(Zawgyi)
တစ္ခါတစ္ေလ အျပင္သြားတဲ့အခါမွာ တခ်ိဳ႕ေသာလူႀကီးမိဘေတြ ကေလးငယ္ေလးေတြကို ဆူပူႀကိမ္းေမာင္းေနတတ္တာေတြ ေတြ႕ရတတ္ပါတယ္။ ကေလးငယ္ေလးေတြကလည္း မေခဘူး လိုခ်င္တာမရတာဆို ေပကပ္ၿပီး ဆူပူေဆာင့္ေအာင့္ေနတတ္ၾကတယ္။ ဒီလိုအခါေတြဆို မိဘေတြက ပိုဆူတတ္ၾကတယ္။
ကေလးေတြကို ဆူမွာလား လို႔ ေျပာထားေတာ့ မဆူရဘူးလားဆိုၿပီး ျပန္ေျပာၾကပါလိမ့္မယ္။ မဆူရင္ ပိုဆိုးသြားမွာေပါ့ ဆိုၿပီး ျပန္ေျပာၾကပါလိမ့္မယ္။ ကေလးဆိုတာ ငယ္႐ြယ္စဥ္တည္းက သတိနဲ႔ ထိန္းေပးရပါတယ္။ ငယ္တုန္းေတာ့ၿငိမ္ရင္ ၿပီးေရာဆိုၿပီး လုပ္ခ်င္တာေပးလုပ္ခဲ့တယ္ဆိုရင္ ဒီကေလးေလးေတြ ႀကီးလာတဲ့ အခါ လိုခ်င္တာမရရင္ ဆူပူေဆာင့္ေအာင့္ၾကမွာပဲ ဂ်ီတိုက္ၾကမွာပါပဲ။
ငယ္႐ြယ္စဥ္မွာတည္းက လိုခ်င္တာဆို ဒီလို ေအာ္ျပလိုက္ရင္ ရတယ္ဆိုတဲ့ အသိေလးက ကေလးေတြ ေခါင္းထဲ ႐ိုက္သြင္းလိုက္သလိုပါပဲ။ ဒီအက်င့္ကို ႀကီးတဲ့ အထိမွတ္သြားတတ္ၾကတယ္။ အျပင္သြားတဲ့အခါ ကစားစရာပစၥည္း တစ္ခုခုလိုခ်င္တာ တစ္ေနရာရာ သြားခ်င္တာေတြဆို လူႀကီးမိဘေတြကို ေျပာၾကည့္တယ္။
သူတို႔ေလးေတြ ေျပာတာကို အေရးမထားတဲ့အခါ မလုပ္ေပးႏိုင္တဲ့အခါ ကေလးငယ္ေလးေတြက စတင္ၿပီး စိတ္ျပတတ္လာၾကတယ္။ ငိုသလိုလို ေအာ္ေနတတ္ၾကတယ္။ ဒါကတဆင့္ ပိုဆိုးလာတယ္ဆို အဲ့ေနရာမွာပဲ ဖင္ထိုင္ခ်တာ လွဲအိပ္တာလုပ္တတ္တယ္။ ငိုတယ္ ေအာ္တယ္ စသျဖင့္အမ်ိဳးမ်ိဳးပါ။ ဒီလိုအခါ လူႀကီးေတြက လူၾကားသူၾကားထဲ လုပ္ရမလားဆိုၿပီး တစ္ခါတစ္ေလမွာ ဆူတာေတြ ႐ိုက္တာေတြပါလာတတ္ၾကတယ္။ လူႀကီးေတြ စိတ္ညစ္တဲ့ အခါ အဆင္မေျပတာေတြ ရွိတဲ့အခါဆို ပိုဆိုးပါတယ္။
ဘယ္လူႀကီးမိဘကမွေတာ့ ကိုယ္သားသမီးကို မ႐ိုက္ခ်င္ပါဘူး။ မဆူခ်င္ပါဘူး။ ဒါေပမယ့္ တစ္ခါတစ္ေလမွာေတာ့ လုပ္မိသြားတတ္ၾကတယ္။ လုပ္မိၿပီးတဲ့အခါမွ စိတ္မေကာင္းေတြ ျဖစ္ေနတတ္ၾကတယ္။ ကေလးငယ္ေလးေတြ ႀကီးျပင္းလာတဲ့ ေတာက္ေလွ်ာက္မွာ အၿမဲ အလိုလိုက္ထားခဲ့မယ္ဆိုရင္ တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္မွာ ဒါမ်ိဳးအေျခအေနေတြ ႀကဳံလာႏိုင္ပါတယ္။ ဒါဆို အလိုမလိုက္ရဘူးလား အၿမဲဆူပူႀကိမ္းေမာင္းေနရမလားဆိုေတာ့လည္း မဟုတ္ပါဘူး။ နည္းစနစ္မွန္မွန္နဲ႔ ထိန္းေက်ာင္းေပးဖို႔ လိုပါတယ္။
