Zawgyi
QUESTION
ANSWER
Unicode
QUESTION
??သွားအကြောထုတ်ကုသမှု (RCT) လုပ်ပြီးရင် ဘာလို့သွားကို အစွပ်(Crown)စွပ်ရတာလဲ ? ??မစွပ်ပဲထားရင်ရော ဘာတွေဖြစ်လာနိုင်လဲ ?
ANSWER
?အကြောထုတ်လိုက်တဲ့အခါ သွားထဲမှာသွေးကြော ၊ အာရုံကြောတွေဘာမှမရှိတော့ပါဘူး ။
?သွားကသွေးလည်ပတ်မှုမရှိတော့တာကြောင့် တဖြည်းဖြည်းနဲ့သွားရဲ့ကိုယ်ထည်က ခြောက်သွေ့လာပါတယ် ။
?ချက်ခြင်းကြီးခြောက်သွေ့သွားတာမဟုတ်ပေမယ့် အချိန်ကြာလာလေ ပိုသိသာလာလေပါပဲ ။
?တဖြည်းဖြည်းချင်းသွားအရာင်က ညိုလာပါတယ် ။ သွားကကျိုးပဲ့လွယ်လာသလို ဘေးကသွားတွေနဲ့လည်း အရောင်မတူတော့ပါဘူး ။
?သွားကတဖြည်းဖြည်းနဲ့ သစ်ကိုင်းခြောက်လိုဖြစ်လာပါတယ် ။ ကျွတ်ဆတ်ပြီး အရောင်လည်းမွဲလာပါတယ် ။
?ဒီအခြေအနေအတိုင်းပဲ သွားကိုဆက်ထားမယ်ဆိုရင် ပဲ့လိုက်ကျိုးလိုက်နဲ့သွားက လုံးပါးပါးသွားမှာပါ ။
?ဒါတွေကြောင့် အကြောထုတ်ထားတဲ့သွားကို အမိုးအကာသဖွယ် အပေါ်ကနေအစွပ်(Crown)စွပ်ပေးရတာပါ ။
?အစွပ်စွပ်ပေးခြင်းဖြင့် နဂိုသွားအရောင်ပြန်လည်ရရှိနိုင်သလို နဂိုသွားအတိုင်းစားလို့ဝါးလို့ရပါလိမ့်မယ် ။
?အစွပ်ကိုနှစ်ပေါင်းများစွာ အသုံးပြုလို့ရရုံသာမက အောက်ခံသွားကိုလည်းထိထိရောက်ရောက် ကာကွယ်ပေးရာရောက်ပါတယ် ။