fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

မွေးကင်းစကလေးငယ်နှင့်အသားဝါခြင်း (၂)

218
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/05/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ေမြးကင္းစကေလးငယ္ႏွင့္အသားဝါျခင္း (၂)

အရင္တစ္ခါတုန္းက အသားဝါတဲ့အေၾကာင္းကို အၾကမ္းဖ်င္းေျပာျပေပးသြားပါတယ္။ အသားဝါတဲ့အခါမွာ စဝါလာတဲ့ ရက္ေပၚမူတည္ၿပီး ကြဲသြားႏိုင္တဲ့ အေၾကာင္းေတြကို ေျပာေပးခဲ့ပါတယ္။ ဒီေန႔ေတာ့ အဲဒီထဲက တစ္ခ်ိဳ႕ေသာ အေၾကာင္းေတြကို အေသးစိတ္ရွင္းေပးသြားမွာျဖစ္သလို ဘာ့ေၾကာင့္ အသားဝါတာဟာ အခ်ိန္မီ ကုသဖို႔ အေရးႀကီးတာလဲ၊ ဘယ္လိုကုသသလဲကို အနည္းငယ္ေျပာျပေပးသြားပါမယ္။

ပထမဆုံး ၂ရက္ ၃ရက္ ေလာက္မွစၿပီး အသားဝါလာတဲ့ထဲက အျဖစ္မ်ားတဲ့ Physiological jaundice ( ပုံမွန္အသားဝါျခင္း ) အေၾကာင္းေျပာျပေပးပါမယ္။

၁)ကေလးအမ်ားစု အသားဝါရတာကေတာ့ ေမြးကင္းစမွာ ကေလးရဲ႕ ကိုယ္အဂၤါေတြဟာ ေကာင္းေကာင္းမဖြံ႕ၿဖိဳးေသးတဲ့အတြက္ ေသြးနီဥေပါက္ကြဲရမွ တစ္ဆင့္ ထြက္လာတဲ့ Bilirubin ဓာတ္ေတြကို ေကာင္းေကာင္းမစြန႔္ထုတ္ႏိုင္ေသးတဲ့ အတြက္ေၾကာင့္ျဖစ္တာမ်ားပါတယ္။ ဒီလိုေၾကာင့္ အသားဝါတာကို Physiological jaundice ( ပုံမွန္အသားဝါျခင္း ) လို႔ေခၚပါတယ္။  ေမြးဖြားၿပီး ႏွစ္ရက္ေျမာက္မွာ စအသားဝါလာၿပီး ၃ရက္ေျမာက္ေလာက္မွာ အသားသိသိသာသာဝါလာတတ္ပါတယ္။ ေနာက္ၿပီးေတာ့ ၅ရက္ေျမာက္ေလာက္မွာ ျပန္ၿပီးေကာင္းသြားတတ္ပါတယ္။ Physiological jaundice မွာ Bilirubin ဓာတ္တက္တာဟာ ေရာဂါေတြေၾကာင့္ အသားဝါတာေလာက္ သိသိသာသာအမ်ားႀကီးမတက္ဘဲ ပုံမွန္ထက္အနည္းငယ္သာပိုပါတယ္။ ဒါေၾကာင့္ ဒီလိုအသားဝါတာဟာ ေရာဂါေၾကာင့္ အသားဝါေတြနဲ႔ ႏႈိင္းယွဥ္ရင္ ျပန္ေကာင္းလာႏိုင္ေခ်ႏႈန္းပိုမ်ားပါတယ္။

၂)ဒါ့အျပင္ အေမနဲ႔ ကေလးေသြးအုပ္စုေတြ မတူခဲ့ရင္ ေမြးၿပီး ပထမရက္ကတည္းက စၿပီး တစ္ပတ္အတြင္းထိ အသား စဝါႏိုင္တယ္ဆိုတာ အရင္တစ္ခါကေျပာေပးခဲ့ပါတယ္။ ဒီလိုေျပာခဲ့တဲ့ အခ်ိန္မွာ Aေသြး Bေသြး Oေသြး AB ေသြး ဆိုတဲ့ ေသြးအုပ္စုေတြနဲ႔ Rhesus factor (ေသြးအုပ္စုေသး ) အေၾကာင္း ေျပာသြားခဲ့ပါတယ္။

