fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 6,151 Total Cases
😥 98 Deaths
😇 1,445 Recovered

ကလေးများနှင့်မိုးရာသီ

ကေလးမ်ားႏွင့္မိုးရာသီ

အေျခခံပညာေက်ာင္းမ်ား ဖြင့္ခ်ိန္ျဖစ္သည့္ ဒီႏွစ္မိုးဦးက်ကိုလည္း ယခင္ႏွစ္မ်ား နည္းတူ မုန္တိုင္းႏွင့္ပင္ဖြင့္လွစ္ခဲ့ဲၿပီ။ မိုးဦးက်ကာလဆိုေသာ္လည္း မိုးကမ်ားလွသည္။ မိုးမ်ားသျဖင့္ ပတ္ဝန္းက်င္ စိုထိုင္းစကလည္းျမင့္မားသည္။ စိုထိုင္းစ ျမင့္မားခ်ိန္တြင္ ေရာဂါျဖစ္ေစေသာ မႈိမ်ား၊ ဗိုင္းရပ္စပ္ပိုးမႊားမ်ား၊ ဘတ္တီးရီးယား ပိုးမႊားမ်ား၊ ကပ္ပါးေကာင္မ်ားႏွင့္ ေရာဂါသယ္ေဆာင္ႏိုင္ေသာအင္းဆက္ပိုးမႊားမ်ား အလြန္ပင္ ေပါက္ပြား လြယ္ၾကသည္။ အိပ္ေရးပ်က္ျခင္းႏွင့္ ကိုယ္ခံအားနည္းေသာ ကေလးငယ္ မ်ားတြင္ နာမက်န္းမႈမ်ား အလြယ္တကူ ျဖစ္ပြားႏိုင္သည့္အတြက္ ကိုယ္ခံအား ေကာင္းေနရန္လိုအပ္သလို ေရာဂါတခုခ်င္းအလိုက္ ေရာဂါျဖစ္ပြားရေသာ အေၾကာင္း အရင္းမ်ားကို မိဘမ်ားအေနႏွင့္ သိရွိထားရန္လိုၿပီး မိမိကေလးက်န္းမာေရးအတြက္ က်န္းမာေရးဆိုင္ရာ အႀကံျပဳခ်က္မ်ားကိုလည္း စနစ္တက် လိုက္နာၾကရန္လိုသည္။

မိုးရာသီတြင္ အျဖစ္မ်ားေသာေရာဂါမ်ား
မိုးရာသီတြင္ ကူးစက္ေရာဂါမ်ိဳးစံုျဖစ္ပြားရန္အတြက္ လြန္စြာအခြင့္အလမ္း မ်ားသလို နာတာရွည္ေရာဂါ(ဥပမာ -ပန္းနာရင္က်ပ္ေရာဂါ) ခံစားေနရသူမ်ားတြင္လည္း ေရာဂါ အေျခအေနပိုဆိုးလာႏိုင္သျဖင့္ အလြန္ဂရုျပဳသင့္သည့္ ကာလလည္း ျဖစ္သည္။

အထူးသျဖင့္
– အေအးမိတုပ္ေကြးေရာဂါ (Influenza)
– ေသြးလြန္တုပ္ေကြးေရာဂါ (Dengue)
– အသက္ရႈလမ္းေၾကာင္းပိုးဝင္ျခင္း
– ဝမ္းပ်က္ဝမ္းေလ်ာေရာဂါ
– ကာလဝမ္းေရာဂါႏွင့္
– အစာအဆိပ္သင့္ေရာဂါ စသည္တို႔ အမ်ားဆံုးျဖစ္ပြားႏိုင္ၾကသည္။

ေရာဂါတခုခ်င္းအလိုက္ ျဖစ္ပြားရပံုျခင္း မတူႏိုင္ေသာ္လည္း တဦးမွတဦးသို႔ အလြယ္တကူ ကူးစက္ႏိုင္ပံုျခင္းမွာ တူညီၾကသည္။
မိမိကေလးဖ်ားနာလွ်င္

