fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးများတွင်ဖြစ်သော ဒိုင်ရာပါ သို့မဟုတ် ခါးတောင်းကျိုက်ထည် ပွန်းခြင်း (Diaper Rash)

298
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/06/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးများတွင်ဖြစ်သော ဒိုင်ရာပါ သို့မဟုတ် ခါးတောင်းကျိုက်ထည် ပွန်းခြင်း

ခုခေတ်မှာ ခေတ်မီတိုးတက်လာနဲ့အမျှ အရင်ခေတ်ကလို ကလေးသေးခံအဖြစ် လုံချည်ဟောင်းတွေ၊ ထမိန်ဟောင်းတွေကို မသုံးကြတော့ပါဘူး။ အဲ့ဒီအစား တခါသုံး အလွယ်သုံး ကလေးခါးတောင်းကျိုက်ထည် ခေါ် ကလေးဒိုင်ရာပါ လေးတွေကို အသုံးပြုလာကြပါတယ်။

ကလေးခါးတောင်းကျိုက်ထည် (ဒိုင်ရာပါ) ကိုသုံးခြင်းဖြင့် လုံချည်ဟောင်းတွေ၊ ထမိန်ဟောင်းတွေစတဲ့ ပိတ်စတွေကိုသုံးသလို ပြန်လျှော်စရာ လှမ်းစရာ မီးပူတိုက်စရာမလို၊ ကလေးက နာရီဝက်တခါ သေးပေါက်တိုင်းလည်း လဲပေးစရာမလို တဲ့အတွက် အချိန်ကုန်သက်သာတာ၊ လူပင်ပန်းသက်သာတာစတဲ့ ကောင်းကျိုးတွေရနိုင်ပါတယ်။

သို့သော် ကျွန်တော်တို့နိုင်ငံက အမေအများစုဟာ ကလေးဒိုင်ရာပါကို စနစ်တကျ ကောင်းစွာမသုံးတတ်တာတွေကြောင့် ခုခေတ်ဒိုင်ရာပါဝတ်တဲ့ ကလေးအတော်များများမှာ ဒိုင်ရာပါပွန်းပြီး အရေပြားလောင်တာ (Diaper Rash) တွေ ဖြစ်လေ့ရှိပါတယ်။ အထူးသဖြင့် အသက် ၆ လအောက်ကလေးတွေမှာ ပိုမိုဖြစ်ပွားလေ့ရှိပါတယ်။

ဒိုင်ရာပါပွန်းပြီး အရေပြားလောင်တာ (Diaper Rash) ဖြစ်ရင်

ကလေးရဲ့ ပေါင်ခြံကြားနဲ့ စအိုပတ်ဝန်းကျင် အရေပြားနေရာတွေဟာ နီရဲရောင်ရမ်းနေပြီး ရေထိတဲ့အခါ၊ ရှုးစိုတဲ့အခါတိုင်း နာကျင်ပူစပ်ပူလောင်ဖြစ်လို့ ကလေးငယ်ဟာ တခြားအကြောင်းမရှိဘဲ မကြာခဏကို နေ့ညမရွေး ဂျီကျပြီး ငိုနေတတ်ပါတယ်။

ဒီလိုဖြစ်ရတဲ့ အကြောင်းကတော့

ဒိုင်ရာပါသုံးတဲ့အခါ လုံချည်ဟောင်း၊ ထမိန်ဟောင်းစတဲ့ အဝတ်တွေသုံးတာလိုမျိုး ဆီးသွားတိုင်း၊ ဝမ်းသွားတိုင်း လဲပေးစရာမလိုဘူးဆိုပေမယ့် သုံးနာရီ သို့မဟုတ် လေးနာရီခြားတခါလောက်တော့ အနည်းဆုံး လဲပေးဖို့လိုပါတယ်။

ဖြစ်နိုင်ရင် နှစ်နာရီခြားတခါလောက် လဲပေးသင့်ပါတယ်။ ဝမ်းသွားတဲ့အခါကျ ချက်ချင်းလဲပေးတာမျိုးလုပ်ရင် ပိုကောင်းပါတယ်။

ကျွန်တော်ဆီက အမေအများစုကကျ ဒိုင်ရာပါကို ဒီလိုမကြာခဏလဲပေးတာမျိုးကို မလုပ်တဲ့အပြင်ကို အတော်များများက ညအိပ်တဲ့အခါ ကလေးရော၊ ကိုယ်ပါ အေးဆေးအိပ်ပြီး အလုပ်မရှုပ်အောင်ဆိုကာ ညတလျှောက်လုံး ကလေးကိုဝတ်ပေးထားပြီး ထလဲပေးတာမျိုးမလုပ်ဘဲ မနက်မှသာ တကြိမ်လဲပေးတာမျိုး လုပ်လေ့ရှိပါတယ်။

အဲ့ဒီအခါကျ ကလေးရဲ့ ပေါင်ခြံကြားနဲ့ စအိုနားက အရေပြားတွေဟာ ဆီးတွေ၊ မစင်တွေနဲ့ အချိန်အကြာကြီး စိုစွတ်နေကာ ဆီးတွေ၊ မစင်တွေထဲမှာပါတဲ့ သည်းခြေဆား (Bile Salt) နဲ့ တခြားအင်ဇိုင်းဓါတ်တွေကလည်း အရေပြားကို စားသလိုဖြစ်တာကြောင့် စအိုနဲ့ ပေါင်ခြံကြားက အရေပြားတွေဟာ ရောင်ရမ်းလာပြီး Diaper rash ခေါ် ကလေးခါးတောင်းကျိုက် အပူလောင်နာတွေ ဖြစ်လာပါတယ်။

