fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

သင့်ကလေးက ဝနေတာလား? ဖောနေတာလား?

145
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/04/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

(Zawgyi)

အေမေတြဟာ မိမိကေလးဝေနတယ္လုိ႔ထင္ေနတတ္ပါတယ္။ ဒါေပမယ့္ တစ္ခါတစ္ေလမွာ ေက်ာက္ကပ္မေကာင္းလုိ႔ ေဖာေနတာမ်ဳိးျဖစ္တတ္ပါတယ္။ ကေလးေတြမွာ အျဖစ္မ်ားတဲ့ ေက်ာက္ကပ္ေရာဂါထဲကတစ္ခုကေတာ့ Nephrotic syndrome ပဲျဖစ္ပါတယ္။

Nephrotic syndrome ဆုိတာဘာလဲ

Nephrotic syndrome ဆုိတာကေတာ့ ဆီးထဲမွာ အသားဓာတ္ေတြအမ်ားၾကီးပါေနတဲ့ ေရာဂါတစ္ခုျဖစ္ပါတယ္။ ေယာက္က်ားေလးေတြမွာ ပုိအျဖစ္မ်ားျပီး မူၾကဳိအရြယ္ကေလးေတြမွာ အျဖစ္မ်ားပါတယ္။ Nephrotic syndrome မွာ အသားဓာတ္ေတြဟာဆီးထဲပါသြားတဲ့အတြက္ ေသြးထဲမွာ အသားဓာတ္ နည္းသြားတတ္ပါတယ္။ အဲဒီအခါမွာေသြးဟာ က်ဲျပီးအရည္ကုိ ဆြဲႏုိင္တဲ့အားက်သြားတယ္။ ဆြဲအားက်သြားတဲ့အတြက္ အသားစေတြထဲကုိ အရည္ေတြစိမ့္ဝင္သြားျပီး တစ္ကုိယ္လုံးေဖာလာတတ္ပါတယ္။ စစျခင္းမွာ ကေလးဟာ ႏုိးႏုိးခ်င္း မ်က္လုံးအိမ္ေတြ ေဖာင္းေနတတ္တယ္။ မ်က္ႏွာအစ္အစ္ေလးျဖစ္ေနတတ္ပါတယ္။ ေနာက္တျဖည္းျဖည္းနဲ႔ ေျခေထာက္ေတြ လက္ေတြပါ ေဖာျပီး ေယာင္လာတတ္တယ္။ အသားဓာတ္ဟာ ပုံမွန္လူတစ္ေယာက္ရဲ႕ ဆီးထဲမွာ မပါရပါဘူး။ ဒီေရာဂါခံစားေနရတဲ့ ကေလးငယ္မွာေတာ့ အသားဓာတ္ေတြ ဆီးထဲမွာ အမ်ားၾကီးပါေနတာကုိ ေတြ႔ႏုိင္ပါတယ္။ ဆီးဟာ ပုံမွန္ထက္ အျမွပ္ပုိထေနတတ္ပါတယ္။ ကေလးဟာ ေဖာလာတဲ့အျပင္ ကုိယ္အေလးခ်ိန္လည္း တုိးေနတတ္တယ္။ ေသြးစစ္ၾကည့္ရင္လည္း အသားဓာတ္နည္းတာေတြ ၊ ကိုလက္စေတာဓာတ္အရမ္းမ်ားေနတာေတြ ေတြ႕ႏုိင္ပါတယ္။ ဒီလုိျဖစ္လာရင္  ေဆးကုသမႈခံယူသင့္ပါတယ္။ ေသြးစစ္တာ ၊ ဆီးစစ္တာေတြ လုပ္ရမယ့္အျပင္ လုိအပ္ရင္ ေက်ာက္ကပ္အသားစပါယူျပီးစစ္ေဆးရပါတယ္။ ဒီေရာဂါျဖစ္တဲ့ ကေလးငယ္ကုိ ေရနဲ႔ ဆားကုိ ေလ်ာ့ေကၽြးသင့္ပါတယ္။

