fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးငယ်များတွင် ဖြစ်လေ့ရှိသော ဘယ်ရီဘယ်ရီရောဂါ

194
VIEWS
23/05/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးငယ်များတွင် ဖြစ်လေ့ရှိသော ဘယ်ရီဘယ်ရီရောဂါ

ဘယ်ရီဘယ်ရီ ရောဂါ(beri beri) သို့မဟုတ် သူငယ်နာရောဂါသည် ကလေးများတွင်ဖြစ်လေ့ရှိသော ရောဂါတစ်ခုဖြစ်ပါတယ်။ beri beriသည် ဗီတာမင် ဘီဝမ်း(Vitamin B1)ချို့တဲ့ခြင်းကြောင့်ဖြစ်ရတဲ့ရောဂါတစ်မျိုးပါ။ မွေးကင်းစမှ အသက်၆လအထိ ကလေးငယ်များ၊ အထူးသဖြင့် အစားရှောင်လွန်းသော နို့တိုက်မိခင်များ၏ ကလေးငယ်များတွင် အဖြစ်အများဆုံးဖြစ်ပါတယ်။ ထို့အပြင် နို့ဘူးတိုက်တဲ့ကလေးများတွင်လည်း ဖြစ်နိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ဗီတာမင်ဓာတ်ပြည့်ဝစွာ မပါဝင်သော formulaနို့များကို တိုက်မိပါက beri beriရောဂါဖြစ်နိုင်ပါတယ်။ beri beriရောဂါသည် သေချာစွာ ကုသမှုမခံယူပါက အသက်ဆုံးရှုံးနိုင်သည် အထိ အန္တရာယ်ရှိပါတယ်။

သူငယ်နာရောဂါ (သို့) ဘယ်ရီဘယ်ရီ (beri beri)ရောဂါဖြစ်ရခြင်းအကြောင်းရင်းမှာ

– မိခင်များမှာ အစားရှောင်လွန်းခြင်း နှင့် ဗီတာမင်ဓာတ်များ ပြည့်ဝစွာပါဝင်သော ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများစသည်တို့ကို လုံလောက်စွာမစားခြင်း

– ဖြူအောင် ကြိတ်ခွဲထားသော ဆန်စားသုံးခြင်း

– ဆန်ဆေးလျှင် ဆန်များကို အလွန်အမင်းပွတ်တိုက်ဆေးခြင်းနှင့် ထပ်ခါထပ်ခါဆေးခြင်း စသည့်အကြောင်းရင်းများဖြစ်ပါတယ်။

ဗီတာမင်ဘီဝမ်းချို့တဲ့ခြင်းကြောင့် ခံစားရနိုင်သော ရောဂါလက္ခဏာများမှာ-

– ရုတ်တရက် တစ်ကိုယ်လုံးပြာနှမ်းလာခြင်း

– မောလာခြင်း၊ နှလုံးခုန်မြန်လာခြင်း

– အော့အန်ခြင်း

– မျက်နှာ၊ ခြေထောက်တို့ ဖောရောင်လာခြင်း

– အသည်းကြီးလာခြင်း

– ဆီးနည်းလာခြင်း

– နေကောင်းနေသော ကလေးသည် ရုတ်တရက် အဆက်မပြတ်ငိုနေပြီး အသံဝင်လာကာ ၂၄နာရီနှင့် ၄၈နာရီ အတွင်း အသက်ရှုရခက်လာခြင်း

– နို့စိုနည်းလာပြီးနောက် လုံးဝနို့မစို့နိုင်တော့ခြင်း

– မျက်လုံးအထက်သို့လန်၍ တက်ခြင်း

– သတိလစ်၍ မေ့မျောခြင်း စသည့်လက္ခဏာများဖြစ်ပေါ်နိုင်ပါတယ်။

ထိုသို့ ဆိုးရွားလှသော ရောဂါဝေဒနာများကို မခံစားရလေအောင် မေမေများအနေနှင့် ကိုယ်ဝန်ဆောင်ချိန်ကာလမှ ကလေးနို့တိုက်နေစဉ်အထိ အစားမရှောင်ပါနှင့်။ ၆လနှင့်အထက် ကလေးများကိုလည်း အစားစုံအောင်ကျွေးပေးပါ။ တစ်ခါတစ်လေမှာ ရှေးလူကြီးများ ပြောသော စကားများကို ပယ်ရှားသင့်တာတွေရှိပါတယ်။ “ကန်စွန်းရွက်မစားနဲ့ ကလေး လေထမှာစိုးလို့”ဆိုပြီး အမျိုးမျိုးပြောကြပါလိမ့်မယ်။ အဲ့တာတွေက မှားယွင်းနေတဲ့အယူအဆပါ။ လုံးဝမစိုးရိမ်ပါနဲ့။ ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးများကို နို့တိုက်စဉ်အတွင်း အစားအစာများကို အစုံစားလို့ရပါတယ်။ ဒါကြောင့် ဗီတာမင်ဘီဝမ်းဓာတ်ပြည့်ဝစွာ ပါဝင်သော အစားအစာများကို နေ့စဉ်စားသုံးသင့်ပါတယ်။