ကေလးငယ္ေလးေတြကို မလုပ္သင့္တာေတြကို နားလည္လြယ္တဲ့ စကားနဲ႔ ေအးေအးေဆးေဆး ေျပာဆိုပါ။ တစ္ခါမက ခဏခဏ ေျပာဖန္မ်ားလာတာနဲ႔အမွ် သူတို႔ေလးေတြစိတ္မွာ ဒါကမလုပ္သင့္ဘူး ဆိုတာ တစ္ေျဖးေျဖးသိနားလည္လာပါလိမ့္မယ္။ တစ္ခုခုကို မရမက ယူေတာ့မယ္ ဆိုလည္း ကေလးၿငိမ္ေအာင္ဆိုၿပီး ခ်က္ခ်င္း မလုပ္ေပးပါနဲ႔။ ကေလးစိတ္ထဲမွာ ဒီလိုလုပ္ရင္ ငါလိုခ်င္တာ ရမွာပဲ ထင္သြားတတ္ၾကတယ္။
ကေလးေလးေတြကို တစ္ခုခုေပးခ်င္လို႔ ေပးတယ္ဆိုရင္ေတာင္ တန္းမေပးပါနဲ႔။ ကေလးကိုလည္း ႀကိဳးစားအားထုတ္မႈ တစ္ခုခုရွိပါေစ။ ဒါမွ ကေလးက ေပးတဲ့ ပစၥည္းလည္းတန္ဖိုးထားမွာပါ။ ကေလးကို ငယ္ငယ္တည္းက အာ႐ုံလႊဲႏိုင္တဲ့ အေလ့အက်င့္ကို ပ်ိဳးေထာင္ေပးပါ။
ဒါမွဒါပဲ လိုခ်င္တဲ့ကေလးေတြကို လူၾကားသူၾကားထဲမွလည္း ဆူပူႀကိမ္းေမာင္းတာ ႐ိုက္ႏႈိက္တာမလုပ္ေစခ်င္ဘူး။ ေျဖးေျဖးေျပာျပပါ။ ဘယ္လိုေျပာေျပာ ငိုေနမယ္ ေအာ္ေနဦးမယ္ဆိုရင္လည္း တတ္ႏိုင္သေလာက္မ႐ိုက္ပါနဲ႔။ ကေလးေတြ ေမာလာတဲ့အခါ ရပ္သြားပါလိမ့္မယ္။ ၾကားထဲေတာ့ ကေလးနားမွာပဲ စိတ္ရွည္ရွည္ ေစာင့္ေပးေနဖို႔ လိုပါတယ္။
ကေလးဆိုတာ အရာရာကို သင္ယူေနတတ္ၾကပါတယ္။ အေရွ႕ကလုပ္ျပသမွ်ကို မွတ္ထားတတ္ၾကတယ္။ ဒါေၾကာင့္ ကေလးေရွ႕မွာ ရင့္သီးတဲ့ စကားလုံးေတြ ဆူပူႀကိမ္းေမာင္းတာေတြ ႐ိုက္ႏႈိက္တာေတြ ကို ေရွာင္ၾကဥ္ႏိုင္ၾကဖို႔ လိုပါတယ္။ ငယ္ငယ္တည္းက သင္ေပးေနလို႔ရပါတယ္။ ေျဖးေျဖးေျပာသမွ် နားဝင္ပါတယ္။ တစ္ခါမရ ေနာက္တစ္ခါပါ။ လူႀကီးေတြကေတာ့ စိတ္ရွည္ရပါလိမ့္မယ္။
ကေလးနဲ႔ တစ္အိမ္တည္းတူတူေနတဲ့ မိဘေတြ လူႀကီးေတြ ညီအစ္ကိုေမာင္ႏွမေတြ အားလုံးက ကေလးရဲ႕ ပထမဆုံးေသာ ျမင္ဆရာ ၾကားဆရာပါပဲ။ လူႀကီးေတြ လုပ္သမွ် ေျပာသမွ် ကေလးငယ္ေတြ လိုက္လုပ္မွာပါပဲ။
