fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ဗိုက်ပူနံကား သန်များလား

836
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/04/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ဗိုက္ပူနံကား သန္မ်ားလား

ေဒါက္တာႏွင္းတို႔ ေဆးေက်ာင္းသူဘဝ ကေလးေဆး႐ုံမွာ တာဝန္က်ခဲ့တုန္းက ကေလးေတြ အန္လို႔ ဝမ္းေလွ်ာလို႔ ဆိုလွ်င္ senior အမေတြက  “ဘာေတြပါေသးလဲ” ေမးတတ္သည္။ သန္ … အခြၽဲ….ေသြး … တစ္ခုမဟုတ္ တစ္ခု ပါမွာ သူတို႔ေၾကာက္သည္။ ေက်ာင္းသူ ဘဝ က သည္ေလာက္ အေရးႀကီးတယ္ မထင္ခဲ့ေသာ သန္ေကာင္သည္ တကယ္ လက္ေတြ႕ေဆးခန္းထိုင္ေတာ့မွ ဒုကၡေပးလွမွန္း သိရေတာ့သည္။ ကေလးတင္မက လူႀကီးဘဝထိ ဒုကၡေပးႏိုင္စြမ္းသည္…. တခ်ိဳ႕ဆို ခြဲခန္းဝင္ၿပီး ခြဲထုတ္ရသည္ အထိ။ အူမွာ သန္ေတြခဲၿပီးပိတ္ေနလို႔ … သည္းေျခ အိတ္ထဲ ႁပြန္ထဲ သန္တြယ္လို႔… ကေလးဆိုလွ်င္လည္း သန္ေတ အန္လို႔… သန္ဝမ္းေတြသြားလို႔ အစရွိသည္ျဖင့္။ ေဒါက္တာႏွင္း အျပင္ေဆးခန္းထိုင္ေတာ့ သန္ေတြ အန္လို႔ ဆိုၿပီး လာျပသည့္ကေလးေလး တစ္ေယာက္ရွိသည္…. က်န္တဲ့ေနရာပိန္ေပမယ့္ ဗိုက္ပူနံကားေလး…လက္သည္းၾကားမွာက ေခ်း အထပ္လိုက္ႏွင့္! အေမကေတာ့ ” ဆရာမရယ္ ကေလးက အားလည္းမရွိ… အစားကလည္း ေခ်းမ်ားလိုက္တာလြန္ပါေရာ…” ဟုညည္းသည္။ တခါကလည္း လူႀကီးတစ္ေယာက္… အဖ်ားေတြတက္.. အသားေတြဝါလိုက္လာၿပီး ဗိုက္ထဲ ထိုးထိုးေအာင့္လို႔ ဟူသတတ္… ေသြးစစ္ၾကည့္ေတာ့လည္း ဘာ အသည္းေရာင္ အသားဝါပိုးမွ မရွိ။ အဆုံးပိတ္ ခြဲရေတာ့ သန္ေတြ အိတ္လိုက္ ထြက္လာသည္တဲ့။ ကဲ မျဖစ္ေခ်ေတာ့ဘူး။ သန္ေရာဂါ အေၾကာင္းေလး အက်ဥ္းခ်ဴံးေလး နားေထာင္ၾကည့္ၾကရေအာင္…။

သန္ေကာင္ဆိုတာ ဘာကိုေခၚတယ္?
– လူရဲ႕ အူလမ္းေၾကာင္းထဲမွာေန… လူစားတဲ့ အစားႂကြင္း အစားက်န္ေတြ ကို စားသုံးၿပီးေပါက္ပြားရွင္သန္တတ္တဲ့ ကပ္ပါးေကာင္ အမ်ိဳးအစားပါပဲ။ တခ်ိဳ႕ သံေကာင္ အမ်ိဳး အစားဆိုရင္ သူတို႔မွာပါတဲ့ စုပ္ခြက္နဲ႔ အူနံရံကို ကပ္ၿပီး ေသြးစုပ္တတ္ၾကပါတယ္။ သန္ေကာင္ေတြဟာ ပုံသ႑ာန္ အမ်ိဳးမ်ိဳး အ႐ြယ္အစား အမ်ိဳးမ်ိဳး ရွိေပမယ့္ အခုေတာ့ အေတြ႕ရအမ်ားဆုံး သန္ေကာင္ေတြ အေၾကာင္း ေျပာၾကရေအာင္။

