ကျောင်းများမှာ ဟင်ဒီးကက် (Handicap) ခေါ်တစ်ပန်းရှုံးနေတဲ့ကလေး (သို့) အခြားကလေးများနဲ့တန်းတူရည် တူမလိုက်နိုင်ကြ တဲ့ကလေးတွေ တွေ့ရတတ်မြဲရှိပါတယ်။
အထွေထွေအားနည်းတဲ့ကလေးတွေဟာ အခြားကလေးများနဲ့မတူ စိတ်မှာဖြစ်စေ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းမှာ ဖြစ်စေတစ်စုံတစ် ရာ ချွတ်ယွင်းအားနည်းနေတတ်တယ်။ ဆရာ၊ ဆရာမများအနေနဲ့ ကျောင်းသားသစ်ရောက်ရင် ယင်းကလေးတွေမှာ တစ်ပန်းရှုံး နေတဲ့ကလေးဟုတ်၊ မဟုတ်ကြည့်ရှုရမယ်။ လိုအပ်တာ ကူညီစောင့်ရှောက်ပေး ဖို့လိုအပ်ပါတယ်။
(က) မှတ်ဉာဏ်နည်းသူ
ဆရာ၊ ဆရာမများဟာကိုယ့်တပည့်တွေထဲမှာ စာအတော်ဆုံးအထူးချွန်ဆုံးကလေးနဲ့ စာအညံ့ဆုံး၊ အချာဆုံးက လေးကို ပိုမိုမှတ် မိတတ်ပါတယ်။ စာညံ့တဲ့ကလေးတွေမှာ “မွန်ဂို” ကလေးတွေ၊ ”ဒေါင်း”ကလေးတွေ (Down’s Syndrome) များဟာ မှတ်ဉာဏ် အလွန်အမင်းနည်းနေတာတော့ မဟုတ်ပါဘူး။ သာမန်ကလေးတွေထက်စာရင် မှတ်ဉာဏ်နည်းနေတတ်တာပါ။ ဒေါင်းနဲ့ မွန်ဂိုအနွယ်ဝင် ကလေးတွေမှာ စိတ်အာရုံပြု၊ စူးစိုက်မှုနည်းတတ်တယ်။ စာပေသင်ကြားရင် သင်ကြားမှုကိုခဏတာနား ထောင်ပြီး၊ အာရုံက အခြားရောက်သွားတတ်တယ်။ ကစားရင်လည်း ကစားတဲ့လုပ်ငန်းမှာခဏသာစိတ်ဝင်စားပြီး အခြားအလုပ် တစ်ခုကို အာရုံပြောင်းသွားတတ် တယ်။ သင်္ချာသင်ကြားရာမှာ ခက်ခဲတယ်။
ယင်းကလေးမျိုးမိမိတပည့်ထဲပါဝင်နေရင် “မင်းမှတ်ဉာဏ်မရှိဘူးလား၊ သည်းခြေမရှိဘူးလား” ပြောဆိုဖို့မသင့်ဘဲ ယင်းကလေး တွေကို စိတ်ရှည်လက်ရှည်ထားကာ ထပ်ကာထပ်ကာရှင်းလင်းသင်ပြပေးဖို့ လိုပါတယ်။ အနောက်နိုင်ငံနဲ့ စက်မှုဖွံ့ဖြိုးပြီး ဂျပန်၊ စင်ကာပူ၊ တောင်ကိုးရီးယားမှာ သီးခြားပြုစုပေးတဲ့ကျောင်းတွေရှိတယ်။ အများအားဖြင့် ကိုယ်ဝန်ဆောင်တဲ့မိခင် အသက်ကြီး လွန်းရင် ယင်းကလေးမျိုးတွေမွေးတတ်လို့ အသက်ကြီးရင်ကိုယ်ဝန်မယူသင့်ပါ။ သာမန်ကလေးတွေနဲ့သင်ကြားတဲ့အခါ မှတ် ဉာဏ်နည်းတာပြစ်တင်ပြောဆိုပါက ကလေးကိုယ်တိုင်မိမိဟာ အသိဉာဏ်နည်းလွန်းတယ်လို့ထင်သွားပြီး စာဆက်ပြီးသင်ကြားဖို့ တောင်ခဲယဉ်းသွားတယ်။
