fbpx

Myanmar (Covid-19 Stats)

😷 44,774 Total Cases
😥 1,095 Deaths
😇 24,920 Recovered

ဖျားရင်တက်တဲ့ကလေးငယ်နှင့် မိဘတို့၏အပူ

ဖ်ားရင္တက္တဲ့ကေလးငယ္ႏွင့္ မိဘတို႔၏အပူ

          ” ဆရာ .. ဆရာ… “

          ညပိုင္​း ေဆးခန္းပိတ္ခ်ိန္ျဖစ္သျဖင့္  ေဆးခန္းတံခါးပိတ္ခါ စာဖက္ေနခိုက္   ေခၚသံၾကားသျဖင့္ တံခါးဖြင့္ၾကည့္လိုက္ေသာ္ ေဆးခန္းေဘးဘက္ ႏွစ္အိမ္ေက်ာ္မွ ကို္ေအာင္စိုးျဖစ္ေနသည္။ လူခ်င္းမရင္းႏွီးလွေသာ္လည္း အိမ္နီးနားခ်င္းျဖစ္၍ မွတ္မိေနျခင္းျဖစ္သည္။

၎မွပင္ “ဆရာ ကၽြန္ေတာ့္သားငယ္ေလး တက္ေနလို႔ဆရာ၊ ဆရာ အဆင္ေျပရင္ အိမ္ကို လိုက္ၾကည့္ေပးပါဦးဆရာ” ဟု လာေခၚေနသျဖင့္ ထံုးစံအတိုင္း အသင့္ျပင္ထားေသာ ေဆးအိတ္ယူရင္း သူ႔ေနာက္ကပင္ လိုက္သြားလိုက္သည္။

          ေႏြဦးကာလျဖစ္သျဖင့္ ရာသီဥတုက ပူလွသည္။ အိမ္အတြင္းသို႔ ဝင္ဝင္ျခင္း ဧည့္ခန္းအတြင္းမွာပင္ မိသားစုဝင္မ်ား စံုညီစြာေတြ႕ရၿပီး ၎တို႔၏အလယ္တြင္ အိပ္ေပ်ာ္ေနေသာ အသက္ ႏွစ္ႏွစ္အရြယ္ ကေလးငယ္တဦးကိုေတြ႔ရသည္။ မိသားစုအတြင္း အလားတူတက္ျခင္းမ်ိဳး မျဖစ္ဖူးသျဖင့္ အားလံုးက စိုးရိမ္ေနၾကသည္ဟုလည္​း သိရသည္​။ ရာသီဥတု ပူရသည့္အထဲ ကေလးကိုဝတ္ေပးထားေသာ အဝတ္အစားမ်ားကို ၾကည့္ရသည္မွာ မိမိပင္ တက္ခ်င္သလိုလုိ ျဖစ္ရသည္။

          ကေလးကို ဝတ္ေပးထားေသာ အဝတ္အစားမ်ားကို ခၽြတ္ေစၿပီး ကေလးဘယ္လိုျဖစ္သလဲေမးေသာ္ ” မနက္ ကတည္းက ကေလး ကိုယ္ပူေနၿပီး အီေနေၾကာင္းႏွင့္ လမ္းထိပ္ေဆးဆိုင္က ေဆးဝယ္တိုက္ထားေၾကာင္း” ေျပာသည္။ (ဪ ေဆးခန္းသြားဖို႔ ေဝးလို႔ထင္သည္။) ယခုထိ မသက္သာပဲ လြန္ခဲ့သည့္ နာရီဝက္ခန္႔က ကေလး တက္ေနေၾကာင္းေျပာသည္။ ၅မိနစ္ခန္႔ ၾကာၿပီး ျပန္မတက္မွ ဆရာ့ကိုလာေခၚေၾကာင္း ဖခင္ျဖစ္သူမွ ေျပာျပသည္။ ဘာေဆးတိုက္ထားသလဲဟု  ေမးေသာ္ “ေဆး ေလးငါးမ်ိဳးခန္႔ သံုးခြက္စာသာ ဝယ္ေသာက္ေၾကာင္းႏွင့္ ကုန္သြားၿပီ ျဖစ္သျဖင့္ ဆရာ့အားျပရန္လည္း မရွိေတာ့ေၾကာင္း” ေျပာသည္။