အျဖစ္မ်ားေသာ သန္ေကာင္တုတ္ေကာင္အမ်ိဳးအစားမ်ား
– ေဒါက္တာႏွင္း တို႔ဆီက လူႀကီးလူငယ္မေ႐ြး အေတြ႕ရအမ်ားဆုံး သန္ေကာင္အမ်ိဳးအစား က ၄ မ်ိဳးရွိပါတယ္။
(၁) သန္လုံးေကာင္ ( round worm )
(၂) သန္ျပားေကာင္ ( tape worm )
(၃) တုတ္သန္ေကာင္ ( whipworm )
(၄) ခ်ိတ္သန္ေကာင္ ( hook worm ) တို႔ပါ။

သန္ဆိုတာ ဘယ္ကလာ လို႔ ဘယ္လိုကူးလဲ?
– သန္ေကာင္ နဲ႔ သန္ဥေတြ ကို မ်ားေသာအားျဖင့္ လူနဲ႔ တိရိစာၦန္ေတြရဲ႕ စြန္ပစ္ အညစ္အေၾကး ( မစင္ေတြမွာေတြ႕ရတတ္ပါတယ္။ ေျခာက္သြားတဲ့ မစင္ေတြ ဟာေနရာစုံေရာက္ႏိုင္တာမို႔ ေလထုထဲကတစ္ဆင့္ ေျမႀကီးေပၚ( ဒါမွမဟုတ္) ေရထဲေရာက္သြားၿပီး အဲ့ဒီထဲမွာ ဘာအစာအာဟာရမွ မရွိဘဲ ၂ ပတ္ေက်ာ္ထိ ရွင္သန္ေနႏိုင္စြမ္းပါတယ္။

ဒါေၾကာင့္ အေဆာ့မက္တဲ့ အ႐ြယ္သားသားမီးမီးမ်ား ေျမႀကီးနဲ႔ေဆာ့. ေတြ႕ရာေကာက္စား ရာကေန သန္ဥေတြ ပါလာတတ္ပါတယ္… လူႀကီးဆိုရင္ေတာ့ လမ္းေဘးစား စားတာက ေန သန္ေကာင္ဥေတြ ပါစားမိေနႏိုင္ပါတယ္… ေလထဲကတစ္ဆင့္ ပါလာတဲ့ ဖုန္မႈန႔္ေတြနဲ႔ အတူ သန္ဥေတြပါလာႏိုင္တာမို႔ပါ… ဒီပါလာတဲ့ သန္ဥေတြဟာလည္း လူသြားလူလာမ်ားၿပီး အကာအရံ အဖုံးအကြယ္မရွိ သန႔္ရွင္းမႈအားနည္းတဲ့ လမ္းေဘးဆိုင္လိုေနရာမ်ိဳးမွာပဲ အမ်ားဆုံး ရွိေနတတ္တာမို႔ပါပဲ။ အိမ္သာ နဲ႔ မိလႅာပိုက္လိုင္းေတြ အနီးမွာ စိုက္ခင္းပ်ိဳးခင္းေတြရွိေနခဲ့ရင္ေတာ့ သန္ဥေတြဟာ ေျမၾသဇာ … အပင္ေလာင္းတဲ့ေရ… ေလ ကေနတစဆင့္ သီးပင္စားပင္ေတြေပၚေရာက္ေနႏိုင္ပါတယ္။ ကိုယ္က ေရေသခ်ာ မေဆးမိလို႔ျဖစ္ေစ… ေရကိုက မသန႔္လို႔ျဖစ္ေစ သန္ဥေတြ ကပ္ေနႏိုင္ပါတယ္.. ေသခ်ာေၾကာ္ခ်က္စားတာမ်ိဳးဆိုကိစၥ မရွိေပမဲ့ ဒီတိုင္း အစိမ္းစားတာမ်ိဳးဆို ရင္ေတာ့ သန္ အႏၲရာယ္ရွိပါတယ္။ ေနာက္ၿပီး အသားေတြ ကလီစာေတြ ကို မက်က္တက်က္ ကင္စား ခ်က္ျပဳတ္စားတာမ်ိဳးဟာလည္း သန္ေကာင္ အႏၲရာယ္ကို ဖိတ္ေခၚသလိုပါပဲ။