တစ်ကယ်တော့စာသင်ပေးလို့ရပါတယ်။ တစ်တန်းမှာ နှစ်နှစ်နေပြီး မူလတန်းကျော်ရင် စာသင်ကျောင်းတွေနဲ့လမ်းခွဲသွားပါတော့ တယ်။ တစ်ကယ်စိတ်ဝင်စားတဲ့ကလေးတွေကတော့ ဉာဏ်ရည်မီကလေးတွေနဲ့ တန်းတူစာမေးပွဲအောင် အောင်သင်ကြားပေးနိုင် တာတွေရှိပါတယ်။
(ခ) စာဖတ်ရာမှာထစ်ငေါ့ခြင်း (သို့) ဘယ်ညာမလှည့်တတ်ခြင်း
ရင်သွေးငယ်တိုင်းစာဖတ်ရာမှာ အဆင့်(၂)ဆင့်ကျော်ဖြတ်ရတယ်။ ပထမအဆင့်က စာလုံးကိုမှတ်မိနားလည်တဲ့အဆင့်ဖြစ်ပြီး၊ ဒု တိယအဆင့်မှာစာကို အသံနဲ့ဖတ်ရတဲ့အဆင့်ဖြစ်တယ်။ ကလေးဟာအဆင့်နှစ်ဆင့်နဲ့ စာဖတ်ရာမှာ ဘယ်ပြန်၊ ညာပြန်ဖြစ်တတ် တယ်။ မြန်မာစာသင်ကြားရာမှာ ဆရာမက (င)လို့သင်ပေမယ့်၊ ကလေးက (၁)တစ်ရေးချ (သို့) ရေးချ လို့မြင်သလို (င)ကို (ခ) လုပ်တတ်တယ်။ အင်္ဂလိပ်စာသင်ကြားရာမှာလည်း အင်္ဂလိပ်စာလုံး အီး(E) ကို (ဒ) ဒဒွေး (သို့) အင်္ဂလိပ်လို (3)ရေးတတ်တယ်။ ယင်းကလေးမျိုးကို စိတ်ရှည်လက်ရှည်သင်ကြားပေးရင် ပြန်လည်ကောင်းမွန်လာနိုင်တယ်။ ဘယ်ပြန်၊ ညာပြန်စာရေးခြင်းဟာ အသိတရားနဲ့မပတ်သက်၊ အသိဉာဏ်နည်းခြင်းမဟုတ်ဘဲ ဘယ်နဲ့ညာမလှည့်တတ်လို့ဖြစ်တယ်။
ဘယ်ညာမလှည့်တတ်တဲ့ကလေးတွေကို စိတ်ရှည်လက်ရှည်သင်ပေးရင် ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။ ဆရာက (သို့) မိ ဘက ဒါလေးတောင်မရေးတတ်ဘူးလားလို့ ကြိမ်းမောင်းသင်ကြားရင် ကလေးဟာစိတ်ဆင်းရဲတာ၊ အမှန်သင်ကြားရေးအတွက် တောင်ပိုပြီးခက်ခဲသွားတတ်ပါတယ်။ စကားထစ်ရင်ပိုတောင် ဆိုးသွားနိုင်သလို သူငယ်ချင်းများစ၊ နောက်ခြင်းမပြုစေဘဲ၊ လမ်း မှန်ကမ်းမှန်ပြောဆိုတတ်အောင် ဆောင်ရွက်ပေးသင့်ပါတယ်။