ကေလး ထိန္းတယ္ဆိုတဲ့ အရာက ပညာအရမ္းပါပါတယ္။ ကေလးကို အၿမဲ ဟိုဟာမလုပ္ရဘူး ဒါမလုပ္ရဘူး မလႊတ္ေပးရဲဘူး ဆိုၿပီး လည္းလုပ္လို႔မရဘူး။ လုပ္ခ်င္တာလုပ္ဆိုၿပီးလည္း ထားထားလို႔မရပါဘူး။ တခ်ိဳ႕အရာေလးေတြမွာ လႊတ္ေပးထားရမယ္။ တခ်ိဳ႕ မလုပ္သင့္တာေလးေတြကိုေတာ့ နားလည္ေအာင္ေျပာၿပီး ထိန္းေပးရပါတယ္။
ေနာက္ဆုံးအေနနဲ႔ကေတာ့ ကေလးဆိုတာ စိတ္ထားႏုနယ္ပါတယ္။ လူႀကီးမိဘေတြက ဆူပူႀကိမ္းေမာင္းတဲ့အခါ ႐ိုက္ၿပီးဆုံမတဲ့အခါမွာ ကေလးစိတ္ထဲ ဝမ္းနည္းတာေတြ အထင္အျမင္ မွားတာေတြ ျဖစ္တတ္ပါတယ္။ လူႀကီးေတြ ေျပာစကားလည္း နားမေထာင္ခ်င္တတ္ေတာ့ဘူး။ ကေလးေတြကို ပိုၿပီးဆိုးလာေစတတ္ပါတယ္။
ဒါေၾကာင့္ ကေလးေတြကို ဆူစရာကိစၥေပၚလာခဲ့ရင္ မဆူဘဲနဲ႔ စိတ္ရွည္ရွည္ထားၿပီး ကေလးနားလည္လာေအာင္ ေျပာဆိုေပးမယ္။ အိမ္မွာ ထိန္းေက်ာင္းတည္းက စနစ္တက်ေလးထိန္းေပးမယ္ဆိုရင္ ကေလးကို ဆူဖို႔အေၾကာင္း မရွိေတာ့ပါဘူး။
Author : Dr. CST
(Unicode)
တစ်ခါတစ်လေ အပြင်သွားတဲ့အခါမှာ တချို့သောလူကြီးမိဘတွေ ကလေးငယ်လေးတွေကို ဆူပူကြိမ်းမောင်းနေတတ်တာတွေ တွေ့ရတတ်ပါတယ်။ ကလေးငယ်လေးတွေကလည်း မခေဘူး လိုချင်တာမရတာဆို ပေကပ်ပြီး ဆူပူဆောင့်အောင့်နေတတ်ကြတယ်။ ဒီလိုအခါတွေဆို မိဘတွေက ပိုဆူတတ်ကြတယ်။
ကလေးတွေကို ဆူမှာလား လို့ ပြောထားတော့ မဆူရဘူးလားဆိုပြီး ပြန်ပြောကြပါလိမ့်မယ်။ မဆူရင် ပိုဆိုးသွားမှာပေါ့ ဆိုပြီး ပြန်ပြောကြပါလိမ့်မယ်။ ကလေးဆိုတာ ငယ်ရွယ်စဉ်တည်းက သတိနဲ့ ထိန်းပေးရပါတယ်။ ငယ်တုန်းတော့ငြိမ်ရင် ပြီးရောဆိုပြီး လုပ်ချင်တာပေးလုပ်ခဲ့တယ်ဆိုရင် ဒီကလေးလေးတွေ ကြီးလာတဲ့ အခါ လိုချင်တာမရရင် ဆူပူဆောင့်အောင့်ကြမှာပဲ ဂျီတိုက်ကြမှာပါပဲ။
ငယ်ရွယ်စဉ်မှာတည်းက လိုချင်တာဆို ဒီလို အော်ပြလိုက်ရင် ရတယ်ဆိုတဲ့ အသိလေးက ကလေးတွေ ခေါင်းထဲ ရိုက်သွင်းလိုက်သလိုပါပဲ။ ဒီအကျင့်ကို ကြီးတဲ့ အထိမှတ်သွားတတ်ကြတယ်။ အပြင်သွားတဲ့အခါ ကစားစရာပစ္စည်း တစ်ခုခုလိုချင်တာ တစ်နေရာရာ သွားချင်တာတွေဆို လူကြီးမိဘတွေကို ပြောကြည့်တယ်။