ခ်ိတ္သန္ေကာင္ အမ်ိဳးအစားက်ျပန္ေတာ့ ဖဝါးကတဆင့္ ေဖာက္ၿပီးေသြးေၾကာထဲေရာက္တတ္တာမို႔ ဖိနပ္ မစီးတဲ့ သူေတြမွာ အေတြ႕မ်ားျပန္ပါတယ္။ တုတ္သန္ေကာင္အမ်ိဳးအစားကေတာ့ စအိုဝယားယံတဲ့ အခါ ကုတ္ရင္းျပဳရင္း လက္သည္းၾကားမွာ ကပ္ပါလာႏိုင္တဲ့ သန္ဥေတြကတဆင့္ မိမိ ကိုယ္တိုင္သာမကအိမ္သားေတြကိုပါ ကူးစက္ေစႏိုင္ပါတယ္။

သန္ေကာင္တြယ္ရင္ဘာေတြျဖစ္?
-တစ္မ်ိဳးစီတြင္ ေယဘုယ်အားျဖင့္ ျဖစ္တတ္တဲ့ ေရာဂါ လကၡဏာေတြကို ခြဲၿပီးေျပာျပေပးရရင္ျဖင့္…
သန္လုံးေကာင္ : ဗိုက္ေအာင့္ဗိုက္နာျဖစ္မယ္….ဝမ္းပ်က္မယ္ … သန္ဝမ္းေတြ သြားမယ္ …. တစ္ခါ တစ္ေလ ဝမ္းသြားေသြးပါတာမ်ိဳး ျဖစ္ႏိုင္တဲ့အျပင္ အဖ်ားတတ္ႏိုင္တယ္။
သန္ျပားေကာင္ : ပ်ိဳ႕အန္ခ်င္မယ္… အစားအေသာက္ပ်က္မယ္ စားသေလာက္ အားမျဖစ္ဘူး..အာဟာရခ်ိဳ႕တဲ့ တဲ့ လကၡဏာမ်ိဳးေတြေပၚလာမယ္။ ၿပီးေတာ့ သည္းေျခႁပြန္မွာ သြားပိတ္ရင္ အသားဝါလာမယ္။
တုတ္သန္ေကာင္ : စအိုဝယားယံမယ္… အဓိက ညဘက္ေတြမွာ ပိုယားတတ္လို႔ အိပ္ေရးပ်က္မယ္။ ၿပီးေတာ့ ဆီးလမ္းေၾကာင္းကို အေႏွာင့္အယွက္ေပးတတ္တာမို႔ ဆီးမေအာင့္ႏိုင္တာ ဆီးသြားရင္ ပူတာနာတာ မ်ိဳးေတြ ျဖစ္တတ္တယ္။
ခ်ိတ္သန္ေကာင္ : ဒီသန္ေကာင္ေရာဂါ က်ေတာ့ အသက္ရွဴလမ္းေၾကာင္းဆိုင္ရာေရာဂါ လကၡဏာမ်ိဳးေတြျပတတ္တယ္… ေခ်ာင္းဆိုးမယ္… အသက္ရွဴလိုက္တိုင္း ႐ႊီရွီ သံျမည္မယ္..စသည္ျဖင့္ေပါ့။ သိပ္ဆိုးလာရင္ ေသြးအားနည္းတာ ေမာပန္းလြယ္တာမ်ိဳးေတြ အထိပါျဖစ္လာတတ္တယ္!

ဒီလို ကပ္ပါးေတြ ရွိေနၿပီဆိုရင္ ခႏၶာကိုယ္က တုံ႔ျပန္တဲ့ အေနနဲ႔ ဓာတ္မတည့္တဲ့ ျဖစ္စဥ္မ်ိဳးေတြေပၚတတ္တယ္။ လူပ်ိဳ အပ်ိဳေတြဆို ဝက္ၿခံ သိပ္ထြက္ေလ့ မရွိတဲ့လူေတာင္ ဝက္ၿခံေတြ အမ်ားႀကီးထြက္လာတာမ်ိဳး…ခဏခဏ ျပန္ထြက္တာမ်ိဳး ျဖစိတတ္တယ္။

