ေမေမေၾကာက္တဲ့မွကၡ႐ုနာ (သို႔) ကေလးမ်ားႏွင့္ မွကၡ႐ုေရာဂါ (အပုိင္း ၁)
ကေလးမ်ားတြင္ျဖစ္ပြားေလ့ရွိေသာ မွကၡ႐ုေရာဂါဆိုသည္မွာ ကန္ဒီဒါ (Candida) ေခၚ မႈိေရာဂါပိုးေၾကာင့္ ျဖစ္ပြာရျခင္း ျဖစ္သည္။ အသက္ တစ္ႏွစ္ေအာက္ကေလး (၂၀) ဦးတြင္ (၁) ဦးခန႔္ ေရာဂါျဖစ္ပြား ခံစားႏိုင္ၿပီး အသက္ႏွစ္ႏွစ္ေအာက္ ကေလးမ်ားတြင္လည္း ျဖစ္ပြားႏိုင္ကာ အလြယ္တကူ ေပ်ာက္ကင္းသြားတတ္သည္။ အခ်ိဳ႕မွာ ေရာဂါလကၡဏာမ်ား အလြယ္တကူ သက္သာေပ်ာက္ကင္းသြားျခင္းမရွိပဲ ကုသမႈ ခံယူရႏိုင္သည္။ အခ်ိဳ႕မိခင္မ်ား၏ အဆိုအရ “ကြၽန္မသာ ျဖစ္ခ်င္ပါေတာ့တယ္ ဆရာ” ဆိုသလို မိခင္မ်ား အစိုးရိမ္ဆုံးျဖစ္သည့္ ကေလးမ်ားႏို႔မစို႔ျခင္း၊ အစားမစားျခင္း၊ နာျခင္း၊ ဖ်ားျခင္းမ်ား ခံစားရႏိုင္သျဖင့္ ေပါ့ဆမေနသင့္ေသာ ေရာဂါမ်ိဳးလည္း ျဖစ္သည္။
မွကၡ႐ုေရာဂါ ျဖစ္ပြားရျခင္းအေၾကာင္းမ်ား
မွကၡ႐ု ေရာဂါသည္ မႈိေရာဂါေၾကာင့္ ျဖစ္ပြားရျခင္း ျဖစ္သျဖင့္ အထူးသျဖင့္ ကိုယ္ခံအား မေကာင္းေသာ ကေလးမ်ားတြင္ အမ်ားဆုံးျဖစ္ပြားႏိုင္ကာ ေအာက္ပါ အေၾကာင့္မ်ားေၾကာင့္ ျဖစ္ပြားေစႏိုင္သည္။
– ကိုယ္ခံအားစနစ္ ေကာင္းစြာ မဖြံ႕ၿဖိဳးေသးျခင္း (ေန႔မေစ့၊ လမေစ့ကေလးမ်ား)
– မိခင္တြင္ တကိုယ္ရည္ သန႔္ရွင္းမႈ အားနည္းျခင္း
– ကေလးငယ္၏ သန႔္ရွင္းေရကို ေကာင္းစြာဂ႐ုမစိုက္ျခင္း
– ကေလးအား ပဋိဇီဝ ပိုးသတ္ေဆးမ်ား တိုက္ေကြၽးေနျခင္း (အမ်ားစုမွာ မလိုအပ္ပဲ တိုက္ေကြၽးေနျခင္းမ်ား ျဖစ္သည္)
– ႏို႔တိုက္မိခင္ ပဋိဇီဝေဆးမ်ား ေသာက္သုံးေနျခင္း စသည္တို႔ေၾကာင့္ အမ်ားဆုံး ျဖစ္ပြား ခံစားရႏိုင္ေသာ္လည္း အခ်ိဳ႕တြင္ အေၾကာင္းကိစၥ တစုံတရာ မရွိေသာ္လည္း ခံစားရႏိုင္သည္။
မွကၡ႐ု ေရာဂါလကၡဏာမ်ား
– သြားဖုံး၊ လွ်ာပတ္လည္ႏွင့္ ပါးေစာင္အတြင္း အျဖဴစက္၊ အျဖဴကြက္မ်ား ျဖစ္ေပၚႏိုင္ျခင္း၊
– ၎အျဖဴကြက္မ်ား ကြာသြားလွ်င္ ေသြးအနည္းငယ္ ယိုထြက္တတ္ျခင္း
– ပုံမွန္ထက္ပို၍ သြားရည္ထြက္ျခင္း၊
– သြားရည္ထြက္ရာတြင္လည္း အျဖဴဖက္မ်ား ပါလာျခင္း၊