ကေလးကို ႏိႈးၾကည့္လိုက္ရာ အနည္းငယ္ အီေနသည္ၿပီး အိပ္ခ်င္ေနသည့္ ပံုစံရွိသည္။ အဖ်ားတိုင္းၾကည့္လိုက္ေသာ္ ကိုယ္အပူခ်ိန္ (102·F)ခန္႔ ရွိေၾကာင္း စမ္းသတ္ေတြ႔ရွိရသည္။ ဦးေႏွာက္အေႁမႇးေရာင္သည့္ လကၡဏာမ်ား ရွိ/မရွိ စမ္းသတ္ေသာ္လည္း မေတြ႔ရွိရသျဖင့္ ထူထဲ​ေသာ အဝတ္​အစားမ်ားကို ဖယ္​႐ွား​ေစၿပီး တခါတည္း ကေလးကို ေရပတ္တိုက္ေစသည္။ ညပိုင္းႀကီး  ေရပတ္တိုက္ခိုင္းသျဖင့္ ကေလး၏ အဖြားျဖစ္သည္မွ မတိုက္ရင္ မရဘူးလား ေမးေသာ္လည္း မရေၾကာင္းေျပာၿပီး အျမန္ေရပတ္တိုက္ေစသည္။  ေရပတ္တိုက္ၿပီး  ဒံုးက်ည္ေခၚ  ေဆးေတာင့္ကို ကေလးစအိုအတြင္း ထည့္ေပးလိုက္ကာ ကေလးကို ႏိုးလာလွ်င္ ေရအစား ဓာတ္ဆားရည္တိုက္ရန္ ညႊန္ၾကားၿပီး လိုအပ္ေသာ ေဆးဝါးမ်ား တခါတည္းေပးကာ ကေလးမိဘမ်ားႏွင့္ မိသားစုဝင္မ်ားကို ကေလး၏ ခံစားေနရေသာ  ေရာဂါအေၾကာင္း သိသင့္သည္မ်ား အနည္းငယ္ရွင္းျပေပးရသည္။

အလားတူကဲ့သို႔ ဖ်ားေနခ်ိန္ ကေလးတက္ျခင္းမ်ိဳးသည္ အသက္ (၆)လမွ (၅)ႏွစ္အရြယ္ ကေလးမ်ားတြင္သာ ျဖစ္ပြားႏိုင္ေသာ ေရာဂါတခုျဖစ္ၿပီး အသက္ တႏွစ္ခြဲေအာက္ ကေလးမ်ားတြင္ အမ်ားဆံုးျဖစ္ပြားႏိုင္ေသာ ေရာဂါျဖစ္ကာ စိုးရိမ္ရန္ မလိုေသာ္လည္း နားလည္တတ္ကၽြမ္းေသာ ဆရာဝန္ႏွင့္ တိုင္ပင္ျပသၿပီး  ေစာင့္ၾကည့္သင့္သည့္ ေရာဂါတမ်ိဳးျဖစ္သည္။ ဝက္ရူးျပန္ျခင္း(သို႔)အျခားအတက္ေရာဂါ မ်ားႏွင့္ မတူသည္မွာ ဖ်ားသည့္အခ်ိန္တြင္သာ တက္တက္ျခင္းျဖစ္သည္။

မိသားစုအတြင္း (မိဘ/ေမာင္ႏွမ)  ျဖစ္ပြားဖူးျခင္းရွိသည့္ ကေလးငယ္မ်ားတြင္ ပိုမိုျဖစ္ပြားႏိုင္ေျခ ရွိၿပီး တခါျဖစ္ဖူးလွ်င္ ေနာက္တႀကိမ္ထပ္မံျဖစ္ပြားႏိုင္ေျခရွိသျဖင့္ အဖ်ားမျဖစ္ေစရန္ ဂရုစိုက္သင့္ၿပီး ေနာက္တခ်ိန္တြင္ ထပ္မံတက္ျခင္း ျဖစ္ပါက ဖုန္း/ ကင္မရာျဖင့္ ဗီဒီယိုရိုက္ကူးထားမွသာ ဆရာဝန္ႏွင့္ ေဆြးေႏြးခ်ိန္တြင္ အဆင္ေျပမည္ ျဖစ္ေၾကာင္း ေျပာရေသးသည္။

