အမျိုးသမီးတစ်ယောက်ရဲ့ဘဝတွင် ကိုယ်ဝန်ဆောင်ကာလသည် ဘဝရဲ့အံ့သြဖွယ်ကောင်းသောအချိန်ကာလတစ်ခုပင်ဖြစ်ပါတယ်။
ထိုအချိန်ကာလတစ်ခုမှာ သင့်ကိုယ်ခန္ဓာသည် ပြောင်းလဲမှုများစွာနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်း အများဆုံး ကြုံတွေ့ရသော ပြောင်းလဲမှုသည် ဟော်မုန်းပြောင်းလဲမှုများကြောင့် အဓိကဖြစ်ရခြင်းဖြစ်ပါတယ်။
ထိုအထဲမှ ကိုယ်ခန္ဓာတွင်ဟော်မုန်းများခြင်းကြောင့် မိမိရဲ့ ဆံပင်များလည်း ပြောင်းလဲမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဆံပင်များထူပွခြောက်သွေ့ကောက်လာသလို အချို့မှာမူ ဆံပင်အထွေလိုက် များစွာကျွတ်၍လည်း စိတ်ညစ်နေရတတ်ပါတယ်။
အချို့အမျိုးသမီးများအဖို့ ဆံပင်ကို သေချာဂရုစိုက်ကာ အာဟာရကောင်းစွာရရှိရန် စားသုံးလျှင် မွေးပြီး၆လအတွင်းကျန်းမာသန်စွမ်းသောဆံပင်များပြနလည်ရရှိနိုင်ပါလိမ့်မယ်။ကိုယ်ဝန်ဆောင်ကိုးလအချိန်တွင်မူ ဆံပင်၊အသားရေနှင့်ကျန်းမာရေးအတွက်အထူးဂရုစိုက်သင့်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန် ဆံပင်ကို ထိန်းသိမ်းရန် နည်းလမ်းကောင်းအချို့မှာ
1) ဦးရေဖျားနှိပ်နယ်ခြင်း
ကိုယ်ဝန်ဆောင်ချိန်တွင် ဆံပင်အတွက် အကောင်းဆုံးကုသမႈ နည်းလမ်းကောင်းမှာ ဦးရေဖျားနှိပ်နယ်၍ ဆံပင်ကို ကုသခြင်းဖြစ်ပါတယ်။
တစ်ပတ်လျှင် အနည်းဆုံး ၃ ကြိမ်မှ ၄ ကြိမ်ထိ ဆီထည့်ပေးပါ။ သဘာဝအဆီများ အသုံးပြုပြီး ဆံပင်ကို အာဟာရပြည့်ဝအောင် ပြုလုပ်ပေးသင့်ပါတယ်။ ဆံပင်အတွက် ကောင်းသောအဆီများမှာ အုန်းဆီ၊ ထောလပတ်၊ သံလွင်ဆီ၊ ကြက်ဆူဆီ၊ စသည်တို့ပဖြစ်ပါတယ်။
အဆိုပါ အဆီတမျိုးမျိုးကို မပူလွန်မအေးလွန်း ခပ်နွေးနွေး အပူပေးပါ။ ထို့နောက် ဦးရေဖျားနှင့် ဆံပင်ကို သုတ်လိမ်းနှိပ်နယ်ပေးပါ။ ထိုသို့ပြုလုပ်ခြင်းသည် ဆံပင်ကို အရင်းမှစ၍ သန်စွမ်းစေကာ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဆီလိမ်းပြီးနောက် အနွေးဓာတ်ရှိသော သဘက်ဖြင့် ဆံပင်ကို ပေါင်းထားပေးပါက ပိုမိုအကျိုးအာနိသင်များပါလိမ့်မယ်။
