fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အမေးများတဲ့ရေအိတ်

105
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/04/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)

အမ်ိဳးသမီးအမ်ားစု ေမးေလ့ရွိတဲ့ ေရအိတ္ (Cyst) အေၾကာင္းပါ။ အခုေရးမွာက သားဥအိမ္မွာတည္တဲ့ေရအိတ္ (Ovarian Cyst) အေၾကာင္းပါ။ အမ်ိဳးသမီးအမ်ားစုတြင္ သားဥအိမ္ ေရအိတ္ရွိေနတာကို ဘာလကၡဏာမွ မခံစားရဘဲ အမွတ္မထင္ ေတြ႕တတ္ပါတယ္။

ဘာလို႔ေရအိတ္တည္ရတာလဲ ဟုေမးၾကပါတယ္။ သားဥအိမ္ဆိုတာက ေမြးလမ္းေၾကာင္းရဲ႕တစ္စိတ္တစ္ေဒသပါ။ သားအိမ္ရဲ႕ တစ္ဘက္စီမွာ ဘယ္ညာ ၂ ခုရွိပါတယ္။ ၎သည္ မမ်ိဳးဥႏွင့္ေဟာ္မုန္း ထုတ္ေပးပါတယ္။ တစ္ခါတရံမွာ ေရအိတ္က မမ်ိဳးဥအိမ္မွာ ေပၚလာပါတယ္။ အမ်ိဳးသမီးတိုင္း ဘဝမွာအနည္းဆုံး ေရအိတ္တစ္ခါ ျဖစ္ဖူးတတ္ၾကေပမယ့္ မနာမက်င္ ႏွင့္ လကၡဏာမျပလို႔ သတိမထားမိၾကပါ။ သားဥအိမ္ အိတ္တည္ျခင္းသည္ အမ်ိဳးအစား မ်ားစြာကြဲ ျပားပါေသးတယ္။ Dermoid Cyst ႏွင့္ Endometrioma Cyst စသည္ျဖင့္ ကြဲ ျပားပါတယ္။ အျဖစ္အမ်ားဆုံးကေတာ့ Follicle cyst ႏွင့္ Corpus Luteum Cyst ပါ။

Follicle Cyst

အမ်ိဳးသမီးမ်ား ရာသီစက္ဝန္းအတြင္း မမ်ိဳးဥသည္ အိတ္ (Follicle) အျဖစ္ ႀကီးထြားလာပါတယ္။ ၎သည္ သားဥအိမ္ အတြင္းရွိပါတယ္။ အကယ္၍ အိတ္ေပါက္ၿပီး ပြင့္ခဲ့ရင္ မမ်ိဳးဥ ထြက္လာပါတယ္။သို႔ေသာ္ မေပါက္ပဲ အရည္မ်ားစုလာခဲ့သာ္ သားဥအိမ္ေရအိတ္ ျဖစ္လာပါတယ္။

Corpus Luteum Cysts

Follicle အိတ္သည္ ေပါက္ၿပီး မမ်ိဳးဥ ထြက္ေသာ္ ေပ်ာ္ဝင္ ေပ်ာက္ကြယ္တတ္ပါတယ္။ သို႔ေသာ္ မေပ်ာက္ခဲ့လွ်င္ အိတ္အတြင္း တျခားေသာ အရည္မ်ား ထပ္ဝင္လာကာ Corpu Luteum Cyst ျဖစ္ေစပါတယ္။
အခ်ိဳ႕ထူးျခားေသာ အိတ္ (Cyst) မ်ား ရွိပါတယ္။ အခ်ိဳ႕အိတ္ထဲတြင္ ဆံပင္၊ သြား၊ အဆီမ်ား၊ အသားမ်ားရွိေနတတ္ပါတယ္။ Dermoid Cyst လို႔ ေခၚပါတယ္။