– အေအးမိတုပ္ေကြးေရာဂါ၊ ေသြးလြန္တုပ္ေကြးေရာဂါႏွင့္ အသက္ရႈလမ္းေၾကာင္း ပိုးဝင္ေသာ ေရာဂါမ်ားေၾကာင့္ ဖ်ားနာျခင္းျဖစ္ႏိုင္သည္။
– ကိုယ္လက္မ်ားကိုက္ခဲျခင္း၊ ေခ်ာင္းဆိုးႏွာေခ်ျခင္းႏွင့္ ပ်ိဳ႕အန္ျခင္းမ်ား ခံစားရ ႏိုင္သည္။
– မိုးမိျခင္း၊ ဖ်ားနာေနေသာ ကေလးငယ္မွ ေခ်ာင္းဆိုး၊ ႏွာေခ်ရာတြင္ ထြက္လာသည့္ ေရာဂါပိုးမႊားမ်ား ပါဝင္သည့္ေလကို ရႈရႈိက္မိျခင္းႏွင့္ ေရာဂါပိုး သယ္ေဆာင္လာသည့္ ျခင္ကိုက္မိျခင္း စသည္တို႔ေၾကာင့္ ကူးစက္ခံရႏိုင္သည္။
– အျခားကေလးမ်ားသို႔လည္း အလြယ္တကူကူးစက္ႏိုင္သျဖင့္ ေက်ာင္းေနအရြယ္ ကေလးျဖစ္ပါက ေက်ာင္းသို႔ခြင့္တိုင္၍ မိမိအိမ္တြင္ပင္ နားေနရမည္ျဖစ္သည္။
– ေကာင္းစြာ အိပ္စက္အနားယူေစရမည္။
– ကေလးကိုယ္ပူလွ်င္ ေရပတ္တိုက္ေပးႏိုင္သည္။
– အဖ်ားက်ေဆး (Paracetamol) အရည္/အခဲကို ကေလးအသက္အရြယ္အရ လိုအပ္ေသာ ပမာဏ တိုက္ေကၽြးျခင္းျဖင့္ အဖ်ားက် ႏိုင္သည္။
– ႏွာေစးေနလွ်င္ Cetrizine/Burmeton (အရည္၊အခဲ) (5mg) တႀကိမ္ခန္႔ တိုက္ေကၽြး ႏိုင္သည္။
– ေရမ်ားမ်ားတိုက္ျခင္း၊ ဓာတ္ဆားရည္၊ သစ္သီးေဖ်ာ္ရည္တိုက္ျခင္း ျပဳလုပ္ေပး သင့္သည္။
– ေကာ္ဖီ၊ လဘက္ရည္ႏွင့္ အသင့္ေသာက္ေဖ်ာ္ရည္မ်ား တိုက္ေကၽြးျခင္း မျပဳလုပ္ရ။

ေဆးရံု၊ ေဆးခန္းသို႔ ခ်က္ျခင္းသြားေရာက္ျပသရန္
– ၂ရက္ခန္႔အထိ အဖ်ားမက်လွ်င္ႏွင့္ မွိန္းလြန္းျခင္း၊ ဂဏာမၿငိမ္ျခင္း၊ ႏွာေခါင္း ေသြးယိုျခင္း၊ ခႏၶာကိုယ္တြင္ အနီစက္၊ အနီကြက္မ်ားေပၚလာျခင္း စသည္တို႔သည္ ေသြးလြန္တုပ္ေကြး လကၡဏာမ်ားျဖစ္သျဖင့္ နီးစပ္ရာ ေဆးရံု၊ ေဆးခန္းသို႔ အျမန္ဆံုးသြား၍ လိုအပ္ေသာ ကုသမႈကိုခံယူရမည္ ျဖစ္သည္။
ေရာဂါျဖစ္ပြားျခင္းမွ ကာကြယ္ရန္
– မိမိကေလးကို လက္ေဆးတတ္သည့္ အေလ့အက်င့္ ျပဳလုပ္ေပးထားပါ။
– ေခ်ာင္းဆိုး၊ ႏွာေခ်လွ်င္လည္း လက္ကိုင္ပုဝါအသံုးျပဳတတ္ေအာင္ သင္ေပးထားပါ။
– မည္သည့္အခ်ိန္တြင္မဆို ျခင္ကိုက္မခံရေစရန္ ျပဳလုပ္ေပးပါ။ (စာသင္ခ်ိန္မ်ားတြင္ ျခင္ေဆးေခြထြန္းျခင္း၊ ညအိပ္ခ်ိန္တြင္ ျခင္ေထာင္ျဖင့္အိပ္ေစျခင္း)
– မိုးမိလွ်င္လည္း အဝတ္အစား အလြယ္တကူ လဲလွယ္ႏိုင္ရန္အတြက္ အၿမဲတမ္း အသင့္ျပင္ေပးထားပါ။
– ႏွစ္အလိုက္ထိုးႏွံရမည့္ တုပ္ေကြးကာကြယ္ေဆးမ်ား ထိုးႏွံျခင္းကို နီးစပ္ရာ၊ ေဆးရံု၊ ေဆးခန္းမ်ားတြင္ နားလည္တတ္ကၽြမ္းသည့္ ဆရာဝန္ႏွင့္ တိုင္ပင္ၿပီး ပံုမွန္ျပဳလုပ္ေပးပါ။