2) ခေါင်းလျော်ရည်နှင့် ဆံပင်ပျော့ဆေး
ကိုယ်ဝန်ဆောင်သည်များ တပတ်ကို တကြိမ်ခေါင်းလျော်ရည်နှင့် လျော်ရန်မမေ့ပါနဲ့။ သဘာဝပစ္စည်းဖြင့် ပြုလုပ်ထားသော ခေါင်းလျော်ရည်အပျော့စားကိုသာ သုံးစွဲပါ။ ခေါင်းလျော်တိုင်း ဆံပင်ပျော့ဆေး သုံးခြင်းဖြင့် ဆံပင် နှစ်ခွဖြစ်ခြင်းကို သက်သာစေပါတယ်။ ကိုယ်ဝန်ဆောင်သည်များအဖို့ လရင့်လာလေလေ ခေါင်းလျော်ရန် ခက်လာလေလေဖြစ်သာကြောင့် အခြားသူရဲ့ အကူအညီရယူပါ။
3) ဆံပင်ဆေးမဆိုးပါနဲ့
ကိုယ်ဝန်ဆောင်ချိန်တွင် ဆံပင်ဆေးလုံးဝမဆိုးပါနဲ့။ ကလေးအတွက် ထိခိုက်နိုင်သည်ဟူသော သုတေသနပြုချက်မရှိသော်လည်း ဆံပင်ဆိုးဆေးများသည် ဦးရေဖျားဓာတ်မတည့်မႈနှင့် ပိုးဝင်မႈကို ဖြစ်နိုင်ချေရှိပါတယ်။
4) ခေါင်းဘီးခြင်း
ဆံပင်ရေစိုချိန်တွင် ဆံပင်မဖြီးပါနဲ့။ ဆံပင်ကျွတ်မႈ သက်သာစေရန် သဘာဝအတိုင်း အခြောက်ခံကာ ဘီကျဲကျဲ ဖြင့်သာ ဖီးပါ။
5) ဆံပင်ပုံမှန်အဖျားတိပါ
ကိုယ်ဝန်ဆောင်ချိန်တွင် မိမိရဲ့ဆံပင် အထူအပါးနှင့် အပျော့အမာပြောင်းလဲ ခြင်းကြောင့် ဆံပင်နှစ်ခွဖြစ်မႈ သက်သာစေရန် ဆံပင်တိပေးပါ။
6) ဆံပင်ပုံပြောင်းရန်
ကိုယ်ဝန်ဆောင်ချိန်တွင် ဟော်မုန်းပြောင်းလဲခြင်းကြောင့် မိမိဆံပင်ကို လိုအပ်သလိုပြောင်းလဲ ညှပ်ပေးပါ။ မိမိဆံသားပေါ်မူတည်၍ ဆံပင်ကျွတ်မႈ သက်သာစေသောပစ္စည်းများသုံးပါ။ ဆံပင်ပုံစံကိုလိုအပ်သလို ပြောင်းလဲ၍ စိတ်ဖိဆီးမႈ လျော့ချပါ။
7) အာဟာရမျှတသော အစာစားပါ
ဗိုက်ထဲရှိ ကလေးအာဟာရရှိပြီ ဟော်မုန်းပြောင်းလဲမႈကို သက်သာစေရန် အာဟာရမျှတသော အစာမှန်သမျှစားပါ။ နွားနို့၊ အသီးအရွက်၊ အသား၊ ငါး၊ အစေ့အဆန် အားလုံးစားပါ။ ရေများများသောက်ပါ။
8) အနားယူပါ
ကိုယ်ဝန်ဆောင်ချိန်တွင် ဆံပင်ကျွတ်ခြင်းသက်သာစေရန် အဓိကသော့ချက်မှာ အနားယူခြင်းဖြစ်ပါတယ်။ ရေချိုးပါ၊ သီးချင်းနားထောင်ပါ။ တရားနာပါ။ အနှိပ်ခံပါ စသည်တို့ကို လုပ်ဆောင်ပါ။
အထက်ဖော်ပြပါ အချက်များကို လုပ်ဆောင်ခြင်းဖြင့် ကိုယ်ဝန်ဆောင်ချိန် ဆံပင်ကျွတ်ခြင်းကို သက်သာစေပါတယ်။
Dr. Pyae Shin