(ဂ) နားနှင့် မျက်စိမကောင်းခြင်း
ကျောင်းကိုလာတဲ့ကလေးတွေမှာ နားနဲ့မျက်စိမကောင်းတဲ့ကလေးတွေ ပါလာတတ်တယ်။ တစ်ပန်းရှုံးပြီးသားဖြစ်လို့ ဆရာ၊ ဆရာ မတွေအနေနဲ့ ကျောင်းသားနေရာချထားရာမှာပင် အလင်းရောင်ပိုရနိုင်တဲ့နေရာ၊ ပိုကြားနိုင်တဲ့နေရာ၊ ကျောက်သင်ပုန်းအနီးမှာ ထားပေးရင် ကလေးရဲ့အခက်အခဲကို ကူညီပေးနိုင်ပါတယ်။ ကလေးကနားနည်းနည်းမကြားရုံ၊ မျက်စိနည်းနည်းမှုန်ရုံဖြစ်ရင် အခြားကလေးတွေနဲ့တန်းတူ စာလိုက်နိုင်ပေမယ့် နားသိပ်မကြား၊ မျက်စိသိပ်မမြင်ရင် အခြားကလေးနဲ့တန်းတူလိုက်နိုင်မှာတော့ မဟုတ်ပါဘူး။ မျက်စိအထူးကုဆရာဝန်၊ နား၊ နှာခေါင်းလည်ချောင်းအထူးကုဆရာဝန် စတာတွေနဲ့ ငယ်စဉ်ကတည်းကပြသ သင့်တယ်။
(ဃ) နားမကြားတဲ့ကလေး
နားမကြားတဲ့ကလေးတွေမှာ လုံးဝအသံမကြားရသူအလွန်များတယ်။ နားလေးတဲ့ကလေးတွေဟာ အနည်းနဲ့အများနားကြား တတ်ပါတယ်။ လုံးဝမကြားဆိုတာ မရှိသလောက်ဖြစ်တယ်။ နားလေးတဲ့ကလေးတွေဟာ ငယ်စဉ်ကတည်းက နားပါရဂူဆရာဝန် နဲ့ပြသကာ နားကြားအောင်အသံချဲ့စက်တပ်ထားခြင်းနဲ့ ကူညီပေးနိုင်တယ်။ နားကြားကိရိယာတပ်ဆင်ပေးရင် ဆွံ့အခြင်းကာ ကွယ်နိုင်တယ်။ ဆွံ့အခြင်းဟာ အသံမကြားလို့၊ စကားမပြောတတ်ခြင်းဖြစ်တယ်။ ကလေးဟာဘာအသံမှမကြားရင် ကလေးက ဘာစကားမှတတ်မှာလည်း မဟုတ်ပါ။ မြန်မာကလေးတစ်ဦးဟာ “ရုရှား”စကားသံကြားနေရပါများရင် ယင်းကလေး”ရုရှား”စကား တတ်လာပါမယ်။ အသံအချို့ကြားရပြီး၊ အချို့ကိုမကြားနိုင်တဲ့ကလေးတွေဟာ အသံချဲ့စက်တပ်ပေးရင် အသံတွေတဆက်တည်း ကြားလာနိုင်ကာ စကားလည်းတတ်လာနိုင်ပါတယ်။
အသံအချို့ကြားပြီး အချို့ကိုမကြားခြင်းဟာ တိတ်ရီကော်တာမှာ တချို့ဖြတ်ထားပြီး၊ နားထောင်သလိုအဓိပ္ပါယ်မပေါ်ဘဲဖြစ်ကာ၊ စကားမပြောတတ်ဖြစ်လာခြင်းဖြစ်ရာ၊ အသံချဲ့စက်ကမကြားရတဲ့ အသံကိုဆက်ပေးခြင်းပဲဖြစ်တယ်။
(င) စကားထစ်ခြင်း