မိမိကေလး ၀မ္းေလ်ာလွ်င္
– ဝမ္းပ်က္ဝမ္းေလ်ာေရာဂါ၊ ကာလဝမ္းေရာဂါႏွင့္ အစာအဆိပ္သင့္ျခင္းမ်ားေၾကာင့္ ဝမ္းေလ်ာျခင္းကို ခံစားရႏိုင္သည္။
– မသန္႔ရွင္းေသာအစားအေသာက္မ်ား၊ မသန္႔ရွင္ေသာေရႏွင့္ မသန္႔ရွင္းေသာ လက္ျဖင့္အစား စားမိလွ်င္ ဝမ္းပ်က္ဝမ္းေလ်ာျခင္း ျဖစ္ႏိုင္သည္။
– ဝမ္းပ်က္ဝမ္းေလ်ာျခင္းႏွင့္အတူ ပ်ိဳ႕အန္ျခင္း၊ ဗိုက္ရစ္၊ ဗိုက္နာျခင္းမ်ားကိုပါ တြဲ၍ ခံစားရႏိုင္သည္။
– ဝမ္းသြားရာတြင္လည္း အရည္ဝမ္းမ်ားႏွင့္ ေသြး/ခၽြဲပါဝင္သည့္ဝမ္းမ်ားလည္း ျဖစ္ေန ႏိုင္သည္။
– ေရမ်ားမ်ားတိုက္ျခင္း၊ ဓာတ္ဆားရည္တိုက္ျခင္းႏွင့္ လတ္ဆတ္ေသာ သစ္သီး ေဖ်ာ္ရည္ တိုက္ေကၽြးျခင္းမ်ားျပဳလုပ္ေပးထားရမည္။
– အသင့္ေသာက္ေဖ်ာ္ရည္မ်ား တုိက္ေကၽြးျခင္း မျပဳလုပ္သင့္ပါ။

ေဆးရံု၊ ေဆးခန္းသို႔ ခ်က္ျခင္းသြားေရာက္ျပသရန္
– ဝမ္းသြားျခင္းႏွင့္အတူ မၾကာခဏ အန္ျခင္း၊ ဖ်ားျခင္း
– ဝမ္းသြားရက္(၃)ရက္ေက်ာ္လာျခင္း၊ ဝမ္းအရည္ပိုပို၍မ်ားလာျခင္း၊
– အစာ လံုးဝမစားျခင္း
– ေရဓာတ္ခန္းေျခာက္သည့္ လကၡဏာမ်ားျဖစ္သည့္ ေရ/ဓာတ္ဆားရည္ကို ပံုမွန္ထက္ ပို၍ အလြန္အမင္းေသာက္ျခင္း၊ ေရလံုးဝမေသာက္ေတာ့ျခင္း၊ အသားအရည္မ်ား ေျခာက္လာျခင္း၊ ကေလးမွိန္းလြန္းျခင္း၊ ကေလး ကေယာင္ကတမ္းျဖစ္ျခင္း၊
– ဝမ္းသြားရာတြင္ ေသြးပါလာျခင္းမ်ား ေတြ႔ရွိရလွ်င္ အသက္အႏၲရာယ္ ရွိသည့္ အတြက္ နီးစပ္ရာ ေဆးရံုသို႔ အျမန္ဆံုးသြားေရာက္ ကုသမႈ ခံယူရမည္။