သူတို့လေးတွေ ပြောတာကို အရေးမထားတဲ့အခါ မလုပ်ပေးနိုင်တဲ့အခါ ကလေးငယ်လေးတွေက စတင်ပြီး စိတ်ပြတတ်လာကြတယ်။ ငိုသလိုလို အော်နေတတ်ကြတယ်။ ဒါကတဆင့် ပိုဆိုးလာတယ်ဆို အဲ့နေရာမှာပဲ ဖင်ထိုင်ချတာ လှဲအိပ်တာလုပ်တတ်တယ်။ ငိုတယ် အော်တယ် စသဖြင့်အမျိုးမျိုးပါ။ ဒီလိုအခါ လူကြီးတွေက လူကြားသူကြားထဲ လုပ်ရမလားဆိုပြီး တစ်ခါတစ်လေမှာ ဆူတာတွေ ရိုက်တာတွေပါလာတတ်ကြတယ်။ လူကြီးတွေ စိတ်ညစ်တဲ့ အခါ အဆင်မပြေတာတွေ ရှိတဲ့အခါဆို ပိုဆိုးပါတယ်။
ဘယ်လူကြီးမိဘကမှတော့ ကိုယ်သားသမီးကို မရိုက်ချင်ပါဘူး။ မဆူချင်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ လုပ်မိသွားတတ်ကြတယ်။ လုပ်မိပြီးတဲ့အခါမှ စိတ်မကောင်းတွေ ဖြစ်နေတတ်ကြတယ်။ ကလေးငယ်လေးတွေ ကြီးပြင်းလာတဲ့ တောက်လျှောက်မှာ အမြဲ အလိုလိုက်ထားခဲ့မယ်ဆိုရင် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဒါမျိုးအခြေအနေတွေ ကြုံလာနိုင်ပါတယ်။ ဒါဆို အလိုမလိုက်ရဘူးလား အမြဲဆူပူကြိမ်းမောင်းနေရမလားဆိုတော့လည်း မဟုတ်ပါဘူး။ နည်းစနစ်မှန်မှန်နဲ့ ထိန်းကျောင်းပေးဖို့ လိုပါတယ်။
ကလေးငယ်လေးတွေကို မလုပ်သင့်တာတွေကို နားလည်လွယ်တဲ့ စကားနဲ့ အေးအေးဆေးဆေး ပြောဆိုပါ။ တစ်ခါမက ခဏခဏ ပြောဖန်များလာတာနဲ့အမျှ သူတို့လေးတွေစိတ်မှာ ဒါကမလုပ်သင့်ဘူး ဆိုတာ တစ်ဖြေးဖြေးသိနားလည်လာပါလိမ့်မယ်။ တစ်ခုခုကို မရမက ယူတော့မယ် ဆိုလည်း ကလေးငြိမ်အောင်ဆိုပြီး ချက်ချင်း မလုပ်ပေးပါနဲ့။ ကလေးစိတ်ထဲမှာ ဒီလိုလုပ်ရင် ငါလိုချင်တာ ရမှာပဲ ထင်သွားတတ်ကြတယ်။
ကလေးလေးတွေကို တစ်ခုခုပေးချင်လို့ ပေးတယ်ဆိုရင်တောင် တန်းမပေးပါနဲ့။ ကလေးကိုလည်း ကြိုးစားအားထုတ်မှု တစ်ခုခုရှိပါစေ။ ဒါမှ ကလေးက ပေးတဲ့ ပစ္စည်းလည်းတန်ဖိုးထားမှာပါ။ ကလေးကို ငယ်ငယ်တည်းက အာရုံလွှဲနိုင်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ပေးပါ။