သားအိမ္အတြင္းရွိ အသားစသည္ အတြင္းတြင္ မရွိဘဲ သားအိမ္အျပင္ မမ်ိဳးဥအိမ္တြင္ တြယ္ကပ္ကာ အိတ္ျဖစ္ေနတတ္ပါတယ္။ Endometriomas လို႔ ေခၚပါတယ္။ မမ်ိဳးဥအိမ္ထဲတြင္ ေသးငယ္ေသာအိတ္မ်ားစြာ တည္ရွိေနတတ္ပါတယ္။ ထို႔ေၾကာင့္ မမ်ိဳးဥအိမ္သည္ ပိုမိုႀကီးထြားေနတတ္ပါတယ္။ Polycystic Ovary Syndrome ဟု ေခၚပါတယ္။ ထိုအခါ မကုသပါက ကေလးမရႏိုင္သည္အထိ ျဖစ္တတ္ပါတယ္။

အမ်ားအားျဖင့္ မမ်ိဳးဥအိမ္ ေရအိတ္မ်ားသည္ လကၡာဏာ မျပတတ္ပါ။ ေရအိတ္ႀကီးထြားလွ်င္ လကၡာဏာ ေပၚေပါက္လာပါတယ္။ လကၡာဏာမ်ားကေတာ့ ေလပြျခင္း၊ အူလႈပ္ရွားတိုင္းနာျခင္း၊ရာသီလာစဥ္ႏွင့္ မလာခင္ကိုက္ခဲျခင္း၊ လိင္ဆက္ဆံစဥ္ နာက်င္ျခင္း၊ ေက်ာေအာင့္ျခင္း၊ ရင္သားနာျခင္းႏွင့္ ေပ်ာ့အန္ျခင္း စသည္တို႔ ျဖစ္ပါတယ္။ အကယ္၍ ကိုယ္ေအာက္ပိုင္းနာက်င္ျခင္း၊ ဖ်ားျခင္း၊သတိလစ္ျခင္းႏွင့္ အသက္ရွဴျမန္ျခင္းစေသာ ျပင္းထန္ေသာ လကၡာဏာမ်ား ေပၚေပါက္လာပါက အေရးေပၚေဆးကုသမႈ လုပ္သင့္ပါတယ္။ ထိုလကၡာဏာေပၚေပါက္လာျခင္းသည္ သားဥအိမ္အိတ္ေပါက္ျခင္းႏွင့္ သားဥအိမ္ လိမ္သြားျခင္းျဖစ္ႏိုင္ပါတယ္။ အျမန္ဆုံး ေသခ်ာကုသမႈ ခံယူမႈမျပဳလွ်င္ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား ခံစားရပါမယ္။

ေရအိတ္ရွိရင္ ဘာေတြဆက္ျဖစ္ႏိုင္မလဲ…?

သားဥအိမ္ေရအိတ္အမ်ားစုကေတာ့ ကုသမႈ ခံယူမရွိဘဲ သဘာဝအေလ်ာက္ ေပ်ာက္တတ္ပါတယ္။ ပုံမွနိစစ္ေဆးမႈ ျပဳလုပ္သင့္ပါတယ္။ အ႐ြယ္အစားႀကီးမားေသာ သားဥအိမ္ေရအိတ္မ်ားကေတာ့ လိမ္ျခင္း၊ ေနရာေ႐ြ႕ျခင္းေၾကာင့္ ေသြးလည္ပတ္မႈ မရရွိျခင္းေၾကာင့္ သားဥအိမ္ပ်က္ဆီးတတ္ပါတယ္။ ေရအိတ္ေပါက္ခဲ့လွ်င္ ျပင္းထန္စြာ နာက်င္ျခင္းႏွင့္ေသြးထြက္ျခင္းေၾကာင့္ အျမန္ဆုံးမကုသပါက ပိုးဝင္ျခင္းႏွင့္ အသက္အႏၲရာယ္ ထိခိုက္မႈ ျဖစ္သည္အထိ ရွိလာႏိုင္ပါတယ္။