ဝမ္းပ်က္ဝမ္းေလ်ာျဖစ္ျခင္းမွ ကာကြယ္ရန္
– ကိုယ္ခံအားေကာင္းေစရန္အတြက္ ဇင့္ဓာတ္ပါဝင္ေသာ ျဖည့္စြက္စာမ်ားႏွင့္ အသက္အရြယ္အလိုက္ အားေဆး၊ ျဖည့္စြက္စာမ်ား တိုက္ေကၽြးပါ။
– မိမိႏွင့္ မိမိပတ္ဝန္းက်င္တြင္ “သန္႔(၄)သန္႔” ေဆာင္ပုဒ္ အတိုင္း အၿမဲ သန္႔ရွင္း ေနေစေရး ျပဳလုပ္ထားပါ။
– အထူးသျဖင့္ အစားမစားမီႏွင့္ အိမ္သာတက္ၿပီးတိုင္း လက္ေဆးရန္ ကေလးကို ငယ္ငယ္ကတည္းက ေလ့က်င့္ေပးထားပါ။
– အစားအေသာက္မ်ားကို ျဖစ္ႏိုင္လွ်င္ စားခါနီးမွ ခ်က္ျပဳတ္ပါ။
– အသက္အရြယ္အလိုက္ ကာကြယ္ေဆးမ်ား ျပည့္စံုေအာင္ တိုက္ေကၽြး၊ ထိုးႏွံေပးပါ။
– ဝမ္းပ်က္ဝမ္းေလ်ာေရာဂါအတြက္ ကာကြယ္ေဆးမ်ားလည္းရွိသျဖင့္ နီးစပ္ရာ ဆရာဝန္ႏွင့္ တိုင္ပင္ၿပီး ကာကြယ္ေဆး ႀကိဳတင္ထိုးႏွံထားပါ။

မိုးတြင္းကာလသည္ ေက်ာင္းေနအရြယ္ကေလးမ်ားအတြက္ စာသင္ႏွစ္စ ျဖစ္သလို ႏွစ္စကတည္းက က်န္းမာေရးေကာင္းမွသာလွ်င္ စာသင္တႏွစ္လံုး အဆင္ေျပစြာ စာေပသင္ၾကားႏိုင္မည္ျဖစ္သျဖင့္ ေက်ာင္းသားမိဘတိုင္း မိမိကေလး က်န္းမာေရးအတြက္ ရာသီအလိုက္ ျဖစ္ပြားတတ္ေသာ ေရာဂါမ်ားႏွင့္ ကာကြယ္ရမည့္ နည္းလမ္းမ်ားကို သိရွိနားလည္ထားၿပီး အႀကံျပဳခ်က္မ်ား လိုက္နာေဆာင္ရြက္ၾကရန္ လိုသည္။ သို႔မွသာ တႏွစ္တာလံုး က်န္းမာေရးျပႆနာအနည္းဆံုးႏွင့္ စိတ္ေအးခ်မ္းသာစြာ ပညာသင္ယူႏိုင္ၾကေသာ ကေလးငယ္မ်ား ျဖစ္ၾကမည္မွာ အမွန္ပင္ျဖစ္သည္။

Dr.တင့္တယ္

(Unicode)

ကလေးများနှင့် မိုးရာသီ
အခြေခံပညာကျောင်းများ ဖွင့်ချိန်ဖြစ်သည့် ဒီနှစ်မိုးဦးကျကိုလည်း ယခင်နှစ်များ နည်းတူ မုန်တိုင်းနှင့်ပင်ဖွင့်လှစ်ခဲ့ဲပြီ။ မိုးဦးကျကာလဆိုသော်လည်း မိုးကများလှသည်။ မိုးများသဖြင့် ပတ်ဝန်းကျင် စိုထိုင်းစကလည်းမြင့်မားသည်။ စိုထိုင်းစ မြင့်မားချိန်တွင် ရောဂါဖြစ်စေသော မှိုများ၊ ဗိုင်းရပ်စပ်ပိုးမွှားများ၊ ဘတ်တီးရီးယား ပိုးမွှားများ၊ ကပ်ပါးကောင်များနှင့် ရောဂါသယ်ဆောင်နိုင်သောအင်းဆက်ပိုးမွှားများ အလွန်ပင် ပေါက်ပွား လွယ်ကြသည်။ အိပ်ရေးပျက်ခြင်းနှင့် ကိုယ်ခံအားနည်းသော ကလေးငယ် များတွင် နာမကျန်းမှုများ အလွယ်တကူ ဖြစ်ပွားနိုင်သည့်အတွက် ကိုယ်ခံအား ကောင်းနေရန်လိုအပ်သလို ရောဂါတခုချင်းအလိုက် ရောဂါဖြစ်ပွားရသော အကြောင်း အရင်းများကို မိဘများအနေနှင့် သိရှိထားရန်လိုပြီး မိမိကလေးကျန်းမာရေးအတွက် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များကိုလည်း စနစ်တကျ လိုက်နာကြရန်လိုသည်။