A B O AB ေသြးအုပ္စုအႀကီးေတြကို ခြဲတဲ့အခါမွာ ကြၽန္မတို႔ဟာ ကိုယ္တြင္းမွာရွိေနတဲ့ Antibody ေတြကို ရွာၿပီးခြဲရပါတယ္။ ခုခံအားစနစ္ဟာ ကိုယ့္ရဲ႕ခႏၶာကိုယ္ထဲက ပစၥည္းအျဖစ္သတ္မွတ္ထားတဲ့ ကိုယ္အဂၤါေတြမဟုတ္ဘဲ ျပင္ပကဝင္လာခဲ့တဲ့ အရာေတြကိုအၿမဲတမ္း Antibody ထုတ္ၿပီးတိုက္ေလ့ရွိပါတယ္။ ဒီလိုတိုက္ခံရတဲ့ထဲမွာ ေရာဂါပိုးေတြလည္းပါသလို တျခားအရာေတြလည္းပါပါတယ္။

ေသြးအုပ္စုေတြကို ခြဲတဲ့အခါ အေရးပါတဲ့ Antibody ႏွစ္မ်ိဳးကေတာ့ Anti A နဲ႔ Anti B ျဖစ္ပါတယ္။ နားလည္ေအာင္ရွင္းျပရရင္ေတာ့ Aေသြးပါတဲ့လူတစ္ေယာက္မွာ Anti B အၿမဲတမ္းရွိပါတယ္။ ကိုယ္တြင္းခုခံအားစနစ္ဟာ Aေသြးကို ကိုယ္ပိုင္ပစၥည္းအျဖစ္သတ္မွတ္ထားတဲ့အတြက္ Bေသြး ကိုျပင္ပက ဝင္လာတဲ့အရာအျဖစ္သတ္မွတ္လိုက္ပါတယ္။ ဒါေၾကာင့္Aေသြးပိုင္ရွင္တစ္ေယာက္မွာ Bေသြးကိုယ္တြင္းကို ဝင္ေရာက္လာခဲ့ရင္ ဖ်က္ဆီးမဲ့ Anti B အၿမဲတမ္းရွိပါတယ္။ က်န္တဲ့ေသြးအုပ္စုေတြလည္း ထို႔နည္းလည္းေကာင္းပါဘဲ။

ကေလးတစ္ေယာက္ရဲ႕ေသြးအုပ္စုဘာျဖစ္မလဲဆိုတာဟာ အေမရဲ႕ေသြးအုပ္စုသာမကဘဲအေဖရဲ႕ေသြးအုပ္စုေပၚလဲမူတည္ပါတယ္။ ဒါ့ေၾကာင့္တစ္ခါတစ္ေလမွာ အေမက Aေသြး ျဖစ္ၿပီး ကေလးကအေဖဘက္ကေသြးအုပ္စုေၾကာင့္ Bေသြးျဖစ္တတ္ပါတယ္။ ဒီလိုအခ်ိန္မွာ ကေလးရဲ႕ ေသြးအုပ္စုကို အေမမွာရွိေနတဲ့ Antibody ကတိုက္တဲ့အတြက္ ကေလးရဲ႕ေသြးနီဥေတြပ်က္စီးပါတယ္။ ဒါ့ေၾကာင့္ ကေလးမွာအသားဝါလာရတာျဖစ္ပါတယ္။

