fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ
ဆေးဖက်ဝင် မြင်းခွာရွက်အကြောင်းသိကောင်းစရာ
864
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/06/2018
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ, အမျိုးသမီး ကျန်းမာရေး
1 min read
A A
(Zawgyi)
Dr 528
(Unicode)
မြင်းခွာရွက်ရဲ့ ရုက္ခဗေဒနာမည်ကတော့ Centella asiatica(L.)Urban ဖြစ်ပါတယ်။
Apiaceae မျိုးရင်းဝင်ဖြစ်ပါတယ်။
မြင်းခွာရွက်ပင်ကို ကျွန်တော်တို့နိုင်ငံမှာ သဘာဝအလေ့ကျပေါက်ပင်အနေနဲ့လည်း တွေ့နိုင်သလို စိုက်ပျိုးပင်အနေနဲ့လည်းတွေ့နိုင်ပါတယ်။နေရာအနှံ့မှာပေါက်ရောက်ပါတယ်။ ရေစပ်စပ်ရှိတဲ့နေရာတွေမှာ ပိုပြီးပေါက်ပွားပါတယ်။
မြေလျှောက်တွားတွားပင်ဖြစ်ပြီး နှစ်ရှည်ခံပင်အမျိုးအစားဖြစ်ပါတယ်။
အရွက်သည် ကျောက်ကပ်ပုံစံရှိသည်။တချို့ကလည်းမြင်းရဲ့ခွာပုံစံရှိတယ်လို့ပြောကြပါတယ်။
ရင်းတူ ထိပ်ညီပန်းခိုင်မျိုးဖြစ်သည်။အဖြူရောင်ပန်းပွင်းများပါရှိသည်။အသီးနံရံဟာ အလွန်ထူပြီး စေ့သည် ဘေးတိုက်အားဖြင့်ကျပ်နေတတ်ပါတယ်။
မြင်းခွာရွက်ကို ကျွန်တော်တို့နိုင်ငံမှာ ရေစင်အောင်ဆေးပြီး အစိမ်းလိုက် ငါးပိရည်နဲ့တို့စားကြသလို ဆီချက်၊ပဲမှုန့်တို့နဲ့ရောသုပ်စားကြတာလည်းရှိပါတယ်။ဟင်းချိုချက်သောက်တာလည်းရှိပါတယ်။
မြင်းခွာရွက်မှာ အရိုင်းမျိုး၊အယဉ်မျိုး၊အဖြူမျိုးစသဖြင့် အမျိုးအစားလေးငါးမျိုးလောက်ရှိပါတယ်။
မြင်းခွာရွက်မှာ Essential oils,Fatty oil,alkaloid hydrocotyline,vellarine,triterpene,asiaticoside,Vitamin C စတဲ့ဓါတ်များပြည့်စုံစွာပါဝင်နေပါတယ်။
ဒီလိုဓါတ်တွေပြည့်စုံစွာပါတဲ့အတွက် မြင်းခွာရွက်မှာ အပူကိုကျစေတဲ့အစွမ်း၊ရောင်ရမ်းမှုကိုသက်သာစေတဲ့အစွမ်း၊အနာရွတ်ဖြစ်ပေါ်ခြင်းကိုဟန့်တားပေးနိုင်တဲ့အစွမ်း၊အနာကိုနိုင်သောအစွမ်း၊ဝမ်းကိုက်ရောဂါကိုသက်သာစေသောအစွမ်း၊ဦးနှောက်နဲ့အာရုံကြောကိုအားကောင်းစေသောအစွမ်း စတဲ့အစွမ်းသတ္တိတွေအများကြီးရှိပါတယ်။
ဒီလိုအစွမ်းသတ္တိတွေအများကြီးရှိလို့ မြင်းခွာရွက်ကို စားစရာအနေနဲ့သာမက ဆေးအဖြစ်ပါသုံးကြပါတယ်။
မြင်းခွာရွက်ရဲ့ဆေးနည်းအသုံးဝင်ပုံတွေကို သိသလောက်ပြောရရင်တော့
၁။မြင်းခွာရွက်ကိုအရည်ညှစ်ပြီး သကြား၊ပျားရည်တို့နဲ့ ရောကာ နေ့စဉ်သောက်ပါက ခွန်အားကိုတိုးစေနိုင်ပြီး ဆီးကိုရွှင်စေကာ ဆီးပူ၊ဆီးကျင်၊ဆီးအောင့် တာတွေကိုသက်သာပျောက်ကင်းစေနိုင်ပါတယ်။