မိုးရာသီတွင် အဖြစ်များသောရောဂါများ
မိုးရာသီတွင် ကူးစက်ရောဂါမျိုးစုံဖြစ်ပွားရန်အတွက် လွန်စွာအခွင့်အလမ်း များသလို နာတာရှည်ရောဂါ(ဥပမာ -ပန်းနာရင်ကျပ်ရောဂါ) ခံစားနေရသူများတွင်လည်း ရောဂါ အခြေအနေပိုဆိုးလာနိုင်သဖြင့် အလွန်ဂရုပြုသင့်သည့် ကာလလည်း ဖြစ်သည်။

အထူးသဖြင့်
– အအေးမိတုပ်ကွေးရောဂါ (Influenza)
– သွေးလွန်တုပ်ကွေးရောဂါ (Dengue)
– အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်း
– ဝမ်းပျက်ဝမ်းလျောရောဂါ
– ကာလဝမ်းရောဂါနှင့်
– အစာအဆိပ်သင့်ရောဂါ စသည်တို့ အများဆုံးဖြစ်ပွားနိုင်ကြသည်။

ရောဂါတခုချင်းအလိုက် ဖြစ်ပွားရပုံခြင်း မတူနိုင်သော်လည်း တဦးမှတဦးသို့ အလွယ်တကူ ကူးစက်နိုင်ပုံခြင်းမှာ တူညီကြသည်။
မိမိကလေးဖျားနာလျှင်

– အအေးမိတုပ်ကွေးရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် အသက်ရှုလမ်းကြောင်း ပိုးဝင်သော ရောဂါများကြောင့် ဖျားနာခြင်းဖြစ်နိုင်သည်။
– ကိုယ်လက်များကိုက်ခဲခြင်း၊ ချောင်းဆိုးနှာချေခြင်းနှင့် ပျို့အန်ခြင်းများ ခံစားရ နိုင်သည်။
– မိုးမိခြင်း၊ ဖျားနာနေသော ကလေးငယ်မှ ချောင်းဆိုး၊ နှာချေရာတွင် ထွက်လာသည့် ရောဂါပိုးမွှားများ ပါဝင်သည့်လေကို ရှုရှိုက်မိခြင်းနှင့် ရောဂါပိုး သယ်ဆောင်လာသည့် ခြင်ကိုက်မိခြင်း စသည်တို့ကြောင့် ကူးစက်ခံရနိုင်သည်။
– အခြားကလေးများသို့လည်း အလွယ်တကူကူးစက်နိုင်သဖြင့် ကျောင်းနေအရွယ် ကလေးဖြစ်ပါက ကျောင်းသို့ခွင့်တိုင်၍ မိမိအိမ်တွင်ပင် နားနေရမည်ဖြစ်သည်။
– ကောင်းစွာ အိပ်စက်အနားယူစေရမည်။
– ကလေးကိုယ်ပူလျှင် ရေပတ်တိုက်ပေးနိုင်သည်။
– အဖျားကျဆေး (Paracetamol) အရည်/အခဲကို ကလေးအသက်အရွယ်အရ လိုအပ်သော ပမာဏ တိုက်ကျွေးခြင်းဖြင့် အဖျားကျ နိုင်သည်။
– နှာစေးနေလျှင် Cetrizine/Burmeton (အရည်၊အခဲ) (5mg) တကြိမ်ခန့် တိုက်ကျွေး နိုင်သည်။
– ရေများများတိုက်ခြင်း၊ ဓာတ်ဆားရည်၊ သစ်သီးဖျော်ရည်တိုက်ခြင်း ပြုလုပ်ပေး သင့်သည်။
– ကော်ဖီ၊ လဘက်ရည်နှင့် အသင့်သောက်ဖျော်ရည်များ တိုက်ကျွေးခြင်း မပြုလုပ်ရ။

