fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ဓမ္မတာ

148
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/01/2017
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)

“ဆရာမ ဝင္ခြင့္ျပဳပါေနာ္”
မိန္းမေခ်ာေလးတစ္ေယာက္ လိုက္ကာေလးကို အသာမ၍ ေဒါက္တာ ေအးၿငိမ္းခ်မ္းေဆးခန္းအတြင္းသို႔ ဝင္ေရာက္လာသည္။
“ဝင္ခဲ့ပါ”
လူနာထိုင္ခုံတြင္ ဝင္ထိုင္လိုက္သည္။

“ကဲ ဘာျဖစ္လို႔လာျပတာလဲ”
“သမီး ဓမၼာတာ မလာလို႔ပါ။ ပုံမွန္လာရမဲ့ရက္ထက္ ရွစ္ရက္ေလာက္ေနာက္က်ေနလို႔ပါ”
“သမီးအ သက္ ဘယ္ေလာက္ရွိၿပီလဲ။”
“အသက္ ၂၀ ပါ”
“ပုံမွန္လာရမဲ့ရက္ထက္ ရွစ္ရက္ေနာက္က်ေနတယ္ဆိုေတာ့ အရင္တုန္းကေရာ ဒီလိုမ်ိဳးျဖစ္ဖူးလား”
“သမီး တစ္ခါမွ ဒီလိုမ်ိဳး မျဖစ္ဖူးဘူး ဆရာမ။ လာရမဲ့ေန႔ဆို အၿမဲလာတယ္။ ေနာက္က်လဲ တစ္ရက္ ႏွစ္ရက္ပဲ။ အခု က ရွစ္ရက္ေတာင္ ရွိေနၿပီဆိုေတာ့ သမီး မွာ ေရာဂါတစ္ခုခုျဖစ္ေနၿပီလားလို႔ပါ”
“သမီးမွာ အိမ္ေထာင္ရွိလား”
“မရွိပါဘူး”

အိမ္ေထာင္သည္ဆိုလွ်င္ ကိုယ္ဝန္ေၾကာင့္ ဓမၼာတာ မလာတာမ်ိဳးျဖစ္တတ္သည္။ ဆီးစစ္ၾကည့္ခ်င္လို႔ေမးလိုက္ျခင္းျဖစ္သည္။ အိမ္ေထာင္မရွိေပမဲ့လည္း ရည္းစားရွိေန႐ုံနဲ႔ ကိုယ္ဝန္ရွိႏိုင္သည္။ အခုေခတ္ သမီးပ်ိဳမ်ားက ေခတ္မီက်သည္။ အိမ္ေထာင္ မရွိလဲ အတူေန ယဥ္ေက်းမႈက လူငယ္ေတြၾကားတြင္ က်ယ္က်ယ္ျပန႔္ျပန႔္ ေခတ္စားေနသည္။ အိမ္ေထာင္မရွိပဲ ကိုယ္ဝန္ရွိေနၾကေသာေၾကာင့္ ေဆးခန္းသို႔ ခဏခဏ ေရာက္လာတတ္သည္။ အမ်ိဳးသမီး ဆရာဝန္ျဖစ္ေသာ ေၾကာင့္ ဒီကိစၥက အၿမဲတေစ ႀကဳံေတြ႕ေနရသည္။
“ရည္းစားေရာရွိလား”
တစ္ေယာက္တည္း လာျပေသာ မိန္းမပ်ိဳမို႔လို႔ ဒီလိုကိစၥမ်ိဳးကိုတိုးတိုးတိတ္တိတ္ေမးလိုက္ျခင္းျဖစ္သည္။ အေမေတြ သူငယ္ခ်င္းေတြ ပါလာရင္ ေတာ့ ဒီလိုေမးခြန္းမ်ိဳး မေမးပါ။ တဲ့တိုးေမးရသည့္ အတြက္ လူနာအတြက္ စိတ္အေႏွာင့္ အယွက္ျဖစ္မွာ စိုးသည္။ မိန္းမပ်ိဳကေတာ့ စိတ္အေႏွာင့္ အယွက္ ျဖစ္ပုံမရေပ။

