(3)Gymနှင့်အရိုးများ
(4)Gymနှင့်အသားအရေ
Dr.ပြည့်ရှင်း
(Unicode)
သင့်အမျိုးသားGymဆော့တိုင်း တမျိုးထင်မနေပါနဲ့
OnDr စာဖတ် အမျိုးသမီးတို့ရေ မိမိအမျိုးသား Gymဆော့တိုင်း တမျိုးထင်မနေကြနဲ့နော် ။ six packs ထွက်ချင်လို့ဆော့ရုံသပ်သပ်ကောင်းကျိုးရှိတာမဟုတ်ပါ။Gymဆော့ခြင်းရဲ့ကောင်းကျိုးများကို သင့်အနေနဲ့အံ့သြဖွယ်သိရသောကြောင့် အမျိုးသားကိုGym ဆော့ခွင့်ပြုသင့်ပါတယ်။
သင့်အသားအရေသန့်ရှင်းကောင်းမွန်အောင်ထားမယ်။ သင့်ဆံပင်ကျန်းမာသန်စွမ်းအောင်ထားမယ်။ အစားအသောက်မှန်ကန်အောင်ရွေးချယ်စားသုံးမယ်ဆိုရုံနဲ့သင့်ကိုယ်သင်ပြီးပြည့်စုံသောကျန်းမာရေးလိုက်စားမူပြုလုပ်နေသည်ဟု မထင်လိုက်ပါနဲ့။ ကျန်းမာသောလူနေမှုဘဝရှိရန်အရေးကြီးသောအရာတစ်ခုကိုသင်ပြုလုပ်ရန်မေ့နေတာဖြစ်ပါတယ်။
နေ့စဉ်Gymဆော့ခြင်းသည် ကိုယ်ခန္ဓာအလှအပအတွက်အကျိုးရှိရုံသပ်သပ်တော့မဟုတ်ပါဘူး။ Gymဆော့ခြင်းသည် စိတ်အပန်းပြေခြင်း။ကောင်းမွန်စွာအိပ်စက်မူရှိစေခြင်း။ကိုယ်ခံအားတ်ုးခြင်းနှင့်အခြားသောအကျိုးကျေးဇူးများစွာရရှိစေနိုင်ပါလိမ့်မယ်။
(1)Gymနှင့်ကိုယ်အလေးချိန်
Gymဆော့ခြင်းသည် ကိုယ်တွင်းရှိမလိုအပ်သောအဆီများလောင်ကျွမ်းသောကြောင့် မိမိကိုယ်အလေးချိန်ကိုထိန်းထားနိုင်ပါတယ်။ဥပမာ တပတ်လျှင် ၄ရက် ၁ရက်လျှင် ၄မိုင်လမ်းလျောက်မူပြုလုပ်ခြင်းသည် တပတ်လျှင် ပေါင်တစ်ဝက်လျော့စေပါတယ်။ထို့ကြောင့် Gymဆော့ခြင်းတွင် လမ်းလျောက်စက်ဖြင့် လမ်းလျောက်ခြင်းသည် အလေးချိန်လျော့ခြင်း။အသားအရေစိုပြေခြင်း။ကြွက်သားတောင့်တင်းခြင်း။အရိုးသန်မာခြင်းနှင့်စိတ်လန်းဆန်းခြင်းဖြစ်စေနိုင်ပါတယ်။
(2)Gymနှင့်ကြွက်သားများ
Gymဆော့ခြင်းသည် ကြွက်သားသန်မာစေခြင်းဖြစ်စေသည်ဟု လူတိုင်းနားလည်ထားကြသော်လည်း ကြွက်သားတောင့်တင်းမူသည် ကယ်လိုရီပိုမိုလောင်ကျွမ်းစေနိုင်သောကြောင့် သန်မာသောကြွက်သားတောင့်တင်းမူရစေရန် Gymပိုကစားသင့်ပါတယ်။
(3)Gymနှင့်အရိုးများ
ပုံမှန် လမ်းလျောက်ခြင်း။ပြေးခြင်း။ကခြင်းစသော လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဖြင့် အရိုးများသန်မာစေပါတယ်။အားစိုက်ရသောလေ့ကျင့်ခန်းများပြုလုက်ပါက အရိုးအားကောင်းပြီးပြွက်သားသန်မာစေပါတယ်။
(4)Gymနှင့်အသားအရေ