သားဥအိမ္ေရအိတ္ကို အတ္ထရာေဆာင္း႐ိုက္ျခင္းျဖင့္ အ႐ြယ္အစား၊ တည္ေနရာႏွင့္ မည္သည့္အမ်ိဳးအစားေရအိတ္ျဖစ္ႏိုင္ေၾကာင္း သိရွိႏိုင္ပါတယ္။ အ႐ြယ္အစား၊ အမ်ိဳးအစားေပၚမူတည္၍ ကုသရပါတယ္။ လိုအပ္မွသာ ခြဲထုတ္ရပါတယ္။ သားဆက္ျခားေဆး သုံးစြဲျခင္းျဖင့္ မ်ိဳးဥေႂကြျခင္းကို တားၿပီး ေရအိတ္အသစ္ျဖစ္ျခင္း ကာကြယ္ပါတယ္။

ေရအိတ္မျဖစ္ေအာင္ ကာကြယ္လို႔မရပါ။ သို႔ေပမယ့္ ေစာစီးစြာ သိျခင္းက မိမိအတြက္ပိုေကာင္းပါတယ္။ ေရအိတ္ကုသဖယ္ရွားၿပီး ေနာက္ထပ္ ေရအိတ္ထပ္ျဖစ္ျခင္းသည္ ေသြးဆုံးခါနီး အမ်ိဳးသမီးမ်ားႏွင္ ေဟာ္မုန္းမညီမွ်ေသာ အမ်ိဳးသမီးမ်ားတြင္ ျဖစ္တတ္ပါတယ္။ အခ်ိဳ႕ေရအိတ္မ်ားက မကုသလွ်င္ ကေလးမရျခင္း ျဖစ္ႏိုင္ပါတယ္။ ေသြးဆုံးၿပီးေသာ အမ်ိဳးသမီးမ်ားတြင္ ေရအိတ္ရွိပါက သားဥအိမ္ကင္ဆာ ျဖစ္ႏိုင္ေခ် ရွိပါတယ္။ ထို႔ေၾကာင့္ေရအိတ္ရွိပါက ေသခ်ာနားလည္တတ္ကြၽမ္းေသာဆရာဝန္ႏွင့္ ေသခ်ာေဆြးေႏြး ကုသပါ။

Author : Dr. ျပည့္ရွင္း

(Unicode)

အမျိုးသမီးအများစု မေးလေ့ရှိတဲ့ ရေအိတ် (Cyst) အကြောင်းပါ။ အခုရေးမှာက သားဥအိမ်မှာတည်တဲ့ရေအိတ် (Ovarian Cyst) အကြောင်းပါ။ အမျိုးသမီးအများစုတွင် သားဥအိမ် ရေအိတ်ရှိနေတာကို ဘာလက္ခဏာမှ မခံစားရဘဲ အမှတ်မထင် တွေ့တတ်ပါတယ်။

ဘာလို့ရေအိတ်တည်ရတာလဲ ဟုမေးကြပါတယ်။ သားဥအိမ်ဆိုတာက မွေးလမ်းကြောင်းရဲ့တစ်စိတ်တစ်ဒေသပါ။ သားအိမ်ရဲ့ တစ်ဘက်စီမှာ ဘယ်ညာ ၂ ခုရှိပါတယ်။ ၎င်းသည် မမျိုးဥနှင့်ဟော်မုန်း ထုတ်ပေးပါတယ်။ တစ်ခါတရံမှာ ရေအိတ်က မမျိုးဥအိမ်မှာ ပေါ်လာပါတယ်။ အမျိုးသမီးတိုင်း ဘဝမှာအနည်းဆုံး ရေအိတ်တစ်ခါ ဖြစ်ဖူးတတ်ကြပေမယ့် မနာမကျင် နှင့် လက္ခဏာမပြလို့ သတိမထားမိကြပါ။ သားဥအိမ် အိတ်တည်ခြင်းသည် အမျိုးအစား များစွာကွဲ ပြားပါသေးတယ်။ Dermoid Cyst နှင့် Endometrioma Cyst စသည်ဖြင့် ကွဲ ပြားပါတယ်။ အဖြစ်အများဆုံးကတော့ Follicle cyst နှင့် Corpus Luteum Cyst ပါ။