ဆေးရုံ၊ ဆေးခန်းသို့ ချက်ခြင်းသွားရောက်ပြသရန်
– ၂ရက်ခန့်အထိ အဖျားမကျလျှင်နှင့် မှိန်းလွန်းခြင်း၊ ဂဏာမငြိမ်ခြင်း၊ နှာခေါင်း သွေးယိုခြင်း၊ ခန္ဓာကိုယ်တွင် အနီစက်၊ အနီကွက်များပေါ်လာခြင်း စသည်တို့သည် သွေးလွန်တုပ်ကွေး လက္ခဏာများဖြစ်သဖြင့် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွား၍ လိုအပ်သော ကုသမှုကိုခံယူရမည် ဖြစ်သည်။
ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ရန်
– မိမိကလေးကို လက်ဆေးတတ်သည့် အလေ့အကျင့် ပြုလုပ်ပေးထားပါ။
– ချောင်းဆိုး၊ နှာချေလျှင်လည်း လက်ကိုင်ပုဝါအသုံးပြုတတ်အောင် သင်ပေးထားပါ။
– မည်သည့်အချိန်တွင်မဆို ခြင်ကိုက်မခံရစေရန် ပြုလုပ်ပေးပါ။ (စာသင်ချိန်များတွင် ခြင်ဆေးခွေထွန်းခြင်း၊ ညအိပ်ချိန်တွင် ခြင်ထောင်ဖြင့်အိပ်စေခြင်း)
– မိုးမိလျှင်လည်း အဝတ်အစား အလွယ်တကူ လဲလှယ်နိုင်ရန်အတွက် အမြဲတမ်း အသင့်ပြင်ပေးထားပါ။
– နှစ်အလိုက်ထိုးနှံရမည့် တုပ်ကွေးကာကွယ်ဆေးများ ထိုးနှံခြင်းကို နီးစပ်ရာ၊ ဆေးရုံ၊ ဆေးခန်းများတွင် နားလည်တတ်ကျွမ်းသည့် ဆရာဝန်နှင့် တိုင်ပင်ပြီး ပုံမှန်ပြုလုပ်ပေးပါ။

မိမိကလေး ဝမ်းလျောလျှင်
– ဝမ်းပျက်ဝမ်းလျောရောဂါ၊ ကာလဝမ်းရောဂါနှင့် အစာအဆိပ်သင့်ခြင်းများကြောင့် ဝမ်းလျောခြင်းကို ခံစားရနိုင်သည်။
– မသန့်ရှင်းသောအစားအသောက်များ၊ မသန့်ရှင်သောရေနှင့် မသန့်ရှင်းသော လက်ဖြင့်အစား စားမိလျှင် ဝမ်းပျက်ဝမ်းလျောခြင်း ဖြစ်နိုင်သည်။
– ဝမ်းပျက်ဝမ်းလျောခြင်းနှင့်အတူ ပျို့အန်ခြင်း၊ ဗိုက်ရစ်၊ ဗိုက်နာခြင်းများကိုပါ တွဲ၍ ခံစားရနိုင်သည်။
– ဝမ်းသွားရာတွင်လည်း အရည်ဝမ်းများနှင့် သွေး/ချွဲပါဝင်သည့်ဝမ်းများလည်း ဖြစ်နေ နိုင်သည်။
– ရေများများတိုက်ခြင်း၊ ဓာတ်ဆားရည်တိုက်ခြင်းနှင့် လတ်ဆတ်သော သစ်သီး ဖျော်ရည် တိုက်ကျွေးခြင်းများပြုလုပ်ပေးထားရမည်။
– အသင့်သောက်ဖျော်ရည်များ တိုက်ကျွေးခြင်း မပြုလုပ်သင့်ပါ။