ဘယ္နည္းဘယ္ပုံကုရမယ္?
အဓိကကေတာ့ တစ္ကိုယ္ရည္သန႔္ရွင္းမႈနဲ႔ ၆ လတစ္ႀကိမ္ သန္မွန္မွန္ခ်သြားဖို႔ပါပဲ … !
-Antihelminth လို႔ေခၚတဲ့ သန္ေကာင္ အမ်ိဳး အစားအလိုက္ သင့္ေတာ္တဲ့ သန္ခ်ေဆး ေတြရွိပါတယ္။ ေရာဂါရဲ႕ အေျခအေန နဲ႔ သန္ေကာင္ အမ်ိဳးအစားေပၚမူတည္ၿပီး ၁ ရက္ကေန လပိုင္းေလာက္ အထိ သန္ခ်ေဆး စားေပးရပါတယ္။ အခုက ေတာ့ သန္ေကာင္ အမ်ိဳးအစား ေတာ္ေတာ္မ်ားမ်ား နဲ႔ သင့္ေလ်ာ္တဲ့ သန္ခ်ေဆးေတြ ရေနၿပီျဖစ္လို႔ မိမိ သေဘာနဲ႔ ျဖစ္ေစ … ဆရာဝန္နဲ႔တိုင္ပင္ၿပီးျဖစ္ေစ သန္ခ်လို႔ရေနပါၿပီ!

တစ္ခုသတိထားရမွာက ၂ ႏွစ္ေအာက္ကေလးေတြဆိုရင္ေတာ့ သန္ခ်ေဆးက ဖြံ႕ၿဖိဳးမႈေႏွာင့္ေႏွးေစတဲ့အတြက္ ေသာက္သုံးဖို႔ မသင့္ေတာ္ပါဘူး။

ကာကြယ္မႈႏွင့္ ေဆာင္ရန္ေရွာင္ရန္
(၁) လက္သန႔္ရွင္းေရး
လက္ကို ခဏခဏေဆးတဲ့ အက်င့္လုပ္ပါ… အထူးသျဖင့္ အစားအစာျပင္ဆင္ခ်က္ျပဳတ္ခါနီး စားခါနီးတိုင္းလက္ေဆးပါ!
-လက္သန႔္ေဆးရည္ ( hand gel ) သုံးတဲ့ အက်င့္ လုပ္ေပးပါ
-လက္သည္းေတြၾကားမွာေခ်းေတြ သန္ဥေတြ ရွိေနႏိုင္တာမို႔ လက္သည္းညႇပ္ပါ။

(၂) တစ္ကိုယ္ရည္သန႔္ရွင္းေရး
-ငယ္စဥ္ထဲက  ေျခဗလာႏွင့္သြားသည့္ အက်င့္ကို ေဖ်ာက္၍ ဖိနပ္စီးခိုင္းပါ။
– အျပင္မွာေဆာ့ကစားလာလွ်င္ ေရခ်ိဳးဖို႔ မပ်င္းပါႏွင့္။
– ကေလးေတြကို အေလးစြန႔္ၿပီး ဘယ္လိုသန႔္ရွင္းေရးလုပ္ရမယ္ဆိုတာေသခ်ာ သင္ျပပါ။

(၃) ေနရာ သန႔္ရွင္းေရး
-သန္ေကာင္တုတ္ေကာင္တြယ္ေနသည္ဟုထင္လွ်င္ အတြင္းခံ ၊ အဝတ္အစား ၊အိပ္ယာခင္း စသည္တို႔ကို သပ္သပ္စီသုံးပါ…. ေသခ်ာစြာေလွ်ာ္ဖြတ္ေနျပဖို႔လည္း မေမ့ပါႏွင့္… ။
-တခ်ိဳ႕သန္ေကာင္သန္ဥမ်ားသည္ ေနေရာင္ ကို ေၾကာက္သျဖင့္ ေန႔ဖက္ အိမ္ခန္းအတြင္း ေနေရာင္ေကာင္းစြာရပါေစ။

(၄) ေရႏွင့္ အစားအစာ သန႔္ရွင္းေရ
– ေရကို က်ိဳခ်က္ေသာက္ပါ (သို႔) ေရသန႔္ေသာက္ပါ။
– ဟင္းသီးဟင္း႐ြက္မ်ားေဆးရာတြင္ ဆား(သို႔) ရွာလကာရည္ အသုံးျပဳေပးပါ။
– အသားမ်ားကို က်က္ေအာင္ ခ်က္ျပဳတ္ၿပီးမွစားပါ။ ( အထူးသျဖင့္ ဝက္သား )
– လမ္းေဘးစာမ်ား ကို တတ္ႏိုင္သမွ်ေရွာင္ပါ။
– ၆ လ တစ္ႀကိမ္သန္ခ်ပါ။