ေနာက္ထပ္အျဖစ္မ်ားတဲ့ ေရာဂါတစ္ခုကေတာ့ Glomerulonephritis (APSGN) ပဲျဖစ္ပါတယ္။

ေက်ာက္ကပ္ေယာင္ရမ္းတဲ့ေရာဂါတစ္ခုျဖစ္ပါတယ္။ ကေလးေတြနဲ႔ အသက္ ၁၅ႏွစ္ေအာက္ အရြယ္ေတြမွာ ျဖစ္တာမ်ားပါတယ္။ ဒီလုိမျဖစ္ခင္မွာ ႏွာေစး၊ ေခ်ာင္းဆုိး ၊လည္ေခ်ာင္းနာတာ ၊ အေရျပားမွာ အနာျဖစ္တာမ်ဳိးေတြရွိတတ္ပါတယ္။ ဒီေရာဂါရဲ႕လကၡဏာေတြကေတာ့ မ်က္ႏွာေတြအမ္းလာတာ ၊ ဆီးထဲေသြးပါတာ ( ကုိကာကုိလာအေရာင္လုိ ဆီးေတြသြားတာ) ဆီးထဲအသားဓာတ္ပါတာေတြ ျဖစ္တတ္ပါတယ္။ အရမ္းဆုိးလာရင္ ဆီးနည္းသြားတတ္ပါတယ္။ ကေလးဆုိေပမယ့္ ဒီေရာဂါခံစားေနရရင္ ေသြးလဲတုိးတတ္ပါေသးတယ္။ ဒါေၾကာင့္ ဒီေရာဂါျဖစ္တဲ့ ကေလးငယ္တစ္ေယာက္ကုိ ေဆးရုံမွာဆုိ ေသြးေပါင္ခ်ိန္ကုိ ဇယားဆြဲျပီး မွတ္သားထားေလ့ရွိပါတယ္။ ေနာက္ဆက္တြဲအေနနဲ႔ ေက်ာက္ကပ္ပ်က္စီးတာ ၊ ေသြးတုိးေၾကာင့္ ႏွလုံးပ်က္စီးတာေတြ ျဖစ္ႏုိင္တဲ့အတြက္ ေသခ်ာလုိက္နာ ကုသဖုိ႔လည္း လုိအပ္ပါတယ္။

ေနာက္ထပ္ေရာဂါတစ္ခုကေတာ့ ရုတ္တရပ္ေက်ာက္ကပ္ပ်က္စီးျခင္းပဲျဖစ္ပါတယ္။

ရုတ္တရပ္ေက်ာက္ကပ္ပ်က္စီးျခင္းကုိ ျဖစ္ေစတဲ့ အရာေတြကေတာ့ အမ်ားၾကီးရွိပါတယ္။ အျဖစ္မ်ားတဲ့အရာထဲက တစ္ခုကေတာ့ ဆီးလမ္းေၾကာင္းပုိးဝင္ျခင္းပဲျဖစ္ပါတယ္။ ဆီးလမ္းေၾကာင္း ပုိးဝင္ျခင္းဟာ ႏုိ႔စုိ႔အရြယ္ကေလးငယ္မွာဆုိ ေယာက္က်ားေလးေတြက ပုိအျဖစ္မ်ားျပီးေတာ့ တစ္ႏွစ္ေက်ာ္ကေလး အရြယ္မွာေတာ့ မိန္းကေလးေတြမွာ ပုိအျဖစ္မ်ားပါတယ္။ ဆီးလမ္းေၾကာင္း ပုိးဝင္ျခင္းရဲ႕ လကၡဏာေတြကေတာ့ ဖ်ားမယ္ ၊ ဂ်ီက်ေနမယ္ ၊ ဗုိက္နာမယ္ ၊ဆီးမၾကာခဏ သြားမယ္၊ ဆီးသြားခ်င္ရင္ ထိန္းလုိ႔မရတာေတြျဖစ္တတ္တယ္။ ကေလးဟာ ဆီးသြားခါနီးရင္ ငုိတာတုိ႔ ၊ ဂ်ီက်တာတုိ႔လည္း ရွိႏုိင္တယ္။ တစ္ခါတစ္ေလဆုိ ဆီးထဲမွာ ေသြးပါတာေတြေတာင္ ရွိႏုိင္တယ္။ ၃ လေအာက္ကေလးငယ္ေတြမွာ ျဖစ္ရင္ ေရာဂါလကၡဏာ သဲသဲကြဲကြဲ မျပဘဲ ႏုိ႔စုိ႔နည္းသြားတာ ၊ ကုိယ္အေလးခ်ိန္မတက္တာေတြျဖစ္ႏုိင္တယ္။ တကယ္လုိ႔ မိမိ ကေလးငယ္မွာ အေပၚက ေျပာထားတဲ့ လကၡဏာေတြ ေတြ႔ရင္ တတ္ကၽြမ္းနားလည္တဲ့ ဆရာဝန္နဲ႔ ေသခ်ာျပေပးပါ။ ကေလးကုိ ေရမ်ားမ်ားတုိက္ပါ။ ဆီးခဏခဏ တည္ေပးပါ။ အရမ္းၾကပ္တဲ့ ေဘာင္းဘီေတြ ဇစ္ပါတဲ့ ေဘာင္းဘီေတြ ေပးမဝတ္ပါနဲ႔ ။ ဆရာဝန္ညြန္ၾကားတဲ့ ေဆးကုိ ေသခ်ာတုိက္ပါ။ အဲဒါဆုိ ဆီးလမ္းေၾကာင္းပုိးဝင္တာကတဆင့္ ေက်ာက္ကပ္ပ်က္စီးႏုိင္တဲ့အဆင့္ထိမေရာက္ႏုိင္ေတာ့ပါဘူး။