၂။ကလေးငယ်တွေ အအေးမိလို့ရင်ကြပ်ချောင်းဆိုးတာ၊ဖုန်အမှုန်တွေအရှုများလို့ ချောင်းခြောက်ဆိုးတာတွေအတွက်လည်း မြင်းခွာရွက်ကိုအရည်ညှစ်ပြီး လက်ဖက်စားဇွန်းတဇွန်းခန့်တိုက်ပါက သက်သာပျောက်ကင်းနိုင်ပါတယ်။
၃။ဒါ့အပြင် ရုတ်တရက်ထိခိုက်ရှနာဖြစ်တာ၊ခိုက်မိပြီးရောင်ရမ်းတာတွေအတွက်လည်း မြင်းခွာရွက်ကိုကြိတ်ပြီး လိမ်းကျံပေးနိုင်ပါတယ်။
၄။မြင်းခွာရွက်ကိုနေလှမ်းကာ အရွက်ခြောက်ကို ရေနွေးထဲလက်ဖက်ခြောက်ခတ်သလို ခတ်သောက်ပါက သွေးတိုးရောဂါကိုသက်သာစေနိုင်ပါတယ်။
၅။မြင်းခွာရွက်ကို နေ့စဉ်ပုံမှန်စားပါက အမောအပန်းခံနိုင်ပြီး သက်လုံကောင်းလာစေနိုင်ပါတယ်။အဆုတ်ရောဂါ၊ ချောင်းဆိုးရောဂါတွေကိုလည်း သက်သာပျောက်ကင်းစေတယ်။ ဦးနှောက်ကို ကြည်လင်စေပြီး မှတ်ဉာဏ်ကောင်းလာစေနိုင်ပါတယ်။ ဖြူနေတဲ့ဆံပင်ကို
မြင်းခွါရွက်ကို နေ့စဉ်ဆက်ပြီးစားပေးခြင်းဖြင့် ပိတုန်းရောင်ကေသာလို ပြန်လည်နက်မှောင်လာစေတယ်။
ဒါ့အပြင် အမျိုးသားများ ကျားအားတိုးရန်အတွက်လည်း အထောက်အကူပြုပါတယ် လို့ တိုင်းရင်းဆေးကျမ်းတွေမှာဖော်ပြထားပါတယ်။
Dr 528
Previous Post
စိတ်မပါတော့ခြင်း
Next Post
ပန်းသေ၊ ပန်းညှိုးခြင်းနှင့် အမျိုးသားကျန်းမာရေး
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
About the main vitamins needed to strengthen the immune system
ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း
1 year ago
1.2k
Health factors that should be prepared before traveling in summer
နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ
1 year ago
125
Important health and beauty for a woman
အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း
1 year ago
622
သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ
1 year ago
591
Ovarian coagulation and pregnancy
သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း
1 year ago
1.8k
Caution Urinary tract infection
သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ
1 year ago
1.5k
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
ပန်းသေ၊ ပန်းညှိုးခြင်းနှင့် အမျိုးသားကျန်းမာရေး
အိမ်တိုင်ရာရောက် ဆရာဝန်ကိုယ်တိုင်ကုသပေးသည့် service
ကလေးများတွင်အဖြစ်များသော နို့ပွေး
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.