ပူျပင္းတဲ့ ေႏြရာသီ မွာကေလးငယ္ေတြ ကို ဘာေကြ်းၾကမလဲ????
အခုလို ပူျပင္း လြန္းလွတဲ့ ေႏြရာသီမွာ ကေလးငယ္ေတြ ကို အစားအစာ ေကြ်းတဲ့ ေနရာမွာ အထူးဂ႐ုျပဳရပါတယ္။ အခန္႔မသင့္လို႔ မသန္႔ရွင္းတဲ့ အစားအသာ ေတြ စားမိျပန္ရင္လည္း ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါ က အလြယ္တကူျဖစ္လာႏိုင္တဲ့ အျပင္ ပူလြန္းအားႀကီးေတာ့ ေရဓါတ္ပိုမို ဆံုးရွံဳးၿပီး ဝမ္းပါေလွ်ာ ေတာ့ အသက္ အႏၲရာယ္ စိုးရိမ္ရတဲ့ အထိ ေရဓါတ္ ခမ္းေျခာက္တာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ကေလး ငယ္ေတြ ကို အခု လို ေႏြရာသီ မွာ ဘာ္လို အစားအစာ မ်ိဳး ကို အဓိက ထားၿပီး ေကြ်းသင့္သလဲ????
- ဖရဲသီး ေကြ်းပါ။ ေရဓါတ္ ႂကြယ္ဝစြာ ပါဝင္ေနတဲ့ ဖရဲသီး ဟာ အခု လို ရာသီ ဥတု နဲ႔ အကိုက္ဆံုး ပါပဲ။ ေခြ်းထြက္မ်ားလို႔ ေရဓါတ္ခမ္းေျခာက္ေနတဲ့ ခႏၶာကိုယ္ အတြက္ ဖရဲသီၚ က ေကာင္းေကာင္း ေရဓါတ္ ျပန္လည္ ျဖည့္တင္းေပးႏိုင္ပါတယ္။
- လိေမၼာ္သီး၊ Sunkist သီး လိုမ်ိဳးေကြ်းေပးပါ။ ရာသီ အကူးအေျပာင္းမွ ျဖစ္တတ္တဲ့ ႏွာေစးေခ်ာင္းဆိုး အျပင္ အစားမွားတာ နဲ႔ ဝမ္းပ်က္ဝမ္းေလ်ာ ေရာဂါ ေတြ က အလြယ္ေလး ျဖစ္လာတတ္တာ ဆိုေတာ့ ဒါေတြ ကို အလြယ္တကူ မျဖစ္ေအာင္ ကြာကြယ္ဖို႔ အတြက္ ကိုယ္ခံ အားေကာင္းေနဖို႔လိုပါတယ္။ ဒီ ခ်ဥ္တဲ့ အသီးေတြ မွာ ကိုယ္ခံ အားေကာင္းေစတဲ့ ဗီတာမင္ စီ ပါဝင္တဲ့ အတြက္ အခု လိုေႏြရာသီ မွာ ကေလးငယ္ေတြကို ေကြ်းသင့္ပါတယ္။
- ဒိန္ခ်ဥ္ ေကြ်းပါ။ ေႏြရာသီမွာ ဝမ္းပ်က္ဝမ္းေလွ်ာ ျဖစ္ေနတဲ့သူကို ဒိန္ခ်ဥ္ေကြ်းဖို႔ ဆိုရင္ မိဘ ေတာ္ေတာ္ မ်ားမ်ား က လန္႔ ၾကပါတယ္။ ျပန္ေသာက္ ေပးလိုက္တာ ပာာ ဆံုးရွံဳးသြားတဲ့ probiotics ေတြ ကို ျပန္လည္ ျဖည့္တင္းေပးပါတယ္။ တကယ္ေတာ့ သန္႔ရွင္း လတ္ဆက္တဲ့ ဒိန္ခ်ဥ္ ကေတာ့ ဝမ္းေလွ်ာတာ ကို သက္သာေစႏိုင္ပါတယ္။
