fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ဘယ်လိုလာလာ အေးဆေးပါ

85
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/05/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ဘယ္လုိလာလာ ေအးေဆးပါ

အမ်ိဳးသမီးရယ္လို႔ ျဖစ္လာၿပီဆိုကတည္းက တစ္လတစ္ခါ ရာသီလာျခင္း ဒုကၡကို ႀကဳံေတြ႕ၾကရပါတယ္။ ဒီလို ရာသီလာတိုင္းမွာလည္း သန႔္စင္ဖို႔အတြက္ ဘယ္လိုေတြ ေနထိုင္ရမယ္ လုံၿခဳံမႈ ရွိဖို႔ ဘယ္လိုေတြ ျပဳမူၾကရမယ္ဆိုတာ ေခါင္းစားစရာတစ္ခုပါ။

ေရွးယခင္ကေတာ့ ထမိန္ေဟာင္း ထမိန္စုတ္မ်ားကို သင့္ေတာ္သလို ျဖတ္ညႇပ္ၿပီး ေလွ်ာ္ဖြတ္မီးပူထိုးကာ တြယ္ခ်ိတ္နဲ႔ အတြင္းခံမွာ တြဲၿပီး အမ်ိဳးသမီးလစဥ္ဒုကၡကို ေျဖရွင္းခဲ့ၾကပါတယ္။ ယခုတိုင္ ထိုနည္းကို အသုံးျပဳေနသူမ်ား ရွိေနႏိုင္ပါေသးတယ္။ ဒီနည္းဟာ အကုန္အက်နည္းတယ္ဆိုေပမယ့္ ေလွ်ာ္ဟယ္ မီးပူထိုးဟယ္နဲ႔ အလုပ္ရႈပ္ပါတယ္။ ဒီလိုေသခ်ာမလုပ္ရင္လည္း မသန႔္ရွင္းႏိုင္ပါဘူး။ မသန႔္ရွင္းရင္ မိန္းမကိုယ္ ေမြးလမ္းေၾကာင္းတစ္ေလွ်ာက္ကို ပိုးဝင္ႏိုင္ပါတယ္။ ရာသီလာေနတဲ့အခ်ိန္ဟာ မိန္းမကိုယ္အတြင္းမွာ ရွိတဲ့ pH level ပုံမွန္ထက္ပိုၿပီး ျမႇင့္မားေနတတ္တဲ့အခ်ိန္မို႔ ပိုးဝင္လြယ္တဲ့အခ်ိန္ဆိုလည္း မမွားပါဘူး။

အခုေနာက္ပိုင္းမွာေတာ့ လစဥ္သုံးကပ္ခြာေတြ ၊ tampons ေတြ၊ ခြက္ေတြ ေပၚလာပါတယ္။ တစ္ခုဆီမွာေတာ့ အားသာခ်က္နဲ႔ အားနည္းခ်က္ေတြ ရွိေနပါတယ္။ လစဥ္သုံးကပ္ခြာကေတာ့ ထမိန္စုတ္ေနရာမွာ အစားထိုးလာတဲ့ တစ္ကိုယ္ေရ သန႔္စင္သုံး ပစၥည္းဆိုလည္း မမွားပါဘူး။ အထူ၊ အပါးမ်ိဳးစုံ ၊ ပုံစံမ်ိဳးစုံ ၊ အေရွ႕အေနာက္ အရွည္မ်ိဳးစုံနဲ႔ တံဆိပ္မ်ိဳးစုံ လာပါတယ္။ တစ္ခ်ိဳ႕ တံဆိပ္ေတြက အနံ႔ေမႊးေမႊးေလးေတာင္ ပါပါေသးတယ္။ ဘယ္တံဆိပ္ကိုပဲ ဝယ္ဝယ္ ကိုယ္အဆင္ေျပရာကို အသုံးျပဳလို႔ ရပါတယ္။ ဘယ္အခ်ိန္မွာလဲေပးရမယ္ဆိုရင္ အရမ္းမေပခင္၊ အနံ႔မထြက္ခင္ မွာလဲေပးရင္ အဆင္ေျပပါတယ္။ မေကာင္းတာတစ္ခုက အတြင္းခံနဲ႔ ကပ္တဲ့ အေနအထားေပၚ မူတည္ၿပီး လုံၿခဳံမႈ ကြာပါတယ္။ ေရကူးလို႔ မရဘူး။ အားသာခ်က္ကေတာ့ အသုံးျပဳရလြယ္တယ္။ ေနရာတိုင္းမွာ ရႏိုင္တယ္။