– ႏို႔ေကာင္းေကာင္းမစို႔ျခင္း၊ (နာျခင္း၊ ပူျခင္းေၾကာင့္)
– ႏို႔စို႔ရာတြင္လည္း ပါးစပ္ႏွင့္ ခြာ၍ စို႔သျဖင့္ အသံထြက္ေနျခင္း၊
– ကိုယ္အေလးခ်ိန္တက္မလာျခင္း၊ က်သြားျခင္း
– တခါတရံ ဖ်ားတတ္ျခင္း၊
– ေရဓာတ္ခမ္းေျခာက္ေသာ လကၡဏာမ်ား ျဖစ္ေပၚႏိုင္ျခင္း
– ဂုတ္ပိုး၊ ခ်ိဳင္းႏွင့္ ေပါင္ၿခံတဝိုက္ အနီစက္၊ အနီျပင္မ်ားထြက္ျခင္း စသည္တို႔ကို ခံစားရႏိုင္သည္။
ႏို႔တိုက္မိခင္တြင္ျဖစ္ေသာ မွကၡ႐ု
ႏို႔တိုက္မိခင္တြင္လည္း ကေလးပါးစပ္မွ တဆင့္ ႏို႔သီးေခါင္းႏွင့္ ရင္သားတြင္ မွကၡ႐ု ေရာဂါ လကၡဏာမ်ား ကူးစက္ခံစားရႏိုင္သည္။ မိခင္တြင္ ခံစားရေသာေရာဂါလကၡဏာမ်ား
– ႏို႔တိုက္စဥ္ႏွင့္ ႏို႔တိုက္ၿပီးခ်ိန္မ်ားတြင္ ႏို႔သီးေခါင္းနာက်င္ျခင္း၊
– ႏို႔သီးေခါင္းကြဲျခင္းႏွင့္ ႏို႔သီးေခါင္းပတ္လည္နာက်င္ျခင္း၊
– ႏို႔သီးေခါင္းပတ္လည္တြင္ နီေနျခင္း၊ ေရာင္ေနျခင္း၊
– ရင္သားႏွစ္ဖက္စလုံး နာက်င္ျခင္း၊ ပူသလိုခံစားရျခင္းႏွင့္ ယားယံျခင္း။
Author : တင့္တယ္
မေမေကြောက်တဲ့မှက္ခရုနာ (သို့) ကလေးများနှင့် မှက္ခရုရောဂါ
ကလေးများတွင်ဖြစ်ပွားလေ့ရှိသော မှက္ခရုရောဂါဆိုသည်မှာ ကန်ဒီဒါ (Candida) ခေါ် မှိုရောဂါပိုးကြောင့် ဖြစ်ပွာရခြင်း ဖြစ်သည်။ အသက် တစ်နှစ်အောက်ကလေး (၂၀) ဦးတွင် (၁) ဦးခန့် ရောဂါဖြစ်ပွား ခံစားနိုင်ပြီး အသက်နှစ်နှစ်အောက် ကလေးများတွင်လည်း ဖြစ်ပွားနိုင်ကာ အလွယ်တကူ ပျောက်ကင်းသွားတတ်သည်။ အချို့မှာ ရောဂါလက္ခဏာများ အလွယ်တကူ သက်သာပျောက်ကင်းသွားခြင်းမရှိပဲ ကုသမှု ခံယူရနိုင်သည်။ အချို့မိခင်များ၏ အဆိုအရ “ကျွန်မသာ ဖြစ်ချင်ပါတော့တယ် ဆရာ” ဆိုသလို မိခင်များ အစိုးရိမ်ဆုံးဖြစ်သည့် ကလေးများနို့မစို့ခြင်း၊ အစားမစားခြင်း၊ နာခြင်း၊ ဖျားခြင်းများ ခံစားရနိုင်သဖြင့် ပေါ့ဆမနေသင့်သော ရောဂါမျိုးလည်း ဖြစ်သည်။
မှက္ခရုရောဂါ ဖြစ်ပွားရခြင်းအကြောင်းများ
မှက္ခရု ရောဂါသည် မှိုရောဂါကြောင့် ဖြစ်ပွားရခြင်း ဖြစ်သဖြင့် အထူးသဖြင့် ကိုယ်ခံအား မကောင်းသော ကလေးများတွင် အများဆုံးဖြစ်ပွားနိုင်ကာ အောက်ပါ အကြောင့်များကြောင့် ဖြစ်ပွားစေနိုင်သည်။