“ရည္းစားရွိပါတယ္”
ရည္းစားရွိသည္ဆိုေတာ့ ကိုယ္ဝန္ကိစၥကို ေခါင္းထဲ ထည့္သြင္းထားရသည္။ ဆီးစစ္ၾကည့္ခ်င္သည္ဟု တိုက္႐ိုက္ေျပာလို႔မရ။ လူနာရွင္ မိန္းမပ်ိဳကို ေစာ္ကားသလိုမ်ိဳးျဖစ္သြားႏိုင္သည္။
“ဘာေဆးေတြေရာ ေသာက္ေနလဲ။”
အမွန္က အေရးေပၚ သေႏၶသားေဆးေသာက္ခဲ့ေသးလားလို႔ ေမးခ်င္တာ။ ေမးလို႔မေကာင္းပါ။ သူမ်ားႏိုင္ငံေတြမွာ ဆိုလွ်င္ sex ကိစၥ ကို ဆရာာဝန္ေတြက ပြင့္ပြင့္လင္းလင္းေမးျမန္းၾကသည္။ ဒီႏိုင္ငံတြင္ ဒါမ်ိဳး ပြင့္ပြင့္လင္းလင္းေမးျမန္းလို႔မရ။ လူနာရွင္က ဂုဏ္သိကၡာကို ထိခိုက္သည္ဟု ယူဆႏိုင္သည္။

“ညီမ က ေဆးေသာက္တာ အရမ္း ေၾကာက္တာ ဘာေဆးမွ မေသာက္ဘူး။ ငယ္ငယ္ကတည္းက ဖ်ားမွ ဆရာဝန္ေပးတဲ့ေဆးပဲ ေသာက္တာ။ ေသခ်ာတာကေတာ့ ဘာေဆးမွ မေသာက္ဘူး။ ”
“အင္း”
ဗိုက္ေပၚလက္တင္ၿပီး စမ္းသပ္ၾကည့္ေတာ့ ဘာအလုံးမွ ဗိုက္ေပၚတြင္ စမ္းလို႔မမိ။
“ရွစ္ရက္ဆိုတာ ေနာက္က်တယ္မေခၚပါဘူး။ ေနာက္က်တတ္တာေတြက အမ်ားႀကီးရွိတယ္။ စိတ္ဖိစီးတာေတြ စိတ္မေကာင္းျဖစ္တာေတြ စိတ္ဆင္းရဲရတာေတြ ရွိရင္ ဓမၼာတာလာတဲ့ ရက္က ေနာက္က်တတ္တယ္။ ညီမေလးမွာ စိတ္ဖိစိးေနရတာေတြရွိလား”

“စိတ္ဖိစီးေနတာေတာ့ရွိတယ္ အမ”
“ဘာေတြ ရွိလဲ”
“ေျပာလည္း မေျပာခ်င္ပါဘူး ဆရာမရယ္”
မ်က္ႏွာေလး ျငႇိဴးငယ္စြာႏွင့္ စကားဆက္သည္။
“သမီး ရည္းစားက ႏိုင္ငံျခားမွာ အလုပ္သြားလုပ္တာ ေျခာက္လရွိၿပီ”
ေသခ်ာသြားၿပီ။ ကိုယ္ဝန္ေတာ့ မျဖစ္ႏိုင္ေတာ့ပါ။
“သူသြားခါစတုန္းကေတာ့ ညီမဆီ ဖုန္းမွန္မွန္ဆက္တယ္။ အခု ညီမဆီ ဖုန္းမဆက္တာ တစ္လေက်ာ္ေနၿပီ။ ညီမစုံစမ္းၾကည့္ေတာ့ သူေနာက္တစ္ေယာက္ေတြ႕ေနၿပီလို႔ သတင္းရတယ္။ ညီမ ဒါေၾကာင့္ေတာ့ စိတ္ညစ္ေနတာပါ”
ေတြ႕ပါၿပီ။ အေျဖမွန္ကို။ မိန္းမပ်ိဳက သမီးရည္းစားကိစၥေၾကာင့္ စိတ္အေတာ္ပင္ ဖိစိးေနသည္။ ဒါေၾကာင့္ အမ်ိဳးသမီး သဘာ၀ ဓမၼာတာ မမွန္ျခင္းျဖစ္သည္။
“ညီမ စိတ္ဖိစီးေနလို႔ ဓမၼာတာေနာက္က်ေနတာပါ။ စိတ္ဖိစီးတာေတြကို ေလ်ာ့ေအာင္လုပ္လိုက္ရင္ ျပန္လာပါလိမ့္မယ္”
“ေသခ်ာလို႔လား ဆရာမရယ္”
“ေသခ်ာပါတယ္”