          ေနာက္တႀကိမ္ဖ်ားျခင္းႏွင့္ တက္ျခင္း ျဖစ္ပြားပါကလည္း ယခုကဲ့သို႔ အဝတ္အစားမ်ား ထူထဲစြာဝတ္ထားျခင္းမ်ိဳးေရွာင္က်ဥ္သင့္ၿပီး အဖ်ားရွိသည္ဟု ထင္လွ်င္ ေရပတ္တိုက္ေပးသင့္ေၾကာင္းႏွင့္ ေဆးဆိုင္မွ ေဆးအလြယ္တကူ ဝယ္၍ တုိက္ျခင္းမ်ိဳး ေရွာင္က်ဥ္သင့္ၿပီး ဆရာဝန္ႏွင့္ စနစ္တက်တိုင္ပင္ေဆြးေႏြးကာ ကုသမႈ ခံယူရမည္ျဖစ္ေၾကာင္း ရွင္းျပရသည္။

အကယ္၍ အနီးအနားတြင္ ေဆးရံု၊ ေဆးခန္းမရွိေသာ  ေနရာေဒသမ်ိဳးကို  ေရာက္ရွိေနပါကလည္း အတက္လူနာကို (ကေလး/လူႀကီး) ျပဳစုရေသာ နည္းလမ္းမ်ားျဖစ္သည့္

    (၁) တက္ေနသည့္လူနာအား ေဘးတေစာင္း ေနေစျခင္း/ေဘးသို႔ေစာင္းေပးျခင္း

     (၂) ပါးစပ္အတြင္း မည္သည့္ပစၥည္းမွ မထည့္ေစျခင္း

     (၃) အနီးအနားတြင္ ထိခိုက္ႏို္င္ေစသည့္ ပစၥည္းမ်ားရွိပါက ဖယ္ေပးျခင္း

(၄) အျမင့္(သို႔) ေအာက္သို႔လိမ့္က်ႏိုင္ေသာ ေနရာျဖစ္ပါက ေရြ႕ေျပာင္းေပးျခင္း

     (၅) အတက္ ၿပီးဆံုးသည္အထိ အနီးအနားတြင္ လူနာေစာင့္တဦးေစာင့္ေနေပးျခင္း

  (၆) ေလဝင္ေလထြက္ေကာင္းေစရန္ႏွင့္ လူမ်ားဝိုင္းအံုမေနေစရန္ စီမံေပးျခင္း

     (၇) ျဖစ္ႏိုင္လွ်င္ နီးစပ္ရာက်န္းမာေရးဝန္ထမ္းကို ေခၚယူ၍ လိုအပ္ေသာ ကုသမႈ ခံယူျခင္း

(၈) အတက္ၿပီးသြားပါကလည္း လူနာအားစိုးရိမ္မႈ မရွိေစရန္ ေဖ်ာင္းဖ်ေပးျခင္း

     (၉) တက္ေနပံုအား ကင္မရာျဖင့္ မွတ္တမ္းတင္ထားကာ နားလည္တတ္ကၽြမ္းေသာ ဆရာဝန္အား ေဆြးေႏြးျပသျခင္း စသည္တို႔ လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္းေျပာရင္း ကေလးကို စမ္းသတ္ၾကည့္ေသာ္ အဖ်ားက်သြားၿပီျဖစ္ၿပီး ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနၿပီ ျဖစ္သျဖင့္ မနက္ခင္း ေဆးခန္းသို႔ လာျပရန္မွာကာ ေဆးခန္းသို႔ ျပန္လာခဲ့လိုက္သည္။