သည္ေလာက္ဆိုလွ်င္ သန္ေကာင္အႏၲရာယ္ဟာ ေၾကာက္စရာ မဟုတ္ေတာ့ပါ။ တျခားေသာ ကပ္ပါးေရာဂါ ေတြ အေၾကာင္းကိုလည္း အလ်ဥ္းသင့္သလို ေဖာ္ျပေပးသြားပါဦးမည္။

Author : ႏွင္းႏုေအး

ဗိုက်ပူနံကား သန်များလား

ဒေါက်တာနှင်းတို့ ဆေးကျောင်းသူဘဝ ကလေးဆေးရုံမှာ တာဝန်ကျခဲ့တုန်းက ကလေးတွေ အန်လို့ ဝမ်းလျှောလို့ ဆိုလျှင် senior အမတွေက  “ဘာတွေပါသေးလဲ” မေးတတ်သည်။ သန် … အချွဲ….သွေး … တစ်ခုမဟုတ် တစ်ခု ပါမှာ သူတို့ကြောက်သည်။ ကျောင်းသူ ဘဝ က သည်လောက် အရေးကြီးတယ် မထင်ခဲ့သော သန်ကောင်သည် တကယ် လက်တွေ့ဆေးခန်းထိုင်တော့မှ ဒုက္ခပေးလှမှန်း သိရတော့သည်။ ကလေးတင်မက လူကြီးဘဝထိ ဒုက္ခပေးနိုင်စွမ်းသည်…. တချို့ဆို ခွဲခန်းဝင်ပြီး ခွဲထုတ်ရသည် အထိ။ အူမှာ သန်တွေခဲပြီးပိတ်နေလို့ … သည်းခြေ အိတ်ထဲ ပြွန်ထဲ သန်တွယ်လို့… ကလေးဆိုလျှင်လည်း သန်တေ အန်လို့… သန်ဝမ်းတွေသွားလို့ အစရှိသည်ဖြင့်။ ဒေါက်တာနှင်း အပြင်ဆေးခန်းထိုင်တော့ သန်တွေ အန်လို့ ဆိုပြီး လာပြသည့်ကလေးလေး တစ်ယောက်ရှိသည်…. ကျန်တဲ့နေရာပိန်ပေမယ့် ဗိုက်ပူနံကားလေး…လက်သည်းကြားမှာက ချေး အထပ်လိုက်နှင့်! အမေကတော့ ” ဆရာမရယ် ကလေးက အားလည်းမရှိ… အစားကလည်း ချေးများလိုက်တာလွန်ပါရော…” ဟုညည်းသည်။ တခါကလည်း လူကြီးတစ်ယောက်… အဖျားတွေတက်.. အသားတွေဝါလိုက်လာပြီး ဗိုက်ထဲ ထိုးထိုးအောင့်လို့ ဟူသတတ်… သွေးစစ်ကြည့်တော့လည်း ဘာ အသည်းရောင် အသားဝါပိုးမှ မရှိ။ အဆုံးပိတ် ခွဲရတော့ သန်တွေ အိတ်လိုက် ထွက်လာသည်တဲ့။ ကဲ မဖြစ်ချေတော့ဘူး။ သန်ရောဂါ အကြောင်းလေး အကျဉ်းချူံးလေး နားထောင်ကြည့်ကြရအောင်…။

သန်ကောင်ဆိုတာ ဘာကိုခေါ်တယ်?
– လူရဲ့ အူလမ်းကြောင်းထဲမှာနေ… လူစားတဲ့ အစားကြွင်း အစားကျန်တွေ ကို စားသုံးပြီးပေါက်ပွားရှင်သန်တတ်တဲ့ ကပ်ပါးကောင် အမျိုးအစားပါပဲ။ တချို့ သံကောင် အမျိုး အစားဆိုရင် သူတို့မှာပါတဲ့ စုပ်ခွက်နဲ့ အူနံရံကို ကပ်ပြီး သွေးစုပ်တတ်ကြပါတယ်။ သန်ကောင်တွေဟာ ပုံသဏ္ဍာန် အမျိုးမျိုး အရွယ်အစား အမျိုးမျိုး ရှိပေမယ့် အခုတော့ အတွေ့ရအများဆုံး သန်ကောင်တွေ အကြောင်း ပြောကြရအောင်။