မိမိတို႔ ဆရာဝန္မေတြ စာေမးပြဲေျဖခါနီး စာေတြ မ်ားလြန္းလို႔ မက်က္ႏိုင္ေတာ့သည့္အခ်ိန္မ်ိဳးတို႔တြင္ ေနာက္က်တာ တစ္လေလာက္ျဖစ္တတ္သည္ကိုေတာ့ ထည့္မေျပာလိုက္။ ျဖစ္တဲ့ အေၾကာင္းအရာကိုသာ ေသခ်ာ ရွာေဖြၿပီး ကုသေပးလိုက္သည္သာ။ စိတ္ေလ်ာ့လိုက္သည္ႏွင့္ သူေလးတစ္ေယာက္ ရာသီျပန္လာမည္သာ။
“ေနာက္တစ္ပတ္ေလာက္ ေစာင့္ၾကည့္လိုက္ပါဦး။ ေနာက္တစ္ပတ္မွ မလာရင္ အမတို႔ တစ္မ်ိဳးစဥ္းစာတာေပ့ါ။”
“ေသြးေတြ ဗိုက္ထဲမွာ အရမ္းမ်ားေနမလားဟင္။ အရမ္းမ်ားေနရင္ ဗိုက္ေအာင့္သလိုလိုျဖစ္ေနမွာ လည္း စိုးရိမ္တယ္”
“အခု ဘယ္လိုေတြ ခံစားေနရလို႔လဲ”
“ဘာမွေတာ့ ေထြေထြ ထူးထူး ခံစားရတာမ်ိဳးမရွိပါဘူး။ စိုးရိမ္လို႔ပါ”
“ညီမေလးသာ စိတ္ဖိစီးမႈေတြကို ေလွ်ာ့ေအာင္လုပ္လိုက္ ေသြးျပန္ကို ျပန္ေပၚေစရမယ္။ မလာရင္ေတာ့ ေနာက္တစ္ပတ္ အမဆီျပန္လာခဲ့။ ဟုတ္ၿပီလား။ သူငယ္ခ်င္းေတြနဲ႔ေတြ႕။ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေန။ ဟုတ္ၿပီလား။”
“ဟုတ္ကဲ့ပါ။”

ငါးရက္ေလာက္ေနေတာ့ မိန္းမပ်ိဳေလး ေဆးခန္းသို႔ေနာက္တစ္ေခါက္ျပန္ေရာက္လာသည္။
“ေဆးခန္းလာျပတာမဟုတ္ဘူး ဆရာမ”
လိုက္ကာေလးအသာမၿပီး ဝင္လာကာ ေျပာသည္။
“ေၾသာ္ ဒါဆို ဘာကိစၥလဲ”
“သမီး ဓမၼာတာျပန္လာၿပီလို႔ ေျပာခ်င္လို႔ပါ။ ၿပီးေတာ့ သမီး ေကာင္ေလးနဲ႔လည္းအဆင္ေျပတယ္ ဆရာမ”
“အို ၾကားရတာ စိတ္ခ်မ္းသာဖို႔ေကာင္းလိုက္တာ။ ဝမ္သာပါတယ္ေနာ္ သမီး”
“ဟုတ္ကဲ့ပါ ဆရာမ။ ျပန္ခြင့္ျပဳပါဦး”
“ေအးပါကြယ္ ေအးပါ”