Follicle Cyst

အမျိုးသမီးများ ရာသီစက်ဝန်းအတွင်း မမျိုးဥသည် အိတ် (Follicle) အဖြစ် ကြီးထွားလာပါတယ်။ ၎င်းသည် သားဥအိမ် အတွင်းရှိပါတယ်။ အကယ်၍ အိတ်ပေါက်ပြီး ပွင့်ခဲ့ရင် မမျိုးဥ ထွက်လာပါတယ်။သို့သော် မပေါက်ပဲ အရည်များစုလာခဲ့သာ် သားဥအိမ်ရေအိတ် ဖြစ်လာပါတယ်။

Corpus Luteum Cysts

Follicle အိတ်သည် ပေါက်ပြီး မမျိုးဥ ထွက်သော် ပျော်ဝင် ပျောက်ကွယ်တတ်ပါတယ်။ သို့သော် မပျောက်ခဲ့လျှင် အိတ်အတွင်း တခြားသော အရည်များ ထပ်ဝင်လာကာ Corpu Luteum Cyst ဖြစ်စေပါတယ်။
အချို့ထူးခြားသော အိတ် (Cyst) များ ရှိပါတယ်။ အချို့အိတ်ထဲတွင် ဆံပင်၊ သွား၊ အဆီများ၊ အသားများရှိနေတတ်ပါတယ်။ Dermoid Cyst လို့ ခေါ်ပါတယ်။

သားအိမ်အတွင်းရှိ အသားစသည် အတွင်းတွင် မရှိဘဲ သားအိမ်အပြင် မမျိုးဥအိမ်တွင် တွယ်ကပ်ကာ အိတ်ဖြစ်နေတတ်ပါတယ်။ Endometriomas လို့ ခေါ်ပါတယ်။ မမျိုးဥအိမ်ထဲတွင် သေးငယ်သောအိတ်များစွာ တည်ရှိနေတတ်ပါတယ်။ ထို့ကြောင့် မမျိုးဥအိမ်သည် ပိုမိုကြီးထွားနေတတ်ပါတယ်။ Polycystic Ovary Syndrome ဟု ခေါ်ပါတယ်။ ထိုအခါ မကုသပါက ကလေးမရနိုင်သည်အထိ ဖြစ်တတ်ပါတယ်။

အများအားဖြင့် မမျိုးဥအိမ် ရေအိတ်များသည် လက္ခာဏာ မပြတတ်ပါ။ ရေအိတ်ကြီးထွားလျှင် လက္ခာဏာ ပေါ်ပေါက်လာပါတယ်။ လက္ခာဏာများကတော့ လေပွခြင်း၊ အူလှုပ်ရှားတိုင်းနာခြင်း၊ရာသီလာစဉ်နှင့် မလာခင်ကိုက်ခဲခြင်း၊ လိင်ဆက်ဆံစဉ် နာကျင်ခြင်း၊ ကျောအောင့်ခြင်း၊ ရင်သားနာခြင်းနှင့် ပျော့အန်ခြင်း စသည်တို့ ဖြစ်ပါတယ်။ အကယ်၍ ကိုယ်အောက်ပိုင်းနာကျင်ခြင်း၊ ဖျားခြင်း၊သတိလစ်ခြင်းနှင့် အသက်ရှူမြန်ခြင်းစသော ပြင်းထန်သော လက္ခာဏာများ ပေါ်ပေါက်လာပါက အရေးပေါ်ဆေးကုသမှု လုပ်သင့်ပါတယ်။ ထိုလက္ခာဏာပေါ်ပေါက်လာခြင်းသည် သားဥအိမ်အိတ်ပေါက်ခြင်းနှင့် သားဥအိမ် လိမ်သွားခြင်းဖြစ်နိုင်ပါတယ်။ အမြန်ဆုံး သေချာကုသမှု ခံယူမှုမပြုလျှင် နောက်ဆက်တွဲဆိုးကျိုးများ ခံစားရပါမယ်။

ရေအိတ်ရှိရင် ဘာတွေဆက်ဖြစ်နိုင်မလဲ…?