 

ကေလးကုိ ေဖာေစတဲ့ အခ်က္ေတြထဲမွာ ေက်ာက္ကပ္မေကာင္းတာအျပင္ ႏွလုံးမေကာင္းတာ ၊ အသည္းမေကာင္းတာ ၊ အာဟာရဓာတ္ခ်ဳိ႔တဲ့တာအျပင္ အျခားေရာဂါအမ်ဳိးမ်ဳိးေၾကာင့္လည္း ျဖစ္ႏုိင္ပါေသးတယ္။ ဘာေၾကာင့္ပဲ ေဖာေဖာ ဆရာဝန္နဲ႔ တုိင္ပင္ေဆြးေႏြးကုသဖုိ႔ အေရးၾကီးပါတယ္။ ဒါေၾကာင့္ မိမိရဲ႔ စိတ္ထဲမွာ ကေလးဝေနတဲ့ပုံစံဟာ ပုံမွန္မဟုတ္ဘူးထင္ရင္ ၊ အိပ္ယာႏုိးႏုိးျခင္း မ်က္လုံးအိမ္ေတြေတြဟာ သိသိသာသာၾကီးကုိ ေဖာင္းေနတယ္ထင္ရင္ ၊ ေျခေထာက္ေလးကုိ ဖိၾကည့္လုိ႔ ခ်ဳိင့္ဝင္သြားရင္ ၊ ကေလးဟာ လန္းဆန္းမႈမရွိဘဲ ႏူန္းေနတယ္ဆုိရင္ နီးစပ္ရာ ေဆးရုံေဆးခန္းမွာ ရွိတဲ့ ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။ ကေလးငယ္မ်ားကုိ ျခိမ္းေျခာက္ေနတဲ့ ဒီေရာဂါဆုိးေတြကို မိခင္မ်ားေစာစီးစြာ သတိျပဳမိႏုိင္ပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းရင္း ဤေဆာင္းပါးေလးကုိ နိဂုံးခ်ဳပ္အပ္ပါတယ္။

Author: Dr.ေမ

(Unicode)

အမေတွေဟာ မိမိကလေးဝနေတယ်လို့ထင်နေတတ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကျောက်ကပ်မကောင်းလို့ ဖောနေတာမျိုးဖြစ်တတ်ပါတယ်။ ကလေးတွေမှာ အဖြစ်များတဲ့ ကျောက်ကပ်ရောဂါထဲကတစ်ခုကတော့ Nephrotic syndrome ပဲဖြစ်ပါတယ်။