ေဆးခန္းအျပင္သို႔ ထြက္သြားေသာ မိန္မပ်ိဳေလးအား ေငးၾကည့္ရင္း အမ်ိဳးသမီးရဲ႕ ဓမၼတာသည္ စိတ္အေျခအေနေပၚတြင္ မူတည္ေနၿပီး ေနာက္က်တာ ေစာတာသည္ စိတ္ဖိစီးမႈ ေပၚမူတည္ေနေၾကာင္း အမ်ိဳးသမီးငယ္မ်ားအား နားလည္ေအာင္ ေျပာျပရဦးမည္။

Author – ေဒါက္တာေအးခ်မ္းမိုး

(Unicode)

“ဆရာမ ဝင်ခွင့်ပြုပါနော်”
မိန်းမချောလေးတစ်ယောက် လိုက်ကာလေးကို အသာမ၍ ဒေါက်တာ အေးငြိမ်းချမ်းဆေးခန်းအတွင်းသို့ ဝင်ရောက်လာသည်။
“ဝင်ခဲ့ပါ”
လူနာထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

“ကဲ ဘာဖြစ်လို့လာပြတာလဲ”
“သမီး ဓမ္မာတာ မလာလို့ပါ။ ပုံမှန်လာရမဲ့ရက်ထက် ရှစ်ရက်လောက်နောက်ကျနေလို့ပါ”
“သမီးအ သက် ဘယ်လောက်ရှိပြီလဲ။”
“အသက် ၂၀ ပါ”
“ပုံမှန်လာရမဲ့ရက်ထက် ရှစ်ရက်နောက်ကျနေတယ်ဆိုတော့ အရင်တုန်းကရော ဒီလိုမျိုးဖြစ်ဖူးလား”
“သမီး တစ်ခါမှ ဒီလိုမျိုး မဖြစ်ဖူးဘူး ဆရာမ။ လာရမဲ့နေ့ဆို အမြဲလာတယ်။ နောက်ကျလဲ တစ်ရက် နှစ်ရက်ပဲ။ အခု က ရှစ်ရက်တောင် ရှိနေပြီဆိုတော့ သမီး မှာ ရောဂါတစ်ခုခုဖြစ်နေပြီလားလို့ပါ”
“သမီးမှာ အိမ်ထောင်ရှိလား”
“မရှိပါဘူး”

အိမ်ထောင်သည်ဆိုလျှင် ကိုယ်ဝန်ကြောင့် ဓမ္မာတာ မလာတာမျိုးဖြစ်တတ်သည်။ ဆီးစစ်ကြည့်ချင်လို့မေးလိုက်ခြင်းဖြစ်သည်။ အိမ်ထောင်မရှိပေမဲ့လည်း ရည်းစားရှိနေရုံနဲ့ ကိုယ်ဝန်ရှိနိုင်သည်။ အခုခေတ် သမီးပျိုများက ခေတ်မီကျသည်။ အိမ်ထောင် မရှိလဲ အတူနေ ယဉ်ကျေးမှုက လူငယ်တွေကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ခေတ်စားနေသည်။ အိမ်ထောင်မရှိပဲ ကိုယ်ဝန်ရှိနေကြသောကြောင့် ဆေးခန်းသို့ ခဏခဏ ရောက်လာတတ်သည်။ အမျိုးသမီး ဆရာဝန်ဖြစ်သော ကြောင့် ဒီကိစ္စက အမြဲတစေ ကြုံတွေ့နေရသည်။
“ရည်းစားရောရှိလား”
တစ်ယောက်တည်း လာပြသော မိန်းမပျိုမို့လို့ ဒီလိုကိစ္စမျိုးကိုတိုးတိုးတိတ်တိတ်မေးလိုက်ခြင်းဖြစ်သည်။ အမေတွေ သူငယ်ချင်းတွေ ပါလာရင် တော့ ဒီလိုမေးခွန်းမျိုး မမေးပါ။ တဲ့တိုးမေးရသည့် အတွက် လူနာအတွက် စိတ်အနှောင့် အယှက်ဖြစ်မှာ စိုးသည်။ မိန်းမပျိုကတော့ စိတ်အနှောင့် အယှက် ဖြစ်ပုံမရပေ။