မနက္ပိုင္းတြင္ ကေလးႏွင့္တကူ ကေလးမိခင္ပါ ေဆးခန္းလာၿပီး ကေလးမွာ ညကတည္းက အဖ်ားက်သြားၿပီျဖစ္ေၾကာင္းေျပာသည္။ လိုအပ္သည္မ်ားစမ္းသတ္ ၾကည့္ရာတြင္လည္း စိုးရိမ္ရမည့္ လကၡဏာမ်ား မေတြ႔သျဖင့္ ေနာင္တႀကိမ္ မဖ်ားေစရန္၊ ဖ်ားပါကလည္း ေဆးခန္းသို႔သာ လာရန္ ၫႊန္ၾကားေပးခဲ့လိုက္သည္။

Author : တင့္တယ္

(Unicode)

ဖျားရင်တက်တဲ့ကလေးငယ်နှင့် မိဘတို့၏အပူ

” ဆရာ .. ဆရာ… ”

ညပိုင်း ဆေးခန်းပိတ်ချိန်ဖြစ်သဖြင့်  ဆေးခန်းတံခါးပိတ်ခါ စာဖက်နေခိုက်   ခေါ်သံကြားသဖြင့် တံခါးဖွင့်ကြည့်လိုက်သော် ဆေးခန်းဘေးဘက် နှစ်အိမ်ကျော်မှ ကိုအောင်စိုးဖြစ်နေသည်။ လူချင်းမရင်းနှီးလှသော်လည်း အိမ်နီးနားချင်းဖြစ်၍ မှတ်မိနေခြင်းဖြစ်သည်။

၎င်းမှပင် “ဆရာ ကျွန်တော့်သားငယ်လေး တက်နေလို့ဆရာ၊ ဆရာ အဆင်ပြေရင် အိမ်ကို လိုက်ကြည့်ပေးပါဦးဆရာ” ဟု လာခေါ်နေသဖြင့် ထုံးစံအတိုင်း အသင့်ပြင်ထားသော ဆေးအိတ်ယူရင်း သူ့နောက်ကပင် လိုက်သွားလိုက်သည်။

နွေဦးကာလဖြစ်သဖြင့် ရာသီဥတုက ပူလှသည်။ အိမ်အတွင်းသို့ ဝင်ဝင်ခြင်း ဧည့်ခန်းအတွင်းမှာပင် မိသားစုဝင်များ စုံညီစွာတွေ့ရပြီး ၎င်းတို့၏အလယ်တွင် အိပ်ပျော်နေသော အသက် နှစ်နှစ်အရွယ် ကလေးငယ်တဦးကိုတွေ့ရသည်။ မိသားစုအတွင်း အလားတူတက်ခြင်းမျိုး မဖြစ်ဖူးသဖြင့် အားလုံးက စိုးရိမ်နေကြသည်ဟုလည်း သိရသည်။ ရာသီဥတု ပူရသည့်အထဲ ကလေးကိုဝတ်ပေးထားသော အဝတ်အစားများကို ကြည့်ရသည်မှာ မိမိပင် တက်ချင်သလိုလို ဖြစ်ရသည်။

ကလေးကို ဝတ်ပေးထားသော အဝတ်အစားများကို ချွတ်စေပြီး ကလေးဘယ်လိုဖြစ်သလဲမေးသော် ” မနက် ကတည်းက ကလေး ကိုယ်ပူနေပြီး အီနေကြောင်းနှင့် လမ်းထိပ်ဆေးဆိုင်က ဆေးဝယ်တိုက်ထားကြောင်း” ပြောသည်။ (ဪ ဆေးခန်းသွားဖို့ ဝေးလို့ထင်သည်။) ယခုထိ မသက်သာပဲ လွန်ခဲ့သည့် နာရီဝက်ခန့်က ကလေး တက်နေကြောင်းပြောသည်။ ၅မိနစ်ခန့် ကြာပြီး ပြန်မတက်မှ ဆရာ့ကိုလာခေါ်ကြောင်း ဖခင်ဖြစ်သူမှ ပြောပြသည်။ ဘာဆေးတိုက်ထားသလဲဟု  မေးသော် “ဆေး လေးငါးမျိုးခန့် သုံးခွက်စာသာ ဝယ်သောက်ကြောင်းနှင့် ကုန်သွားပြီ ဖြစ်သဖြင့် ဆရာ့အားပြရန်လည်း မရှိတော့ကြောင်း” ပြောသည်။

