Answer
?သွားပဲ့ရတဲ့အကြောင်းအရင်း
?ပဲ့သွားတဲ့ပမာဏ
?ပဲ့သွားတဲ့နေရာ (ထိပ်ပိုင်း ၊ ဘေးအပိုင်း ၊ အမြစ်ပိုင်း)
… တွေအပေါ်မူတည်ပြီးကုသမှုကွာခြားသွားမှာပါ ။
?သွားပဲ့ရတဲ့အကြောင်းအရင်း
သွားပိုးစားလို့ပဲ့ရတာဆိုရင် ပိုးစားနေတဲ့အပိုင်းတွေကိုဖယ်ပြီး သွားပြန်ဖာလို့ရပါတယ် ။ သွားပိုးစားတာအရမ်းများနေရင်တော့ ပိုးစားတာတွေဖယ်ပြီး သွားအစွပ်(Crown)စွပ်တာ ပိုကောင်းပါလိမ့်မယ် ။
ထိခိုက်မှုကြောင့်သွားပဲ့တာဆိုရင် သွားရဲ့အတွင်းပိုင်းက အာရုံကြောနဲ့သွေးကြောအစုအဝေး (Dental Pulp) ကောင်းမကောင်းစစ်ဆေးပြီးမှ သွားဖာ ၊ သွားအစွပ် ၊ ကြွေကပ်တာတွေလုပ်သင့်ပါတယ် ။
?ပဲ့သွားတဲ့ပမာဏ
သွားပဲ့တဲ့အစိတ်အပိုင်းက သေးတယ်ဆိုရင်တော့ သွားပြန်ဖာရုံနဲ့လုံလောက်ပါတယ် ။
သွားပဲ့တဲ့ပမာဏကကြီးတယ် ၊ ရေရှည်ခံမယ့်အမျိုးအစားကိုပဲ သုံးမယ်ဆိုရင် သွားကိုကြွေအစွပ်(Crown)စွပ်ခြင်း ၊ သွားမျက်နှာပြင်ပေါ်မှာကြွေလွှာ(Veneer)ကပ်ခြင်းတွေလုပ်ရပါမယ် ။
?ပဲ့သွားတဲ့နေရာ
သွားရဲ့ခေါင်းပိုင်း ၊ ဘေးအခြမ်းတွေပဲ့ရင် သွားဖာ ၊ သွားအစွပ် ၊ ကြွေကပ်တာတွေလုပ်လို့ရပါတယ် ။
ဒါပေမယ့် ပဲ့သွားတာသွားအမြစ်အစိတ်အပိုင်းအချို့ပါသွားရင်တော့ သွားကို ဖာတာ ၊ အစွပ်စွပ်တာ ၊ ကြွေကပ်တာတွေလုပ်လို့မရတော့ပါဘူး ။ သွားနှုတ်ပြီးအသစ်ပဲပြန်စိုက်ရတော့မှာပါ ။