ေနာက္တစ္ခု အသုံးမ်ားတာ တစ္ခုက Tampon။ အသက္ငယ္တဲ့ အမ်ိဳးသမီးေတြ ပိုသုံးၾကတယ္။ အပ်ိဳေလးေတြလည္း အသုံးျပဳလို႔ရတယ္။ အခန႔္မသင့္ရင္ အပ်ိဳအေျမႇးပါးကို ထိခိုက္မိႏိုင္တာေတာ့ ရွိႏိုင္တယ္။ ေကာင္းတာတစ္ခုက လြတ္လပ္တယ္။ ဘယ္လိုလႈပ္ရွားမႈမဆို ျပဳလုပ္ႏိုင္တယ္။ မေကာင္းတာတစ္ခုက ၄ နာရီေလာက္တစ္ခါ လဲေပးသင့္တယ္။ ၈ နာရီထက္ပိုမသုံးသင့္ဘူး။ ၈ နာရီထက္ၾကာတဲ့အခါမွာ ပိုးဝင္ၿပီး ေသြးဆိပ္ဝင္တာမ်ိဳး ျဖစ္တတ္တယ္။ ထည့္တဲ့အခါမွာ လြယ္ေအာင္လို႔ အကူပစၥည္းပါတာနဲ႔ မပါတာ ရွိတယ္။ အိမ္သာခြက္ေပၚကို ေျခတစ္ဖက္တင္ၿပီးပဲျဖစ္ျဖစ္ ထိုင္ၿပီးပဲျဖစ္ျဖစ္ ထည့္လို႔ရတယ္။ မထည့္ခင္မွာ လက္ကို ေသခ်ာေဆးဖို႔လိုတယ္။ ထုတ္တဲ့အခါမွာေတာ့ ပါတဲ့ႀကိဳးတံေလးကို အသာေလး ဆြဲထုတ္လိုက္႐ုံပဲ။

ၿပီးေတာ့ ခြက္။ ခြက္ကေတာ့ အေပၚကပစၥည္းေတြနဲ႔ မတူတာတစ္ခုကေတာ့ ျပန္အသုံးျပဳလို႔ ရတာပဲ။ ကေတာ့ပုံ ခြက္ေလးတစ္ခုျဖစ္ၿပီး ေပ်ာ့တယ္။ မသုံးခင္မွာ ေရေႏြးဆူဆူထဲမွာ ၃ မိနစ္ကေန ၅ မိနစ္ေလာက္ ျပဳတ္ေပးသင့္တယ္။ ထည့္တဲ့အခါမွာ Tampon ထည့္သလိုပဲ ထည့္လို႔ရတယ္။ ခြက္ကို ေလးေခါက္ေခါက္ၿပီး ထည့္လို႔ရတယ္။ စိတ္ေလ်ာ့ၿပီး မိန္းမကိုယ္ထဲကို အံ့ဝင္ခြင္က် ျဖစ္ေအာင္ ထည့္ရတယ္။ အံ့ဝင္ခြင္က် မျဖစ္ရင္ ယိုၿပီး ေပတာမ်ိဳး ျဖစ္တတ္တယ္။ အံ့ဝင္ခြင္က်ျဖစ္ရင္ေတာ့ ရာသီေသြးေတြကို ခြက္ထဲမွာ ထိန္းေပးထားတယ္။ ယိုစိမ့္တာ မရွိဘူး။ Tampon လို လြတ္လြတ္လႈပ္ရွားသြားလာလို႔ရတယ္။ ေရကူးလို႔လည္းရတယ္။ ၿပီးေတာ့ ခြက္က တစ္ခါဝယ္ၿပီးရင္ ၁၀ ႏွစ္ေလာက္ထိေတာင္ သုံးလို႔ရတယ္။ တစ္ခါထည့္ထားရင္လည္း ၁၂ နာရီေလာက္ထိ အသုံးျပဳလို႔ရတယ္။ ထုတ္တဲ့အခါလည္း သူ႔မွာပါတဲ့အတံေလးကို အသာေလး ဆြဲထုတ္လိုက္႐ုံပဲ။ ထုတ္ၿပီးရင္ေတာ့ ရာသီေသြးေတြကို သြန္ထုတ္ၿပီး ေရေသခ်ာေဆး ျပန္သုံးလို႔ ရတယ္။ ရာသီစက္ဝန္းၿပီးသြားရင္ေတာ့ ေသခ်ာျပဳတ္ၿပီး ျပန္ထည့္ထားလို႔ရတယ္။