ဆေးရုံ၊ ဆေးခန်းသို့ ချက်ခြင်းသွားရောက်ပြသရန်
– ဝမ်းသွားခြင်းနှင့်အတူ မကြာခဏ အန်ခြင်း၊ ဖျားခြင်း
– ဝမ်းသွားရက်(၃)ရက်ကျော်လာခြင်း၊ ဝမ်းအရည်ပိုပို၍များလာခြင်း၊
– အစာ လုံးဝမစားခြင်း
– ရေဓာတ်ခန်းခြောက်သည့် လက္ခဏာများဖြစ်သည့် ရေ/ဓာတ်ဆားရည်ကို ပုံမှန်ထက် ပို၍ အလွန်အမင်းသောက်ခြင်း၊ ရေလုံးဝမသောက်တော့ခြင်း၊ အသားအရည်များ ခြောက်လာခြင်း၊ ကလေးမှိန်းလွန်းခြင်း၊ ကလေး ကယောင်ကတမ်းဖြစ်ခြင်း၊
– ဝမ်းသွားရာတွင် သွေးပါလာခြင်းများ တွေ့ရှိရလျှင် အသက်အန္တရာယ် ရှိသည့် အတွက် နီးစပ်ရာ ဆေးရုံသို့ အမြန်ဆုံးသွားရောက် ကုသမှု ခံယူရမည်။

ဝမ်းပျက်ဝမ်းလျောဖြစ်ခြင်းမှ ကာကွယ်ရန်
– ကိုယ်ခံအားကောင်းစေရန်အတွက် ဇင့်ဓာတ်ပါဝင်သော ဖြည့်စွက်စာများနှင့် အသက်အရွယ်အလိုက် အားဆေး၊ ဖြည့်စွက်စာများ တိုက်ကျွေးပါ။
– မိမိနှင့် မိမိပတ်ဝန်းကျင်တွင် “သန့်(၄)သန့်” ဆောင်ပုဒ် အတိုင်း အမြဲ သန့်ရှင်း နေစေရေး ပြုလုပ်ထားပါ။
– အထူးသဖြင့် အစားမစားမီနှင့် အိမ်သာတက်ပြီးတိုင်း လက်ဆေးရန် ကလေးကို ငယ်ငယ်ကတည်းက လေ့ကျင့်ပေးထားပါ။
– အစားအသောက်များကို ဖြစ်နိုင်လျှင် စားခါနီးမှ ချက်ပြုတ်ပါ။
– အသက်အရွယ်အလိုက် ကာကွယ်ဆေးများ ပြည့်စုံအောင် တိုက်ကျွေး၊ ထိုးနှံပေးပါ။
– ဝမ်းပျက်ဝမ်းလျောရောဂါအတွက် ကာကွယ်ဆေးများလည်းရှိသဖြင့် နီးစပ်ရာ ဆရာဝန်နှင့် တိုင်ပင်ပြီး ကာကွယ်ဆေး ကြိုတင်ထိုးနှံထားပါ။

မိုးတွင်းကာလသည် ကျောင်းနေအရွယ်ကလေးများအတွက် စာသင်နှစ်စ ဖြစ်သလို နှစ်စကတည်းက ကျန်းမာရေးကောင်းမှသာလျှင် စာသင်တနှစ်လုံး အဆင်ပြေစွာ စာပေသင်ကြားနိုင်မည်ဖြစ်သဖြင့် ကျောင်းသားမိဘတိုင်း မိမိကလေး ကျန်းမာရေးအတွက် ရာသီအလိုက် ဖြစ်ပွားတတ်သော ရောဂါများနှင့် ကာကွယ်ရမည့် နည်းလမ်းများကို သိရှိနားလည်ထားပြီး အကြံပြုချက်များ လိုက်နာဆောင်ရွက်ကြရန် လိုသည်။ သို့မှသာ တနှစ်တာလုံး ကျန်းမာရေးပြဿနာအနည်းဆုံးနှင့် စိတ်အေးချမ်းသာစွာ ပညာသင်ယူနိုင်ကြသော ကလေးငယ်များ ဖြစ်ကြမည်မှာ အမှန်ပင်ဖြစ်သည်။

Dr.တင့်တယ်