Nephrotic syndrome ဆိုတာဘာလဲ

Nephrotic syndrome ဆိုတာကတော့ ဆီးထဲမှာ အသားဓာတ်တွေအများကြီးပါနေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ယောက်ကျားလေးတွေမှာ ပိုအဖြစ်များပြီး မူကြိုအရွယ်ကလေးတွေမှာ အဖြစ်များပါတယ်။ Nephrotic syndrome မှာ အသားဓာတ်တွေဟာဆီးထဲပါသွားတဲ့အတွက် သွေးထဲမှာ အသားဓာတ် နည်းသွားတတ်ပါတယ်။ အဲဒီအခါမှာသွေးဟာ ကျဲပြီးအရည်ကို ဆွဲနိုင်တဲ့အားကျသွားတယ်။ ဆွဲအားကျသွားတဲ့အတွက် အသားစတွေထဲကို အရည်တွေစိမ့်ဝင်သွားပြီး တစ်ကိုယ်လုံးဖောလာတတ်ပါတယ်။ စစခြင်းမှာ ကလေးဟာ နိုးနိုးချင်း မျက်လုံးအိမ်တွေ ဖောင်းနေတတ်တယ်။ မျက်နှာအစ်အစ်လေးဖြစ်နေတတ်ပါတယ်။ နောက်တဖြည်းဖြည်းနဲ့ ခြေထောက်တွေ လက်တွေပါ ဖောပြီး ယောင်လာတတ်တယ်။ အသားဓာတ်ဟာ ပုံမှန်လူတစ်ယောက်ရဲ့ ဆီးထဲမှာ မပါရပါဘူး။ ဒီရောဂါခံစားနေရတဲ့ ကလေးငယ်မှာတော့ အသားဓာတ်တွေ ဆီးထဲမှာ အများကြီးပါနေတာကို တွေ့နိုင်ပါတယ်။ ဆီးဟာ ပုံမှန်ထက် အမြှပ်ပိုထနေတတ်ပါတယ်။ ကလေးဟာ ဖောလာတဲ့အပြင် ကိုယ်အလေးချိန်လည်း တိုးနေတတ်တယ်။ သွေးစစ်ကြည့်ရင်လည်း အသားဓာတ်နည်းတာတွေ ၊ ကိုလက်စတောဓာတ်အရမ်းများနေတာတွေ တွေ့နိုင်ပါတယ်။ ဒီလိုဖြစ်လာရင် ဆေးကုသမှုခံယူသင့်ပါတယ်။ သွေးစစ်တာ ၊ ဆီးစစ်တာတွေ လုပ်ရမယ့်အပြင် လိုအပ်ရင် ကျောက်ကပ်အသားစပါယူပြီးစစ်ဆေးရပါတယ်။ ဒီရောဂါဖြစ်တဲ့ ကလေးငယ်ကို ရေနဲ့ ဆားကို လျော့ကျွေးသင့်ပါတယ်။

နောက်ထပ်အဖြစ်များတဲ့ ရောဂါတစ်ခုကတော့ Glomerulonephritis (APSGN) ပဲဖြစ်ပါတယ်။

ကျောက်ကပ်ယောင်ရမ်းတဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ ကလေးတွေနဲ့ အသက် ၁၅နှစ်အောက် အရွယ်တွေမှာ ဖြစ်တာများပါတယ်။ ဒီလိုမဖြစ်ခင်မှာ နှာစေး၊ ချောင်းဆိုး ၊လည်ချောင်းနာတာ ၊ အရေပြားမှာ အနာဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ ဒီရောဂါရဲ့လက္ခဏာတွေကတော့ မျက်နှာတွေအမ်းလာတာ ၊ ဆီးထဲသွေးပါတာ ( ကိုကာကိုလာအရောင်လို ဆီးတွေသွားတာ) ဆီးထဲအသားဓာတ်ပါတာတွေ ဖြစ်တတ်ပါတယ်။ အရမ်းဆိုးလာရင် ဆီးနည်းသွားတတ်ပါတယ်။ ကလေးဆိုပေမယ့် ဒီရောဂါခံစားနေရရင် သွေးလဲတိုးတတ်ပါသေးတယ်။ ဒါကြောင့် ဒီရောဂါဖြစ်တဲ့ ကလေးငယ်တစ်ယောက်ကို ဆေးရုံမှာဆို သွေးပေါင်ချိန်ကို ဇယားဆွဲပြီး မှတ်သားထားလေ့ရှိပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကျောက်ကပ်ပျက်စီးတာ ၊ သွေးတိုးကြောင့် နှလုံးပျက်စီးတာတွေ ဖြစ်နိုင်တဲ့အတွက် သေချာလိုက်နာ ကုသဖို့လည်း လိုအပ်ပါတယ်။