မိမိအဆင္ေျပရာ နည္းလမ္းေတြကို ေ႐ြးခ်ယ္အသုံးျပဳႏိုင္ၾကပါေစ။ တစ္ခုမွာၾကားခ်င္တာကေတာ့ အနံ႔ေပ်ာက္ခ်င္စိတ္နဲ႔ အရမ္းေမႊးတဲ့ ပစၥည္းေတြကို အသုံးမျပဳပါနဲ႔။ အရမ္းေမႊးတဲ့ ပစၥည္းေတြက မိန္းမကိုယ္အတြက္ ေရာင္ရမ္းမႈ ယားနာမႈေတြကို ျဖစ္ေစႏိုင္လို႔ပါ။ ပ်ိဳေမအားလုံး စိတ္ခ်မ္းသာၿပီး ကိုယ္လည္းက်န္းမာၾကပါေစလို႔ ဆုေတာင္းရင္း ……

Author : Dr. ေမ

ဘယ္လုိလာလာ ေအးေဆးပါ

အမျိုးသမီးရယ်လို့ ဖြစ်လာပြီဆိုကတည်းက တစ်လတစ်ခါ ရာသီလာခြင်း ဒုက္ခကို ကြုံတွေ့ကြရပါတယ်။ ဒီလို ရာသီလာတိုင်းမှာလည်း သန့်စင်ဖို့အတွက် ဘယ်လိုတွေ နေထိုင်ရမယ် လုံခြုံမှု ရှိဖို့ ဘယ်လိုတွေ ပြုမူကြရမယ်ဆိုတာ ခေါင်းစားစရာတစ်ခုပါ။

ရှေးယခင်ကတော့ ထမိန်ဟောင်း ထမိန်စုတ်များကို သင့်တော်သလို ဖြတ်ညှပ်ပြီး လျှော်ဖွတ်မီးပူထိုးကာ တွယ်ချိတ်နဲ့ အတွင်းခံမှာ တွဲပြီး အမျိုးသမီးလစဉ်ဒုက္ခကို ဖြေရှင်းခဲ့ကြပါတယ်။ ယခုတိုင် ထိုနည်းကို အသုံးပြုနေသူများ ရှိနေနိုင်ပါသေးတယ်။ ဒီနည်းဟာ အကုန်အကျနည်းတယ်ဆိုပေမယ့် လျှော်ဟယ် မီးပူထိုးဟယ်နဲ့ အလုပ်ရှုပ်ပါတယ်။ ဒီလိုသေချာမလုပ်ရင်လည်း မသန့်ရှင်းနိုင်ပါဘူး။ မသန့်ရှင်းရင် မိန်းမကိုယ် မွေးလမ်းကြောင်းတစ်လျှောက်ကို ပိုးဝင်နိုင်ပါတယ်။ ရာသီလာနေတဲ့အချိန်ဟာ မိန်းမကိုယ်အတွင်းမှာ ရှိတဲ့ pH level ပုံမှန်ထက်ပိုပြီး မြှင့်မားနေတတ်တဲ့အချိန်မို့ ပိုးဝင်လွယ်တဲ့အချိန်ဆိုလည်း မမှားပါဘူး။