Rhesus factor (ေသြးအုပ္စုေသး )လည္းဒီအတိုင္းပါဘဲ။ နဂိုက အေမရဲ႕ ကိုယ္ထဲမွာ Rhesus factor (-) ျဖစ္ၿပီး အေဖဘက္က Rhesus factor(+) ျဖစ္လို႔ ကေလးမွာ (+) ျဖစ္ခဲ့ရင္ အေမကိုယ္ထဲမွာ Antibody ထြက္လာပါတယ္။ ဒီထြက္လာတဲ့ Antibody ဟာ ကေလးကိုတိုက္တဲ့အတြက္ေသြးနီဥေတြပ်က္စီးၿပီးအသားဝါလာရတယ္။

၃)ေနာက္တစ္ခုကေတာ့ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မိခင္ရဲ႕ကိုယ္တြင္းမွာပိုးေတြရွိေနတယ္။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ကေလးဆီကိုေရာဂါပိုးေတြကူးစက္တယ္။ အဲဒီကေန အသားဝါတာေတြရွိမယ္။

ေမြးၿပီးေတာ့လည္း ကေလးရဲ႕ ကိုယ္ခံအားဟာ လူႀကီးေတြရဲ႕ ကိုယ္ခံအားလိုေကာင္းေကာင္း မဖြံ႕ၿဖိဳးေသးတဲ့ အတြက္ ေရာဂါပိုးေတြဝင္ဖို႔ အင္မတန္ လြယ္ကူတယ္။ ဒါေၾကာင့္ အဝတ္အစား အသုံးအေဆာင္ကစၿပီး ကေလးေနမဲ့ ပတ္ဝန္းက်င္ကို သန႔္ရွင္းေအာင္ထားဖို႔က အေရးႀကီးတယ္။

၄)ေနာက္ရွားရွားပါးပါးျဖစ္တတ္တာကေတာ့ တစ္ခ်ိဳ႕ေသာ မိခင္ႏို႔ေတြမွာ  glucoronidase လို႔ ေခၚတဲ့ ဓာတ္တစ္မ်ိဳး ပါလာတတ္ပါတယ္။ ဒီလိုပါတဲ့ မိခင္ႏို႔ကိုစို႔မိတဲ့ ကေလးငယ္ေတြဟာ ေမြးဖြားၿပီး ႏွစ္ပတ္ေလာက္မွာ အသားဝါလာတတ္ပါတယ္။ မိခင္ႏို႔တိုက္ဟာ အလြန္ေကာင္းတယ္ဆိုေပမဲ့ ဒီလိုအေမႏို႔မ်ိဳးဆိုရင္ေတာ့ အေမႏို႔တိုက္တာကို ရပ္ၿပီး formula feeding လို႔ေခၚတဲ့ မိခင္ႏို႔အစားထိုးႏို႔မႈန႔္ကို တိုက္ရပါတယ္။

အသားဝါတာဟာဘာေၾကာင့္ေၾကာက္ဖို႔ေကာင္းတာလဲ … ကေလးငယ္ရဲ႕ေသြးနီဥေတြေပါက္ကြဲပ်က္ဆီးတဲ့အခါမွာ ပထမဆုံးထြက္လာတဲ့ Unconjugated Bilirubin ဟာ ကိုယ္တြင္းကစြန႔္ထုတ္ဖို႔ အဆင္သင့္မျဖစ္ေသးပါဘူး။ ဒီ Bilirubin ကို အသည္းမွာ ဆီးနဲ႔ အစာလမ္းေၾကာင္းကတစ္ဆင့္ စြန႔္ထုတ္လို႔ရတဲ့ ပုံစံေျပာင္းေပးရပါတယ္။ ဒီ  Unconjugated Bilirubin   ေတြက ဦးေႏွာက္ထဲမွာစုပုံလာခဲ့ရင္ ကေလးဉာဏ္ရည္နိမ့္ပါးသြားတဲ့ ျဖစ္ႏိုင္လို႔ပါပဲ။