“ရည်းစားရှိပါတယ်”
ရည်းစားရှိသည်ဆိုတော့ ကိုယ်ဝန်ကိစ္စကို ခေါင်းထဲ ထည့်သွင်းထားရသည်။ ဆီးစစ်ကြည့်ချင်သည်ဟု တိုက်ရိုက်ပြောလို့မရ။ လူနာရှင် မိန်းမပျိုကို စော်ကားသလိုမျိုးဖြစ်သွားနိုင်သည်။
“ဘာဆေးတွေရော သောက်နေလဲ။”
အမှန်က အရေးပေါ် သန္ဓေသားဆေးသောက်ခဲ့သေးလားလို့ မေးချင်တာ။ မေးလို့မကောင်းပါ။ သူများနိုင်ငံတွေမှာ ဆိုလျှင် sex ကိစ္စ ကို ဆရာာဝန်တွေက ပွင့်ပွင့်လင်းလင်းမေးမြန်းကြသည်။ ဒီနိုင်ငံတွင် ဒါမျိုး ပွင့်ပွင့်လင်းလင်းမေးမြန်းလို့မရ။ လူနာရှင်က ဂုဏ်သိက္ခာကို ထိခိုက်သည်ဟု ယူဆနိုင်သည်။

“ညီမ က ဆေးသောက်တာ အရမ်း ကြောက်တာ ဘာဆေးမှ မသောက်ဘူး။ ငယ်ငယ်ကတည်းက ဖျားမှ ဆရာဝန်ပေးတဲ့ဆေးပဲ သောက်တာ။ သေချာတာကတော့ ဘာဆေးမှ မသောက်ဘူး။ ”
“အင်း”
ဗိုက်ပေါ်လက်တင်ပြီး စမ်းသပ်ကြည့်တော့ ဘာအလုံးမှ ဗိုက်ပေါ်တွင် စမ်းလို့မမိ။
“ရှစ်ရက်ဆိုတာ နောက်ကျတယ်မခေါ်ပါဘူး။ နောက်ကျတတ်တာတွေက အများကြီးရှိတယ်။ စိတ်ဖိစီးတာတွေ စိတ်မကောင်းဖြစ်တာတွေ စိတ်ဆင်းရဲရတာတွေ ရှိရင် ဓမ္မာတာလာတဲ့ ရက်က နောက်ကျတတ်တယ်။ ညီမလေးမှာ စိတ်ဖိစိးနေရတာတွေရှိလား”

“စိတ်ဖိစီးနေတာတော့ရှိတယ် အမ”
“ဘာတွေ ရှိလဲ”
“ပြောလည်း မပြောချင်ပါဘူး ဆရာမရယ်”
မျက်နှာလေး ငြှိူးငယ်စွာနှင့် စကားဆက်သည်။
“သမီး ရည်းစားက နိုင်ငံခြားမှာ အလုပ်သွားလုပ်တာ ခြောက်လရှိပြီ”
သေချာသွားပြီ။ ကိုယ်ဝန်တော့ မဖြစ်နိုင်တော့ပါ။
“သူသွားခါစတုန်းကတော့ ညီမဆီ ဖုန်းမှန်မှန်ဆက်တယ်။ အခု ညီမဆီ ဖုန်းမဆက်တာ တစ်လကျော်နေပြီ။ ညီမစုံစမ်းကြည့်တော့ သူနောက်တစ်ယောက်တွေ့နေပြီလို့ သတင်းရတယ်။ ညီမ ဒါကြောင့်တော့ စိတ်ညစ်နေတာပါ”
တွေ့ပါပြီ။ အဖြေမှန်ကို။ မိန်းမပျိုက သမီးရည်းစားကိစ္စကြောင့် စိတ်အတော်ပင် ဖိစိးနေသည်။ ဒါကြောင့် အမျိုးသမီး သဘာ၀ ဓမ္မာတာ မမှန်ခြင်းဖြစ်သည်။
“ညီမ စိတ်ဖိစီးနေလို့ ဓမ္မာတာနောက်ကျနေတာပါ။ စိတ်ဖိစီးတာတွေကို လျော့အောင်လုပ်လိုက်ရင် ပြန်လာပါလိမ့်မယ်”
“သေချာလို့လား ဆရာမရယ်”
“သေချာပါတယ်”