ကလေးကို နှိုးကြည့်လိုက်ရာ အနည်းငယ် အီနေသည်ပြီး အိပ်ချင်နေသည့် ပုံစံရှိသည်။ အဖျားတိုင်းကြည့်လိုက်သော် ကိုယ်အပူချိန် (102·F)ခန့် ရှိကြောင်း စမ်းသတ်တွေ့ရှိရသည်။ ဦးနှောက်အမြှေးရောင်သည့် လက္ခဏာများ ရှိ/မရှိ စမ်းသတ်သော်လည်း မတွေ့ရှိရသဖြင့် ထူထဲသော အဝတ်အစားများကို ဖယ်ရှားစေပြီး တခါတည်း ကလေးကို ရေပတ်တိုက်စေသည်။ ညပိုင်းကြီး  ရေပတ်တိုက်ခိုင်းသဖြင့် ကလေး၏ အဖွားဖြစ်သည်မှ မတိုက်ရင် မရဘူးလား မေးသော်လည်း မရကြောင်းပြောပြီး အမြန်ရေပတ်တိုက်စေသည်။  ရေပတ်တိုက်ပြီး  ဒုံးကျည်ခေါ်  ဆေးတောင့်ကို ကလေးစအိုအတွင်း ထည့်ပေးလိုက်ကာ ကလေးကို နိုးလာလျှင် ရေအစား ဓာတ်ဆားရည်တိုက်ရန် ညွှန်ကြားပြီး လိုအပ်သော ဆေးဝါးများ တခါတည်းပေးကာ ကလေးမိဘများနှင့် မိသားစုဝင်များကို ကလေး၏ ခံစားနေရသော  ရောဂါအကြောင်း သိသင့်သည်များ အနည်းငယ်ရှင်းပြပေးရသည်။

အလားတူကဲ့သို့ ဖျားနေချိန် ကလေးတက်ခြင်းမျိုးသည် အသက် (၆)လမှ (၅)နှစ်အရွယ် ကလေးများတွင်သာ ဖြစ်ပွားနိုင်သော ရောဂါတခုဖြစ်ပြီး အသက် တနှစ်ခွဲအောက် ကလေးများတွင် အများဆုံးဖြစ်ပွားနိုင်သော ရောဂါဖြစ်ကာ စိုးရိမ်ရန် မလိုသော်လည်း နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် တိုင်ပင်ပြသပြီး  စောင့်ကြည့်သင့်သည့် ရောဂါတမျိုးဖြစ်သည်။ ဝက်ရူးပြန်ခြင်း(သို့)အခြားအတက်ရောဂါ များနှင့် မတူသည်မှာ ဖျားသည့်အချိန်တွင်သာ တက်တက်ခြင်းဖြစ်သည်။

မိသားစုအတွင်း (မိဘ/မောင်နှမ)  ဖြစ်ပွားဖူးခြင်းရှိသည့် ကလေးငယ်များတွင် ပိုမိုဖြစ်ပွားနိုင်ခြေ ရှိပြီး တခါဖြစ်ဖူးလျှင် နောက်တကြိမ်ထပ်မံဖြစ်ပွားနိုင်ခြေရှိသဖြင့် အဖျားမဖြစ်စေရန် ဂရုစိုက်သင့်ပြီး နောက်တချိန်တွင် ထပ်မံတက်ခြင်း ဖြစ်ပါက ဖုန်း/ ကင်မရာဖြင့် ဗီဒီယိုရိုက်ကူးထားမှသာ ဆရာဝန်နှင့် ဆွေးနွေးချိန်တွင် အဆင်ပြေမည် ဖြစ်ကြောင်း ပြောရသေးသည်။