အခုနောက်ပိုင်းမှာတော့ လစဉ်သုံးကပ်ခွာတွေ ၊ tampons တွေ၊ ခွက်တွေ ပေါ်လာပါတယ်။ တစ်ခုဆီမှာတော့ အားသာချက်နဲ့ အားနည်းချက်တွေ ရှိနေပါတယ်။ လစဉ်သုံးကပ်ခွာကတော့ ထမိန်စုတ်နေရာမှာ အစားထိုးလာတဲ့ တစ်ကိုယ်ရေ သန့်စင်သုံး ပစ္စည်းဆိုလည်း မမှားပါဘူး။ အထူ၊ အပါးမျိုးစုံ ၊ ပုံစံမျိုးစုံ ၊ အရှေ့အနောက် အရှည်မျိုးစုံနဲ့ တံဆိပ်မျိုးစုံ လာပါတယ်။ တစ်ချို့ တံဆိပ်တွေက အနံ့မွှေးမွှေးလေးတောင် ပါပါသေးတယ်။ ဘယ်တံဆိပ်ကိုပဲ ဝယ်ဝယ် ကိုယ်အဆင်ပြေရာကို အသုံးပြုလို့ ရပါတယ်။ ဘယ်အချိန်မှာလဲပေးရမယ်ဆိုရင် အရမ်းမပေခင်၊ အနံ့မထွက်ခင် မှာလဲပေးရင် အဆင်ပြေပါတယ်။ မကောင်းတာတစ်ခုက အတွင်းခံနဲ့ ကပ်တဲ့ အနေအထားပေါ် မူတည်ပြီး လုံခြုံမှု ကွာပါတယ်။ ရေကူးလို့ မရဘူး။ အားသာချက်ကတော့ အသုံးပြုရလွယ်တယ်။ နေရာတိုင်းမှာ ရနိုင်တယ်။

နောက်တစ်ခု အသုံးများတာ တစ်ခုက Tampon။ အသက်ငယ်တဲ့ အမျိုးသမီးတွေ ပိုသုံးကြတယ်။ အပျိုလေးတွေလည်း အသုံးပြုလို့ရတယ်။ အခန့်မသင့်ရင် အပျိုအမြှေးပါးကို ထိခိုက်မိနိုင်တာတော့ ရှိနိုင်တယ်။ ကောင်းတာတစ်ခုက လွတ်လပ်တယ်။ ဘယ်လိုလှုပ်ရှားမှုမဆို ပြုလုပ်နိုင်တယ်။ မကောင်းတာတစ်ခုက ၄ နာရီလောက်တစ်ခါ လဲပေးသင့်တယ်။ ၈ နာရီထက်ပိုမသုံးသင့်ဘူး။ ၈ နာရီထက်ကြာတဲ့အခါမှာ ပိုးဝင်ပြီး သွေးဆိပ်ဝင်တာမျိုး ဖြစ်တတ်တယ်။ ထည့်တဲ့အခါမှာ လွယ်အောင်လို့ အကူပစ္စည်းပါတာနဲ့ မပါတာ ရှိတယ်။ အိမ်သာခွက်ပေါ်ကို ခြေတစ်ဖက်တင်ပြီးပဲဖြစ်ဖြစ် ထိုင်ပြီးပဲဖြစ်ဖြစ် ထည့်လို့ရတယ်။ မထည့်ခင်မှာ လက်ကို သေချာဆေးဖို့လိုတယ်။ ထုတ်တဲ့အခါမှာတော့ ပါတဲ့ကြိုးတံလေးကို အသာလေး ဆွဲထုတ်လိုက်ရုံပဲ။

