ငယ်ရွယ်စဉ် အပျိုဖော်ဝင်ချိန်နဲ့ကြီးကောင်ဝင်စမှာ အမျှင်ဓာတ်များများစားပေးရင် အမျိုးသမီးများ ရင်သားကင် ဆာဖြစ်နှုန်း နိမ့်ကျနိုင်တယ်။ လေ့လာမှုသစ်ကိုကောက်ချက်ဆွဲကာ “ကလေးဆေးပညာ” ဂျာနယ်မှာပုံနှိပ်ဖော် ပြထားတယ်။
ငယ်ရွယ်စဉ်ကာလ အမျှင်ဓာတ်များများပိုစားပေးရင် အမျိုးသမီးရင်သားကင်ဆာဖြစ်နှုန်း လျော့စေတယ်လို့ သု တေသနသစ်က တိုက်တွန်းထားတယ်။ သုတေသီ ဒေါက်တာမာရမ်းဖားဗစ် ဟားဗက်သင်ကြားရေးဆေးရုံ ပြည် သူ့ကျန်းမာရေးကောလိပ်က ယခင်များပြားလှတဲ့လေ့လာမှုတွေအရ အမျှင်ဓာတ်များများပါတဲ့ အစားအစာနဲ့အ မျိုးသမီးရင်သားကင်ဆာသိပ်မထူးခြားဆိုခဲ့ရာ ယခုကင်ဆာဖြစ်နှုန်းလျော့ကြောင်း သိလိုက်ကြပါပြီ။
သူမက ယခင်လေ့လာမှုများမှာ အမျှင်ဓာတ်များတဲ့ အစားအစာမပါဝင်ဘဲ ယခုအမျှင်ဓာတ်အစားအစာက အမျိုး သမီးရင်သားကင်ဆာဖြစ်နှုန်း လျော့ကျမှုနဲ့နီးနီးကပ်ကပ် ဆက်စပ်နေတယ်။ လေ့လာသုတေသနပြုရာ အမျိုးသ မီး ၉၀၅၃၄ ယောက်သူနာပြုကျန်းမာရေးလေ့လာမှု (၂)အစိတ်အပိုင်းအရုပ်ခွဲအဖြစ် သီးခြားလေ့လာခဲ့သည်။
အစားအစာနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်များကို ၁၉၉၁ ခုနှစ်ကတည်းက မေးခွန်းများပေးဖြေကြားစေ ခဲ့ရာ ပျမ်းမျှအသက် ၂၇.၄၄ နှစ်နှင့် ၄ နှစ်ကြာသုတေသနကို ၁၉၉၈ ခုနှစ်များစတင်ခဲ့တယ်။ အခြားမေးခွန်းအ ဖြစ် အထက်တန်းကျောင်းသားဘဝမှာ အမျှင်ပေါများတဲ့အစာများများစားခဲ့သလား ပါပါတယ်။
ဒေါက်တာ ဖားဗစ်တေနှင့်အဖွဲ့ဟာ ငယ်ရွယ်စဉ်ကာလ အမျှင်ဓာတ်များများစားတဲ့ အမျိုးသမီးများနဲ့ အမျိုးသမီး ရင်သားကင်ဆာဆက်စပ်မှု ကိန်းဂဏန်းများကို ယင်းသုတေသနမှရရှိထားတယ်။
Author – Vol-7 / No-6 (Healthcare Journal)