- လူႀကီးမွ မဟုတ္ပါဘူး ေႏြရာသီမွာ ကေလးေတြ လည္း အစားအေသာက္ ပ်က္တတ္ပါတယ္။ ဒါေၾကာင့္ ကေလး ငယ္ေတြ ကို စားခ်င္စဖြယ္ ျဖစ္ေအာင္ ျပင္ဆင္ခ်က္ျပဳတ္ေကြ်းရပါမယ္။ ဥပမာ- နည္းနည္း စားတာနဲ႔ မ်ားမ်ား ကယ္လိုရီ ရေစမယ့္ ပူတင္းလို အစားအစာ မ်ိဳး ေတြ ကို ေကြ်းသင့္ပါတယ္။
- ႏွင္းသီး ေကြ်းပါ။ အရည္ရႊမ္းတဲ့ အသီးတစ္မ်ိဳး ျဖစ္တဲ့ ႏွင္းသီး ဟာ အခုလို ေႏြရာသီ အတြက္ အေကာင္းဆံုး အသင့္ေတာ္ဆံုးပါ။
- ပူျပင္းလြန္း တယ္ဆိုၿပီး အခ်ိဳရည္ေတြ ကို ကေလးငယ္ေတြ ကို အလြယ္တကူ မတိုက္သင့္ပါဘူး။ အခ်ိဳရည္တိုက္မယ့္ အစား အသီးေဖ်ာ္ရည္ ကိုယ္တိုင္လုပ္ၿပီး တိုက္ေပးျခင္းျဖင့္ ဆံုးရွံဳးသြားတဲ့ ဗီတာမင္ ႏွင့္ သတၱဳဓါတ္မ်ား ကို ျပန္လည္ ျဖည့္တင္း ေပးႏိုင္ပါသည္။ အသင့္ေသာက္ carbonated drink ေတြ ကေတာ့ ကေလးငယ္ေတြ ကို ေနာင္ဆခ်ိန္မွာ ဆီးခ်ိဳ ေရာဂါ ျဖစ္ေစဖို႔ လမ္းစျဖစ္တဲ့ အျပင္ ဆိုဒီယမ္(ဆားဓါတ္) မ်ားတဲ့ အတြက္ ေသြးတိုးေရာဂါ ကို ေနာင္တခ်ိန္မွာ ျဖစ္ပြားေစႏိုင္ပါတယ္။ ဒီအျပင္ ေဖာ့စေဖာရပ္စ္ ေတြ ပါဝင္တဲ့ အတြက္ ေရရွည္စြဲေသာက္ပါ က ေက်ာက္ကပ္ပ်က္စီးေစႏိုငိပါတယ္။
- အစာတစ္ခုခု စားခါနီးတိုင္း ေသခ်ာစြာ ျပန္ေႏႊးေပးတာမ်ိဳး ခ်က္ျပဳတ္ကတည္း က သန္႔သန္႔ရွင္းရွင္း ခ်က္ျပဳတ္တာမ်ိဳး လုပ္ေပးရပါမယ္။
- အသီးအရြက္မ်ားမ်ားဂတက္ႏိုင္သေလာက္ေကြ်းေပးရပါမယ္။
ေလးစားစြာျဖင့္
ေဒါက္တာ ညီညီေက်ာ္
(Unicode)
ပူပြင်းတဲ့ နွေရာသီ မှာကလေးငယ်တွေ ကို ဘာကျွေးကြမလဲ????
အခုလို ပူပြင်း လွန်းလှတဲ့ နွေရာသီမှာ ကလေးငယ်တွေ ကို အစားအစာ ကျွေးတဲ့ နေရာမှာ အထူးဂရုပြုရပါတယ်။ အခန့်မသင့်လို့ မသန့်ရှင်းတဲ့ အစားအသာ တွေ စားမိပြန်ရင်လည်း ဝမ်းပျက်ဝမ်းလျှော ရောဂါ က အလွယ်တကူဖြစ်လာနိုင်တဲ့ အပြင် ပူလွန်းအားကြီးတော့ ရေဓါတ်ပိုမို ဆုံးရှုံးပြီး ဝမ်းပါလျှော တော့ အသက် အန္တရာယ် စိုးရိမ်ရတဲ့ အထိ ရေဓါတ် ခမ်းခြောက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကလေး ငယ်တွေ ကို အခု လို နွေရာသီ မှာ ဘာ်လို အစားအစာ မျိုး ကို အဓိက ထားပြီး ကျွေးသင့်သလဲ????