အဖြစ်များသော သန်ကောင်တုတ်ကောင်အမျိုးအစားများ
– ဒေါက်တာနှင်း တို့ဆီက လူကြီးလူငယ်မရွေး အတွေ့ရအများဆုံး သန်ကောင်အမျိုးအစား က ၄ မျိုးရှိပါတယ်။
(၁) သန်လုံးကောင် ( round worm )
(၂) သန်ပြားကောင် ( tape worm )
(၃) တုတ်သန်ကောင် ( whipworm )
(၄) ချိတ်သန်ကောင် ( hook worm ) တို့ပါ။

သန်ဆိုတာ ဘယ်ကလာ လို့ ဘယ်လိုကူးလဲ?
– သန်ကောင် နဲ့ သန်ဥတွေ ကို များသောအားဖြင့် လူနဲ့ တိရိစ္ဆာန်တွေရဲ့ စွန်ပစ် အညစ်အကြေး ( မစင်တွေမှာတွေ့ရတတ်ပါတယ်။ ခြောက်သွားတဲ့ မစင်တွေ ဟာနေရာစုံရောက်နိုင်တာမို့ လေထုထဲကတစ်ဆင့် မြေကြီးပေါ်( ဒါမှမဟုတ်) ရေထဲရောက်သွားပြီး အဲ့ဒီထဲမှာ ဘာအစာအာဟာရမှ မရှိဘဲ ၂ ပတ်ကျော်ထိ ရှင်သန်နေနိုင်စွမ်းပါတယ်။

ဒါကြောင့် အဆော့မက်တဲ့ အရွယ်သားသားမီးမီးများ မြေကြီးနဲ့ဆော့. တွေ့ရာကောက်စား ရာကနေ သန်ဥတွေ ပါလာတတ်ပါတယ်… လူကြီးဆိုရင်တော့ လမ်းဘေးစား စားတာက နေ သန်ကောင်ဥတွေ ပါစားမိနေနိုင်ပါတယ်… လေထဲကတစ်ဆင့် ပါလာတဲ့ ဖုန်မှုန့်တွေနဲ့ အတူ သန်ဥတွေပါလာနိုင်တာမို့ပါ… ဒီပါလာတဲ့ သန်ဥတွေဟာလည်း လူသွားလူလာများပြီး အကာအရံ အဖုံးအကွယ်မရှိ သန့်ရှင်းမှုအားနည်းတဲ့ လမ်းဘေးဆိုင်လိုနေရာမျိုးမှာပဲ အများဆုံး ရှိနေတတ်တာမို့ပါပဲ။ အိမ်သာ နဲ့ မိလ္လာပိုက်လိုင်းတွေ အနီးမှာ စိုက်ခင်းပျိုးခင်းတွေရှိနေခဲ့ရင်တော့ သန်ဥတွေဟာ မြေသြဇာ … အပင်လောင်းတဲ့ရေ… လေ ကနေတစဆင့် သီးပင်စားပင်တွေပေါ်ရောက်နေနိုင်ပါတယ်။ ကိုယ်က ရေသေချာ မဆေးမိလို့ဖြစ်စေ… ရေကိုက မသန့်လို့ဖြစ်စေ သန်ဥတွေ ကပ်နေနိုင်ပါတယ်.. သေချာကြော်ချက်စားတာမျိုးဆိုကိစ္စ မရှိပေမဲ့ ဒီတိုင်း အစိမ်းစားတာမျိုးဆို ရင်တော့ သန် အန္တရာယ်ရှိပါတယ်။ နောက်ပြီး အသားတွေ ကလီစာတွေ ကို မကျက်တကျက် ကင်စား ချက်ပြုတ်စားတာမျိုးဟာလည်း သန်ကောင် အန္တရာယ်ကို ဖိတ်ခေါ်သလိုပါပဲ။