– ကိုယ်ခံအားစနစ် ကောင်းစွာ မဖွံ့ဖြိုးသေးခြင်း (နေ့မစေ့၊ လမစေ့ကလေးများ)
– မိခင်တွင် တကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်း
– ကလေးငယ်၏ သန့်ရှင်းရေကို ကောင်းစွာဂရုမစိုက်ခြင်း
– ကလေးအား ပဋိဇီဝ ပိုးသတ်ဆေးများ တိုက်ကျွေးနေခြင်း (အများစုမှာ မလိုအပ်ပဲ တိုက်ကျွေးနေခြင်းများ ဖြစ်သည်)
– နို့တိုက်မိခင် ပဋိဇီဝဆေးများ သောက်သုံးနေခြင်း စသည်တို့ကြောင့် အများဆုံး ဖြစ်ပွား ခံစားရနိုင်သော်လည်း အချို့တွင် အကြောင်းကိစ္စ တစုံတရာ မရှိသော်လည်း ခံစားရနိုင်သည်။
မှက္ခရု ရောဂါလက္ခဏာများ
– သွားဖုံး၊ လျှာပတ်လည်နှင့် ပါးစောင်အတွင်း အဖြူစက်၊ အဖြူကွက်များ ဖြစ်ပေါ်နိုင်ခြင်း၊
– ၎င်းအဖြူကွက်များ ကွာသွားလျှင် သွေးအနည်းငယ် ယိုထွက်တတ်ခြင်း
– ပုံမှန်ထက်ပို၍ သွားရည်ထွက်ခြင်း၊
– သွားရည်ထွက်ရာတွင်လည်း အဖြူဖက်များ ပါလာခြင်း၊
– နို့ကောင်းကောင်းမစို့ခြင်း၊ (နာခြင်း၊ ပူခြင်းကြောင့်)
– နို့စို့ရာတွင်လည်း ပါးစပ်နှင့် ခွာ၍ စို့သဖြင့် အသံထွက်နေခြင်း၊
– ကိုယ်အလေးချိန်တက်မလာခြင်း၊ ကျသွားခြင်း
– တခါတရံ ဖျားတတ်ခြင်း၊
– ရေဓာတ်ခမ်းခြောက်သော လက္ခဏာများ ဖြစ်ပေါ်နိုင်ခြင်း
– ဂုတ်ပိုး၊ ချိုင်းနှင့် ပေါင်ခြံတဝိုက် အနီစက်၊ အနီပြင်များထွက်ခြင်း စသည်တို့ကို ခံစားရနိုင်သည်။
နို့တိုက်မိခင်တွင်ဖြစ်သော မှက္ခရု
နို့တိုက်မိခင်တွင်လည်း ကလေးပါးစပ်မှ တဆင့် နို့သီးခေါင်းနှင့် ရင်သားတွင် မှက္ခရု ရောဂါ လက္ခဏာများ ကူးစက်ခံစားရနိုင်သည်။ မိခင်တွင် ခံစားရသောရောဂါလက္ခဏာများ
– နို့တိုက်စဉ်နှင့် နို့တိုက်ပြီးချိန်များတွင် နို့သီးခေါင်းနာကျင်ခြင်း၊
– နို့သီးခေါင်းကွဲခြင်းနှင့် နို့သီးခေါင်းပတ်လည်နာကျင်ခြင်း၊
– နို့သီးခေါင်းပတ်လည်တွင် နီနေခြင်း၊ ရောင်နေခြင်း၊
– ရင်သားနှစ်ဖက်စလုံး နာကျင်ခြင်း၊ ပူသလိုခံစားရခြင်းနှင့် ယားယံခြင်း။
Author : တင့်တယ်