စကားထစ်ခြင်းဟာ ကလေးငယ်တို့တန်းတူစာလိုက်နိုင်ဖို့ အခက်အခဲလက္ခဏာတစ်ရပ်ဖြစ်တတ်တယ်။ စကားထစ်ခြင်းကိုကြည့် ရင် ကလေးအသက်(၂)နှစ်မှ (၅)နှစ်အတွင်းစကားစတင်ပြောဆိုရာမှ သိသာခြင်းဖြစ်တယ်။ စကားထစ်ခြင်းဟာ ယေက်ျားလေး အဖြစ်များတယ်။ လက်ဦးဆရာ မိဘ၊ ဦးလေး၊ အစ်ကိုတော်စပ်သူတွေ စကားထစ်နေရင် ကလေးစကားထစ်တတ်ပါတယ်။ ကလေးဟာ အရေးကြီးတဲ့စကားတွေပြောရရင် တစ်ခါတစ်လေဆရာသမားရှေ့မှာ ပြောဆိုရရင်ပိုပြီးထစ်နေတတ်တယ်။
ဆရာကတပည့်စကားထစ်နေတာကို ဂရုမစိုက်သလို အခြားသူ့သူငယ်ချင်းတွေ မစ၊ နောက်ရအောင်ဟန့်တားပေးသင့်ပါတယ်။ စကားထစ်ခြင်းမှာ သူ့ဖာသာပြန်ကောင်းလာနိုင်ပါတယ်။ စကားထစ်ခြင်းမှာ ပတ်ဝန်းကျင်ကဝင်ပြီး မစွက်ဖက်ဖို့လိုတယ်။ သူငယ် ချင်းတွေစနောက်ပြန်ရင် စာဖတ်ခိုင်းလို့တောင်မရတော့ဘဲ အရှက်လွန်သွားကာ၊ စကားထစ်တာပိုပြီးဆိုးဝါးလာတတ်ပါတယ်။ ဆရာ၊ ဆရာမတွေက အစ၊ အနောက်မခံစေဘဲ ပုံမှန်ကလေးလိုသင်ကြားပေးရင် စကားထစ်ခြင်းများသွားနိုင်ပါတယ်။
(စ) ဘယ်ပြန်၊ ညာပြန်ပြဿနာ
ညာသန်သူအတွက် ‘ပုံမှန်’အနေအထားဖြစ်ပေမယ့်၊ ‘ဘယ်သန်’ကလေးတွေအတွက် ဆရာ၊ ဆရာမက မရ၊ ရအောင်ပြင်ပေးရင် မိဘကလည်း မရ၊ ရအောင်ပြင်ယူစေခြင်းက ကလေးတွေပိုပြီးပင်ပန်းစေပါတယ်။ လူရဲ့ဦးနှောက်မှာ ဘယ်ဖက်ဦးနှောက်ပိုင်းကပို ပြီးကြီးမားရင် ညာသန်ဖြစ်ပြီး၊ ညာဖက်ကပိုပြီးကြီးမားရင် ဘယ်သန်ဖြစ်နိုင်ပါတယ်။ ကလေးကပစ္စည်းစပြီး ကိုင်တွယ်ကတည်းက သူသန်တဲ့ဘက်နဲ့ ကိုင်ဆောင်တတ်တယ်။ မြဲနေတတ်တယ်။ ဒါကို သတိထားမိတာက မိခင်ပဲဖြစ်တယ်။ လူသားဟာ မွေးက တည်းက ‘ညာသန်’ချည်းမဟုတ်ပဲ၊ ‘ဘယ်သန်’များလည်း မွေးဖွားတတ်ကြောင်းသိရှိဖို့လိုပါတယ်။ အမှန်စင်စစ် ဘယ်သန်၊ ညာ သန်ဟာ ပြဿနာတစ်ရပ်မဟုတ်ပါ။ ကလေးသန်ရာလက်နဲ့ ရေးတတ်ကိုင်စွဲတတ်တာ ရေးပါစေ၊ ကိုင်ပါစေ။ သူသန်ရာနဲ့ရေးခြင်း ဟာ အကောင်းဆုံးဖြစ်တယ်။ သူမသန်တဲ့လက်နဲ့ အတင်းအကျပ်ရေးစေရင် ကလေးစိတ်ထိခိုက်နိုင်ကာ ပညာသင်ကြားရေးဝန် လေးလာပြီး ပညာရေးနှောင့်နှေးလာေစေနိုင်တာ သတိပြုသင့်ပါတယ်။
