Question
အေပၚေရွ႕သြား ၂ေခ်ာင္းၾကားမွာ နည္းနည္းက်ဲေနပါတယ္ ။ ဘာေၾကာင့္အခုလိုျဖစ္ရတာလဲ ? ဘယ္လိုျပဳျပင္လို႔ရပါသလဲ ?
Answer
ေရွ႕သြား ၂ေခ်ာင္းၾကားမွာ အခုလိုက်ဲေနတာက ကေလးငယ္ေတြမွာေတာ့ ပုံမွန္အေျခအေနလို႔ေျပာလို႔ရပါတယ္ ။
ႀကီးသြားေတြစထြက္လာခါစ အခ်ိန္မ်ိဳးမွာေပါ့ ။ ျပသနာမဟုတ္သလို အခ်ိန္တန္ရင္လည္း သူ႔အလိုလိုျပန္စိသြားမွာပါ ။
အသက္ႀကီးလာတဲ့အထိ ျပန္မစိဘူးဆိုရင္ေတာ့ စဥ္းစားစရာေလးေတြရွိလာၿပီေပါ့ ။ သြားေတြကပုံမွန္ထက္ေသးေနရင္ သြားေတြက်ဲေလ့ရွိပါတယ္ ။
အေပၚႏႈတ္ခမ္းနဲ႔သြားဖုံးၾကားမွာရွိတဲ့ လွ်ာခင္(Labial frenum)ႀကီးေနရင္လည္း ျဖစ္တတ္သလို ေမြးရာပါသြားတခ်ိဳ႕ပါမလာရင္လည္း သြားက်ဲႏိုင္ေျခရွိပါတယ္ ။
အခ်ိဳ႕ကလည္းမ်ိဳး႐ိုးလိုက္လို႔ျဖစ္တတ္ၿပီး သြားဖုံးထဲမွာသြားအပိုေလး (Mesiodens) ေတြပါလာရင္လည္း ျဖစ္တတ္ပါတယ္ ။
လက္မစုပ္တတ္တဲ့အက်င့္ေၾကာင့္လည္း တခါတရံျဖစ္တတ္ၿပီး သြားဖုံးေတြမက်န္းမာေတာ့တဲ့ အသက္ႀကီးပိုင္းေတြမွာလည္းျဖစ္တတ္ပါတယ္ ။
??သြားက်ဲတာကို ကုသဖို႔နည္းလမ္းေတြကေတာ့ …
၁) သြားေလးေတြက်ဲေနတာကို ေလဆာ+ေဆး(Light-cure composite filling) အသုံးၿပီးသြားအေရာင္နဲ႔ အနီးစပ္ဆုံးတူေအာင္ လုပ္ေပးလို႔ရပါတယ္ ။ ေရရွည္ေတာ့မခံပါဘူး ။
(ကုသခ်ိန္ ၁နာရီဝန္းက်င္ပဲၾကာပါမယ္)
၂) က်ဲေနတဲ့သြားေတြကို ေႂကြအစြပ္(Crown)စြပ္ၿပီးျပဳျပင္လို႔လည္းရပါတယ္ ။ သြားအေရာင္နဲ႔အနီးစပ္ဆုံးတူတဲ့ ေႂကြအမ်ိဳးအစား (Layered Zirconia , All Ceramic) ေတြဆိုရင္ ပိုေကာင္းပါတယ္ ။ သြားကိုေႂကြအစြပ္စြပ္ဖို႔အတြက္ အနည္းငယ္ျပဳျပင္ရပါမယ္ ။ ႏွစ္ေပါင္းမ်ားစြာ ခံပါတယ္ ။
(ကုသခ်ိန္ ၁ပတ္ခန႔္အနည္းဆုံးၾကာပါမယ္)
၃) သြားက်ဲတာကို အေကာင္းစားေႂကြလႊာ(veneer)ကပ္ၿပီးျပဳျပင္လို႔ရပါတယ္ ။ သြားအေျခအေနေပၚ မူတည္ၿပီးဆုံးျဖတ္ရေလ့ရွိပါတယ္ ။ သြားမ်က္ႏွာျပင္ကိုေႂကြလႊာကပ္ဖို႔ အနည္းငယ္ျပဳျပင္ရပါတယ္ ။ ႏွစ္ေပါင္းမ်ားစြာ ခံပါတယ္ ။