ဒါမှဒါပဲ လိုချင်တဲ့ကလေးတွေကို လူကြားသူကြားထဲမှလည်း ဆူပူကြိမ်းမောင်းတာ ရိုက်နှိုက်တာမလုပ်စေချင်ဘူး။ ဖြေးဖြေးပြောပြပါ။ ဘယ်လိုပြောပြော ငိုနေမယ် အော်နေဦးမယ်ဆိုရင်လည်း တတ်နိုင်သလောက်မရိုက်ပါနဲ့။ ကလေးတွေ မောလာတဲ့အခါ ရပ်သွားပါလိမ့်မယ်။ ကြားထဲတော့ ကလေးနားမှာပဲ စိတ်ရှည်ရှည် စောင့်ပေးနေဖို့ လိုပါတယ်။
ကလေးဆိုတာ အရာရာကို သင်ယူနေတတ်ကြပါတယ်။ အရှေ့ကလုပ်ပြသမျှကို မှတ်ထားတတ်ကြတယ်။ ဒါကြောင့် ကလေးရှေ့မှာ ရင့်သီးတဲ့ စကားလုံးတွေ ဆူပူကြိမ်းမောင်းတာတွေ ရိုက်နှိုက်တာတွေ ကို ရှောင်ကြဉ်နိုင်ကြဖို့ လိုပါတယ်။ ငယ်ငယ်တည်းက သင်ပေးနေလို့ရပါတယ်။ ဖြေးဖြေးပြောသမျှ နားဝင်ပါတယ်။ တစ်ခါမရ နောက်တစ်ခါပါ။ လူကြီးတွေကတော့ စိတ်ရှည်ရပါလိမ့်မယ်။
ကလေးနဲ့ တစ်အိမ်တည်းတူတူနေတဲ့ မိဘတွေ လူကြီးတွေ ညီအစ်ကိုမောင်နှမတွေ အားလုံးက ကလေးရဲ့ ပထမဆုံးသော မြင်ဆရာ ကြားဆရာပါပဲ။ လူကြီးတွေ လုပ်သမျှ ပြောသမျှ ကလေးငယ်တွေ လိုက်လုပ်မှာပါပဲ။
ကလေး ထိန်းတယ်ဆိုတဲ့ အရာက ပညာအရမ်းပါပါတယ်။ ကလေးကို အမြဲ ဟိုဟာမလုပ်ရဘူး ဒါမလုပ်ရဘူး မလွှတ်ပေးရဲဘူး ဆိုပြီး လည်းလုပ်လို့မရဘူး။ လုပ်ချင်တာလုပ်ဆိုပြီးလည်း ထားထားလို့မရပါဘူး။ တချို့အရာလေးတွေမှာ လွှတ်ပေးထားရမယ်။ တချို့ မလုပ်သင့်တာလေးတွေကိုတော့ နားလည်အောင်ပြောပြီး ထိန်းပေးရပါတယ်။
နောက်ဆုံးအနေနဲ့ကတော့ ကလေးဆိုတာ စိတ်ထားနုနယ်ပါတယ်။ လူကြီးမိဘတွေက ဆူပူကြိမ်းမောင်းတဲ့အခါ ရိုက်ပြီးဆုံမတဲ့အခါမှာ ကလေးစိတ်ထဲ ဝမ်းနည်းတာတွေ အထင်အမြင် မှားတာတွေ ဖြစ်တတ်ပါတယ်။ လူကြီးတွေ ပြောစကားလည်း နားမထောင်ချင်တတ်တော့ဘူး။ ကလေးတွေကို ပိုပြီးဆိုးလာစေတတ်ပါတယ်။
ဒါကြောင့် ကလေးတွေကို ဆူစရာကိစ္စပေါ်လာခဲ့ရင် မဆူဘဲနဲ့ စိတ်ရှည်ရှည်ထားပြီး ကလေးနားလည်လာအောင် ပြောဆိုပေးမယ်။ အိမ်မှာ ထိန်းကျောင်းတည်းက စနစ်တကျလေးထိန်းပေးမယ်ဆိုရင် ကလေးကို ဆူဖို့အကြောင်း မရှိတော့ပါဘူး။
Author : Dr. CST