ချိတ်သန်ကောင် အမျိုးအစားကျပြန်တော့ ဖဝါးကတဆင့် ဖောက်ပြီးသွေးကြောထဲရောက်တတ်တာမို့ ဖိနပ် မစီးတဲ့ သူတွေမှာ အတွေ့များပြန်ပါတယ်။ တုတ်သန်ကောင်အမျိုးအစားကတော့ စအိုဝယားယံတဲ့ အခါ ကုတ်ရင်းပြုရင်း လက်သည်းကြားမှာ ကပ်ပါလာနိုင်တဲ့ သန်ဥတွေကတဆင့် မိမိ ကိုယ်တိုင်သာမကအိမ်သားတွေကိုပါ ကူးစက်စေနိုင်ပါတယ်။

သန်ကောင်တွယ်ရင်ဘာတွေဖြစ်?
-တစ်မျိုးစီတွင် ယေဘုယျအားဖြင့် ဖြစ်တတ်တဲ့ ရောဂါ လက္ခဏာတွေကို ခွဲပြီးပြောပြပေးရရင်ဖြင့်…
သန်လုံးကောင် : ဗိုက်အောင့်ဗိုက်နာဖြစ်မယ်….ဝမ်းပျက်မယ် … သန်ဝမ်းတွေ သွားမယ် …. တစ်ခါ တစ်လေ ဝမ်းသွားသွေးပါတာမျိုး ဖြစ်နိုင်တဲ့အပြင် အဖျားတတ်နိုင်တယ်။
သန်ပြားကောင် : ပျို့အန်ချင်မယ်… အစားအသောက်ပျက်မယ် စားသလောက် အားမဖြစ်ဘူး..အာဟာရချို့တဲ့ တဲ့ လက္ခဏာမျိုးတွေပေါ်လာမယ်။ ပြီးတော့ သည်းခြေပြွန်မှာ သွားပိတ်ရင် အသားဝါလာမယ်။
တုတ်သန်ကောင် : စအိုဝယားယံမယ်… အဓိက ညဘက်တွေမှာ ပိုယားတတ်လို့ အိပ်ရေးပျက်မယ်။ ပြီးတော့ ဆီးလမ်းကြောင်းကို အနှောင့်အယှက်ပေးတတ်တာမို့ ဆီးမအောင့်နိုင်တာ ဆီးသွားရင် ပူတာနာတာ မျိုးတွေ ဖြစ်တတ်တယ်။
ချိတ်သန်ကောင် : ဒီသန်ကောင်ရောဂါ ကျတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ လက္ခဏာမျိုးတွေပြတတ်တယ်… ချောင်းဆိုးမယ်… အသက်ရှူလိုက်တိုင်း ရွှီရှီ သံမြည်မယ်..စသည်ဖြင့်ပေါ့။ သိပ်ဆိုးလာရင် သွေးအားနည်းတာ မောပန်းလွယ်တာမျိုးတွေ အထိပါဖြစ်လာတတ်တယ်!

ဒီလို ကပ်ပါးတွေ ရှိနေပြီဆိုရင် ခန္ဓာကိုယ်က တုံ့ပြန်တဲ့ အနေနဲ့ ဓာတ်မတည့်တဲ့ ဖြစ်စဉ်မျိုးတွေပေါ်တတ်တယ်။ လူပျို အပျိုတွေဆို ဝက်ခြံ သိပ်ထွက်လေ့ မရှိတဲ့လူတောင် ဝက်ခြံတွေ အများကြီးထွက်လာတာမျိုး…ခဏခဏ ပြန်ထွက်တာမျိုး ဖြစိတတ်တယ်။

ဘယ်နည်းဘယ်ပုံကုရမယ်?
အဓိကကတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ၆ လတစ်ကြိမ် သန်မှန်မှန်ချသွားဖို့ပါပဲ … !
-Antihelminth လို့ခေါ်တဲ့ သန်ကောင် အမျိုး အစားအလိုက် သင့်တော်တဲ့ သန်ချဆေး တွေရှိပါတယ်။ ရောဂါရဲ့ အခြေအနေ နဲ့ သန်ကောင် အမျိုးအစားပေါ်မူတည်ပြီး ၁ ရက်ကနေ လပိုင်းလောက် အထိ သန်ချဆေး စားပေးရပါတယ်။ အခုက တော့ သန်ကောင် အမျိုးအစား တော်တော်များများ နဲ့ သင့်လျော်တဲ့ သန်ချဆေးတွေ ရနေပြီဖြစ်လို့ မိမိ သဘောနဲ့ ဖြစ်စေ … ဆရာဝန်နဲ့တိုင်ပင်ပြီးဖြစ်စေ သန်ချလို့ရနေပါပြီ!