မိမိတို့ ဆရာဝန်မတွေ စာမေးပွဲဖြေခါနီး စာတွေ များလွန်းလို့ မကျက်နိုင်တော့သည့်အချိန်မျိုးတို့တွင် နောက်ကျတာ တစ်လလောက်ဖြစ်တတ်သည်ကိုတော့ ထည့်မပြောလိုက်။ ဖြစ်တဲ့ အကြောင်းအရာကိုသာ သေချာ ရှာဖွေပြီး ကုသပေးလိုက်သည်သာ။ စိတ်လျော့လိုက်သည်နှင့် သူလေးတစ်ယောက် ရာသီပြန်လာမည်သာ။
“နောက်တစ်ပတ်လောက် စောင့်ကြည့်လိုက်ပါဦး။ နောက်တစ်ပတ်မှ မလာရင် အမတို့ တစ်မျိုးစဉ်းစာတာပေ့ါ။”
“သွေးတွေ ဗိုက်ထဲမှာ အရမ်းများနေမလားဟင်။ အရမ်းများနေရင် ဗိုက်အောင့်သလိုလိုဖြစ်နေမှာ လည်း စိုးရိမ်တယ်”
“အခု ဘယ်လိုတွေ ခံစားနေရလို့လဲ”
“ဘာမှတော့ ထွေထွေ ထူးထူး ခံစားရတာမျိုးမရှိပါဘူး။ စိုးရိမ်လို့ပါ”
“ညီမလေးသာ စိတ်ဖိစီးမှုတွေကို လျှော့အောင်လုပ်လိုက် သွေးပြန်ကို ပြန်ပေါ်စေရမယ်။ မလာရင်တော့ နောက်တစ်ပတ် အမဆီပြန်လာခဲ့။ ဟုတ်ပြီလား။ သူငယ်ချင်းတွေနဲ့တွေ့။ ပျော်ပျော်ရွှင်ရွှင်နေ။ ဟုတ်ပြီလား။”
“ဟုတ်ကဲ့ပါ။”

ငါးရက်လောက်နေတော့ မိန်းမပျိုလေး ဆေးခန်းသို့နောက်တစ်ခေါက်ပြန်ရောက်လာသည်။
“ဆေးခန်းလာပြတာမဟုတ်ဘူး ဆရာမ”
လိုက်ကာလေးအသာမပြီး ဝင်လာကာ ပြောသည်။
“သြော် ဒါဆို ဘာကိစ္စလဲ”
“သမီး ဓမ္မာတာပြန်လာပြီလို့ ပြောချင်လို့ပါ။ ပြီးတော့ သမီး ကောင်လေးနဲ့လည်းအဆင်ပြေတယ် ဆရာမ”
“အို ကြားရတာ စိတ်ချမ်းသာဖို့ကောင်းလိုက်တာ။ ဝမ်သာပါတယ်နော် သမီး”
“ဟုတ်ကဲ့ပါ ဆရာမ။ ပြန်ခွင့်ပြုပါဦး”
“အေးပါကွယ် အေးပါ”

ဆေးခန်းအပြင်သို့ ထွက်သွားသော မိန်မပျိုလေးအား ငေးကြည့်ရင်း အမျိုးသမီးရဲ့ ဓမ္မတာသည် စိတ်အခြေအနေပေါ်တွင် မူတည်နေပြီး နောက်ကျတာ စောတာသည် စိတ်ဖိစီးမှု ပေါ်မူတည်နေကြောင်း အမျိုးသမီးငယ်များအား နားလည်အောင် ပြောပြရဦးမည်။

Author – ဒေါက်တာအေးချမ်းမိုး

Previous Post

HIV နဲ့နေရာ

Next Post

ကလေးအမွှာများ ပဋိသန္ဓေဆောင်ထားခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
612
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးအမွှာများ ပဋိသန္ဓေဆောင်ထားခြင်း

၀က်ခြံတွေများနေတယ်

စိတ်ဒဏ်ရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.