Gymဆော့ခြင်းသည် သွေးလည်ပတ်မူကောင်းစေပြီး လိုအပ်သောအာဟာရများအရေပြားဆီရောက်စေသောကြောင့်အသားအရေစိုပြေလာပါလိမ့်မယ်။မလိုအပ်သောအဆိပ်အတောက်များဖယ်ရှားပေးပါတယ်။အသားအရေတင်းရင်းမူအတွက် collagenထုတ်မူအားပေးသောကြောင့် ပိုမိုကြည့်ကောင်းလာပါလိမ့်မယ်။
(5)Gymနှင့် စိတ်ဖိဆီးမုူ
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် စိတ်ဖိဆီးမူဟော်မုန်းများလျော့စေပြီး နှလုံးခုန်ငြိမ်စေခြင်း။သွေးပေါင်ငြိမ်စြေခြင်းဖြစ်စေပါတယ်။လေ့ကျင့်ခန်းပြီးနောက် စိတ်ပင်ပန်းပြေသွားသည့်အခါ သင့်မျက်နှာကြွက်သားတင်းရင်းမူလျော့ကျလာသည်ကိုအထင်ရှားတွေ့ရပါလိမ့်မယ်။
(6)Gymနှင့်စိတ်ကျဝေဒနာ
လေ့လာတွေ့ရှိချက်များအရ gymဆော့ခြင်းသည် စိတ်ဓာတ်ကျမူသက်သာစေပြီး စိတ်ဓာတ်ခွန်အားရရှိစေနိုင်ပါတယ်။
(7)Gymနှင့် အအေးမိခြင်း
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကိုယ်ခံအားကောင်းမွန်စေပြီး အအေးမိဖျားနာခြင်း။တုပ်ကွေးမိခြင်းနှင့်ဗိုင်းရပ်ပိုးများကို တိုက်ထုတ်ကာကွယ်နိုင်သောအစွမ်းရှိပါတယ်။
(8)Gymနှင့်ဦးနှောက်မှတ်ဉာဏ်စွမ်းအား
လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ဦးနှောက်ဆီသို့ အောက်ဆီဂျင်နှင့်အာဟာရများပိုမိုရောက်ရှိစေသောကြောင့် ဦးနှောက်မှတ်ဉာဏ်စွမ်းအားမြင့်မားစေပြီး ပြသနာများအလျင်အမြန်ဖြေရှင်းနိုင်စွမ်းရရှိစေပါတယ်။
(9)Gymနှင့်နှလုံးကျန်းမာရေး
လေ့ကျင့်ခန်းလုပ်ခြင်းသည် နှလုံးနှင့်သွေးကြောများ အတွက်ကောင်းမွန်စေပြီး နှလုံးသွေးကြောပိတိခြင်းသက်သာစေကာ နှလုံးညစ်အားကောင်းစေပါတယ်။နှလုံးအားကောင်းပြီး ညစ်အားကောင်းသောကြောင့် နှလုံးခုန်နူန်းကို ငြိမ်စေပါတယ်။
(10)Gymနှင့်အခြားသောကိုယ်တွင်းအင်္ဂါများ
Gymဆော့ခြင်းသည်ကိုယ်တွင်းသွေးလည်ပတ်မူအားကောင်းစေကာ မလိုလားအပ်သောအဆိပ်အတောက်များဖယ်ရှားသောကြောင့် အစာကြေလွယ်ခြင်းအစရှိသောအစာအိမ်နှင်အြူလမ်းကြောင်း။အသဲနှင့်ကျောက်ကပ်စသည့်ကိုယ်တွင်းအင်္ဂါများရဲ့ပုံမှန်လုပ်ဆောင်မူများကို အားကောင်းစေရန် အထောက်အပံ့ပေးပါတယ်။
Gymဆော့ပြီးနောက်ကုန်ဆုံးသွားသော ဆားနှင့်ရေဓာတ်ပြန်လည်ဖြည့်တင်းရန်လိုအပ်ပါတယ်။ နေ့စဉ်Gymဆော့ခြင်းသည် လူတစ်ယောက်အတွက်စိတ်ရောကိုယ်ပါ အထူးကောင်းမွန်စေနိုင်သောကြောင့် ကိုယ်ခန္ဓာအချိုးအဆလှပစေရန်တစ်ခုတည်းပြုလုပ်သင့်သည်ဟု အတွေးမှားမရောက်စေဘဲ ကျန်းမာရေးအတွက်အထူးပြုလုပ်သင့်သောအရာဟု လက်ခံယုံကြည်သင့်ပါတယ်လို့ ဆန္ဒပြုလိုက်ရပါတယ်နော်။