ဗီတာမင်ဘီဝမ်းပြည့်ဝစွာပါဝင်သော အစားအစာများမှာ-

– အနီရောင်ရှိသောအသားများ (ဝက်သား၊ အမဲသားစသည့်အသားများ)

– ပဲအမျိုးမျိုး ( ပဲတောင့်ရှည်၊ ဘိုစားပဲ၊ ကုလားပဲ၊ ပဲနီလေး အစရှိသည့်ပဲများ)

– ဆန်လုံးညို၊ မောင်းထောင်းဆန် စသည့်ဆန်များ

– နှမ်းစေ့၊ ပဲစေ့၊ နေကြာစေ့အစရှိသည့်အစေ့၊အဆံများ

– အရိုးပါဝါးစားလို့ရသော ငါးလေးများ

– ဟင်းသီးဟင်းရွက်များဖြစ်သည့် ကညွတ်ပင်၊ ဟင်းနုနွယ်၊ မုန်လာဥနီ၊ မုန်လာဥဖြူ၊ ဝက်သစ်ချသီး စသည်တို့နှင့် အညှောက်ပေါက်သော ပဲပင်ပေါက်၊ ပဲပြုတ် စသည့်အစားအစာများဖြစ်ပါတယ်။

Beri beriဟုခေါ်သော ဗီတာမင်ဘီဝမ်းချို့တဲ့ခြင်းကြောင့်ဖြစ်ရသောရောဂါသည် ကလေးများအတွက် အလွန်အရေးကြီးသော ရောဂါတစ်ခုပါ။ မေမေတို့မှာ သတိမထားမိတာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့် မိမိကလေးငယ်တွင် ထူးခြားမှု တစ်ခုခုတွေ့ပါက နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံးသွားပြပေးပါ။ ဗီတာမင်ဘီဝမ်းချို့တဲ့ခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးရောဂါများ မဖြစ်စေရန် ကာကွယ်နိုင်ဖို့နည်းလမ်းများကိုလည်း သိရှိသင့်ပါတယ်။ ၎င်းတို့မှာ-

– မေမေများအနေနှင့် ကိုယ်ဝန်ဆောင်စဉ်ကာလကတည်းက ဟင်းသီးဟင်းရွက်၊ အသား၊ ငါးစသည်တို့ကို စုံအောင် စားသုံးပါ။

– ကိုယ်ဝန်ဆောင်စဉ် အရက်သောက်ခြင်း၊ နို့တိုက်နေစဉ် အရက်၊ ဘီယာသောက်သုံးခြင်းကိုရှောင်ကြဉ်ပါ။

– ကိုယ်ဝန်ဆောင်အားဆေးများကို သောက်ပါ။ နီးစပ်ရာ ကျန်းမာရေးဆေးခန်း၊ ဆေးရုံသို့ မှန်မှန်ပြပါ။

– ကလေးငယ်များကို မွေးကင်းစအရွယ်မှ အသက်၆လအထိ မိခင်နို့တစ်မျိုးတည်းကိုသာတိုက်ကျွေးပါ။ လုံလောက်ပါတယ်။

– နို့ဘူးတိုက်သော ကလေးငယ်များတွင် နို့မှုန့်ရွေးချယ်တဲ့အခါ ဗီတာမင်ဓာတ်များ ပြည့်ဝစွာပါဝင်သော နို့မှုန့်ကို သေချာရွေးချယ်၍ဝယ်တိုက်ပါ။

– ၆လပြည့်ပြီးသော ကလေးငယ်များကို ဖြည့်စွက်အစာ စကျွေးသောအခါ အသား၊ ငါး၊ အသီးအရွက်စုံလင်စွာထည့်၍ ကျွေးပါ။

– ကလေးများကို အားဆေးတိုက်လိုပါက တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် တိုင်ပင်၍ သေချာတိုက်ကျွေးပေးပါ။

ဗီတာမင်ဘီဝမ်းချို့တဲ့ခြင်းကြောင့် ဘယ်ရီဘယ်ရီရောဂါ (သို့) သူငယ်နာရောဂါနှင့် နောက်ဆက်တွဲဆိုးကျိုးများမဖြစ်စေဖို့ ရည်ရွယ်၍ရေးသားလိုက်ရပါသည်။

Dr.သီတာလှိုင်(ဆေး-၂)

Previous Post

Whole Grain Cereals များရဲ့ကျန်းမာရေးအကျိူးကျေးဇူးများ

Next Post

Probiotics က ကောင်းလား၊ မကောင်းဘူးလား ????

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
258

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
828

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
999
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
671

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Probiotics က ကောင်းလား၊ မကောင်းဘူးလား ????

ပြည့်စုံမျှတသော အာဟာရ

ခြေပူရှိန်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.