ပေါင်ချိန်တက်စေသော မနက်ခင်းအပြုအမူ
သင့်ကိုယ်အလေးချိန်လျော့ချချင်လို့ အလုပ်ရူပ် ခေါင်းရူပ်နေပါသလား? ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနှင့် အစားအသောက်ထိန်းခြင်းသည် ကိုယ်အလေးချိန်ကျစေသော အချက်များဆိုသည်မှာ အငြင်းပွားဖွယ်မရှိပါ။ သို့သော် သင့်မနက်ခင်း အမူအကျင့်များမှာခည်း အလေးချိန်လျော့ကျစေနိုင်သော အဓိကအချက်များဖြစ်လာနိုင်သည်ကိုလည်း သတိပြုသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်အစားထိန်းသော်လည်း မနက်ခင်း အမူအကျင့်ဆိုးများကြောင့် ကိုယ်အလေးချိန်ကျစေရန် အနှောက်အယှက်ဖြစ်လာစေနိုင်ပါတယ်။
အောက်ပါအချက်များသည် ကိုယ်အလေးချိန်ကို တိုးစေပါတယ်။
(1) အလွန်အကျွံအိပ်ခြင်း
ကျန်းမာရေးအတွက် ကောင်းမွန်စွာ အိပ်စက်အနားယူရန် အရေးကြီးသော်လည်း လွန်ကဲပါက ကိုယ်အလေးချိန်တိုးလာစေနိုင်ပါတယ်။ အလွန်အကျွံအိပ်ခြင်းသည် ကော်ဒီစောပမာဏကို တိုးစေပါတယ်။ အဆိုပါ စိတ်ဖိဆီးမႈဖြစ်စေသော ဟော်မုန်းကြောင့် ပိုမိုအစာစားခြင်းကို ဖြစ်စေပါတယ်။
(2) နေရောင်ခြည် လုံလောက်စွာမရခြင်း
လေ့လာချက်များအရ နံနက်ခင်းနေရောင်ခြည် ကိုယ်တွင်းဇီဝဖြစ်ပျက်မႈကို အထောက်အကူဖြစ်လာ အဆီပိုတွေ လောင်ကျွမ်းစေပါတယ်။ နေရောင်ခြည်ထိတွေ့သူသည် နေရောင်ခြည်မထိတွေ့သူထက် ကိုဟ်အလေးချိန် ပေါ့ပါးလျော့ကျစေပါတယ်။
(3) ကိုယ်အလေးချိန်မချိန်ခြင်း
မနက်ခင်း အိပ်ရာနို့းလျှင် ကိုယ်အလေးချိန်ချိန်ကြည့်ပါ။ သို့မှသာ သင့်ရဲ့ ပကတိအလေးချ်န်အမှန်သိရပြီ သေချာပြုမူနေထိုင်ရန် အခွင့်အလမ်းဖြစ်စေမှာပါ။
(4) မနက်စာမစားခြင်း
ကိုယ်အလေးချိန် လျော့ကျစေခြင်းလျှင် အစာလျော့စားရန် လိုအပ်သော်လည်း မစားဘဲမနေရန် မဟုတ်ပါ။ အစာတစ်နပ်လျော့စားခဲ့လျှင်လည်း မနက်စာမစားခဲ့လျှင် ကိုယ်အလေးချိန်မလျော့ဘဲ တိုးရန်ဖြစ်စေနိုင်ပါတယ်။ လေ့လာချက်များအရ မနက်စာသည် glucose နှင့် cortisol ပမာဏထိန်းညှိပေးပြီး တနေ့လုံးစာချင်စိတ်ကို ထိန်းပေးနိုင်ပါတယ်။
(5) အိပ်ရာထဲတွင် အလုပ်မလုပ်ရပါ