(ကုသခ်ိန္ ၁ပတ္ခန႔္အနည္းဆုံးၾကာပါမယ္)
၄) သြားက်ဲတာကိုျပန္စိဖို႔ သြားညႇိကုသမႈခံယူတာကေတာ့ အေကာင္းဆုံးနည္းလမ္းပါ ။ အခ်ိန္ေပးရေပမယ့္ကုသမႈၿပီးသြားရင္ သြားေတြက ၁သက္လုံးထပ္ျပင္စရာမလိုေတာ့ပါဘူး ။ သြားညႇိကုသတာကိုေတာ့ Braces (Traditional , Ceramic , Damon) နဲ႔ Clear Aligner (Invisalign) ေတြအသုံးျပဳေပးႏိုင္ပါတယ္ ။
(ကုသခ်ိန္ ၆လဝန္းက်င္ မွ ႏွစ္နဲ႔ခ်ီၾကာေလ့ရွိပါတယ္)
သြားေတြမရွိလို႔က်ဲတာမ်ိဳးဆိုရင္ သြားအျမစ္တု (dental implant) ထည့္သင့္ရင္ထည့္ ၊ သြားစိုက္တာေတြ လုပ္ေပးႏိုင္ပါတယ္ ။ သြားဖုံးေတြမေကာင္းလို႔ သြားေတြက်ဲလာတယ္ဆိုရင္ေတာ့ သြားဆရာဝန္နဲ႔တိုင္ပင္ကုသမႈေတြလုပ္ရပါလိမ့္မယ္ ။
Labial frenum ႀကီးေနတာမ်ိဳးဆိုရင္ frenectomy လုပ္သင့္ရင္လုပ္ရပါလိမ့္မယ္ ။
မွတ္ခ်က္ … က်ဲေနတဲ့သြားေတြရဲ႕လက္ရွိအေျခအေန ၊ ခံတြင္းအေနအထားကိုလိုက္ၿပီး ကုသမႈပုံစံေျပာင္းလဲပါတယ္ ။
Dr. မုိးေဝ (မုိးပုလဲ)
Unicode
Question
အပေါ်ရှေ့သွား ၂ချောင်းကြားမှာ နည်းနည်းကျဲနေပါတယ် ။ ဘာကြောင့်အခုလိုဖြစ်ရတာလဲ ? ဘယ်လိုပြုပြင်လို့ရပါသလဲ ?
Answer
ရှေ့သွား ၂ချောင်းကြားမှာ အခုလိုကျဲနေတာက ကလေးငယ်တွေမှာတော့ ပုံမှန်အခြေအနေလို့ပြောလို့ရပါတယ် ။
ကြီးသွားတွေစထွက်လာခါစ အချိန်မျိုးမှာပေါ့ ။ ပြသနာမဟုတ်သလို အချိန်တန်ရင်လည်း သူ့အလိုလိုပြန်စိသွားမှာပါ ။
အသက်ကြီးလာတဲ့အထိ ပြန်မစိဘူးဆိုရင်တော့ စဉ်းစားစရာလေးတွေရှိလာပြီပေါ့ ။ သွားတွေကပုံမှန်ထက်သေးနေရင် သွားတွေကျဲလေ့ရှိပါတယ် ။
အပေါ်နှုတ်ခမ်းနဲ့သွားဖုံးကြားမှာရှိတဲ့ လျှာခင်(Labial frenum)ကြီးနေရင်လည်း ဖြစ်တတ်သလို မွေးရာပါသွားတချို့ပါမလာရင်လည်း သွားကျဲနိုင်ခြေရှိပါတယ် ။
အချို့ကလည်းမျိုးရိုးလိုက်လို့ဖြစ်တတ်ပြီး သွားဖုံးထဲမှာသွားအပိုလေး (Mesiodens) တွေပါလာရင်လည်း ဖြစ်တတ်ပါတယ် ။
လက်မစုပ်တတ်တဲ့အကျင့်ကြောင့်လည်း တခါတရံဖြစ်တတ်ပြီး သွားဖုံးတွေမကျန်းမာတော့တဲ့ အသက်ကြီးပိုင်းတွေမှာလည်းဖြစ်တတ်ပါတယ် ။