တအားဆိုးလာရင်ကျ အပူလောင်နာတွေက တင်ပါးနဲ့ နောက်ကျောဘက်တွေထိ ပျံ့နှံလာတာ၊ ဘက်တီးရီးယားပိုး၊ မှိုပိုး တွေဝင်ပြီး ပြည်တည်တာတွေပါဖြစ်လာကာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ထိပါ ဖြစ်နိုင်ပါတယ်။

Diaper Rash ဖြစ်လာပြီဆိုရင်တော့ Diaper (ကလေးခါးတောင်းကျိုက်ထည်) သုံးတာကို ခဏရပ်ထားပါ။ Diaper Rash ဖြစ်နေစဉ်မှာ ဘာအဝတ်၊ ဘာဒိုင်ရာပါမှမသုံးဘဲ လေသလပ်ခံပေးတာက အနာကျက် လွယ်စေပါတယ်။ နီရဲနေတဲ့ အရေပြားနေရာလေးတွေကို ဇင့်အောက်ဆိုဒ် (Zinc Oxide) ပါတဲ့ ခရင်မ်လိမ်းဆေး သို့မဟုတ် ပျားကော် (Propolis Honey) ကို ပါးပါးနဲ့ နေရာအနှံ့လိမ်းပေးပါ။

အရက်ပြန်တွေ ဆေးဝါရည် (ဘီတာဒိုင်း) တွေနဲ့ ဆေးတာ လိမ်းတာတွေကို လုံးဝမလုပ်ပါနဲ့။

နီရဲနေတဲ့ အရေပြားနေရာလေးတွေကို ဆီး၊ ဝမ်း အညစ်အကြေးတွေပေကျံပါက ဆပ်ပြာအပျော့စား (ကလေးတွေအတွက်သီးသန့်ဆပ်ပြာ)နဲ့ ရေကြက်သီးနွေးလေးကိုသုံးပြီး ဖြည်းဖြည်းနဲ့ ညင်သာစွာ သန့်ရှင်းပေးပါ။

တအားသန့်စေချင်တဲ့စိတ်နဲ့ နီရဲနေတဲ့အရေပြားကို တအားပွတ်သပ်ဆေးကြောတာမျိုး မလုပ်ပါနဲ့။

တရက် နှစ်ရက်နေလို့မှ ကလေးခါးတောင်းကျိုက်ပွန်းတာ (Diaper Rash) မသက်သာရင် ပိုဆိုးလာရင် တွေ့ကရာဆေးမြီးတိုတွေနဲ့ အချိန်ဖြုန်းမနေဘဲ ဆေးရုံ ဆေးခန်း ပြပေးဖို့လိုပါတယ်။

Diaper Rash ကလေးခါးတောင်းကျိုက်ထည်ပွန်းခြင်း ဖြစ်နိုင်ခြေနည်းအောင်ကတော့

အလွှာလေးတွေအများကြီးပါပြီး လေဝင်လေထွက်ကောင်းတဲ့ ခါးတောင်းကျိုက်ထည်အမျိုးအစားကို ရွေးချယ်ဝတ်ဆင်ပေးပါ။ ကလေးနဲ့ ကြပ်ထုတ်နေတဲ့ ခါးတောင်းကျိုက်တွေ၊ နိုင်လွန်၊ ပလတ်စတစ်စတဲ့ လေမဝင်စေတဲ့ ပစ္စည်းတွေနဲ့လုပ်ထားတဲ့ ခါးတောင်းကျိုက်ထည်တွေကို ရှောင်ပါ။ ခါးတောင်းကျိုက်ထည်ကို သုံးနာရီ၊ လေးနာရီခြားတကြိမ် လဲလှယ်ပေးပါ။ အီးအီးပါရင်တော့ ပါတိုင်းအသစ်တထည် လဲပေးပါ။

ခါးတောင်းကျိုက် အသစ်တထည်လဲတိုင်း ကလေးငယ်ရဲ့ ပေါင်ခြံကြားနဲ့ စအိုအရေပြားတဝိုက်ကို ကလေးသုံးဆပ်ပြာနဲ့ ရေကြက်သီးနွေးလေးကို သုံးပြီး ညင်သာစွာ သန့်စင်ပေးပါ။ သန့်စင်ပြီးတိုင်း ခြောက်အောင် လေသလပ်ခံပါ။ သေချာခြောက်ပြီဆိုမှ အသစ်တထည်ဝတ်ပေးပါ။ ညဘက်တလျှောက်လုံး ကလေးကို တခါမှထမကြည့်ဘဲ ခါးတောင်းကျိုက်ဝတ်ပေးပြီး အိပ်တာမျိုးတွေကို ရှောင်ပါလို့ အကြံပေးရင်း ဆောင်းပါးလေးကို အဆုံးသတ်လိုက်ရပါတယ်။

Dr 528

Previous Post

လူတိုင်းအဆင်ပြေစေမယ့် ကျန်းမာရေးဝန်ဆောင်မှု

Next Post

သကြားစားသုံးခြင်း နှင့် ကင်ဆာအန္တရာယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
824

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
995
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
670

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သကြားစားသုံးခြင်း နှင့် ကင်ဆာအန္တရာယ်

အမျိုးသမီးများ နှင့် မီးယပ်ပြသာနာများ အပိုင်း ၂ (မီးယပ်သွေးလွန်ခြင်း)

ကလေးတွေကို အားဖြည့်အချိုရည် တိုက်သင့်လား။

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.