ပြီးတော့ ခွက်။ ခွက်ကတော့ အပေါ်ကပစ္စည်းတွေနဲ့ မတူတာတစ်ခုကတော့ ပြန်အသုံးပြုလို့ ရတာပဲ။ ကတော့ပုံ ခွက်လေးတစ်ခုဖြစ်ပြီး ပျော့တယ်။ မသုံးခင်မှာ ရေနွေးဆူဆူထဲမှာ ၃ မိနစ်ကနေ ၅ မိနစ်လောက် ပြုတ်ပေးသင့်တယ်။ ထည့်တဲ့အခါမှာ Tampon ထည့်သလိုပဲ ထည့်လို့ရတယ်။ ခွက်ကို လေးခေါက်ခေါက်ပြီး ထည့်လို့ရတယ်။ စိတ်လျော့ပြီး မိန်းမကိုယ်ထဲကို အံ့ဝင်ခွင်ကျ ဖြစ်အောင် ထည့်ရတယ်။ အံ့ဝင်ခွင်ကျ မဖြစ်ရင် ယိုပြီး ပေတာမျိုး ဖြစ်တတ်တယ်။ အံ့ဝင်ခွင်ကျဖြစ်ရင်တော့ ရာသီသွေးတွေကို ခွက်ထဲမှာ ထိန်းပေးထားတယ်။ ယိုစိမ့်တာ မရှိဘူး။ Tampon လို လွတ်လွတ်လှုပ်ရှားသွားလာလို့ရတယ်။ ရေကူးလို့လည်းရတယ်။ ပြီးတော့ ခွက်က တစ်ခါဝယ်ပြီးရင် ၁၀ နှစ်လောက်ထိတောင် သုံးလို့ရတယ်။ တစ်ခါထည့်ထားရင်လည်း ၁၂ နာရီလောက်ထိ အသုံးပြုလို့ရတယ်။ ထုတ်တဲ့အခါလည်း သူ့မှာပါတဲ့အတံလေးကို အသာလေး ဆွဲထုတ်လိုက်ရုံပဲ။ ထုတ်ပြီးရင်တော့ ရာသီသွေးတွေကို သွန်ထုတ်ပြီး ရေသေချာဆေး ပြန်သုံးလို့ ရတယ်။ ရာသီစက်ဝန်းပြီးသွားရင်တော့ သေချာပြုတ်ပြီး ပြန်ထည့်ထားလို့ရတယ်။

မိမိအဆင်ပြေရာ နည်းလမ်းတွေကို ရွေးချယ်အသုံးပြုနိုင်ကြပါစေ။ တစ်ခုမှာကြားချင်တာကတော့ အနံ့ပျောက်ချင်စိတ်နဲ့ အရမ်းမွှေးတဲ့ ပစ္စည်းတွေကို အသုံးမပြုပါနဲ့။ အရမ်းမွှေးတဲ့ ပစ္စည်းတွေက မိန်းမကိုယ်အတွက် ရောင်ရမ်းမှု ယားနာမှုတွေကို ဖြစ်စေနိုင်လို့ပါ။ ပျိုမေအားလုံး စိတ်ချမ်းသာပြီး ကိုယ်လည်းကျန်းမာကြပါစေလို့ ဆုတောင်းရင်း ……

Author : Dr. မေ

Previous Post

ခုမှ သိတော့

Next Post

ဆံပင်ဆေးမဆိုးခင် စဉ်းစားစေချင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
642

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
613
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆံပင်ဆေးမဆိုးခင် စဉ်းစားစေချင်

သွားနှုတ်ထားတာကိုသွားပြန်မစိုက်ရင် ဘာပြသနာတွေဖြစ်နိုင်လဲ

ကလေးငယ်လေးများ၏ ကြီးထွားဖွံ့ဖြိုးမှု မှတ်တိုင်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.