မနက်ခင်း ဘာပဲလုပ်လုပ် ကိုယ်တိုင်ထ၍ အလုပ်လုပ်ပါ။ အိပ်ရာထဲသို့ မထတမ်းယူမလုပ်ပါနဲ့။ ဥပမာ စောင်ခေ့က်တကအစ လူပ်လႈပ်ရှားရှားထ၍ ပြုလုပ်ပေးပါ။
(6) ႏိႈးစက် ပိတ်ခြင်း
အလွန်အမင်းအိပ်ခြင်းကို တားဆီးရန် သင့်နိူးစက်မြည်လာလျှင် ပိတ်ပြီး ပြန်အိပ်ခြင်းကို ဂရုတစ်ုက်ရှောင်ကြဉ်ပါ။
(7) မနက်ႏိုးလာလျှင် ဖုန်းတန်းကြည့်ခြင်း
အဆိုပါ ဖုန်းတန်းကြည့်သော အပြုအမူကို လုံးဝရှောင်ကြဉ်ပါ။ နံနက်ခင်းအချိန်သည် ဦးနှောက်လန်းဆန်းရန် အရေးကြီးသောကြောင့် ဖုန်းကြောင့် ကိုယ်လက်လေးလံမႈကို ဖြစ်စေနိုင်ပါတယ်။
(8) လေ့ကျင့်ခန်းမလုပ်ခြင်း
လေ့ကျင့်ခန်းလုပ်ခြင်းသည် ကိုယ်အလေးချိန်လျော့စေခြင်း အဓိကဖြစ်ခြင်းကြောင့် မနက်ပိုင်းလုပ်လျှင် ပိုမိုထိရောက်စေပါတယ်။
(9) မသင့်တော်သော အဝတ်အစားဝတ်ခြင်း
နံနက်ရုံးသွားချိန်တွင် အဝတ်အစားများ သက်တောင့်သက်သာလႈပ်ရှားမႈကို ခက်ခဲစေနိုင်သောအဝတ်ဝတ်ပါက တနေ့တာလႈပ်ရှားမႈကိုလျော့စေကာ ကိုယ်အလေးချိန်ကို လျော့စေနိုင်ရန် အားမပေးပါ။
(10) တရားမထိုင်ခြင်း
cortisol ပမာဏလျော့ကျစေရန် အကောင်းဆုံးနည်းလမ်းတစ်ခုမှာ တရားထိုင်ခြင်းဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျော့ကျစေရန် နံနက်တိုင်းတရားထိုင်ခြင်းသည် များစွာအထောက်အကူပြုပါတယ်။
(11) ရေသောက်နည်းခြင်း
မနက်အိပ်ရာနိုးလျှင် ရေတခွက် ပထမဦးဆုံး သောက်ခြင်းသည် ဝိတ်လျော့ရန် အကောင်းဆုံးဖြစ်ပါတယ်။ ပိုမိုဝိတ်ကျခြင်းလျှင် ရေနွေး ပျားရည် သံပုရာ ရောရျ်သောက်ပါ။
(12) ကော်ဖီအသောက်များခြင်း
ကော်ဖီကို ပုံမှန်ထက် လွန်ကဲစွာ သောက်ပါက သကြားနွားနို့တွေပါသောကြောင့် ကိုယ်အလေးချ်န်တက်စေပါတယ်။
(13) မနက်စာကို အလွယ်စားခြင်း
ကိုယ်အလေးချိန်လျော့စေရန် မနက်စာအဖြစ် ပန်ကိတ်။ ဒိုနတ်။ ဆန်းဝှစ်စသော အစာများအလွယ်တကူစားသုံးခြင်းကိုရှောင်ကြဉ်ပါ။ အဆိုပါ အစာများသည် အလေးချိန် ပိုတက်စေပါတယ်။
ထို့ကြောင့် အထက်ပါ အချက်များကို ဂရုစိုက်ပြုပြင်ကာ မိမိနံနက်ခင်းဘယ်လောက်ပဲ အလုပ်ရႈပ်နေပါစေ မိနစ် ၂၀ ခန့်အချိန်ယူကာ လေ့ကျင့်ခန်းပြုလုပ်ပါ။ မိမိစိတ်ကြည်လင်ကာ တနေ့တာအတွက်လုံလောက်သော အားအင်ရရှိစေနိုင်ပါလိမ့်မယ်။
Dr.ပြည့်ရှင်း