သားဥအိမ်ရေအိတ်အများစုကတော့ ကုသမှု ခံယူမရှိဘဲ သဘာဝအလျောက် ပျောက်တတ်ပါတယ်။ ပုံမှနိစစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။ အရွယ်အစားကြီးမားသော သားဥအိမ်ရေအိတ်များကတော့ လိမ်ခြင်း၊ နေရာရွေ့ခြင်းကြောင့် သွေးလည်ပတ်မှု မရရှိခြင်းကြောင့် သားဥအိမ်ပျက်ဆီးတတ်ပါတယ်။ ရေအိတ်ပေါက်ခဲ့လျှင် ပြင်းထန်စွာ နာကျင်ခြင်းနှင့်သွေးထွက်ခြင်းကြောင့် အမြန်ဆုံးမကုသပါက ပိုးဝင်ခြင်းနှင့် အသက်အန္တရာယ် ထိခိုက်မှု ဖြစ်သည်အထိ ရှိလာနိုင်ပါတယ်။

သားဥအိမ်ရေအိတ်ကို အတ်ထရာဆောင်းရိုက်ခြင်းဖြင့် အရွယ်အစား၊ တည်နေရာနှင့် မည်သည့်အမျိုးအစားရေအိတ်ဖြစ်နိုင်ကြောင်း သိရှိနိုင်ပါတယ်။ အရွယ်အစား၊ အမျိုးအစားပေါ်မူတည်၍ ကုသရပါတယ်။ လိုအပ်မှသာ ခွဲထုတ်ရပါတယ်။ သားဆက်ခြားဆေး သုံးစွဲခြင်းဖြင့် မျိုးဥကြွေခြင်းကို တားပြီး ရေအိတ်အသစ်ဖြစ်ခြင်း ကာကွယ်ပါတယ်။

ရေအိတ်မဖြစ်အောင် ကာကွယ်လို့မရပါ။ သို့ပေမယ့် စောစီးစွာ သိခြင်းက မိမိအတွက်ပိုကောင်းပါတယ်။ ရေအိတ်ကုသဖယ်ရှားပြီး နောက်ထပ် ရေအိတ်ထပ်ဖြစ်ခြင်းသည် သွေးဆုံးခါနီး အမျိုးသမီးများနှင် ဟော်မုန်းမညီမျှသော အမျိုးသမီးများတွင် ဖြစ်တတ်ပါတယ်။ အချို့ရေအိတ်များက မကုသလျှင် ကလေးမရခြင်း ဖြစ်နိုင်ပါတယ်။ သွေးဆုံးပြီးသော အမျိုးသမီးများတွင် ရေအိတ်ရှိပါက သားဥအိမ်ကင်ဆာ ဖြစ်နိုင်ချေ ရှိပါတယ်။ ထို့ကြောင့်ရေအိတ်ရှိပါက သေချာနားလည်တတ်ကျွမ်းသောဆရာဝန်နှင့် သေချာဆွေးနွေး ကုသပါ။

Author : Dr. ပြည့်ရှင်း

Previous Post

အဆုတ်အားကောင်းအောင်ဘာတွေလုပ်ရမလဲ။

Next Post

ရေဖျဉ်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
591
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရေဖျဉ်း

ဆီးချိုသွေးချိုဖြစ်ရင် သောက်ဆေးထိုးဆေးနဲ့တင် လုံလောက်ပြီလား။

အသားတွေယားတာ ဘာလို့လဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.