(ဆ) မိသားစုရဲ့ အကြီးဆုံး၊ အငယ်ဆုံး
သည် အကြီးဆုံး၊ အငယ်ဆုံးကလည်း ပြဿနာမဟုတ်ပါဘူး။ ကလေးပီပီ ကလေးသူငယ်ချင်းနဲ့သာ ပျော်ရွှင်တတ်ပါတယ်။ ကျောင်းစာသင်ခန်းပတ်ဝန်းကျင် ပျော်ရွှင်တတ်ပြီး၊ ကလေးဟာသူ့နာမည်ခေါ်ရင်ပိုပြီး ဝမ်းသာတတ်ပါတယ်။ အချို့ကအကြီးဆုံး ဖြစ်လို့၊ အငယ်တွေနဲ့အနေကြာတဲ့အခါ ဗိုလ်ကျတာဆိုးတာမရှိတတ်ပေမယ့်၊ အိမ်မှာအငယ်ဆုံးကလေးဆိုရင် ကျောင်းထဲအထိပါ အလိုလိုက်စေချင်ကြတယ်။ သူငယ်ချင်းတွေက သူထင်သလိုမဆက်ဆံတဲ့အခါ စာသင်ခန်းထဲမှာ “အများနဲ့မဆိုင်တဲ့ တစ် ယောက်”ဖြစ်လာတတ်တယ်။ အချို့မိဘတွေလည်း ဆရာ၊ ဆရာမတွေထဲအပ်ကတည်းက မိမိကလေးကို အလိုလိုက်အောင်ဦး စားပေးအောင် ပိုပိုသာသာပြောထားတတ်ပါတယ်။
တစ်ကယ်စဉ်းစားကြည့်ရင် ကျောင်းသားဘဝဟာ တစ်ကယ်ဖြူစင်တဲ့ဘဝဖြစ်တယ်။ ကျောင်းသားမှာဆင်းရဲတာ မရှိဘူး။ သူဌေး မရှိဘူး။ သူတောင်းစားမရှိဘူး။ ဘုရင်မရှိဘူး။ အပြစ်များတဲ့ကလေး မရှိသလို၊ အပြစ်မဲ့ကလေးဆိုတာလည်း မရှိဘူး။ ကလေးဟာ ကလေးပီပီ ကလေးရဲ့ပတ်ဝန်းကျင်မှာ ပျော်မွေ့စေသင့်တယ်။
အချို့မိဘတွေက သူတို့လက်ထက်ငယ်ငယ်တုန်းက မဖြစ်ခဲ့ရတဲ့ ဘဝကို ကိုယ့်ကလေးတွေလက်ထက်အတင်းဖြစ်စေချင်ကြ တယ်။ မိဘတွေ ခေါင်းထဲထည့်ထားဖို့က “သံပုရာကသီးတဲ့အသီး” ဟာ “ချို” ဖို့မဖြစ်နိုင်ဘူး။ ကိုယ်ကဦးနှောက်ကောင်း ပညာ တတ်ဖြစ်မှ၊ ကိုယ့်ကလေးပညာတတ်ဖြစ်အောင် မွေးထုတ်နိုင်မယ်။ အချို့ကလည်း မိမိအိမ်မက်မက်သလို ကိုယ့်ကလေးတွေမ ဖြစ်ရကောင်းလား ဆူပူမန်မဲတတ်တယ်။ ကလေးဟာပညာရေးအပေါ် စိတ်ပျက်လာပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဆိုးသွမ်းတတ်တာကို သတိထားရပါမယ်။
Author – ဒေါက်တာလွင်သန့်