နောက်တကြိမ်ဖျားခြင်းနှင့် တက်ခြင်း ဖြစ်ပွားပါကလည်း ယခုကဲ့သို့ အဝတ်အစားများ ထူထဲစွာဝတ်ထားခြင်းမျိုးရှောင်ကျဉ်သင့်ပြီး အဖျားရှိသည်ဟု ထင်လျှင် ရေပတ်တိုက်ပေးသင့်ကြောင်းနှင့် ဆေးဆိုင်မှ ဆေးအလွယ်တကူ ဝယ်၍ တိုက်ခြင်းမျိုး ရှောင်ကျဉ်သင့်ပြီး ဆရာဝန်နှင့် စနစ်တကျတိုင်ပင်ဆွေးနွေးကာ ကုသမှု ခံယူရမည်ဖြစ်ကြောင်း ရှင်းပြရသည်။

အကယ်၍ အနီးအနားတွင် ဆေးရုံ၊ ဆေးခန်းမရှိသော  နေရာဒေသမျိုးကို  ရောက်ရှိနေပါကလည်း အတက်လူနာကို (ကလေး/လူကြီး) ပြုစုရသော နည်းလမ်းများဖြစ်သည့်

(၁) တက်နေသည့်လူနာအား ဘေးတစောင်း နေစေခြင်း/ဘေးသို့စောင်းပေးခြင်း

(၂) ပါးစပ်အတွင်း မည်သည့်ပစ္စည်းမှ မထည့်စေခြင်း

(၃) အနီးအနားတွင် ထိခိုက်နိုင်စေသည့် ပစ္စည်းများရှိပါက ဖယ်ပေးခြင်း

(၄) အမြင့်(သို့) အောက်သို့လိမ့်ကျနိုင်သော နေရာဖြစ်ပါက ရွေ့ပြောင်းပေးခြင်း

(၅) အတက် ပြီးဆုံးသည်အထိ အနီးအနားတွင် လူနာစောင့်တဦးစောင့်နေပေးခြင်း

(၆) လေဝင်လေထွက်ကောင်းစေရန်နှင့် လူများဝိုင်းအုံမနေစေရန် စီမံပေးခြင်း

(၇) ဖြစ်နိုင်လျှင် နီးစပ်ရာကျန်းမာရေးဝန်ထမ်းကို ခေါ်ယူ၍ လိုအပ်သော ကုသမှု ခံယူခြင်း

(၈) အတက်ပြီးသွားပါကလည်း လူနာအားစိုးရိမ်မှု မရှိစေရန် ဖျောင်းဖျပေးခြင်း

(၉) တက်နေပုံအား ကင်မရာဖြင့် မှတ်တမ်းတင်ထားကာ နားလည်တတ်ကျွမ်းသော ဆရာဝန်အား ဆွေးနွေးပြသခြင်း စသည်တို့ လုပ်ဆောင်ရမည်ဖြစ်ကြောင်းပြောရင်း ကလေးကို စမ်းသတ်ကြည့်သော် အဖျားကျသွားပြီဖြစ်ပြီး နှစ်ခြိုက်စွာအိပ်ပျော်နေပြီ ဖြစ်သဖြင့် မနက်ခင်း ဆေးခန်းသို့ လာပြရန်မှာကာ ဆေးခန်းသို့ ပြန်လာခဲ့လိုက်သည်။

မနက်ပိုင်းတွင် ကလေးနှင့်တကူ ကလေးမိခင်ပါ ဆေးခန်းလာပြီး ကလေးမှာ ညကတည်းက အဖျားကျသွားပြီဖြစ်ကြောင်းပြောသည်။ လိုအပ်သည်များစမ်းသတ် ကြည့်ရာတွင်လည်း စိုးရိမ်ရမည့် လက္ခဏာများ မတွေ့သဖြင့် နောင်တကြိမ် မဖျားစေရန်၊ ဖျားပါကလည်း ဆေးခန်းသို့သာ လာရန် ညွှန်ကြားပေးခဲ့လိုက်သည်။

Author : တင့်တယ်

ဆက်စပ် ဆောင်းပါးများ