နောက်ထပ်ရောဂါတစ်ခုကတော့ ရုတ်တရပ်ကျောက်ကပ်ပျက်စီးခြင်းပဲဖြစ်ပါတယ်။

ရုတ်တရပ်ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်စေတဲ့ အရာတွေကတော့ အများကြီးရှိပါတယ်။ အဖြစ်များတဲ့အရာထဲက တစ်ခုကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းပဲဖြစ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဟာ နို့စို့အရွယ်ကလေးငယ်မှာဆို ယောက်ကျားလေးတွေက ပိုအဖြစ်များပြီးတော့ တစ်နှစ်ကျော်ကလေး အရွယ်မှာတော့ မိန်းကလေးတွေမှာ ပိုအဖြစ်များပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ လက္ခဏာတွေကတော့ ဖျားမယ် ၊ ဂျီကျနေမယ် ၊ ဗိုက်နာမယ် ၊ဆီးမကြာခဏ သွားမယ်၊ ဆီးသွားချင်ရင် ထိန်းလို့မရတာတွေဖြစ်တတ်တယ်။ ကလေးဟာ ဆီးသွားခါနီးရင် ငိုတာတို့ ၊ ဂျီကျတာတို့လည်း ရှိနိုင်တယ်။ တစ်ခါတစ်လေဆို ဆီးထဲမှာ သွေးပါတာတွေတောင် ရှိနိုင်တယ်။ ၃ လအောက်ကလေးငယ်တွေမှာ ဖြစ်ရင် ရောဂါလက္ခဏာ သဲသဲကွဲကွဲ မပြဘဲ နို့စို့နည်းသွားတာ ၊ ကိုယ်အလေးချိန်မတက်တာတွေဖြစ်နိုင်တယ်။ တကယ်လို့ မိမိ ကလေးငယ်မှာ အပေါ်က ပြောထားတဲ့ လက္ခဏာတွေ တွေ့ရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ သေချာပြပေးပါ။ ကလေးကို ရေများများတိုက်ပါ။ ဆီးခဏခဏ တည်ပေးပါ။ အရမ်းကြပ်တဲ့ ဘောင်းဘီတွေ ဇစ်ပါတဲ့ ဘောင်းဘီတွေ ပေးမဝတ်ပါနဲ့ ။ ဆရာဝန်ညွန်ကြားတဲ့ ဆေးကို သေချာတိုက်ပါ။ အဲဒါဆို ဆီးလမ်းကြောင်းပိုးဝင်တာကတဆင့် ကျောက်ကပ်ပျက်စီးနိုင်တဲ့အဆင့်ထိမရောက်နိုင်တော့ပါဘူး။

ကလေးကို ဖောစေတဲ့ အချက်တွေထဲမှာ ကျောက်ကပ်မကောင်းတာအပြင် နှလုံးမကောင်းတာ ၊ အသည်းမကောင်းတာ ၊ အာဟာရဓာတ်ချို့တဲ့တာအပြင် အခြားရောဂါအမျိုးမျိုးကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဘာကြောင့်ပဲ ဖောဖော ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကုသဖို့ အရေးကြီးပါတယ်။ ဒါကြောင့် မိမိရဲ့ စိတ်ထဲမှာ ကလေးဝနေတဲ့ပုံစံဟာ ပုံမှန်မဟုတ်ဘူးထင်ရင် ၊ အိပ်ယာနိုးနိုးခြင်း မျက်လုံးအိမ်တွေတွေဟာ သိသိသာသာကြီးကို ဖောင်းနေတယ်ထင်ရင် ၊ ခြေထောက်လေးကို ဖိကြည့်လို့ ချိုင့်ဝင်သွားရင် ၊ ကလေးဟာ လန်းဆန်းမှုမရှိဘဲ နူန်းနေတယ်ဆိုရင် နီးစပ်ရာ ဆေးရုံဆေးခန်းမှာ ရှိတဲ့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ကလေးငယ်များကို ခြိမ်းခြောက်နေတဲ့ ဒီရောဂါဆိုးတွေကို မိခင်များစောစီးစွာ သတိပြုမိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤဆောင်းပါးလေးကို နိဂုံးချုပ်အပ်ပါတယ်။

Author: Dr.မေ

Previous Post

ဖုန္း

Next Post

လိပ်ခေါင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
824

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
993
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
670

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လိပ်ခေါင်း

အမျိုးသမီးများအတွက် ဒွိဟများတက်သော ရာသီပေါ်ခြင်း

ဘယ်သူ့ကြောင့် ကလေးမရတာလဲ ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.