တစ်ခုသတိထားရမှာက ၂ နှစ်အောက်ကလေးတွေဆိုရင်တော့ သန်ချဆေးက ဖွံ့ဖြိုးမှုနှောင့်နှေးစေတဲ့အတွက် သောက်သုံးဖို့ မသင့်တော်ပါဘူး။

ကာကွယ်မှုနှင့် ဆောင်ရန်ရှောင်ရန်
(၁) လက်သန့်ရှင်းရေး
လက်ကို ခဏခဏဆေးတဲ့ အကျင့်လုပ်ပါ… အထူးသဖြင့် အစားအစာပြင်ဆင်ချက်ပြုတ်ခါနီး စားခါနီးတိုင်းလက်ဆေးပါ!
-လက်သန့်ဆေးရည် ( hand gel ) သုံးတဲ့ အကျင့် လုပ်ပေးပါ
-လက်သည်းတွေကြားမှာချေးတွေ သန်ဥတွေ ရှိနေနိုင်တာမို့ လက်သည်းညှပ်ပါ။

(၂) တစ်ကိုယ်ရည်သန့်ရှင်းရေး
-ငယ်စဉ်ထဲက  ခြေဗလာနှင့်သွားသည့် အကျင့်ကို ဖျောက်၍ ဖိနပ်စီးခိုင်းပါ။
– အပြင်မှာဆော့ကစားလာလျှင် ရေချိုးဖို့ မပျင်းပါနှင့်။
– ကလေးတွေကို အလေးစွန့်ပြီး ဘယ်လိုသန့်ရှင်းရေးလုပ်ရမယ်ဆိုတာသေချာ သင်ပြပါ။

(၃) နေရာ သန့်ရှင်းရေး
-သန်ကောင်တုတ်ကောင်တွယ်နေသည်ဟုထင်လျှင် အတွင်းခံ ၊ အဝတ်အစား ၊အိပ်ယာခင်း စသည်တို့ကို သပ်သပ်စီသုံးပါ…. သေချာစွာလျှော်ဖွတ်နေပြဖို့လည်း မမေ့ပါနှင့်… ။
-တချို့သန်ကောင်သန်ဥများသည် နေရောင် ကို ကြောက်သဖြင့် နေ့ဖက် အိမ်ခန်းအတွင်း နေရောင်ကောင်းစွာရပါစေ။

(၄) ရေနှင့် အစားအစာ သန့်ရှင်းရေ
– ရေကို ကျိုချက်သောက်ပါ (သို့) ရေသန့်သောက်ပါ။
– ဟင်းသီးဟင်းရွက်များဆေးရာတွင် ဆား(သို့) ရှာလကာရည် အသုံးပြုပေးပါ။
– အသားများကို ကျက်အောင် ချက်ပြုတ်ပြီးမှစားပါ။ ( အထူးသဖြင့် ဝက်သား )
– လမ်းဘေးစာများ ကို တတ်နိုင်သမျှရှောင်ပါ။
– ၆ လ တစ်ကြိမ်သန်ချပါ။

သည်လောက်ဆိုလျှင် သန်ကောင်အန္တရာယ်ဟာ ကြောက်စရာ မဟုတ်တော့ပါ။ တခြားသော ကပ်ပါးရောဂါ တွေ အကြောင်းကိုလည်း အလျဉ်းသင့်သလို ဖော်ပြပေးသွားပါဦးမည်။

Author : နှင်းနုအေး

 

 

 

 

 

 

 

 

 

 

 

Previous Post

စနစ်တကျသားဆက်ခြားဖို့ သန္ဓေတားဆေးများအကြောင်း သိကောင်းစရာ

Next Post

ကလေးတို့ ဖျားပြီးတက် တဲ့ အခါ 

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
824

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
995
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
670

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးတို့ ဖျားပြီးတက် တဲ့ အခါ 

အဖျား

Record keeping ဆေးမှတ်တမ်းသိမ်းဆည်းခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.