အသားဝါတာကို ကုသဖို႔အတြက္ကေတာ့ အသားဝါလာၿပီဆိုရင္ ဆရာဝန္ကို အခ်ိန္မီသြားတိုင္ပင္ဖို႔ကအေရးႀကီးပါတယ္။ ဒါမွသာ အသားဝါတာအေရးႀကီးလာခဲ့ၿပီဆိုရင္ မီးျပတာ ေသြးလဲတာေတြအထိလုပ္ၿပီး လိုအပ္သလိုကုသႏိုင္မွာျဖစ္ပါတယ္။

Author : Dr. ေမႊး

မွေးကင်းစကလေးငယ်နှင့်အသားဝါခြင်း (၂)

အရင်တစ်ခါတုန်းက အသားဝါတဲ့အကြောင်းကို အကြမ်းဖျင်းပြောပြပေးသွားပါတယ်။ အသားဝါတဲ့အခါမှာ စဝါလာတဲ့ ရက်ပေါ်မူတည်ပြီး ကွဲသွားနိုင်တဲ့ အကြောင်းတွေကို ပြောပေးခဲ့ပါတယ်။ ဒီနေ့တော့ အဲဒီထဲက တစ်ချို့သော အကြောင်းတွေကို အသေးစိတ်ရှင်းပေးသွားမှာဖြစ်သလို ဘာ့ကြောင့် အသားဝါတာဟာ အချိန်မီ ကုသဖို့ အရေးကြီးတာလဲ၊ ဘယ်လိုကုသသလဲကို အနည်းငယ်ပြောပြပေးသွားပါမယ်။

ပထမဆုံး ၂ရက် ၃ရက် လောက်မှစပြီး အသားဝါလာတဲ့ထဲက အဖြစ်များတဲ့ Physiological jaundice ( ပုံမှန်အသားဝါခြင်း ) အကြောင်းပြောပြပေးပါမယ်။

၁)ကလေးအများစု အသားဝါရတာကတော့ မွေးကင်းစမှာ ကလေးရဲ့ ကိုယ်အင်္ဂါတွေဟာ ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့အတွက် သွေးနီဥပေါက်ကွဲရမှ တစ်ဆင့် ထွက်လာတဲ့ Bilirubin ဓာတ်တွေကို ကောင်းကောင်းမစွန့်ထုတ်နိုင်သေးတဲ့ အတွက်ကြောင့်ဖြစ်တာများပါတယ်။ ဒီလိုကြောင့် အသားဝါတာကို Physiological jaundice ( ပုံမှန်အသားဝါခြင်း ) လို့ခေါ်ပါတယ်။  မွေးဖွားပြီး နှစ်ရက်မြောက်မှာ စအသားဝါလာပြီး ၃ရက်မြောက်လောက်မှာ အသားသိသိသာသာဝါလာတတ်ပါတယ်။ နောက်ပြီးတော့ ၅ရက်မြောက်လောက်မှာ ပြန်ပြီးကောင်းသွားတတ်ပါတယ်။ Physiological jaundice မှာ Bilirubin ဓာတ်တက်တာဟာ ရောဂါတွေကြောင့် အသားဝါတာလောက် သိသိသာသာအများကြီးမတက်ဘဲ ပုံမှန်ထက်အနည်းငယ်သာပိုပါတယ်။ ဒါကြောင့် ဒီလိုအသားဝါတာဟာ ရောဂါကြောင့် အသားဝါတွေနဲ့ နှိုင်းယှဉ်ရင် ပြန်ကောင်းလာနိုင်ချေနှုန်းပိုများပါတယ်။

၂)ဒါ့အပြင် အမေနဲ့ ကလေးသွေးအုပ်စုတွေ မတူခဲ့ရင် မွေးပြီး ပထမရက်ကတည်းက စပြီး တစ်ပတ်အတွင်းထိ အသား စဝါနိုင်တယ်ဆိုတာ အရင်တစ်ခါကပြောပေးခဲ့ပါတယ်။ ဒီလိုပြောခဲ့တဲ့ အချိန်မှာ Aသွေး Bသွေး Oသွေး AB သွေး ဆိုတဲ့ သွေးအုပ်စုတွေနဲ့ Rhesus factor (သွေးအုပ်စုသေး ) အကြောင်း ပြောသွားခဲ့ပါတယ်။