??သွားကျဲတာကို ကုသဖို့နည်းလမ်းတွေကတော့ …
၁) သွားလေးတွေကျဲနေတာကို လေဆာ+ဆေး(Light-cure composite filling) အသုံးပြီးသွားအရောင်နဲ့ အနီးစပ်ဆုံးတူအောင် လုပ်ပေးလို့ရပါတယ် ။ ရေရှည်တော့မခံပါဘူး ။
(ကုသချိန် ၁နာရီဝန်းကျင်ပဲကြာပါမယ်)
၂) ကျဲနေတဲ့သွားတွေကို ကြွေအစွပ်(Crown)စွပ်ပြီးပြုပြင်လို့လည်းရပါတယ် ။ သွားအရောင်နဲ့အနီးစပ်ဆုံးတူတဲ့ ကြွေအမျိုးအစား (Layered Zirconia , All Ceramic) တွေဆိုရင် ပိုကောင်းပါတယ် ။ သွားကိုကြွေအစွပ်စွပ်ဖို့အတွက် အနည်းငယ်ပြုပြင်ရပါမယ် ။ နှစ်ပေါင်းများစွာ ခံပါတယ် ။
(ကုသချိန် ၁ပတ်ခန့်အနည်းဆုံးကြာပါမယ်)
၃) သွားကျဲတာကို အကောင်းစားကြွေလွှာ(veneer)ကပ်ပြီးပြုပြင်လို့ရပါတယ် ။ သွားအခြေအနေပေါ် မူတည်ပြီးဆုံးဖြတ်ရလေ့ရှိပါတယ် ။ သွားမျက်နှာပြင်ကိုကြွေလွှာကပ်ဖို့ အနည်းငယ်ပြုပြင်ရပါတယ် ။ နှစ်ပေါင်းများစွာ ခံပါတယ် ။
(ကုသချိန် ၁ပတ်ခန့်အနည်းဆုံးကြာပါမယ်)
၄) သွားကျဲတာကိုပြန်စိဖို့ သွားညှိကုသမှုခံယူတာကတော့ အကောင်းဆုံးနည်းလမ်းပါ ။ အချိန်ပေးရပေမယ့်ကုသမှုပြီးသွားရင် သွားတွေက ၁သက်လုံးထပ်ပြင်စရာမလိုတော့ပါဘူး ။ သွားညှိကုသတာကိုတော့ Braces (Traditional , Ceramic , Damon) နဲ့ Clear Aligner (Invisalign) တွေအသုံးပြုပေးနိုင်ပါတယ် ။
(ကုသချိန် ၆လဝန်းကျင် မှ နှစ်နဲ့ချီကြာလေ့ရှိပါတယ်)
သွားတွေမရှိလို့ကျဲတာမျိုးဆိုရင် သွားအမြစ်တု (dental implant) ထည့်သင့်ရင်ထည့် ၊ သွားစိုက်တာတွေ လုပ်ပေးနိုင်ပါတယ် ။ သွားဖုံးတွေမကောင်းလို့ သွားတွေကျဲလာတယ်ဆိုရင်တော့ သွားဆရာဝန်နဲ့တိုင်ပင်ကုသမှုတွေလုပ်ရပါလိမ့်မယ် ။
Labial frenum ကြီးနေတာမျိုးဆိုရင် frenectomy လုပ်သင့်ရင်လုပ်ရပါလိမ့်မယ် ။
မှတ်ချက် … ကျဲနေတဲ့သွားတွေရဲ့လက်ရှိအခြေအနေ ၊ ခံတွင်းအနေအထားကိုလိုက်ပြီး ကုသမှုပုံစံပြောင်းလဲပါတယ် ။
Dr. မိုးဝေ (မိုးပုလဲ)