- ဖရဲသီး ကျွေးပါ။ ရေဓါတ် ကြွယ်ဝစွာ ပါဝင်နေတဲ့ ဖရဲသီး ဟာ အခု လို ရာသီ ဥတု နဲ့ အကိုက်ဆုံး ပါပဲ။ ချွေးထွက်များလို့ ရေဓါတ်ခမ်းခြောက်နေတဲ့ ခန္ဓာကိုယ် အတွက် ဖရဲသီါ် က ကောင်းကောင်း ရေဓါတ် ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။
- လိမ္မော်သီး၊ Sunkist သီး လိုမျိုးကျွေးပေးပါ။ ရာသီ အကူးအပြောင်းမှ ဖြစ်တတ်တဲ့ နှာစေးချောင်းဆိုး အပြင် အစားမှားတာ နဲ့ ဝမ်းပျက်ဝမ်းလျော ရောဂါ တွေ က အလွယ်လေး ဖြစ်လာတတ်တာ ဆိုတော့ ဒါတွေ ကို အလွယ်တကူ မဖြစ်အောင် ကွာကွယ်ဖို့ အတွက် ကိုယ်ခံ အားကောင်းနေဖို့လိုပါတယ်။ ဒီ ချဉ်တဲ့ အသီးတွေ မှာ ကိုယ်ခံ အားကောင်းစေတဲ့ ဗီတာမင် စီ ပါဝင်တဲ့ အတွက် အခု လိုနွေရာသီ မှာ ကလေးငယ်တွေကို ကျွေးသင့်ပါတယ်။
- ဒိန်ချဉ် ကျွေးပါ။ နွေရာသီမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတဲ့သူကို ဒိန်ချဉ်ကျွေးဖို့ ဆိုရင် မိဘ တော်တော် များများ က လန့် ကြပါတယ်။ ပြန်သောက် ပေးလိုက်တာ ပာာ ဆုံးရှုံးသွားတဲ့ probiotics တွေ ကို ပြန်လည် ဖြည့်တင်းပေးပါတယ်။ တကယ်တော့ သန့်ရှင်း လတ်ဆက်တဲ့ ဒိန်ချဉ် ကတော့ ဝမ်းလျှောတာ ကို သက်သာစေနိုင်ပါတယ်။
- လူကြီးမှ မဟုတ်ပါဘူး နွေရာသီမှာ ကလေးတွေ လည်း အစားအသောက် ပျက်တတ်ပါတယ်။ ဒါကြောင့် ကလေး ငယ်တွေ ကို စားချင်စဖွယ် ဖြစ်အောင် ပြင်ဆင်ချက်ပြုတ်ကျွေးရပါမယ်။ ဥပမာ- နည်းနည်း စားတာနဲ့ များများ ကယ်လိုရီ ရစေမယ့် ပူတင်းလို အစားအစာ မျိုး တွေ ကို ကျွေးသင့်ပါတယ်။
- နှင်းသီး ကျွေးပါ။ အရည်ရွှမ်းတဲ့ အသီးတစ်မျိုး ဖြစ်တဲ့ နှင်းသီး ဟာ အခုလို နွေရာသီ အတွက် အကောင်းဆုံး အသင့်တော်ဆုံးပါ။
- ပူပြင်းလွန်း တယ်ဆိုပြီး အချိုရည်တွေ ကို ကလေးငယ်တွေ ကို အလွယ်တကူ မတိုက်သင့်ပါဘူး။ အချိုရည်တိုက်မယ့် အစား အသီးဖျော်ရည် ကိုယ်တိုင်လုပ်ပြီး တိုက်ပေးခြင်းဖြင့် ဆုံးရှုံးသွားတဲ့ ဗီတာမင် နှင့် သတ္တုဓါတ်များ ကို ပြန်လည် ဖြည့်တင်း ပေးနိုင်ပါသည်။ အသင့်သောက် carbonated drink တွေ ကတော့ ကလေးငယ်တွေ ကို နောင်ဆချိန်မှာ ဆီးချို ရောဂါ ဖြစ်စေဖို့ လမ်းစဖြစ်တဲ့ အပြင် ဆိုဒီယမ်(ဆားဓါတ်) များတဲ့ အတွက် သွေးတိုးရောဂါ ကို နောင်တချိန်မှာ ဖြစ်ပွားစေနိုင်ပါတယ်။ ဒီအပြင် ဖော့စဖောရပ်စ် တွေ ပါဝင်တဲ့ အတွက် ရေရှည်စွဲသောက်ပါ က ကျောက်ကပ်ပျက်စီးစေနိုငိပါတယ်။
- အစာတစ်ခုခု စားခါနီးတိုင်း သေချာစွာ ပြန်နွှေးပေးတာမျိုး ချက်ပြုတ်ကတည်း က သန့်သန့်ရှင်းရှင်း ချက်ပြုတ်တာမျိုး လုပ်ပေးရပါမယ်။
- အသီးအရွက်များများဂတက်နိုင်သလောက်ကျွေးပေးရပါမယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်