A B O AB သွေးအုပ်စုအကြီးတွေကို ခွဲတဲ့အခါမှာ ကျွန်မတို့ဟာ ကိုယ်တွင်းမှာရှိနေတဲ့ Antibody တွေကို ရှာပြီးခွဲရပါတယ်။ ခုခံအားစနစ်ဟာ ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲက ပစ္စည်းအဖြစ်သတ်မှတ်ထားတဲ့ ကိုယ်အင်္ဂါတွေမဟုတ်ဘဲ ပြင်ပကဝင်လာခဲ့တဲ့ အရာတွေကိုအမြဲတမ်း Antibody ထုတ်ပြီးတိုက်လေ့ရှိပါတယ်။ ဒီလိုတိုက်ခံရတဲ့ထဲမှာ ရောဂါပိုးတွေလည်းပါသလို တခြားအရာတွေလည်းပါပါတယ်။

သွေးအုပ်စုတွေကို ခွဲတဲ့အခါ အရေးပါတဲ့ Antibody နှစ်မျိုးကတော့ Anti A နဲ့ Anti B ဖြစ်ပါတယ်။ နားလည်အောင်ရှင်းပြရရင်တော့ Aသွေးပါတဲ့လူတစ်ယောက်မှာ Anti B အမြဲတမ်းရှိပါတယ်။ ကိုယ်တွင်းခုခံအားစနစ်ဟာ Aသွေးကို ကိုယ်ပိုင်ပစ္စည်းအဖြစ်သတ်မှတ်ထားတဲ့အတွက် Bသွေး ကိုပြင်ပက ဝင်လာတဲ့အရာအဖြစ်သတ်မှတ်လိုက်ပါတယ်။ ဒါကြောင့်Aသွေးပိုင်ရှင်တစ်ယောက်မှာ Bသွေးကိုယ်တွင်းကို ဝင်ရောက်လာခဲ့ရင် ဖျက်ဆီးမဲ့ Anti B အမြဲတမ်းရှိပါတယ်။ ကျန်တဲ့သွေးအုပ်စုတွေလည်း ထို့နည်းလည်းကောင်းပါဘဲ။

ကလေးတစ်ယောက်ရဲ့သွေးအုပ်စုဘာဖြစ်မလဲဆိုတာဟာ အမေရဲ့သွေးအုပ်စုသာမကဘဲအဖေရဲ့သွေးအုပ်စုပေါ်လဲမူတည်ပါတယ်။ ဒါ့ကြောင့်တစ်ခါတစ်လေမှာ အမေက Aသွေး ဖြစ်ပြီး ကလေးကအဖေဘက်ကသွေးအုပ်စုကြောင့် Bသွေးဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ ကလေးရဲ့ သွေးအုပ်စုကို အမေမှာရှိနေတဲ့ Antibody ကတိုက်တဲ့အတွက် ကလေးရဲ့သွေးနီဥတွေပျက်စီးပါတယ်။ ဒါ့ကြောင့် ကလေးမှာအသားဝါလာရတာဖြစ်ပါတယ်။

Rhesus factor (သွေးအုပ်စုသေး )လည်းဒီအတိုင်းပါဘဲ။ နဂိုက အမေရဲ့ ကိုယ်ထဲမှာ Rhesus factor (-) ဖြစ်ပြီး အဖေဘက်က Rhesus factor(+) ဖြစ်လို့ ကလေးမှာ (+) ဖြစ်ခဲ့ရင် အမေကိုယ်ထဲမှာ Antibody ထွက်လာပါတယ်။ ဒီထွက်လာတဲ့ Antibody ဟာ ကလေးကိုတိုက်တဲ့အတွက်သွေးနီဥတွေပျက်စီးပြီးအသားဝါလာရတယ်။

