသောက်လေ့မရှိခြင်း စသည့် အကြောင်းအရာများရှိနေခြင်းသည်လည်း ဝမ်းချုပ်ခြင်းကို ပိုမို အားပေးရာရောက်ပါတယ်။

ထိုကဲ့သို့ ဝမ်းချုပ်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲ ဆိုးကျိုး လက္ခဏာများမှာ-
– စအိုဝနားတစ်ဝိုက်တွင် နာကျင်၍ အက်ကွဲရာများဖြစ်ပေါ်လာခြင်း၊ (anal fissures)
– စအိုဝ ကျွံကျခြင်း၊ (rectal prolapse)
– ဝမ်းသွားလျှင် နာကျင်မှုကို ကြောက်ရွံ့သောကြောင့် ဝမ်းမသွားဘဲ ထိန်းထားရာမှ အူလမ်းကြောင်းတွင် မစင်များလာခြင်း၊ စသည့် အန္တရာယ်လက္ခဏာများ တွေ့ကြုံရတတ်ပါတယ်။

သို့ဖြစိပါသောကြောင့် မိမိကလေးငယ်များတွင် ဝမ်းချုပ်ခြင်းအပြင် အောက်ဖော်ပြပါ လက္ခဏာများ တွေ့ကြုံခံစားရပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်၍ ကုသမှုခံယူသင့်ပါတယ်။ ၎င်းတို့မှာ-
– ဖျားနာခြင်း၊
– အန်ခြင်း၊
– ဝမ်းထဲတွင် သွေးပါလာခြင်း၊
– ဗိုက်ဖောင်းလာခြင်း၊
– သိသိသာသာ ကိုယ်အလေးချိန် လျော့နည်းလာခြင်း၊
– စအိုဝတစ်ဝိုက် နာကျင်၍ အက်ကွဲရာရှိခြင်း၊
– စအိုကျွံကျခြင်း စသည့် လက္ခဏာများဖြစ်ပါတယ်။

ယခုကဲ့သို့ ဝမ်းချုပ်ခြင်းနှင့် ဝမ်းချုပ်ခြင်းကြောင့် ဆိုးရွားသော လက္ခဏာများ မခံစားရလေအောင် မိဘများအနေဖြင့် မိမိ၏ကလေးငယ်လေးများအား
– အမျှင်ဓာတ်များစွာပါဝင်သော အစားအစာများကိုကျွေးပါ။
– အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများမှာ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ ပဲသီးတောင့်နှင့် ပဲအမျိုးမျိုး၊ ကောက်ပဲသီးနှံများ၊ ပေါင်မုန့် စသည်တို့ဖြစ်ပါတယ်။
-ကလေးငယ်များကို ရေနှင့် အရည်များများသောက်သုံးပေးရန် တိုက်တွန်းပေးပါ။ ရေသည် သောက်သုံးရန် အသင့်တော်ဆုံးပင်ဖြစ်ပါတယ်။
– မှန်ကန်သော ဝမ်းသွားခြင်းနှင့် အိမ်သာအသုံးပြုခြင်း အလေ့အထပြုလုပ်ပေးပါ။
– ထမင်းစားပြီးတိုင်း ပုံမှန်ဝမ်းသွားခြင်း အလေ့အထဖြစ်စေရန် မိဘများက မိမိတို့၏ကလေးငယ်များကို လေ့ကျင့်သင်ကြားပေးပါ။

မိဘများသည် မိမိကလေးငယ်လေးများအား ဗိုက်နာသည်နှင့် အိမ်သာသို့ ချက်ချင်းသွားရန် တိုက်တွန်းပေးသင့်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ကလေးငယ်များသည် အလွန်အဆော့မက်ပြီး ကစားနေတာကိုပင် အာရုံထားနေသည့်အတွက် ဗိုက်နာနေတာကို သတိမပြုမိဘဲ ရှိနေတတ်ပါတယ်။ ဗိုက်နာနေသည့်အချိန် အိမ်သာသို့ ချက်ချင်းမသွားဘဲ နေလိုက်လျှင် နောက်ပိုင်း အိမ်သာမသွားတတ်သည့် အကျင့်ဖြစ်လာတတ်ပါတယ်။ အချိန်ကြာလာတဲ့အခါ ဝမ်းချုပ်ခြင်းဝေဒနာကို စတင်ခံစားလာရပါတယ်။ ထို့ကြောင့် မိဘများက သေချာလေ့ကျင့်ပေးဖို့ အထူးလိုအပ်လှပါတယ်။ ထို့အပြင် မိမိကလေးငယ်သည် ဝမ်းချုပ်စေတတ်သော ဆေးဝါးတစ်ခုခုသောက်သုံးထားသည်ဟု သံသယရှိနေပါက နီးစပ်ရာ တတ်ကျွမ်းနားလည်သော ဆရာဝန်ထံသို့ သွားရောက်၍ ကုသမှုခံယူသင့်ပါတယ်။

မိဘများ၊ ကျန်းမာရေးဝန်ထမ်းများအားလုံး ပူးပေါင်း၍ ကလေးငယ်လေးများ ငယ်စဉ်ကတည်းက ဝမ်းချုပ်ခြင်းဝေဒနာ မခံစားရလေအောင် သေချာသင်ကြားလေ့ကျင့်ပေးကြဖို့ လိုအပ်ပါတယ်။ ဝမ်းချုပ်ခြင်းမဖြစ်စေရန် ကလေးငယ်များအား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများကို အားပေးမှုများလည်း ပေးသင့်ပါတယ်။

ကျန်းမာပျော်ရွှင်၍ အနာရောဂါကင်းစင်သော သားသားမီးမီးများ ဖြစ်စေဖို့ ရည်ရွယ်ချက်ဖြင့် ရေးသားလိုက်ရပါသည်။

Author : Dr.သီတာလှိုင်(ဆေး-၂)

Previous Post

မေမေကြောက်တဲ့မှက္ခရုနာ (သို့) ကလေးများနှင့် မှက္ခရုရောဂါ (အပိုင်း ၂)

Next Post

သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
824

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
995
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
670

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာ

စနစ်တကျသားဆက်ခြားဖို့ သန္ဓေတားဆေးများအကြောင်း သိကောင်းစရာ

ဗိုက်ပူနံကား သန်များလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.