၃)နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရဲ့ကိုယ်တွင်းမှာပိုးတွေရှိနေတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးဆီကိုရောဂါပိုးတွေကူးစက်တယ်။ အဲဒီကနေ အသားဝါတာတွေရှိမယ်။

မွေးပြီးတော့လည်း ကလေးရဲ့ ကိုယ်ခံအားဟာ လူကြီးတွေရဲ့ ကိုယ်ခံအားလိုကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့ အတွက် ရောဂါပိုးတွေဝင်ဖို့ အင်မတန် လွယ်ကူတယ်။ ဒါကြောင့် အဝတ်အစား အသုံးအဆောင်ကစပြီး ကလေးနေမဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားဖို့က အရေးကြီးတယ်။

၄)နောက်ရှားရှားပါးပါးဖြစ်တတ်တာကတော့ တစ်ချို့သော မိခင်နို့တွေမှာ  glucoronidase လို့ ခေါ်တဲ့ ဓာတ်တစ်မျိုး ပါလာတတ်ပါတယ်။ ဒီလိုပါတဲ့ မိခင်နို့ကိုစို့မိတဲ့ ကလေးငယ်တွေဟာ မွေးဖွားပြီး နှစ်ပတ်လောက်မှာ အသားဝါလာတတ်ပါတယ်။ မိခင်နို့တိုက်ဟာ အလွန်ကောင်းတယ်ဆိုပေမဲ့ ဒီလိုအမေနို့မျိုးဆိုရင်တော့ အမေနို့တိုက်တာကို ရပ်ပြီး formula feeding လို့ခေါ်တဲ့ မိခင်နို့အစားထိုးနို့မှုန့်ကို တိုက်ရပါတယ်။

အသားဝါတာဟာဘာကြောင့်ကြောက်ဖို့ကောင်းတာလဲ … ကလေးငယ်ရဲ့သွေးနီဥတွေပေါက်ကွဲပျက်ဆီးတဲ့အခါမှာ ပထမဆုံးထွက်လာတဲ့ Unconjugated Bilirubin ဟာ ကိုယ်တွင်းကစွန့်ထုတ်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ ဒီ Bilirubin ကို အသည်းမှာ ဆီးနဲ့ အစာလမ်းကြောင်းကတစ်ဆင့် စွန့်ထုတ်လို့ရတဲ့ ပုံစံပြောင်းပေးရပါတယ်။ ဒီ  Unconjugated Bilirubin   တွေက ဦးနှောက်ထဲမှာစုပုံလာခဲ့ရင် ကလေးဉာဏ်ရည်နိမ့်ပါးသွားတဲ့ ဖြစ်နိုင်လို့ပါပဲ။

အသားဝါတာကို ကုသဖို့အတွက်ကတော့ အသားဝါလာပြီဆိုရင် ဆရာဝန်ကို အချိန်မီသွားတိုင်ပင်ဖို့ကအရေးကြီးပါတယ်။ ဒါမှသာ အသားဝါတာအရေးကြီးလာခဲ့ပြီဆိုရင် မီးပြတာ သွေးလဲတာတွေအထိလုပ်ပြီး လိုအပ်သလိုကုသနိုင်မှာဖြစ်ပါတယ်။

Author : Dr. မွှေး

Previous Post

ကင်ဆာဝေဒနာရှင်များအတွက် DOs and DON’Ts

Next Post

ဆီးဖြူသီးအကြောင်းသိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
259

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
829

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
999
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
671

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆီးဖြူသီးအကြောင်းသိကောင်းစရာ

ပူပြင်းသောရာသီဥတုနဲ့ ကျန်မားရေး (၁)

ပူပြင်းသောရာသီဥတုနဲ့ ကျန်းမာရေး (၂)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.